ခဝဲပင်: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
အရေးမကြီး r2.7.2) (ရိုဘော့က ပေါင်းထည့်နေသည် - ta:பீர்க்கங்காய்
No edit summary
စာကြောင်း ၂၃ - စာကြောင်း ၂၃ -
*''Turia'' <small>[[Forssk.]]</small>
*''Turia'' <small>[[Forssk.]]</small>
|}}
|}}

[[File:Luffa operculata MHNT.BOT.2011.3.93.jpg|thumb|''Luffa operculata'']]
[[File:Luffa aegyptiaca MHNT.BOT.2011.3.94.jpg|thumb|''Luffa aegyptiaca'']]


'''ခဝဲပင်'''
'''ခဝဲပင်'''

၁၂:၄၃၊ ၁၃ ဖေဖော်ဝါရီ ၂၀၁၃ ရက်နေ့က မူ

ခဝဲပင်
Egyptian luffa with nearly mature fruit
မျိုးရိုးခွဲခြားခြင်း
လောက:
(unranked):
(unranked):
(unranked):
မျိုးစဉ်:
မျိုးရင်း:
မျိုးရင်းသေး:
မျိုးဇာတ်:
မျိုးဇာတ်သေး:
Luffinae
မျိုးစု:
Luffa

Species
Synonyms
Luffa operculata
Luffa aegyptiaca

ခဝဲပင် ခဝဲပင်သည် ဗူးဖရုံ စသော အပင်မျိုး၌ ပါဝင်၍ နှစ်စဉ် စိုက်ပျိုးရသော အပင်မျိုးဖြစ်၏။ နွယ်ပင်ကဲ့သို့ လိမ်ယှက်၍ ပေါက်တတ်၏။ ခဝဲသီးသည် အလျား ၇ လက်မမှ ၁၅ လက်မခန့်အထိ ရှည်၏။ ခဝဲပင်၏ အဖျားပိုင်းသည် အနည်း ငယ်ထွား၍ အညှာဖက်သို့ သေးသွယ်သွား၏။ လတ်ဆတ် နေချိန် ၌ ခဝဲသီးသည် အစိမ်းရင့်ရောင် ရှိ၏။ သခွားသီးကဲ့သို့ လုံးချောမဟုတ်ဘဲ စောင်းပါရှိ၏။ အရည်ရွှမ်း၍ ပွ၏။ အစေ့ မှာ သခွားစေ့နှင့် တူ၏။ အပွင့်မှာ အဝါရောင် ရှိ၏။ ဗြိစ္ဆာ ရာသီ တန်ဆောင်မုန်းလတွင် ပွင့်သောပန်းအဖြစ် ထင်ရှား၏။ ခဝဲပင်ကို အသီးအလို့ငှာ စိုက်ပျိုးကြ၏။ မြန်မာနိုင်ငံ အနှံ့အပြားတွင် ပေ ၄ဝဝဝ ထက်နိမ့်သော အရပ်ဒေသတို့၌ စိုက်ပျိုးနိုင်၏။ ခဝဲသီးတွင် ပါရှိသော စောင်းများကို ခြစ်ထုတ် ပြီးလျှင် အခွံပါးပါးသင်ပြီးသည့်နောက် ကြော်ချက်သော် လည်း ကောင်း၊ ဟင်းချိုသော်လည်းကောင်း ချက်၍စားကြသည်။ မြေပြင်ညီညာသောဒေသများ၌ ခဝဲပင်ကို အများအားဖြင့် ဧပြီလ အလယ်မှစ၍ ဇူလိုင်လ အလယ်ထိ စိုက်ပျိုးကြ၏။ မျိုးစေ့ ၂ ပေါင် ၃ ပေါင်လောက်သည် တစ်ဧကကျယ်ဝန်း သော မြေကွက်ပေါ်၌ ကြဲဖြန့်စိုက် ပျိုးရန်အတွက် လုံလောက် ၏။ စိုက်ပျိုးပုံကား မြေတွင် အကွာအဝေး ၆ လက်မစီခြား သော တွင်းများကို စီတန်းကာ တူးရသည်။ ထို့နောက် မျိုးစေ့ များကို တွင်းထဲသို့ ထည့်၍ တွင်းများကို မြေကြီးဖြင့် ဖို့ရ၏။ တွင်းတစ်တန်းနှင့် တစ်တန်း ၆ ပေကွာ ထားတတ်၏။ မိုး အနည်းငယ်ရွာသွန်းသော ဒေသများတွင် ခဝဲပင်ကို စင်မထိုးဘဲ စိုက်ပျိုးကြ၏။ သို့သော် မိုးများစွာ ရွာသွန်းသောဒေသများတွင် စင်ထိုး၍ စိုက်ပျိုးကြ၏။ အကြောင်းမူကား စွတ်စိုသောမြေပေါ် တွင် ကြာမြင့်စွာ ခဝဲသီးကျနေပါမူ ပုပ်လွယ်တတ်သောကြောင့် ဖြစ်လေသည်။ ခဝဲပင်ကို မြေဩဇာကောင်းသောနေရာများတွင် စိုက်ပျိုးကြ၏။ မြေဩဇာညံ့ဖျင်းသော ဒေသများ၌ကား ပြာနှင့် နွားချေးအဆွေးများကို မြေဩဇာအဖြစ် အသုံးပြုကြ၏။ မိုးကောင်းစွာ ရွာသွန်းလာသည့်အချိန်ထိ ရေမှန်မှန် လောင်းပေး ရ၏။ အချိန်မှန် ပေါင်းသင်ပေးမှ အပင်များ သန်စွမ်း၏။ အယဉ်မျိုး၊ အရိုင်းမျိုးဟူ၍ ခဝဲသီး ၂ မျိုးရှိရာ အရိုင်း မျိုးသည် ခါးသောအရသာ ရှိ၏။ အချို့က မြွေကျော်သဖြင့် ခဝဲသီး ခါးသည်ဟု ယူဆကြသည်။ ယင်းယူဆချက်သည် မမှန်ချေ။ [၁]

ကိုးကား

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၂)

ခဝဲသီးကို Ridge Gourd ဟုခေါ်သည်။