အားနက် ဟဲမင်းဝေး: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
အရေးမကြီး r2.7.3) (ရိုဘော့က ဖယ်ရှားနေသည် - diq:Ernest Hemingway
အရေးမကြီး r2.7.2) (ရိုဘော့က ပေါင်းထည့်နေသည် - kk:Эрнест Миллер Хемингуэй
စာကြောင်း ၁၃၁ - စာကြောင်း ၁၃၁ -
[[jv:Ernest Hemingway]]
[[jv:Ernest Hemingway]]
[[ka:ერნესტ ჰემინგუეი]]
[[ka:ერნესტ ჰემინგუეი]]
[[kk:Эрнест Миллер Хемингуэй]]
[[ko:어니스트 헤밍웨이]]
[[ko:어니스트 헤밍웨이]]
[[ku:Ernest Hemingway]]
[[ku:Ernest Hemingway]]

၁၆:၄၃၊ ၁၂ ဖေဖော်ဝါရီ ၂၀၁၃ ရက်နေ့က မူ

အားနက် ဟဲမင်းဝေး

ဟင်းမင်းဝေး, အားနက် (ခရစ် ၁၈၉၈-၁၉၆၁)

ဆရာဝန် တစ်ဦး၏သားဖြစ်သော အားနက် ဟင်းမင်းဝေးသည် ၁၈၉၈ ခုနှစ် ဇူလိုင်လ ၂၁ ရက်နေ့တွင် အမေရိကန်ပြည်ထောင်စု၊ အီလီနွိုင်ပြည်နယ်၊ အုတ်ပတ်တွင် ဖွားမြင်ပြီးလျှင်၊ ထိုနေရာ ၌ပင် ကြီးပြင်းလေသည်။ ၁၉၁၇ ခုနှစ်တွင် ထိုဒေသရှိ တန်း မြင့်ကျောင်းမှ နာက်ဆုံးအတန်းကို အောင်မြင်ပြီးသော အခါတွင် ကန်းဆပ်စီးတီးစတား စာစောင်တွင် လအနည်း ငယ် သတင်းထောက်အဖြစ်လည်း ဆောင်ရွက်ခဲ့သေးသည်။ ပထမကမ္ဘာစစ်အတွင်းတွင် လူနာတင် မော်တော်ယာဉ် မောင်း သူအဖြစ် ဣတလီနိုင်ငံသို့ သွားရောက်ခဲ့သည်။ ထိုသို့ လူနာ တင် ယာဉ်မောင်းသမားအဖြစ် အတွေ့အကြုံများကို မူတည်ပြီး လျှင် ၁၉၂၆ ခုနှစ်တွင် လက်နက်များကို နှုတ်ဆက်ခြင်းခေါ် ဝတ္ထုကို ရေးသား ထုတ်ဝေလိုက်ရာ စစ်အကြောင်းနှင့်စပ်လျဉ်း ၍ ထုတ်ဝေသော အမေရိကန်ဝတ္ထုများနက် အကျော်ကြားဆုံး ဖြစ်သည်ဟု သတ်မှတ်ခြင်း ခံရသည်။ ဟင်းမင်းဝေးသည် ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့တွင် အတန်ကြာ နေထိုင်ခဲ့ပြီးလျှင် စပိန်နိုင်ငံနင့် အာဖရိကတိုက် အတွင်း လှည့် လည်သွားလာနေထိုင်ခဲ့လေသည်။ စပိန်ပြည်တွင်းစစ်ဖြစ်ပွားနေ ချိန်တွင် ဟင်းမင်းဝေးသည် စပိန်နိုင်ငံ၌ နေထိုင်လျက်ရှိရာ၊ ထိုပြည်တွင်းစစ် အတွေ့အကြုံများကို မူတည်၍ ခေါင်းလောင်း ထိုးသံ ဘယ်သူကံကို ရေးသားထုတ်ဝေခဲ့၏။ ထိုစာအုပ်ကို ၁၉၄ဝ ပြည့်နှစ်တွင် ထုတ်ဝေလိုက်သောအခါ အမေရိကန် ပြည်ထောင်စုအတွင်း၌ သူ့အား စာရေးဆရာကြီးအဖြစ် အသိ အမှတ်ပြုခြင်း ခံရလေသည်။ သူ၏ အကောင်းဆုံးသောလက်ရာ ဖြစ်သည်ဟုလည်း ဆိုလေသည်။ ဟင်းမင်းဝေးသည် ပထမကမ္ဘာစစ်ကြီးနှင့် ဒုတိယကမ္ဘာစစ် ကြီးတို့အကြးတွင် အထက်၌ ဖော်ပြခဲ့ပြီးသော စာအုပ်များနှင့် အခြားနာမည်ကျော် ဝတ္ထုများစွာကို ရေးသားခဲ့သည်။ သူ၏ လက်ရာများတွင် သူ၏ဘဝ အသေးစိတ်အပိုင်းများ ကဏ္ဍ အလိုက်ပါဝင်ခဲ့လေသည်။ စစ်၏ဒဏ်ရာဒဏ်ချက် ကြောက် မက်ဖွယ်အကြောင်းကို လက်နက်များကို နှုတ်ဆက်ခြင်းတွင် အထူးတလည် ဖော်ပြထားကာ၊ စပိန်နိုင်ငံ နွားကစားသမားများ နှင့် တွေ့ဆုံရင်းနှီးခဲ့ပုံကို အကြောင်းပြုလျက် ညနေခင်းမှာ သေသောခါဝတ္ထုကို ရေးသားခဲ့၍၊ နွားကစားပွဲများအကြောင်း ကို နေသည်လည်း ထွက်လာပြန်သောအခါ ဝတ္ထုတွင် တင်ပြထားလေသည်။ အမဲပစ်ခြင်းအကြောင်းကို ကီလီမန်ဂျရို ၏ ဆီးနှင်းများဝတ္ထုတွင် တွေ့ရှိနိုင်ပြီးလျှင် ငါးမျှားခြင်း အကြောင်း ကို ပင်လယ်ပြာနှင့်တံငါအိုဝတ္ထုတွင် အသေး စိတ် ဖတ်ရှုနိုင်လေသည်။ ထို ပင်လယ်ပြာနှင့်တံငါအို ဝတ္ထု ကို အကြောင်းပြု၍ ဟင်းမင်းဝေးသည် ၁၉၅၃ ခုနှစ်တွင် ပူလစ်ဇာဆုကို ရရှိခဲ့၏။ ပင်လယ်ပြာနှင့်တံငါအိုဝတ္ထုမှာ ဟင်းမင်းဝေးရေးသား ခဲ့သမျှ ဝတ္ထုတို့တွင် အကြောင်းအရာအားဖြင့် အရိုးဆုံးဟုပင် ဆိုနိုင်သည်။ တံငါအိုတယောက် လှေငယ်ဖြင့် ငါးဖမ်းထွက်ရာ တွင် သူမျှော်လင့်သည်ထက်ပင် ကြီးမားနေသောငါးကြီး တကောင် ငါးမျှားချိတ်တွင် မိနေသဖြင့် ငါးကြီးနောက်သို့ ရက်ပေါင်းများစွာ မျှော လိုက်ကာ အသေဖမ်းယူရပုံ၊ ငါးသေ ကြီးကို တွဲယူလာရာတွင် လမ်းတလျှောက် ငမန်းအုပ်ကြီးက လိုက်လံ၍ ငါးသေကြီးကို ကိုက်ဖြတ်ဆွဲယူစားသောက်ကြပုံ၊ ထိုငမန်းအုပ်ကြီးနှင့် အကြိတ်အနယ် တိုက်ခိုက်ရပုံ၊ နောက်ဆုံး ကမ်းသို့ရောက်ချိန်တွင် အလေးချိန်ပေါင် ၁ဝဝဝ ကျော်ရှိသော ငါးကြီးမှာ အရိုးစုမျှသာ ကျန်တော့သည်ကို တွေ့ရ၍ တံငါအို စိတ်၌ မည်သို့ခံစားရပုံတို့ကို ဖော်ပြထား၏။ ဝေဖန်ရေးဆရာ များက ဝတ္ထုတွင်းမှ တံငါအို၏ ခံစားချက်တို့မှာ ဟင်းမင်းဝေး သည် သူ၏မအောင်မြင်သောမြစ်ကိုဖြတ်၍ တောတွင်းဆီသို့ ဝတ္ထုထွက်ပြီးနောက် သူကိုယ်တိုင် ခံစားရသော စိတ်နေ စိတ်ထားတို့ကို ဖော်ပြထားခြင်းပင် ဖြစ်သည်ဟု ဆိုကြလေ သည်။ ဟင်းမင်းဝေးသည် ၂ဝရာစုနှစ်အတွင်း အထူးခြားဆုံးနှင့် အထင်ရှားဆုံးသော အမေရိကန်စာရေးဆရာတစ်ဦး ဖြစ်သည်ဟု ဆိုကြလေသည်။ ဟင်းမင်းဝေးသည် ဘဝစုံခြင်း၊ မှတ်ဉာဏ် ကောင်းခြင်း၊ ဒေသန္တရဗဟုသုတ ပြည့်ဝခြင်းစသော အချက် အလက်များနှင့် ပင်ကိုယ်ထူးချွန်ခြင်းတို့ကြောင့် ကမ္ဘာကျော် စာရေးဆရာကြီး အဖြစ်သို့ ရောက်ခဲ့သည်ဟု ဆိုရပေမည်။ ဟင်းမင်းဝေးသည် ၁၉၅၄ ခုနှစ်တွင် နိုဗဲစာပေဆုကြီးကို ဆွတ်ခူး ရရှိခဲ့သည်။ ဟင်းမင်းဝေးသည် ၁၉၆၁ ခုနှစ် ဇူလိုင်လ ၂ ရက်နေ့တွင် သေနတ်ထိမှန် သေဆုံးခဲ့၏။ ဟင်းမင်ဝေး သေဆုံးပုံနှင့် စပ်လျဉ်း၍ သတင်းစာကြီး အများက အမဲပစ်ထွက်ရန် သေနတ်တိုက်ချွတ်နေယင်း မတော်တဆ ကျည်ဆန်ထွက် ထိမှန်သေဆုံးရသည်ဟု ဖော်ပြကြ၍၊ သတင်းစာကြီးတစောင် ကမူ မိမိကိုယ်မိမိ သတ် သေခြင်း ဖြစ်သည်ဟု ဖော်ပြလေ သည်။ ဟင်းမင်းဝေး ရေးသားခဲ့သော အခြားဝတ္ထုများမှာ ကျွန်ုပ် တို့ခေတ်တွင် (၁၉၂၄)၊ နိုင်သူ ဘာမျှ မရ (၁၉၃၃)၊ အာဖရိက တောင်စိမ်းများ(၁၉၃၅) နှင့် ရှိပြီး မရှိခြင်း (၁၉၃၇) ဝတ္ထု စသည်တို့ ဖြစ်သည်။[၁]

ကိုးကား

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)