ကလိုက်မြစ်: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
အရေးမကြီး r2.7.3) (ရိုဘော့က ပေါင်းထည့်နေသည် - af:Clyde
အရေးမကြီး r2.7.2) (ရိုဘော့က ပေါင်းထည့်နေသည် - sk:Clyde
စာကြောင်း ၅၃ - စာကြောင်း ၅၃ -
[[sh:Clyde]]
[[sh:Clyde]]
[[simple:River Clyde]]
[[simple:River Clyde]]
[[sk:Clyde]]
[[sr:Клајд]]
[[sr:Клајд]]
[[sv:Clyde]]
[[sv:Clyde]]

၁၃:၂၂၊ ၂၃ ဖေဖော်ဝါရီ ၂၀၁၃ ရက်နေ့က မူ

ကလိုက်မြစ်ကို ဂလက်စဂိုမြို့တွင် တွေ့ရစဉ်

ကလိုက်မြစ်သည် စကော့တလန်နိုင်ငံ တောင်ပိုင်း လင်းနာ့ရှိုင်ယာနယ်ရှိ လောက်သား တောင်ကုန်း များမှ မြစ်ဖျားခံ၍ ကလိုက်ဇဒေး ချိုင့်ဝှမ်းဒေသကို ဖြတ်သန်း ပြီးလျှင် ကလိုက်မြစ်ဝကျယ်ထဲသို့ စီးဝင်လေသည်။

ကလိုက်ဇဒေးချိုင့်ဝှမ်း ဒေသတစ်လျှောက်တွင် ထရောက်ငါးဖမ်းခြင်း လုပ်ငန်းများနှင့် လှပသော ရေတံခွန်များရှိခြင်းကြောင့် ထင်ရှားကျော်ကြားသည်။ ဂလပ်စဂို မြို့သို့ ရောက်သည့်အခါ ကလိုက်မြစ်သည် မြစ်ကြောင်းနက်လာပြီးလျှင် ကုန်သွယ်ရေး လမ်းကြောင်းကြီးအဖြစ်ဖြင့် ထင်ရှားကျော်ကြားသည်။

ဂလပ်စဂိုးမြို့ သို့ ရောက်သည့်အခါ ကလိုက်မြစ်သည် မြစ်ကြောင်းနက်လာပြီးလျှင် ကုန်သွယ်ရေးလမ်းကြောင်းကြီး အဖြစ်ဖြင့် ထင်ရှားလာသည်။ ဂလပ်စဂို မြို့အောက်တစ်လျှောက် ဂရင်းနော့မြို့အထိ မြစ်ကမ်းတစ်ဖက် တစ်ချက်တွင် သင်္ဘော ကျင်းများနှင့် သင်္ဘောတည်ရာဝင်းများ တည်ရှိလေသည်။ ထို ဒေသတစ်ဝိုက်မှာ ပင်လယ်ကူးသင်္ဘောများ၊ စစ်သင်္ဘောများ တည်ဆောက်ရာဒေသဖြစ်သည်။

အလွန်ကြီးမားခမ်းနား၍ ကမ္ဘာကျော်ကြားသည့် 'ကွင်းမေရီ' နှင့် 'ကွင်းအယ်လစ်ဇဗက်' အမည်ရှိသော ပင်လယ်ကူးသင်္ဘော ကြီးများကို ကလိုက်မြစ်တွင်းရှိ အဆိုပါသင်္ဘောကျင်း သင်္ဘော ဝင်းများ၌ တည်ဆောက်ခဲ့ကြသည်။ ဂရင်းနော့မြို့အောက်ဘက် သို့ ရောက်သွားသောအခါ အကျယ်မိုင် ၄ဝ အလျားမိုင် ၆ဝ ခန့် ရှိသော မြစ်ဝကျယ်ကြီးအဖြစ် ပင်လယ်ထဲသို့ စီးဝင်လေ သည်။ ထိုမြစ်သည် မြစ်ဖျားမှ မြစ်ဝအထိ ၁ဝ၆ မိုင်မျှ ရှည် လျား၍ အင်္ဂလန်ပြည်တွင် သိမ်းမြစ်မှလွဲလျှင် သမိုင်းတွင် လောက်အောင် ထင်ရှားသော ရေကြောင်း လမ်းမကြီးဖြစ်သည်။

[၁]

ကိုးကား

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁)