မလေးရှားနိုင်ငံ: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
အရေးမကြီး ရိုဘော့က ပေါင်းထည့်နေသည် - ba:Малайзия
အရေးမကြီး r2.7.2) (ရိုဘော့က ပေါင်းထည့်နေသည် - cbk-zam:Malasia
စာကြောင်း ၁၂၉ - စာကြောင်း ၁၂၉ -
[[bxr:Малайзи]]
[[bxr:Малайзи]]
[[ca:Malàisia]]
[[ca:Malàisia]]
[[cbk-zam:Malasia]]
[[cdo:Mā-lài-să̤-ā]]
[[cdo:Mā-lài-să̤-ā]]
[[ce:Малайзи]]
[[ce:Малайзи]]

၀၀:၂၆၊ ၂၀ ဖေဖော်ဝါရီ ၂၀၁၃ ရက်နေ့က မူ

မလေးရှား
Malaysia
马来西亚
மலேசியா
မလေးရှားနိုင်ငံ၏ အလံတော်
အလံတော်
မလေးရှားနိုင်ငံ၏ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်
အမှတ်တံဆိပ်
ဆောင်ပုဒ်: "ညီညွတ်ရေးသည် အားဖြစ်သည်။"[၁]
နိုင်ငံတော် သီချင်း: နဂါရကူ[၁]
မလေးရှားနိုင်ငံ ၏ တည်နေရာ
မြို့တော်ကွာလာလမ်ပူမြို့
အကြီးဆုံးမြို့ကွာလာလမ်ပူမြို့
ရုံးသုံး ဘာသာစကားများပသျှူး
လူမျိုးစုပသျှူး (၅၀.၄%)တရုတ် (၂၃.၇%)တိုင်းရင်းသား (၁၁%)ကုလား (၇.၁%)၊ အခြားလူမျိုးများ (၇.၈%)
ကိုးကွယ်မှုအစ္စလာမ် (၆၀.၄%)ဗုဒ္ဓ (၁၉.၂%)ခရစ်ယာန် (၉.၁%)ဟိန္ဒူ (၆.၃%)တရုတ် (၂.၆%)၊ အခြားဘာသာများ (၁.၅%)၊ ဘာသာမဝင်သူများ (၀.၈%)
အမျိုးအစားFederal constitutional monarchy and Parliamentary democracy
အစိုးရ
• ယန်းဒီ-ပဲတွမ်း အာဂုံး (ဘုရင်)
မီဇန်ဇိုင်နလ်အဗီဒင်
• ဝန်ကြီးချုပ်
နာဂျစ် ရာဇက်
တည်ထောင်
• လွတ်လပ်ရေး (ဂရိတ်ဗြိတိန်၊ မလေးရှား တစ်ခုတည်း)
၃၁ ဩဂုတ် ၁၉၅၇
• ဖက်ဒရေးရှင်း (ဆာဘား၊ ဆာရာဝပ် ၊ စင်ကာပူတို့နှင့် အတူ)
၁၆ စက်တင်ဘာ ၁၉၆၃
ဧရိယာ
• စုစုပေါင်း
၃၂၉,၈၄၇ km² (၁၂၇,၃၅၅ sq mi) (အဆင့်: ၆၇)
• ရေထု (%)
၀.၃
လူဦးရေ
• ခန့်မှန်း
၂၇,၄၉၆,၀၀၀ (အဆင့် - ၄၃)
• သိပ်သည်းမှု
၈၃/km² (၂၁၆/sq mi) (အဆင့် - ၁၁၀)
GDP (PPP)ခန့်မှန်း
• စုစုပေါင်း
USD $၃၅၇.၉ သိန်းကုဋေ (အဆင့် - ၂၉)
• Per capita
USD $၁၄,၄၀၀ (အဆင့် - ၅၇)
HDI၀.၈၁၁ (အမြင့်)
အမှား။ မရေရာသော HDI တန်ဖိုး · ၆၃
ငွေကြေးမလေးရှားရင်းဂစ် (MYR "RM")
အချိန်ဇုန်+၈
တယ်လီဖုန်းကုဒ်+၆၀
Internet TLD.my

