ကင်းနက် ကွန်ဒါ: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
အရေးမကြီး r2.7.3) (ရိုဘော့က ပေါင်းထည့်နေသည် - ar:كينيث كاوندا
အရေးမကြီး r2.7.2) (ရိုဘော့က ပေါင်းထည့်နေသည် - tr:Kenneth Kaunda
စာကြောင်း ၇၂ - စာကြောင်း ၇၂ -
[[sv:Kenneth Kaunda]]
[[sv:Kenneth Kaunda]]
[[sw:Kenneth Kaunda]]
[[sw:Kenneth Kaunda]]
[[tr:Kenneth Kaunda]]
[[uk:Кеннет Каунда]]
[[uk:Кеннет Каунда]]
[[vec:Kenneth Kaunda]]
[[vec:Kenneth Kaunda]]

၁၄:၅၁၊ ၁၁ ဖေဖော်ဝါရီ ၂၀၁၃ ရက်နေ့က မူ

ကအွန်ဒါအား ၁၉၈၃ ခုနှစ် အမေရိကန် ပြည်ထောင်စုသို့ အလည်အပတ် ရောက်ရှိနေစဉ် တွေ့ရပုံ

ကအွန်ဒါ ကင်းနက် (ခရစ် ၁၉၂၄ ဖွား)

ကအွန်ဒါသည် ဇမ်ဘီယာနိုင်ငံရှိ ချင်စာလီအရပ်၌ ၁၉၂၄ ခုနှစ် ဧပြီလ ၂၈ ရက်နေ့တွင် ဗင်ဗာအမျိုးနွယ်စုကြီးမှ ဖွားမြင်ခဲ့သည်။ မိဘနှစ်ပါးမှာ ဆရာဆရာမများ ဖြစ်ကြ၍ ကအွန်ဒါသည်လည်းဆရာအတတ်သင် ကောလိပ်သို့ ရောက်သည်အထိစာပေသင်ယူကာ၁၉၄၃ ခုနှစ်တွင် ကျောင်းဆရာဖြစ်လာသည်။ ထို့နောက်ပိုင်းတွင် သူသည် တန်ဂန်ယီးကာ၌လည်းကောင်း၊ မြောက်ပိုင်း ရိုဒီဇီးယားရှိ ကော်ပါဘဲ့၌လည်းကောင်း အလုပ်လုပ်ရင်းက လူမျိုးခွဲခြားမှု အတွေ့အကြုံကို ကိုယ်တိုင်ရရှိကာ ဒေါသူပုန်ထခဲ့သည်။

ကအွန်ဒါသည် ၁၉၄၉ ခုနှစ်တွင် အေအင်စီခေါ် အာဖရိကအမျိုးသား ကွန်ဂရက်ပါတီအတွက် လှုံ့ဆော်စည်းရုံးရာ၌ ကူညီခဲ့ပြီး ၁၉၅၃ ခုနှစ်တွင် ယင်းကွန်ဂရက်၏အတွင်းရေး မှူးချုပ် ဖြစ်လာသည်။ဤတွင် သူသည် ကွန်ဂရက်၏ သတင်းထုတ်ပြန်မှုကို အမြတ်တနိုးထား၍ တည်းဖြတ် ပြင်ဆင်မှုများ ပြုလုပ်ခဲ့သည်။ ရိုဒီးဇီးယားနှင့် ညာဆာလန် (ယခု မာလာဝီ) ပေါင်းရေးကိုလည်း တိုး၍ဆန့်ကျင်ခဲ့သည်။လူဖြူအုပ်စိုးမှု တော်လှန်ရေး စိတ်ဓာတ်များကိုလည်း ပြန့်နှံ့စေခဲ့သည်။ ထိုအတွင်း အစိုးရကပိတ်ပင်တားမြစ်ထားသော စာပေ လက်ဝယ်ထားရှိမှုဖြင့်အချိန်အနည်းငယ်မျှထောင်ကျခဲ့၏။

၁၉၅၇ ခုနှစ်သို့ ရောက်သောအခါ ကအွန်ဒါသည် ဗြိတိန်၊ အနောက်အာဖရိကနှင့် အိန္ဒိယိုင်ငံများသို့ လှည့်လည် သည်။ အိန္ဒိယတွင်ရှိစဉ် သူသည် အဆုတ်ရောဂါဖြင့် အလွန် မကျန်းမမာ ဖြစ်ခဲ့၏။

၁၉၅၈ ခုနှစ်တွင်မူ ကအွန်ဒါသည် သူ၏ မူလကွန်ဂရက်နှင့် ခွဲ၍ ဇမ်ဘီယာ အာဖရိက အမျိုးသား ကွန်ဂရက်ပါတီကိုထောင်သည်။ သို့သော် ယင်းပါတီသစ်ကို အစိုးရက ပိတ်ပင်ပြီး ကအွန်ဒါကိုလည်း ထပ်မံ ဖမ်းဆီးလိုက်ပြန်သည်။ အဖမ်းခံရစဉ် ရှိရင်းစွဲရောဂါ ပြန်ထသော်လည်း ကိုးလအတွင်းနာလန်ထလာခဲ့သည်။

