ဩလကော့ လွီဇာမေ: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
အရေးမကြီး r2.7.2+) (ရိုဘော့က ပေါင်းထည့်နေသည် - be:Луіза Мэй Олкат
အရေးမကြီး r2.7.1) (ရိုဘော့က ပေါင်းထည့်နေသည် - el:Λουίζα Μέι Άλκοτ
စာကြောင်း ၅၉ - စာကြောင်း ၅၉ -
[[da:Louisa May Alcott]]
[[da:Louisa May Alcott]]
[[de:Louisa May Alcott]]
[[de:Louisa May Alcott]]
[[el:Λουίζα Μέι Άλκοτ]]
[[en:Louisa May Alcott]]
[[en:Louisa May Alcott]]
[[eo:Louisa May Alcott]]
[[eo:Louisa May Alcott]]

၁၇:၅၁၊ ၂၁ ဖေဖော်ဝါရီ ၂၀၁၃ ရက်နေ့က မူ

အသက် ၂၅ အရွယ် ဩလကော့ လွီဇာမေ

ဩလကော့ လွီဇာမေ (ခရစ် ၁၈၃၂-၁၈၈၈)။ ။ လွီဇာမေ ဩလကော့သည် ကလေးများအတွက် ပုံပြင်များကို ပြုစုခဲ့သော အမေရိကန် အမျိုးသမီးစာရေးဆရာဖြစ်သည်။ လွီဇာမေဩလကော့သည် ၁၈၃၂ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်နေ့တွင် ပင်ဆီလဗေးနီးယားပြည်နယ်၊ ဂျာမန်တောင်း မြို့၌ ဖွားမြင်သည်။ ဖခင်မှာ နံမည်ကျော် စာရေးဆရာများ ဖြစ်သည့် အီမာဆင်၊ သိုးရိုးတို့နှင့်အတူ စာပေဘက်၌ ထင်ရှား သူ အေးမော့ဗရွန်ဆင်ဩလကော့ဖြစ်သည်။ လွီဇာမေဩလကော့ ငယ်စဉ်ကပင် ဩလကော့တို့မိသားစုသည် ဂျာမန်တောင်းမြို့မှ ကွန်ကော့မြို့သို့ ပြောင်းရွေ့နေထိုင်ခဲ့ကြသည်။

လွီဇာဩလကော့သည် အသက်အရွယ်ငယ်စဉ်ကစ၍ စာရေးဝါသနာပါသည်။ အသက်ရှစ်နှစ်တွင် ပြဇာတ်များကို စတင်ရေးခဲ့သည်။ သို့ရာတွင်အသက် ၁၆ နှစ်သို့ ရောက်ကာမှ သူရေးသောပုံပြင်ကို ပထမဦးဆုံး ပုံနှိပ်ထုတ်ဝေနိုင်ခဲ့လေသည်။ ထို့နောက် မိမိ၏အိမ်ထောင်တွင် တွေ့ကြုံနေရသော ငွေကြေး အကျပ်အတည်းမှ လွတ်မြောက်နိုင်ရန်အတွက် ကျောင်းဆရာမ အလုပ်ကို ဝင်ရောက်လုပ်ကိုင်ခဲ့ရသည်။ စာပေကိုလည်း ရေး သားပြုစုခဲ့ရသည်။ ၁၈၅၅ ခုနှစ်တွင် လွီဇာဩလကော့ ပြုစု သော ဖလာဝါးဖေးဗဲ အမည်ရှိ ပုံပြင်ဝတ္ထုကို ပုံနှိပ်ထုတ်ဝေ ခဲ့သည် ၁၈၆ဝ ပြည့်နှစ်သို့ရောက်သော်၊ အတ္တလန္တိတ်လစဉ် စာစောင်တွင် လွီဇာ၏ပုံပြင်များ ပါရှိလာလေသည်။ ပြည်တွင်း စစ်ဖြစ်ပွားစဉ်က လွီဇာသည် ဂျော့တောင်းမြို့ ဆေးရုံတွင် သူနာပြုဆရာမအဖြစ် ဝင်ရောက်လုပ်ကိုင်ခဲ့ရာမှ ရရှိခဲ့သော အတွေ့အကြုံများကို ရေးသားဖော်ပြသည့် ဟော့စပီတယ် စကက်ချက် ခေါ် စာအုပ်ကို ၁၈၆၃ ခုနှစ်တွင် ပုံနှိပ်ထုတ်ဝေ ခဲ့ရာ၊ လွီဇာဩလကော့၏အမည်မှာ ထင်ပေါ်လာသည်။ ၁၈၆၇ ခုနှစ်တွင် မဲရီးမျူဇီယမ် ခေါ် ကလေးမဂ္ဂဇင်း အယ်ဒီတာ အဖြစ်ဆောင်ရွက်သည်။

လွီဇာဩလကော့သည် ၁၈၆၈ ခုနှစ်နှင့် ၁၈၆၉ ခုနှစ် များတွင် လစ်တဲဝီးမင်း ခေါ်ပုံပြင်များကို ရေးသားထုတ်ဝေခဲ့ လေသည်။ ထိုပုံပြင်များမှာ မိမိနှင့်ညီမသုံးယောက်တို့ငယ်စဉ်က အတူတကွ နေထိုင်ခဲ့ကြပုံကို ဖော်ပြထားရာ၊ အခြားသက်တူ ရွယ်တူ မိန်းကလေးများအတွက် စိတ်ဝင်စားဖွယ်ကောင်းပေ သည်။ ထို့ကြောင့် လွီဇာဩလကော့သည် အမျိုးသမီး စာရေး ဆရာအဖြစ် နာမည်ထင်ရှားလာလေသည်။ ဩလကော့ပြုစုခဲ့သော စာအုပ်များတွင် လစ်တဲမင်း (၁၈၇၁)နှင့် ဂျိုဗွိုင်(၁၈၈၆) ခေါ်စာအုပ်တို့သည် လစ်တဲ ဝီးမင်းပုံပြင်ဆက်စာအုပ်များဖြစ်ကြသည်။ အင်အိုးဖက်ရှင်ဂဲ (၁၈၇ဝ) နှင့် အိတ်ကာဇင် စာအုပ်များတွင် မိန်းကလေးတို့ ကို မည်ကဲသို့ထိန်းသိမ်းစောင့်ရှောက်သင့်ကြောင်း မိမိ၏ ထင်မြင်ချက်များကို ဖော်ပြထားလေသည်။ လွီဇာမေဩလကော့သည် ၁၈၈၈ ခုနှစ်မတ်လ ၆ ရက်နေ့တွင် ဗော့စတန်မြို့၌ ကွယ်လွန်လေသည်။[၁]

ကိုးကား

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၅)