မလေးရှားနိုင်ငံသည် အရှေ့တောင်အာရှ တွင် ပါဝင်ပြီး ဧရိယာ စတုရန်းမိုင်ပေါင်း (၁၂၇၃၅၅) ၊ (၃၂၉၈၄၇ စတုရန်း ကီလိုမီတာ) ကျယ်ဝန်းသည်။ လူဦးရေ (၂၅) သန်းကျော် နေထိုင်ပြီး မြို့တော်မှာ ကွာလာလမ်ပူမြို့ ဖြစ်သည်။ ကုလသမဂ္ဂ နှင့် အာဆီယံတို့၏ အဖွဲ့ဝင် နိုင်ငံဖြစ်သည်။ လူဦးရေ (၂၇) သန်းကျော် နေထိုင်လျက် ရှိပြီး မလေးရှားကျွန်းဆွယ်နှင့် ဘော်နီယို ကျွန်း ဟူ၍ နိုင်ငံကို တောင်တရုတ်ပင်လယ်က နှစ်ပိုင်း ပိုင်းခြားထားသည်။

အမည်ရင်းမြစ်

သမိုင်း

မ‌လေးရှားသည် ယခင်က မ‌လေးနိုင်ငံဖြစ်ပြီး ၁၈ရာစုတွင် ဗြိတိသျှအင်ပါယာအတွင်း ကျ‌ရောက်ခဲ့သည်။ ၁၉၄၈ တွင် မ‌လေးရှား ဖက်ဒ‌ရေးရှင်းအဖြစ် ပြန်လည်ဖွဲ့စည်းပြီး ၁၉၅ရ ဩဂုတ် ၃၁ တွင် လွတ်လပ်‌ရေး ရခဲ့သည်။ မ‌လေးရှားသည် ဆာကာ၊ ဆာရာဝပ်၊ စင်ကာပူတို့နှင့် ၁၉၆၃ စက်တင်ဘာ ၁၆တွင် ‌ပေါင်းစည်းခဲ့သည်။ ၁၉၆၅ တွင် စင်ကာပူကို ဖက်ဒ‌ရေးရှင်းမှ ဖယ်ရှားခဲ့သည်။

နိုင်ငံရေးနှင့် အစိုးရ

နိုင်ငံခြားဆက်ဆံရေးနှင့် စစ်ရေးကိစ္စများ

ပြည်နယ်များ

ပထဝီနှင့် ရာသီဥတု

မလေးရှားနိုင်ငံသည် ပြည်နယ် (၁၃) ခုနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေ (၃) ခု ဖြင့် ဖွဲ့စည်းထားသည်။ ထိုင်းနိုင်ငံအင်ဒိုနီးရှားနိုင်ငံစင်ကာပူနိုင်ငံဘရူနိုင်းနိုင်ငံ နှင့် ဖိလစ်ပိုင်နိုင်ငံ တို့ဖြင့် နယ်နိမိတ်ခြင်း ထိစပ်လျက် ရှိသည်။

နိုင်ငံ၏ ဧရိယာ အတော်များများကို ထူထပ်သော သစ်တောများ ဖုံးလွှမ်းလျက် ရှိသည်။ အမြင့်ဆုံးနေရာမှာ Kinabalu တောင် ဖြစ်ပြီး ၄,၀၉၅.၂ မီတာ (၁၃,၄၃၅.၇ ပေ) မြင့်ပြီး ဘော်နီယိုကျွန်းပေါ်တွင် တည်ရှိသည်။ အီကွေတာနှင့် နီးသဖြင့် အီကွေတာ ရာသီဥတု ရရှိသည်။ မလက္ကာ ရေလက်ကြား သည် ဆူမတြားနှင့် မလေးရှားကျွန်းဆွယ် အကြားတွင် တည်ရှိပြီး ကမ္ဘာ့ရေကြောင်းသွားလာရေးတွင် အရေးပါဆုံး ရေလက်ကြားတစ်ခု ဖြစ်သည်။

