ယိုဟန်း စထရောက်: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
အရေးမကြီး ရိုဘော့က ပေါင်းထည့်နေသည် - yi:יאהאן שטראוס דער זון
အရေးမကြီး r2.7.3) (Robot: Modifying mk:Јохан Штраус (помладиот) to mk:Јохан Штраус (син)
စာကြောင်း ၇၂ - စာကြောင်း ၇၂ -
[[lt:Johanas Štrausas]]
[[lt:Johanas Štrausas]]
[[lv:Johans Štrauss II]]
[[lv:Johans Štrauss II]]
[[mk:Јохан Штраус (помладиот)]]
[[mk:Јохан Штраус (син)]]
[[mn:II Иоханн Штраус]]
[[mn:II Иоханн Штраус]]
[[mr:योहान स्ट्रॉस दुसरा]]
[[mr:योहान स्ट्रॉस दुसरा]]

၀၇:၅၀၊ ၁၉ ဖေဖော်ဝါရီ ၂၀၁၃ ရက်နေ့က မူ

စထရောက်ဂျေ (ခရစ် ၁၈၂၅-၁၈၉၉)

ဂီတပညာရှင် ယိုဟန်းစထရောက်

ယိုဟန်းစထရောက်သည် ဩစတြီးယန်းလူမျိုး ဂီတပညာ သည်တစ်ဦး ဖြစ်သည်။ ဩစတြီးယားနိုင်ငံ၊ ဗီယင်းနားမြို့၌ ၁၈၂၅ ခုနှစ် အောက်တိုဘာလ ၂၅ ရက်နေ့တွင် ဖွားမြင်သည်။ ဖခင်ဖြစ်သူမှာ နာမည်ကျော် တီးဝိုင်းခေါင်းဆောင်တစ်ဦး ဖြစ် သော်လည်း သားဖြစ်သူ ဟိုဟန်းစထရောက်အား သူကဲ့သို့ ဂီတဖြင့် အသက် မမွေးစေလို၍ ငယ်စဉ်ကပင် ဗီယင်းနားမြိုရှိ လက်မှုပညာ သင်ကျောင်းသို့ ပို့ပြီးလျှင် အရွယ်ရောက်သော အခါ၌လည်း ဘဏ်တိုက်စာရေးအလုပ်ကို လုပ်စေလေသည်။ သို့သော် စထရောက်သည် ဖခင်ကြီးကွယ်ရာ၌ တရောထိုးပညာ ကို တိတ်တဆိတ် သင်ယူ၍ ၁၈၄၄ ခုနှစ်တွင် တီးဝိုင်းတစ်ခု ကို သူကိုယ်တိုင် ဦးစီးကာ တီးမှုတ်ခဲ့၏။ ထိုအခါမှ စ၍ စထရောက်သည် ဂီတပညာသည်ကြီးဖြစ်လာသည်။ ၁၈၄၉ ခုနှစ်၌ တီးဝိုင်းကို မိမိတီးဝိုင်းနှင့် ပူးပေါင်း၍ ဩစတြီးယား၊ ပိုလန်နှင့် ဂျာမနီနိုင်ငံများတွင် လှည့်လည်တီးမှုတ်ရာ လူကြိုက် အလွန်များခဲ့လေသည်။ ၁၈၆၂ ခုနှစ်တွင် အဆိုတော်အမျိုးသမီး တစ်ဦးနှင့် လက်ထပ်ပြီးလျှင် တီးဝိုင်းခေါင်းဆောင် အလုပ်ကို စွန့်လွှတ်လိုက်လေ၏။ ထိုနောက် စထရောက်သည် ကပွဲများ၌ သီဆိုရန် သီးချင်းများကို ရေးသားယင်း သီချင်းရေးဆရာအဖြစ် ဖြင့် ကျော်ကြားလာပြန်သည်။ စထရောက်သည် ကပွဲသီချင်း ပုဒ်ပေါင်း ၄ဝဝ နီးပါးရေးသားခဲ့သည်သာမက ထိုသီချင်းများ ကဲ့သို့ပင် လူကြိုက်များသော အော်ပရာခေါ် တေးသံစုံဇာတ် များကိုလည်း ရေးသားခဲ့သည်။


၁၈၉၉ ခုနှစ် ဇွန်လ ၃ရက်နေ့တွင် ဂီတစာဆိုကြီး စထရောက် သည် မိမိချက်မြုပ်ဖြစ်သော ဗီယင်းနားမြို့၌ပင် ကွယ်လွန်လေ သည်။[၁]

ကိုးကား

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)