မိုက်ကယ် ဒီ မွန်တိန်း: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
အရေးမကြီး r2.7.3) (ရိုဘော့က ဖယ်ရှားနေသည် - diq:Michel de Montaigne
အရေးမကြီး r2.7.3) (ရိုဘော့က ပေါင်းထည့်နေသည် - simple:Montaigne
စာကြောင်း ၉၉ - စာကြောင်း ၉၉ -
[[ru:Монтень, Мишель де]]
[[ru:Монтень, Мишель де]]
[[sh:Michel de Montaigne]]
[[sh:Michel de Montaigne]]
[[simple:Montaigne]]
[[sk:Michel de Montaigne]]
[[sk:Michel de Montaigne]]
[[sl:Michel Eyquem de Montaigne]]
[[sl:Michel Eyquem de Montaigne]]

၀၉:၅၇၊ ၁၃ ဖေဖော်ဝါရီ ၂၀၁၃ ရက်နေ့က မူ

လော့ဒ် မိုက်ကယ် ဒီ မွန်တိန်း

မွန်တိန်း အမ်၊ အီ (ခရစ် ၁၅၃၃-၁၅၉၂)

ပြင်သစ်စာရေးဆရာ မွန်တိန်းသည် စာပေ၌ 'အက်ဆေး'ဟု ခေါ်သော စာမွန်ရေနည်းကို ၁၅၇၁ ခုနှစ်တွင် စတင် တီထွင် ခဲ့သူ ဖြစ်ပေသည်။ ( စာမွန်-။) မွန်တိန်းသည် စာမွန် စာပေကို ရေးရာ၌ မိမိ၏ ကိုယ်တိုင် အတွေ့အကြုံ အတွေး အခေါ် အလေ့အကျင့်တို့ အပေါ်၌တည်၍ ရေးခဲ့သဖြင့် စာပေ လောကတွင် ထင်ရှားကျော်ကြားလေသည်။ မွန်တိန်းသည် နက်နဲသော တွေးခေါ်ချက်များကိုလည်း စကားပြေဖွဲ့၍ ရေးခဲ့ သည်။ နာမည်ကျော် အဂ‡လိပ် စာရေးဆရာများဖြစ်သော ဝီလျံ ရှိတ်စပီးယားနှင့် ဖရန်စစ် ဗေကင်တို့သည် မွန်တိန်း၏ စာမွန် စာပေများကို သေချာစွာ ဖတ်ရှုလေ့လာကြ၏။ ၁၆၃ဝ ပြည့် နှစ်တွင် ဂျွန်ဖလိုရီအိုသည် မွန်တိန်း၏ စာမွန်များကို အဂ‡လိပ် ဘာသာသို့ ပြန်ဆိုခဲ့သည်တွင် စာပေဂုဏ်မြောက်သော အဂ‡လိပ် စကားပြေ လက်ရာကောင်းအဖြစ် ထင်ရှားပေသည်။

မွန်တိန်း၏ ရှေးဦးစာပေလက်ရာမှာ ရေမွန်ဆီးဗွန်းဆိုသူ ရေးသည့် သဘာဝ ဗြဟဒေဝဗေဒဘာသာပြန် ဖြစ်သည်။ ၁၅ရ၁ ခုနှစ်တွင် ဖခင်ထံမှ အမွေပစ္စည်းများကို ဆက်ခံ ပြီးနောက် ၁၅၈ဝ ပြည့်နှစ်၌ ဆွစ်ဇာလန် နိုင်ငံ၊ အီတလီ နိုင်ငံနှင့် ဂျာမနီနိုင်ငံများသို့ ခရီးထွက်ခဲ့လေသည်။ မွန်တိန်း သည် ထိုအချိန်အတွင်း စာပေ အရာမြောက်သော စာမွန်များ ရေးခဲ့လေသည်။

မွန်တိန်းသည် ပြင်သစ်နိုင်ငံ ဗောဒိုးမြို့အနီး မွန်တိန်း ရဲတိုက်တွင် ၁၅၃၃ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့၌ ဖွားမြင်သည်။ အသက် ခြောက်နှစ်အရွယ် မတိုင်မီ လက်တင် ဘာသာကို တတ်မြောက်ပြီး ဖြစ်၏။ ဗော်ဒိုးကောလိပ်ကျောင်းမှ ထွက်ပြီးနောက် ဥပဒေပညာကို ဆကလက်၍ သင်ကြားလေ သည်။ ၁၅၅၇ ခုနှစ်မှ ၁၅၇ဝ ပြည့်နှစ်အထိ မွန်တိန်းသည် ဗော်ဒိုးပါလီမန် လွှတ်တော်တွင် အတိုင်ပင်ခံအဖြစ်ဖြင့်လည်း ကောင်း၊ ၁၅၈၁ ခုနှစ်မှ ၁၅၈၅ ခုနှစ်အအထိ ဗော်ဒိုးမြို့တော် ဝန်အဖြစ်ဖြင့်လည်းကောင်း အမှုထမ်းခဲ့သည်။

မွန်တိန်းရေးသော စာမွန်များတွင် မိမိကိုယ်တွေ့ ခံစား ချက်တို့ကို မကွယ်မထောင့်ဘဲ တင်ပြသည်သာမက ရေးဟန်က လည်း ထူးခြားသဖြင့် ၁၇ ရာစုနှစ်နှင့် ၁၈ ရာစုနှစ်များတွင် ထင်ရှားသော ပြင်သစ် စာရေးဆရာတို့၏ စာပေလက်ရာ များတွင် မွန်တိန်း၏ အတွေးအခေါ်နှင့် ရေးဟန်တို့ကို အကဲခတ်မိနိုင်ပေသည်။ မွန်တိန်းသည် အရာခပ်သိမ်းတို့၏ အကြောင်းကို သိချင်၏။ နားလည်ချင်၏။ သို့ရာတွင် ထို အကြောင်း အရာအားလုံးတို့ကို သိဟန်မဆောင်ဘဲ သူ၏ ဆောင်ပုဒ်မှာ ငါ ဘာသိသလဲဟူ၍ ဖြစ်လေသည်။ မွန်တိန်း သည် ၁၅၉၂ ခုနှစ် စက်တင်ဘာလ ၁၃ ရက်နေ့တွင် ကွယ်လွန်၏။[၁]


ကိုးကား

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၀)