ကအွန်ဒါသည် ၁၉၆ဝ ပြည့်နှစ် ဇန်နဝါရီလတွင် ယူအင်အိုင်ပီခေါ် ယူနိုက်တက် အမျိုးသား လွတ်လပ်ရေးပါတီ ၏ ဥက္ကဋ္ဌတင်မြှောက်ခံရပြီး မျိုးနွယ်ခွဲခြားမှုကို အခြေခံသော ဖွဲ့စည်းပုံအခြေခံဥပဒေ မှန်သမျှကို ဆန့်ကျင်ကာ အေအင်စီ လူနည်းစုနှင့် မဟာမိတ် ဖွဲ့ထားလိုက်သည်။ ၁၉၆၂ ခုနှစ် အောက်တိုဘာလတွင် သူသည် ရွေးကောက်ပွဲ၌ အနိုင်ရရှိ၍ ဒေသဆိုင်ရာ အစိုးရနှင့် လူမှုဝန်ထမ်း ဝန်ကြီးအဖြစ် တင်မြှောက်ခြင်း၊ ထိုမှ သူ၏ ယူအင်အိုင်ပီပါတီက ၁၉၆၄ ခုနှစ် ဇန်နဝါရီလတွင် ရွေးကောက်ပွဲ၌ အနိုင်ရ၍ ကအွန်ဒါဝန်ကြီးချုပ် ဖြစ်လာသည်။ ကအွန်ဒါ ဦးဆောင်ကောင်းမှုကြောင့် ယူအင်အိုင်ပီပါတီ အောင်မြင်မှု ရရှိသည်။ မြောက်ပိုင်း ရိုဒီးဇီးယားနိုင်ငံသည် လွတ်လပ်သော ဇမ္ဗီးယားသမ္မတ နိုင်ငံအဖြစ် ထိုနှစ်တွင်ပင် ကြေငြာလိုက် သောအခါ ကအွန်ဒါသည်ပင် ပထမဆုံးသောသမ္မတအဖြစ် တင်မြှောက်ခံရသည်။

သမ္မတ ကအွန်ဒါသည် နိုင်ငံလွတ်လပ်ရေး ရပြီးနောက်၌ နိုင်ငံ၏ စီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးရာ ဖွံ့ဖြိုးကြောင်းတို့ကို တိုး၍ဆောင်ရွက်ရင်း အာဖရိကနိုင်ငံများ စည်းလုံးညီညွတ်ရေးကို အပြင်းအထန် ထောက်ခံလာခဲ့သူ ဖြစ်သည်။ တောင်အာဖရိက နိုင်ငံအတွင်း လူမျိုးရေး တန်းတူညီမျှစွာ ဆက်ဆံရေးကိုလည်း တစ်သမတ်တည်း လိုလားခဲ့သည်။ ကအွန်ဒါသည် ဇမ်ဘီယာနိုင်ငံ လွတ်မြောက်ရမည် ဟူသော စာအုပ်ကို ရေးသည်။ ၁၉၆၃ ခုနှစ် ပုံနှိပ်ဖြန့်ချိသည်။

၁၉၆၇ ခုနှစ်တွင် ကအွန်ဒါကိုယ်တိုင် တရုတ်နိုင်ငံသို့ သွားရောက်ခဲ့၍ ဇမ်ဘီယာ၏ ကြေးနီတွင်း ဒေသများမှ တန်ဇန်းနီးယားရှိ ဒါးရက်ဆလမ်းမြို့သို့အရောက် မိုင် ၁ဝဝဝ ရှည် မီးရထားလမ်း ဖောက်လုပ်ရန် တရုတ်နိုင်ငံမှ ငွေကြေး အကူအညီ ရရှိခဲ့သည်။

ဇမ်ဘီယာနိုင်ငံတော် လွှတ်တော်က ၁၉၇၁ ခုနှစ် ဒီဇင်ဘာတွင် ဥပဒေတစ်ရပ်ကို ပြဋ္ဌာန်း၍ သမ္မတ ကအွန်ဒါ ခေါင်းဆောင်သော အာဏာရ ယူနိုက်တက် အမျိုးသား လွတ်မြောက်ရေး ပါတီသည်သာလျှင် တစ်ခုတည်းသော တရားဝင် နိုင်ငံရေးပါတီဖြစ်ကြောင်း ဆုံးဖြတ် အတည်ပြုခဲ့ လေသည်။

ကအွန်ဒါသည် အာဖရိက နိုင်ငံရေးခေါင်းဆောင်များ ထဲတွင် သမဏိအရှည်ဆုံး ခေါင်းဆောင်တစ်ဦး ဖြစ်သည်။ လေးစား အားထားအခံရဆုံး လူမည်းတစ်ယောက်လည်း ဖြစ်သည်။ အာဖရိကတို့ ကောင်းစားရေး စသည့် ကိစ္စများနှင့် စပ်လျဉ်းလာလျှင် သူသည်လည်း တစ်ခန်းတစ်ကဏ္ဍမှ ပါဝင်လာစမြဲပင်ဖြစ်ရာ ယနေ့ ၁၉၇၇ ခုနှစ် ကုန်ကာနီး ကာလပိုင်းအထိလည်း သူ၏ မျိုးချစ်စိတ်၊ အဖိနှိပ်ခံ လူတန်းစားအား ကယ်တင်လိုမှုနှင့် ဖိနှိပ်သူတို့အား ဝေဖန်ရှုတ်ချ တိုက်ခိုက်မှုတို့ကို တွေ့နေရဆဲပင် ဖြစ်လေ သည်။ [၁]

ကိုးကား

  1. မြနမာ့စွယ်စုံကျမ်း၊ အတွဲ(၁)