ကာဘော်လစ်အက်ဆစ်: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
အရေးမကြီးNo edit summary
အရေးမကြီး r2.6.5) (ရိုဘော့က ပေါင်းထည့်နေသည် - tl:Phenol
စာကြောင်း ၇၅ - စာကြောင်း ၇၅ -
[[sv:Fenol]]
[[sv:Fenol]]
[[ta:ஃபீனால்]]
[[ta:ஃபீனால்]]
[[tl:Phenol]]
[[tr:Fenol]]
[[tr:Fenol]]
[[uk:Фенол]]
[[uk:Фенол]]

၀၁:၄၂၊ ၁၁ ဖေဖော်ဝါရီ ၂၀၁၃ ရက်နေ့က မူ

ကာဘော်လစ် အက်ဆစ်

ဖီနော ဟုလည်းခေါ်သော ကာဘော်လစ် အက်ဆစ်ကို ကျောက်မီးသွေးကတ္တရာမှ အဆင့်ဆင့် ပေါင်းခံနည်းဖြင့် ထုတ်ယူကြ၏။ သို့သော် အကြီးအကျယ် ရောင်းချရန်အတွက်မူကား ကတ္တရာ အဆီဖြစ်သော ဗင်ဇင်းမှ ဓါတ်ပေါင်းစပ်ယူရသည်။ ဓါတ်ပေါင်းစပ်ယူနည်းမှာ ဗင်ဇင်း ကို အခိုးငွေ့ တထောင်းထောင်း ထွက်နေသော ဆာလဖျူရစ် အက်ဆစ်နှင့်ရော၍ ဗင်ဇင်းဆာလဖွန်နစ် အက်ဆစ်ဖြစ် စေ ၏။ ထိုနောက် ဗင်ဇင်းဆာလဖွန်နစ် အက်ဆစ်ကို တစ်ဖန် ကော့စတစ်ဆိုဒါနှင့် ရောကျို၍ ဆိုဒီယမ် ကာဗိုလိတ် ဖြစ်စေ ၏။ ထိုမှအဆင့်ဆင့် ပေါင်းခံ၍ ကာဘော်လစ်အက်ဆစ်ကို ထုတ်ယူသည်။

ကာဘော်လစ်အက်ဆစ် အရိုင်းသည် ဆီဖြစ်၍ ညိုပုပ်သော အရောင်ရှိ၏။ ထိုဆီအရိုင်းထဲမှ အညစ်အကြေး များကို သန့်စင်သောအခါ အရောင်ကင်းသော ပုံဆောင်ခဲ (ခရစ္စတယ်) များကို ရရှိ၏။ ထိုပုံဆောင်ခဲများသည် အပူချိန် စင်တီဂရိတ် ၄၂.၅ ဒီဂရီ-၄၃ဒီဂရီ တွင် အရည်စပျော်၍ ၁၈၁.၃ ဒီဂရီ တွင်ဆူ၏။ ပြင်းထန်သော အဆိပ်ပစ္စည်းဖြစ်၍ ထူးခြားသော အနံ့ရှိ၏။ ကာဗော်လစ်အက်ဆစ်သည် အလွန်စားတတ်သော သတ္တိရှိသဖြင့် အသားအရေပေါ်သို့ ကျရောက်လျှင် အနာများ ဖြစ်တတ်၍ ပျောက်ကင်းစေရန် ခဲယဉ်းသည်။ သို့သော် ရေအပုံ တစ်ရာတွင် ကာဘော်လစ်အက်ဆစ်သုံးပုံမျှရော၍ရသော ကာဗော်လစ် အက်ဆစ်ဖျော်ရည်ကိုမူကား အနာများ ဆေးကြောရန်အတွက် အသုံးပြုနိုင်ပေသည်။

ကာဘော်လစ်အက်ဆစ်ဆီကို ပိုးနှိမ်ဆေးနှင့် အန်တီဆက် ပတစ် (အပုပ်နိုင်ဆေး၊ အနာမယဉ်းဆေး)များ အဖြစ်လည်း အသုံးပြုကြ၏။ ဤမျှမကသေး၊ ရေမွှေး၊ ဆပ်ပြာ၊ သွားတိုက် ဆေးမှုန့်၊ ဆိုးဆေး၊ ဓါတ်ပုံ ပုံဖေါ်ဆေးနှင့် ဆေးဝါးများ ဖေါ်စပ် ပြုလုပ်ရာ၌လည်း အလွန်အသုံးဝင်၏။ ထိုပြင် ပလတ် စတစ်နှင့် ပလတ်စတစ် ကဲ့သို့သော ပစ္စည်းများလုပ်ကိုင်ရာတွင် အထူးသဖြင့် ကာဗော်လစ်အက်ဆစ်ကို များစွာ အသုံးပြုကြ၏။

ပထမကမ္ဘာစစ်တွင် အလွန်ပြင်းထန်စွာ ပေါက်ကွဲစေတတ်သော ခဲယမ်းမီး ကျောက်များ ပြုလုပ်ရာ၌ ကာဘော်လစ်အက်ဆစ်ကို စတင်အသုံးပြုခဲ့ကြသည်။ အသုံးပြု နည်းမှာ နိုက်ထရစ် အက်ဆစ်နှင့် ဆာလဖျူရစ်အက်ဆစ် အပြင်းရည်ကို ထပ်မံထည့်လိုက်ခြင်းဖြင့် ပစ်ကရစ် အက်ဆစ် ကို ရရှိ နိုင်၏။ ပစ်ကရစ်အက်ဆစ်သည် ဝါထိန်သောအရောင် ရှိသည့် အခဲကလေးများဖြစ်၍ မီးတိုက်ပေးလိုက်သည့်အခါ ဖြစ်စေ၊ ထုရိုက်လိုက်သည့်အခါဖြစ်စေ၊ အလွန်ပြင်းထန်စွာ ပေါက်ကွဲသည်။ ပစ်ကရစ်အက်ဆစ်ကို ပထမကမ္ဘာစစ်တွင် များစွာ အသုံးပြုခဲ့လေသည်။

[၁]

ကိုးကား

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁)