မက်ကလာရန် F1: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
အရေးမကြီး r2.6.4) (ရိုဘော့က ပေါင်းထည့်နေသည် - cs, hi, jv, uk
အရေးမကြီး r2.7.2) (ရိုဘော့က ပေါင်းထည့်နေသည် - bg:McLaren F1
စာကြောင်း ၃၄ - စာကြောင်း ၃၄ -


[[ar:مكلارين F1]]
[[ar:مكلارين F1]]
[[bg:McLaren F1]]
[[cs:McLaren F1]]
[[cs:McLaren F1]]
[[de:McLaren F1]]
[[de:McLaren F1]]

၀၁:၄၀၊ ၁၄ ဖေဖော်ဝါရီ ၂၀၁၃ ရက်နေ့က မူ

McLaren F1
မက်ကလာရန် F1 လိုဂို
မက်ကလာရန် F1
ထုတ်လုပ်သူမက်ကလာရန် အော်တိုမိုးတစ်ဖ်
ထုတ်လုပ်သည့်ခုနှစ်၁၉၉၂–၁၉၉၈[၁]
အစီး ၁၀၀ ထုတ်လုပ်ခဲ့သည်။
တပ်ဆင်သည့်နေရာဝေါ့ကင်း၊ ဆာရေး၊ အင်္ဂလန်နိုင်ငံ
ကလပ်စ်စပေါ့တ်ကား
ဘော်ဒီစတိုင်လ်တံခါး၂ပေါက် ၃ယောက်စီး coupé
ပုံသဏ္ဌန်အနောက်အလယ်ပိုင်း အင်ဂျင် နောက်ယက်
အင်ဂျင်60° 6.1 L BMW S70/2 V12
ဂီယာ၆ချက် ရိုးရိုး
ဘီးအခြေ၂၇၁၈ မီလီမီတာ
အရှည်၄၂၈၇ မီလီမီတာ
အကျယ်၁၈၂၀ မီလီမီတာ
အမြင့်၁၁၄၀ မီလီမီတာ
အလေးချိန်၁၁၄၀ ကီလိုဂရမ်
ဒီဇိုင်းနာGordon Murray & Peter Stevens

မက်ကလာရန် F1 သည် ဂေါ်ဒွန်မာရေး နှင့် မက်ကလာရန် အော်တိုမိုးတစ်ဖ်မှ ဒီဇိုင်းထုတ်ပြီး ထုတ်လုပ်သည့် စပေါ့တ်ကား ဖြစ်သည်။ ၁၉၉၈ခု မတ်လ ၃၁ ရက်နေ့က တစ်နာရီလျှင် မိုင် ၂၄၀ (၃၉၁ ကီလိုမီတာ) နှုန်းဖြင့် ကမ္ဘာပေါ်တွင် အမြန်ဆုံးကား အဖြစ် စံချိန်တင်ခဲ့ဖူးသည်။ ၂၀၀၉ ဧပြီလ အထိ ကားအမျိုးအစား ၄မျိုးကသာ မက်ကလာရန် F1 ၏ အရှိန်ကို ကျော်လွန်နိုင်သေးသည်။ သို့သော် သာမန်အင်ဂျင်ကို အသုံးပြုထားသော ကားများထဲတွင်မူ အမြန်ဆုံးကား အဖြစ် ဆက်၍ ရှိနေသေးသည်။

မက်ကလာရန် သည် သူတို့ဘာသာ မူပိုင်ခွင့် ရှိသော ဒီဇိုင်းများနှင့် နည်းပညာ အမြောက်အများကို အသုံးပြုထားသည်။ ၄င်းသည် သူ၏ ခေတ်သစ် ပြိုင်ဖက်များနှင့် ယှဉ်ပါက သာမန်ကားများနှင့် ပို၍ ဆင်သော ပုံသဏ္ဌန် ရှိသည်။ ခုံတစ်ခုံး အပိုပါခြင်းကသာ အခြားသော စပေါ့တ်ကားများထက် ပို၍ ထူးခြားနေစေသည်။ ယာဉ်မောင်းသူ၏ ခုံသည် ကား၏ အလယ်ခေါင်တွင် ရှိနေသည်။ ၄င်းတွင် အားကောင်းသော အင်ဂျင်ပါရှိပြီး ပြေးလမ်းပေါ်တွင် မောင်းရန် ဒီဇိုင်းလုပ်ထားသည်။ သို့သော်လည်း နေ့စဉ်သုံးအတွက် သက်တောင့်သက်သာ ရှိစေရန်နှင့် အသုံးပြုလွယ်ကူစေရန်ကိုလည်း ထည့်သွင်းစဉ်းစားပြီး ဒီဇိုင်းလုပ်ထားခြင်း ဖြစ်သည်။ ပုံမှန်ကားမှာ ပြိုင်ကားအဖြစ်မောင်းရန်သက်သက် ဒီဇိုင်းလုပ်ထားခြင်း မဟုတ်သော်လည်း ပြိုင်ကားသက်သက်ဖြစ်ရန်အတွက် ပြင်ဆင်ထားသော ကားများမှာမူ ပြိုင်ပွဲ အချို့တွင် အနိုင်ရရှိခဲ့ဖူးသည်။ ထုတ်လုပ်ရေးမှာ ၁၉၉၂ ခုနှစ်တွင် စတင်ခဲ့ပြီး ၁၉၉၈ ခုနှစ်တွင် ရပ်နားခဲ့သည်။ စုစုပေါင်း ကား ၁၀၆ စင်း ထုတ်လုပ်ခဲ့ပြီး ဒီဇိုင်းမှာမူ အနည်းငယ်မျှ ကွဲပြားခြားနားကြသည်။


ကိုးကား