ကယ်လီဖိုးနီးယားပြည်နယ်: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
အရေးမကြီး r2.7.3) (Robot: Modifying tl:California to tl:Kaliporniya
အရေးမကြီး r2.7.2) (Robot: Modifying tl:Kaliporniya to tl:California
စာကြောင်း ၂၃၅ - စာကြောင်း ၂၃၅ -
[[tet:California]]
[[tet:California]]
[[th:รัฐแคลิฟอร์เนีย]]
[[th:รัฐแคลิฟอร์เนีย]]
[[tl:Kaliporniya]]
[[tl:California]]
[[tr:Kaliforniya]]
[[tr:Kaliforniya]]
[[tt:Калифорния (штат)]]
[[tt:Калифорния (штат)]]

၁၂:၅၀၊ ၁၈ ဇန်နဝါရီ ၂၀၁၃ ရက်နေ့က မူ

ကယ်လီဖိုးနီးယားပြည်နယ်
နိုင်ငံအမေရိကန်ပြည်ထောင်စု
Before statehoodကယ်လီဖိုးနီးယား ရီပတ်ဘလစ်
ပြည်ထောင်စုသို့
ဝင်ရောက်ခြင်း
September 9, 1850 (31st)
အကြီးဆုံးမြို့လော့စ်အိန်ဂျယ်လိစ်မြို့
အကြီးဆုံး မက်ထရိုနှင့် မြို့ပြ ဧရိယာများGreater Los Angeles
အစိုးရ
 • ပြည်နယ်အုပ်ချုပ်ရေးမှူးဂျယ်ရီဘရောင်း
 • လက်ထောက်
ပြည်နယ်အုပ်ချုပ်ရေးမှူး
အေဘယ်လ် မာဒိုနာဒို[၁]
Gavin Newsom—elect (D)[၂]
လူဦးရေ
 • စုစုပေါင်း၃၇,၂၅၃,၉၅၆
 • သိပ်သည်းမှု၂၃၄.၄/sq mi (၉၀.၄၉/km)
 • ပျမ်းမျှ အိမ်ထောင်စု ဝင်ငွေUS$၆၁,၀၂၁
 • ဝင်ငွေအဆင့်၉th
ဘာသာစကား
 • ရုံးသုံးဘာသာစကားအင်္ဂလိပ်
လတ္တီကျူ32° 32′ N to 42° N
လောင်ဂျီကျူ114° 8′ W to 124° 26′ W

သိင်္ဂါရွှေပြည် ဟူ၍လည်း ခေါ်ကြသော ကယ်လီဖိုးနီးယားပြည်နယ်သည် ပစိဖိတ် သမုဒ္ဒရာကမ်းခြေတွင်ရှိ၍ အမေရိကန်ပြည်ထောင်စုတွင် အပါအဝင် ပြည်နယ် တစ်နယ် ဖြစ်သည်။ သိင်္ဂါရွှေပြည်ဟု ခေါ်ကြခြင်းမှာ ကမ္ဘာ့ အဖိုးတန် ရွှေတွင်းများ ရှိခြင်းကြောင့် ဖြစ်၏။

၁၆ ရာစုနှစ်လောက်က နယူးစပိန်ဟု အမည်တွင်ခဲ့သော မက္ကဆီကိုနိုင်ငံ၌ လာရောက် နေထိုင်ကြသည့် စပိန်လူမျိုး တို့သည် မြောက်ဘက်တွင် သိင်္ဂါရွှေပြည်အရပ် ရှိသည်ဟု စိတ်ကူးယဉ်ယဉ်နှင့်တွေးကာ ပြောဆိုခဲ့ ကြသည်။ ထိုသို့ ပြောဆိုကြသော သတင်းစကားကြောင့် ၁၅၄၂-၄၃ ခုနှစ်များတွင် ဟွမ်ရိုဒရီဂေ့ကားဗရီးဟိုး ဆိုသူ ပေါ်တူဂီလူမျိုး တစ်ဦးသည် စပိန်သင်္ဘောတစ်စင်းဖြင့် ရွှေတွင်းများရှိရာ အရပ်ကို စူးစမ်း ရှာဖွေရန် ခရီးထွက်ခဲ့ရာ ဆန်ဒီယေးဂိုး ပင်လယ်အော်ထဲသို့ ရောက်ရှိခဲ့လေသည်။