စီးပွါးရေး

လူဦးရေပျံနှင့် နေထိုင်မှု

၂၀၁၀ ပြ့ည်နှစ်စစ်တမ်းများအရ မလေးရှားနိုင်ငံ၏ လူဦးရေသည် ၂၈ ၃၃၄ ၁၃၅ ယောက်ဖြစ်သည်။ မလေးရှားနိုင်ငံသည် တိုင်းရင်းသားလူမျိူးများစွာဖြင့် ဖွဲ့စည်းထားသည်။ မလေးလူမျိူး ၅၀.၄%၊ အခြားဘူမိပူတြ ၁၁%၊ တရုတ် ၂၃.၇% နှင့် အိန္ဒိယ ၇.၁% ပါဝင်သည်။ ဘူမိပူတြ ဆိုသည်မှာ ကမ္ဘာ​​မြေ၏သားများဟု အဓိပ္ပာယ်ရသည်။ မလေးရှားအခြေခံဉပဒေ အရ မလေးမွတ်စလင်လူမျိူးများကို ဘူမိပူတြများအဖြစ် သတ်မှတ်သည်။ မလေးမွတ်စလင်မဟုတ်သည့် အခြားဘူမိပူတြများအဖြစ် သတ်မှတ်ခံရသောလူမျိူးများမှာ ယိုးဒယား၊ ခမာ၊ ချမ် နှင့် ဆာဘားနှင့် ဆရာဝက် ပြည်နယ်များမှ ဒေသခံမူလ လူမျိူးများပါဝင်သသည်။ တရုတ်နှင့် အိန္ဒိယလူမျိူးများမှာ ဘူမိပူတြများအဖြစ်သတ်မှတ်ခံရခြင်း မရှိပေ။ တရုတ်လူမျိူးများမှာ အစဉ်အလာအရ စီးပွားရေးလုပ်ငန်းများတွင် လွှမ်းမိုးထားသည်။ ပီနန်မြို့၏ လူဦးရေအများစုသည် တရုတ်လူမျိူးများဖြစ်သည်။ အိန္ဒိယလူမျိူးများသည် ၁၉ ရာစု အစောပိုင်းကတည်းက မလေးရှားနိုင်ငံအတွင်းသို့ ဝင်ရောက်နေထိုင်နေပြီဖြစ်ပြီး အများစုသည် တမီးလ် အနွယ်ဝင်များဖြစ်သည်။

အယူဘာသာများ

မလေးရှားနိုင်ငံသည် အခြေခံဉပဒေ အရ ဘာသာရေးလွတ်လပ်ခွင့်ရှိသည်။ သို့သော် အစ္စလမ်ဘာသာသည် နိုင်ငံတော်ဘာသာဖြစ်သည်။ ၂၀၁၀ ပြ့ည်နှစ်စစ်တမ်းများအရ အစ္စလမ်ဘာသာကိုးကွယ်သူ ၆၁.၃%၊ ဗုဒ္ဓဘာသာ ၁၉.၈%၊ ခရစ်ယာန်ဘာသာ ၉.၂%၊ ဟိန်ဒူဘာသာ ၆.၃%၊ ကွန်ဖြူရှပ်၊ တာအိုနှင့် အခြားတရုတ်ရိုးရာဘာသာကိုးကွယ်သူ ၁.၃% ရှိသည်။ ၀.၇% မှာ ဘာသာမဲ့များဖြစ်ပြီး ၁.၄% မှာ မည်သည့်ဘာသာ ကိုးကွယ်သည်ကို ဖြေကြားခြင်းမရှိပေ။

မလေးလူမျိူးတိုင်းကို အခြေခံဉပဒေ အရ မွတ်စလင်များဟုယူဆသည်။ ၂၀၁၀ ပြ့ည်နှစ်စစ်တမ်းများအရ ၈၃.၆% သော တရုတ်လူမျိူးများ သည် ဗုဒ္ဓဘာသာများဖြစ်ကြပြီး တာအိုဘာသာ ၃.၄%၊ ခရစ်ယာန်ဘာသာ ၁၁.၁% နှင့် ပန်းသေး အနည်းငယ်ရှိသည်။ အိန္ဒိယလူမျိူးအများစုသည် ဟိန်ဒူဘာသာ (၈၆.၂%) ကိုးကွယ်ကြပြီး ခရစ်ယာန်ဘာသာ ၆.၀%၊ အစ္စလမ်ဘာသာ ၄.၁% ကိုးကွယ်ကြသည်။ ခရစ်ယာန်ဘာသာသည် မလေးမဟုတ်​သော အခြားဘူမိပူတြများ၏ အဓိက ကိုးကွယ်ရာဘာသာ ဖြစ်ပြီး ကိုးကွယ်သူ ၄၆.၅% ရှိ၍ ၄၀.၄% မှာ မွတ်စလင်များဟု ဖော်ပြကြသည်။

ယဉ်ကျေးမှု

အားကစား

ဆက်စပ်ကြည့်ရှုရန်

ပြည်ပဆက်သွယ်ရေး

ရည်ညွှန်းချက်များ