ဘက်တီနို ကရာစီ: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
အရေးမကြီး r2.7.3) (ရိုဘော့က ပေါင်းထည့်နေသည် - bs:Bettino Craxi
အရေးမကြီး r2.7.1) (ရိုဘော့က ပေါင်းထည့်နေသည် - zh:贝蒂诺·克拉克西
စာကြောင်း ၉၁ - စာကြောင်း ၉၁ -
[[vec:Bettino Craxi]]
[[vec:Bettino Craxi]]
[[yo:Bettino Craxi]]
[[yo:Bettino Craxi]]
[[zh:贝蒂诺·克拉克西]]

၁၉:၃၈၊ ၂၃ ဇန်နဝါရီ ၂၀၁၃ ရက်နေ့က မူ

ဘက်တီနိုကရာစီ

ဘက်တီနိုကရာစီ(၁၉၃၄-)

အီတလီနိုင်ငံ၏ ပထမဆုံး ဆိုရှယ်လစ် ဝန်ကြီးချုပ် ဖြစ် သည့် ဘက်တီနို ကရာစီကို ၁၉၃၄ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် မီလန်မြို့၌ မွေးဖွားခဲ့သည်။ စစ်စလီကျွန်းသား ရှေ့နေတစ်ဦး၏သား ဖြစ်သည်။

မစ္စတာကရာစီသည် ၁၉၅ဝ ပြည့်လွန်နှစ်များအတွင်း ဆိုရှယ်လစ်လူငယ် လှုပ်ရှားမှုများ၌ တက်ကြွစွာ ပါဝင်ခဲ့သည်။ ဆိုရှယ်လစ်နေ့စဉ် သတင်းစာနှင့် သိပ္ပံနည်းကျဆန်းစစ်ချက် ဂျာနယ်တို့၌ အလုပ်လုပ်ခဲ့သည်။

မစ္စတာကရာစီသည် ၁၉၅၇ ခုနှစ်တွင် နိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့ပြီး ထိုနှစ်တွင်ပင် အီတလီဆိုရှယ်လစ်ပါတီ (ပီအက်စ်အိုင်) ဗဟိုကော်မတီဝင် ဖြစ်လာခဲ့သည်။ ၁၉၆ဝ ပြည့်နှစ်တွင် လီလန်မြို့သူမြို့သားများ ကောင်စီဝင်အဖြစ်လည်းကောင်း၊ ၁၉၆၄ ခုနှစ်တွင် လူထုစီမံ ခန့်ခွဲရေး သိပ္ပံအဖွဲ့ ဥက္ကဋ္ဌအဖြစ်လည်းကောင်း ပါဝင်ဆောင် ရွက်ခဲ့သည်။

မစ္စတာကရာစီသည် ၁၉၆၅ ခုနှစ်တွင် ပီအက်စ်အိုင်မီလန် ပြည်နယ်ဒေသပါတီကော်မတီ အတွင်းရေးမှူးနှင့် အီတလီ ဆိုရှယ်လစ်ပါတီ နိုင်ငံလုံးဆိုင်ရာ အလုပ်အမှုဆောင်အဖွဲ့ဝင် အဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၆၈ ခုနှစ်တွင် လွှတ်တော် ကိုယ်စားလှယ်ဖြစ်လာသည်။ ၁၉၇ဝ ပြည့်နှစ်မှ ၁၉၇၆ ခုနှစ် အထိ အီတလီဆိုရှယ်လစ် ပါတီလက်ထောက် အတွင်းရေးမှူး ဆောင်ရွက်ခဲ့ပြီး ၁၉၇၆ ခုနှစ်တွင် အထွေထွေ အတွင်းရေးမှူး အဖြစ် ရွေးချယ် တင်မြှောက်ခြင်းခံခဲ့ရသည်။ ၁၉၇၇ ခုနှစ်တွင် အပြည်ပြည်ဆိုင်ရာ ဆိုရှယ်လစ်အဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံရသည်။ ၁၉၇၃ ခုနှစ်မှ ၁၉၇၇ ခုနှစ်အတွင်း ဆိုရှယ်လစ်ဝါဒရေးဆိုင်ရာ စာအုပ် စာတမ်းများကို ရေးသား ပြုစုခ့သည်။ ၁၉၇၇ ခုနှစ်တွင် ထုတ်ဝေသော ကBာပေါ်က မမျှတမှု အမည်ရှိစာအုပ် တွင် ဝီလီဘရန့်၊ ဖီလစ်ပီ ဂွန်ဇာလေ့၊ ကာလို့ အန်းဒရက်စ်ပဲရက်၊ လီယိုပိုဆေဒါဆင်ဂေါတို့နှင့်အတူ ပါဝင် ရေးသားခဲ့သည်။

ခရစ်ယာန် ဒီမိုကရက်တစ်ပါတီခေါင်းဆောင် ဖန်ဖာနီ၏ လေးပွင့်ဆိုင် ညွန့်ပေါင်းအစိုးရအဖွဲ့မှ ကရာစီခေါင်းဆောင်သော ဆိုရှယ်လစ်ပါတီက နုတ်ထွက်ခဲ့သည်။ သို့ဖြစ်၍ ၁၉၈၃ ခုနှစ် ဇွန်လ ၂၇ ရက်နေ့တွင် ရွေးကောက်ပွဲကျင်းပခဲ့ရာ မည်သည့် ပါတီကမျှ အစိုးရဖွဲ့စည်းနိုင်လောက်အောင် မဲအများစု မရရှိ ခဲ့ချေ။

ဆိုရှယ်လစ်ပါတီ၊ ခရစ်ယာန် ဒီမိုကရက်တစ်ပါတီ၊ ဆိုရှယ် ဒီမိုကရက်ပါတီ၊ လစ်ဗရယ်ပါတီနှင့် ရီပတ်ဗလီကင် ပါတီတို့ ပါဝင်၍ စစ်ပြီးခေတ် အီတလီနိုင်ငံတွင် ၄၄ ဆက်မြောက် အစိုးရအဖွဲ့ဖြစ်သော ငါးပွင့်ဆိုင် ညွန့်ပေါင်းအစိုးရကို မစ္စတာ ကရာစီက ၁၉၈၃ ခုနှစ် ဩဂုတ်လ ၄ ရက်နေ့တွင် ဖွဲ့စည်း ခဲ့သည်။ [၁]

ကိုးကား

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁)