ပဲစိမ်းစားပင်: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
အရေးမကြီး r2.7.1) (ရိုဘော့က ပေါင်းထည့်နေသည် - ca:Jícama
အရေးမကြီး r2.7.2) (ရိုဘော့က ပေါင်းထည့်နေသည် - et:Söödav ubajuur
စာကြောင်း ၂၇ - စာကြောင်း ၂၇ -
[[en:Pachyrhizus erosus]]
[[en:Pachyrhizus erosus]]
[[es:Pachyrhizus erosus]]
[[es:Pachyrhizus erosus]]
[[et:Söödav ubajuur]]
[[fi:Pikkujamssipapu]]
[[fi:Pikkujamssipapu]]
[[fr:Pachyrhizus erosus]]
[[fr:Pachyrhizus erosus]]

၂၁:၀၅၊ ၉ ဖေဖော်ဝါရီ ၂၀၁၃ ရက်နေ့က မူ

စိမ်းစားဥများ

စိမ်းစားဥ

စိမ်းစားဥကို ပဲစိမ်းစား သို့မဟုတ် ပဲစိမ်းစားဥဟူ၍ ခေါ်သည်။ ပဲမြစ်များရရှိသော ပဲစောင်းလျားပင်ကဲ့သို့ စိမ်းစားဥပင်သည် ဥအတွက်စိုက်ပျိုးသော ပဲပင်မျိုးဖြစ်သည်။ ရုက္ခဗေဒအလိုအားဖြင့် စိမ်းစားဥပင်ကို ပက်ခီရီဇပ် အင်ဂူး လေတပ် ဟု ခေါ်သည်။ ယင်း၏မျိုးရင်းမှာ လီဂူမီနိုးစီးဖြစ်သည်။ စိမ်းစားဥကို အစိမ်းလိုက်ဖြစ်စေ၊ ကြော်ချက်၍ဖြစ်စေ၊ စားလေ့ရှိကြသည်။

စိမ်းစားဥပင်ကို ဆောင်းအခါတွင် နုံးမြေရှိသော အရပ်ဒေသတိုင်း၌ စိုက်ပျိုးနိုင်သည်။ ကိုင်းမြေတွင် စိုက်ပျိုးသောအခါ မြေကြီးကို ကောင်းစွာညက်လာစေရန် ထွန်ယက်ပြီး နောက် ထယ်ကြောင်းပေး၍ အစေ့များကို ခပ်ယူထူစိုက်ပျိုးရသည်။ တစ်ဧကလျှင် မျိုးစေ့ ၂ တင်းခန့်လိုသည်။ မျိုးစေ့ချပြီးနောက်၊ မျိုးစေ့များကို မြေကြီးဖုံးသွားစေရန် ကျမ်းတုံး ရိုက် ပေးရသည်။ အပင်ကလေးများ ပေါက်လာပြီးနောက် အမြင့် ၆ လက်မ မှ ၈ လက်မခန့်ကြီးလာသောအခါ တစ်ပင်နှင့်တစ်ပင်ကို ၆ လက်မခန့်ကွာစေရန်ကြားမှ အပင်ပိုများကို နုတ်ပစ်ရ သည်။ သီးတောင့်များသီးသည်။ ထိုသီးတောင့် တို့အထဲမှမျိုးစေ့များကို ရရှိသည်။ စိမ်းစားဥကို စားရသော်လည်း၊ အပင်ကို လူနှင့်တိရစ္ဆာန်များစားလျှင် အဆိပ်တောက်၍ သေတတ်သည်ဟု ဆိုသည်။ စိမ်းစားဥပင်များ နွယ်တတ်ရန်စင်ကိုအထူးပြုလုပ်ပေးဖို့ မလိုချေ။ ယင်းတို့နှင့်အတူ ပြောင်းဖူးစေ့များကို ကြဲထားလျှင်၊ ပြောင်းဖူးပင်များ ကြီးမြင့်လာသောအခါ ပဲပင်နွယ်တက်ရန် စင်သဖွယ်ဖြစ်လာနိုင်သည်။ ထိုနည်းမှာ စရိတ်အကုန်အကျ နည်းသည့်ပြင် ခရီးလည်းရောက်ပေသည်။ ထိုအပင်ကလေးများ ပေါက်လာပြီးနောက် ၂ ကြိမ်၊ ၃ ကြိမ်မျှ ပေါက်တူးဖြင့် မြေဆွခြင်း၊ ပေါင်းသင်ခြင်းပြုလုပ်ပေးရသည်။

ဥများ ကောင်းစွာကြီးထွားရန်အတွက် ၅ လမှ ၆ လ အထိ အချိန်ကြာသည်။ အပင်အို၍ ညှိုးကျလာသောအခါမှာမှ ဥများကို တူးဖေါ်ရသည်။ စိမ်းစားဥသည် အရည်ရွှမ်း၍၊ စား လျှင် ရေငတ်ပြေသည်။ တစ်ဧကလျှင် ပိဿာပေါင်း ၂ဝဝဝ မှ ၈ဝဝဝ အထိထွက်နိုင်သည်။ ဥယျာဉ်ထဲတွင် မျိုးစေ့များစိုက်ပျိုးသောအခါ ၂ တောင်မှ ၂ တောင်တစ်ထွာကျယ်သော ဗောင် များပေါ်တွင် ကန့်လန့်ဖြတ်ဖြစ်စေ၊ အလျားလိုက်ဖြစ်စေ၊ လက်ဖြင့် သို့မဟုတ် တုတ်ဖြင့် တစ်လက်မကွာသည့် ကျင်းကလေးများတွင် အတန်းလိုက် စိုက်ပျိုးရသည်။ အတန်းများကို သုံး လက်မစီ ခွာထားလေ့ရှိသည်။

စိမ်းစားဥပင်များကို မျိုးစေ့အလို့ငှာ ရှမ်းပြည်ကုန်းမြေမြင့်များ၌ ဆောင်းရာသီတွင် စိုက်ကြသည်။ ထိုသို့ စိုက်ပျိုးရာမှ ရရှိသောမျိုးစေ့များကို မြန်မာနိုင်ငံလွင်ပြင်အရပ်များရှိ လယ်ယာ များသို့ တင်ပို့ရောင်းချကြသည်။[၁]

ကိုးကား

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)