လူဝီးဂျီ ဂါလ်ဗားနီ: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
အရေးမကြီး r2.7.3) (Robot: Modifying ar:لويجي جالفاني to ar:لويجي جلفاني
အရေးမကြီး r2.7.3rc2) (ရိုဘော့က ပေါင်းထည့်နေသည် - nn:Luigi Galvani
စာကြောင်း ၇၅ - စာကြောင်း ၇၅ -
[[mk:Луjџи Галвани]]
[[mk:Луjџи Галвани]]
[[nl:Luigi Galvani]]
[[nl:Luigi Galvani]]
[[nn:Luigi Galvani]]
[[no:Luigi Galvani]]
[[no:Luigi Galvani]]
[[pa:ਲੂਗੀ ਗੇਲਵੈਨੀ]]
[[pa:ਲੂਗੀ ਗੇਲਵੈਨੀ]]

၁၇:၄၇၊ ၁၄ ဖေဖော်ဝါရီ ၂၀၁၃ ရက်နေ့က မူ

လူဝီးဂျီ အာလိုအီး​စီယို ဂါလ်ဗား​နီ
မွေးနေ့ ၀၉ စက်တင်ဘာ ၁၇၃၇
ကွယ်လွန် ၀၄ ဒီဇင်ဘာ ၁၇၉၈ (အသက် ၆၁ နှစ်)
မွေးဖွားရာဒေသ ဘိုလိုညာအီတလီနိုင်ငံ
ထင်ရှားသည့်နယ်ပယ် ရူပဗေဒဆေးပညာ
လူသိများခြင်းမှာ ဇီဝလျှပ်စစ်ဗေဒ

သတ္တဝါလျှပ်စစ်

လူဝီးဂျီ အာလိုအီး​စီယို ဂါလ်ဗား​နီ (၁၇၃၇-၁၇၉၈) သည် အီတလီလူမျိုး ဆရာဝန် ဖြစ်သကဲ့သို့ ရူပဗေဒ ပညာရှင်လည်းဖြစ်သည်။ အီတလီနိုင်ငံ ဘိုလိုညာတွင်မွေးဖွားခဲ့ပြီး၊ ထိုနေရာတွင်ပင် ခေါင်းချခဲ့သည်။ ဖားသေတစ်ကောင်၏ ခြေထောက်မှ ကြွက်သားများသည် လျှပ်စစ်ဓာတ်ပေးလိုက်သော အခါလှုပ်ရမ်းကြောင်းကိုလေ့လာတွေ့ရှိခဲ့သည်။ ၄င်းသည်ပင်လျှင် ဇီဝလျှပ်စစ်ဗေဒ ၏အခြေပြုဖြစ်ခဲ့သည်။ ဇီဝလျှပ်စစ်ဗေဒ သည် အာရုံကြောစနစ် များ အကြောင်းကို လေ့လာရာတွင် လွန်စွာမှ အထောက်အကူ ဖြစ်ပါသည်။

ဘ​ဝ​၏​အ​စော​ပိုင်း​ကာ​လ​

ဂယ်လ်ဗနီသည်​ သာ​သနာ​ရေး​ရာ​ များ​တွင်​စိတ်​ဝင်​စား​ သော​ကြောင့်​ သာ​သနာ​ဝန်ထမ်း​ အဖြစ်​မှု​ထမ်း​ရန်​ ရည်ရွယ်ခဲ့​သော်​လည်း​ ဆ​ရာ​ဝန်ဖြစ်​သူ​ ဖ​ခင်​နှင့်​ မိ​ခင်​ဒို့​၏​ ဆန္ဒအရ​ ဘို​လို​ညား​ရှိ​ ဆေး​ကျောင်း​တွင်​ဆေး​ပ​ညာ​သင်​ယူ​ခဲ့​သည်​။ ၁၇၆၂ တွင်​ဂယ်​လ်ဗ​နီ​သည်​ ဘို​လို​ညား​တက္ကသိုလ်​တွင်​ ခန္ဒာဗေ​ဒက​တိ​က အ​ဖြစ်​ခန့်​အပ်​ခြင်း​ခံ​ခဲ့​ရ​သည်​။​ က​တိ​က​ဘ​ဝ​တွင်​ သူ​၏​သု​သေ​သ​န​ လုပ်​ငန်း​များ​ကြောင့်​ ဂုဏ်​သ​တင်း​ကြီး​ ခဲ့​သူ​ဖြစ်​သည်​။ သတ္တဝါလျှပ်စစ် အ​ကြောင်း​ကို Institute of Sciences at Bologna အ​တွဲ​ ၇ စာ​တမ်း တွင် De viribus electricitatis in motu musculari commentarius အမည်ရှိစာတမ်းဖြင့် ရဲဝံ့ပြတ်သားစွာဖော်ပြခဲ့သည်။ ၁၇၆၄ခုနှစ်တွင် ဘိုလိုညားတက္ကသိုလ် မှ ပါမောက္ခတစ်ဦး၏ သမီးဖြစ်သူ လူချီးယာ ဂယ်လာယာဇီနှင့် လက်ထပ်ထိမ်းမြားခဲ့သည်။ ၁၇၇၂တွင် ယင်းတက္ကသိုလ်၏ ပါမောက္ခချုပ် ဖြစ်လာခဲ့သည်။

တနေ့တွင် ဂယ်လ်ဗနီသည် တည်ငြိမ်လျှပ်စစ် ကိုဖားသရေနှင့် ပွတ်တိုက်စမ်းသပ်ရန် အတွက် ဖားသေတစ်ကောင်၏ အရေခွံကို ဆုတ်နေစဉ် သူ၏လက်ထောက်သည်​ တင်ပါးရိုးနဗ်အာရုံကြော နှင့်စပ်သော အကြောတစ်ခုကို တည်ငြိမ်လျှပ်စစ်ဓာတ်အားသွင်းထားသည့် သံချောင်းတစ်ချောင်းနှင့် မတော်တဆထိမိသွားသည်။ ထို​အ​ခါ​ ဖား​သေ​၏ခြေ​ထောက်​သည်​ သက်​ရှိ​ထင်​ရှား​ ရှိ​စဉ်​က​ ကဲ​သို့​ပင်​ လှုပ်​ရှား​သွား​သည်​ကို​တွေ့​ရ​သည်​။ ယင်​တွေ့​ရှိ​မှု​ကြောင့်​ လျှပ်စစ်စွမ်း​အင်​၏​ သ​ဘာ​ဝ​ကို​ ပို​မို​နား​လည်လာ​ ခြင်း​အ​ပြင်​ ကြွက်​သား​များ​၏​ လှုပ်​ရှား​မှု​ကို​လဲ​ ပို​မို​နား​လည် သ​ဘောပေါက်​လာ​ခဲ့​ပါ​သည်။​ ထို​ကဲ့​သို့ ဇီဝ​လျှပ်စစ် ကို​ရှာ​ဖွေ​တွေ့​ရှိ​မှု​ အ​တွက်​ ပြော​ပ​လောက်​သော​ ဂုဏ်​ပြု​မှု​ကို​ မယ်​မယ်​ရ​ရ​ မ​ခံ​စား​ခဲ့​ရ​ပါ။​

ဂယ်လ်ဗနီ နှင့်​ ဗို​လ​တာ​

ထို​ကာ​လ​ အ​ပိုင်း​အ​ခြား​အ​တွင်း​မှာ​ပင်​ ဂယ်လ်ဗနီ၏​ လုပ်​ဖော်​ကိုင်​ဖက်​ ဖြစ်​သူ​ အလက်ဇန်ဒရိုဗိုလတာ မှ​ ဘက်​ထ​ရီ​ ကို​တီ​ထွင်​ခဲ့​ပါ​သည်။​ ဗို​လ​တာ​သည်​ ဂယ်လ်ဗနီ၏​သတ္တဝါလျှပ်စစ်သီ​အို​ရီ​ ပေါ်​တွင်​ အ​ခြေ​ခံ​ကာ​ ဘက်​ထ​ရီ ကို​ တီ​ထွင်​ခဲ့​ခြင်း​ဖြစ်​သည်။​ ဂယ်လ်ဗနီသည်​ လျှပ်စစ်စွမ်း​အင်​သည်​ ဇီ​ဝ​ဗေ​ဒ​ နှင့်​ လုံး​ဝ​သက်​ဆိုင်​ခြင်း​မ​ရှိ​သော​ ဘာ​သာ​ရပ်​တစ်​ခု​ အ​ဖြစ်​သီး​ခြား​ လေ့​လာ​ခြင်း​မ​ပြု​ခဲ့​ပါ။​ ဂယ်လ်ဗနီသည်​ သတ္တဝါလျှပ်စစ်သည်​ ကြွက်​သားမှ​ဖြစ်​ပေါ်​လာ​သည်​ ဟူ​၍​သာ​ ယုံ​ကြည်​ခဲ့​သည်။​ ဗို​လ​တာ​ မှ​ ဂယ်လ်ဗနီ၏​ သီ​အို​ရီ​သည်​ မှား​ယွင်း​နေ​ကြောင်း​ကို​ ဘက်​ထ​ရီကို​ ​တီ​ထွင်၍​ပြ​သ​ခဲ့​ပါ​သည်။​

နောက်​ဆုံးနေ့​ရက်များ​ နှင့်​ ဘ​ဝ​နိ​ဂုံး

၁၇၉ဝ ဇွန်​လ​ ၃၀ရက် တွင်​ဇ​နီး​ဖြစ်​သူ​ ကွယ်လွန်ခဲ့​သည်။​ ၁၇၉၆တွင်​ န​ပို​လီ​ယံ​ ဘို​နာ​ပတ်​၏​ စစ်​တပ်များ​ရောက်​ရှိ​ လာ​သော​အခါ​ ဘို​လိုး​ညား​ တွင်​အ​ခြေ​အ​နေ​များ​ ပြောင်း​လဲ​သွား​သည်။​ ဂယ်လ်ဗနီသည်​ သူ​၏​ဘာ​သာ​ရေး​အ​ယူ​ဝါ​ဒ​ ကြောင့်​ Cisalpine Republic အ​တွက်​သစ္စာခံ​ကာ​ ကျမ်း​ကျိန်မှု​ကို​မ​ပြု​ သည်​႕အ​တွက်​ အ​လုပ်​မှ​ပြုတ်​ကာ​ ဝင်​ငွေ​မဲ႕ဘ​ဝ​သို့​ ရောက်​ရှိ​ခဲ့​သည်။​ အ​ဖျား​များ​ တက်​ခါ​ ၀၄ ဒီဇင်ဘာ ၁၇၉၈တွင်​ ကွယ်လွန်ခဲ႕သည်။ ကွယ်လွန်သူ​၏ဆန္ဒ​အ​ရ​ သူ​၏​ဇ​နီး​သည်​၏​ အုတ်​ဂူ​ အ​နီး​တွင်​ပင်​ မြုတ်​နှံ​ခဲ့​သည်။​

ကိုး​ကား​ချက်​များ​

1) English Wikipedia မှ ဆောင်းပါး Luigi Galvani (1737-1798) ကိုမှီငြမ်းရေးသား၊ သင့်လျော်အောင်ဘာသာပြန်ဆိုသည်။

2) Find the​ Grave (Luigi Galvani မှ​လည်း​ကောင်း၊​

3) NNDB (Luigi Galvani မှ​လည်း​ကောင်း မှီငြမ်းရေးသား၊ သင့်လျော်အောင်ဘာသာပြန်ဆိုသည်။