၁၅၇၉ ခုနှစ်တွင် အင်္ဂလိပ်လူမျိုး ဆာဖရစ်စစ် ဒရိတ်သည် ကယ်လီဖိုးနီးယားကမ်းခြေပေါ်သို့ ပထမဆုံး တက်ရောက်ခဲ့သည်။ ထိုနောက် ပင်လယ်ခရီးတွင် စွန့်စားဝံ့သော အခြားပုဂ္ဂိုလ်များလည်း ကယ်လီဖိုးနီးယား ကမ်းခြေသို့ ရောက်ခဲ့ကြ၏။ သို့သော် နောင်နှစ်ပေါင်း ၂ဝဝ ခန့်ကြာမှ ကာလီဖိုးနီးယားတွင် လူများ အတည်တကျ နေထိုင်စ ပြုခဲ့လေသည်။ ရှေးဦးစွာ လာရောက် နေထိုင်သူများမှာ မက္ကဆီကိုမှ ဖရန်စစ္စကန် ဘုန်းကြီးများ ဖြစ်သည်။ ထိုနောက် ၁၇၆၉ ခုနှစ်နှင့် ၁၇၇ဝ ပြည့်နှစ်များတွင် စပိန်အစိုးရသည် ကယ်လီဖိုးနီးယားပြည်နယ်ကို သိမ်းပိုက် လိုက်၏။ မွန်းထရေးမြို့သည် ကယ်လီဖိုးနီးယားပြည်နယ်၏ ပထမဆုံး မြို့တော်ဖြစ်ခဲ့သည်။

စပိန်အစိုးရလက်ထက်တွင် ကယ်လီဖိုးနီးယား ပြည်နယ်သည် ငြိမ်းချမ်းသာယာ၍ စည်ပင်ဝပြောသည်။ စပိန်တို့၏ လက်အောက်တွင် နှစ်ပေါင်း ၅ဝ ကျော်မျှ ကျရောက်ခဲ့၏။ ထိုခေတ်မှ ကြွင်းကျန်ခဲ့သော အရာများအနက် ဖရန်စစ္စကန် သာသနာပြုအဖွဲ့များနှင့် ယင်းတို့တည်ဆောက်ခဲ့သော ထူးခြားသည့် အဆောက်အအုံများမှာ စိတ်ဝင်စားဖွယ် ဖြစ်ပေသည်။ ၁၈၂၁ ခုနှစ်တွင် မက္ကစီကိုနိုင်ငံသည် စပိန်အစိုးရကို တော်လှန် ပုန်ကန်ခဲ့ပြီးနောက် လွတ်လပ်လာသောအခါ ကယ်လီဖိုးနီးယား ပြည်နယ်သည် မက္ကဆီကိုနိုင်ငံ၏ လက်အောက်ခံနယ် ဖြစ်လာလေသည်။

နှစ်ပေါင်းအစိတ်ခန့် မက္ကဆီကိုနိုင်ငံ လက်အောက်တွင် ရှိခဲ့ပြီးနောက် မက္ကဆီကိုစစ်ပွဲအပြီး ၁၈၄၈ ခုနှစ် တွင် ချုပ်ဆိုခဲ့သော စာချုပ်အရ အမေရိကန်အစိုးရသည် ကယ်လီဖိုးနီးယား ပြည်နယ်ကို သိမ်းပိုက်လိုက်လေသည်။ ထိုနှစ်အတွင်း၌ပင် ရွှေကို စတင်တွေ့ရှိလေရာ အမေရိကန်တို့သည် ကယ်လီဖိုးနီးယား ပြည်နယ် ထဲသို့ တသဲသဲ ဝင်ရောက်လာကြသည်။ ယင်းသို့ ရွေ့ရှားလာသူများကြောင့် စည်ကားလာ၍ ၁၈၅ဝ ပြည့်နှစ်တွင် အမေရိကန် ပြည်ထောင်စုအတွင်းသို့ ပြည်နယ် တစ်ခုအဖြစ် ပါဝင်ခဲ့လေသည်။ ထိုအခါ ကယ်လီဖိုးနီးယား ပြည်နယ်သည် အဖက်ဖက်မှ တိုးတက်လာ၏။ ဆည်မြောင်းများ ဖေါက်ခြင်းဖြင့် ကန္တာရ အရပ်ဒေသများကို စိုက်ပျိုး လုပ်ကိုင်အောင် ပြုပြင်ခဲ့လေသည်။ အမေရိကန်ပြန်ထောင်စု အရှေ့ပိုင်းမှ စတင်၍ ကယ်လီဖိုးနီးယားပြည်နယ်ရှိ ဆီယယ်ရာ နီးဗားဒတောင်တန်းကိုဖြတ်ကာ ပစိဖိတ်သမုဒ္ဒရာကမ်းအရောက် မီးရထားလမ်း ဖေါက်လုပ်ခဲ့၏။ ၁၉ဝ၆ ခုနှစ်တွင် ငလျင် ကြောင့် မီးလောင်ပျက်စီးခဲ့သော ဆန်ဖရန်စစ္စကိုမြို့ကိုလည်း ၃ နှစ်အတွင်း ပြန်လည် တည်ဆောက်ခဲ့လေသည်။

ကာလီဖိုးနီးယားပြည်နယ်သည် မြောက်ဘက်တွင် ဩရိဂန် ပြည်နယ်၊ အရှေ့ဘက်တွင် နီဗားဒနှင့် အယ်ရီဇိုးနီးယားပြည်နယ်၊ တောင်ဘက်တွင် မက္ကဆီကို နိုင်ငံတွင်းရှိ အောက်ပိုင်း ကယ်လီဖိုးနီးယားနယ်၊ အနောက်ဘက်တွင် ပစိဖိတ် သမုဒ္ဒရာ တို့ဖြင့် နယ်နိမိတ် ပိုင်းခြားသတ်မှတ် တည်ရှိလေသည်။ ထိုပြည်နယ်သည် အမေရိကန်ပြည်ထောင်စုဝင် ပြည်နယ်များတွင် ဒုတိယအကျယ်ဝန်းဆုံး ဖြစ်သည်။ စတုရန်းမိုင် ၁၅၈၆၉၃ ကျယ်ဝန်း၍ လူဦးရေမှာ ၁၉၅ဝ ပြည့်နှစ် သန်းခေါင်စာရင်းအရ ၁ဝ၅၈၆၂၂၃ မျှ ဖြစ်သည်။ ကယ်လီဖိုးနီးယားပြည်နယ်၏ ရာသီဥတုမှာ ကမ္ဘာပေါ်တွင် အသာယာဆုံး ဖြစ်သည်ဟု ဆိုလေသည်။

ကယ်လီဖိုးနီးယား ပြည်နယ်တွင် ဆန်စပါး၊ ဂျုံ၊ မုယော၊ ဝါဂွမ်း၊ သကြားမုန်လာ စသည့် ကောက်ပဲသီးနှံများအပြင် သစ်သီးဝလံများလည်း စိုက်ပျိုးသည်။ သစ်သီးများအတွက် နာမည်ထင်ရှားသော ပြည်နယ်ဖြစ်သည်။ စိုက်ပျိုးရေးလုပ်ငန်း အပြင် သစ်သီး၊ အသား၊ ငါးနှင့် ဟင်းသီးဟင်းရွက်များကို စည်သွတ်သော လုပ်ငန်းနှင့် ရေနံချက်လုပ်ငန်း၊ သစ်လုပ်ငန်း၊ ရုပ်ရှင်လုပ်ငန်း စသည်တို့မှာ အခြား ထင်ရှားသော လုပ်ငန်းများဖြစ်သည်။ ကယ်လီဖိုးနီးယားပြည်နယ်သည် သဘာဝ အလျောက် သာယာသော ရှုမျှော်ခင်းတို့ဖြင့် ပြည့်စုံသည့် ပြည်နယ် ဖြစ်ပေသည်။ ထိုပြည်နယ်တွင် သေမင်းချိုင့်ဝှမ်းဟု ခေါ်သော ဆန်းကြယ်သည့် ချိုင့်ဝှမ်းတစ်ခုရှိသည်။ ထိုချိုင့်ဝှမ်းသည် ပင်လယ်ပြင်အောက် ပေ ၂၈ဝ မျှ နိမ့်လေသည်။ ကြီးမားလှသော သစ်ပင်ကြီးများ ပေါက်ရောက်၍ ထင်ရှားသည့် ဆီယယ်ရာ နီဗားဒ တောင်တန်းတွင်ရှိသော ဝှစ်တနီ တောင်ထိပ်သည် အလာစကပြည်နယ်ရှိ တောင်ထိပ်တစ်ခုကို ချပ်လှပ် လျှင် အမေရိကန် ပြည်ထောင်စုတွင် အမြင့်ဆုံးဖြစ်၍ ပေပေါင်း ၁၄၄၉၅ ပေမျှ မြင့်သည်။

နီဗားဒတောင်တန်းနှင့် ကို့စရိန့်တောင်တန်းနှစ်ခုကြားတွင် ကာလီဖိုးနီးယားချိုင့်ဝှမ်းကြီး ရှိလေသည်။ အနောက်ဘက်ရှိ ဝီလဆန်တောင်ပေါ်၌ အမေရိကန် ပြည်ထောင်စုတွင် အရေးပါ ဆုံး နက္ခတ်မျှော်စင်ကြီးတစ်ခု ရှိ၏။ ကာလီဖိုးနီးယား ပြည်နယ်၏ မြို့တော်မှာ ဆက္ကရာမင်တိုမြို့ဖြစ်သည်။ အခြားထင်ရှားသော မြို့ကြီးများ မှာ ပစိဖိတ်သမုဒ္ဒရာကမ်းရှိ ဆန်ဖရန်စစ္စကိုမြို့နှင့် လော့စ်အိန်ဂျယ်လိစ်မြို့တို့ဖြစ်သည်။ လော့စိန်းဂျလီးမြို့ အနီးတွင် ဟောလီးဝု ရုပ်ရှင်မြို့ကြီး တည်ရှိလေသည်။ မက္ကဆီကို နိုင်ငံဘက်ကျသော ဆန်ဒီယေးဂိုးမြို့နှင့် ဆန်ဖရန်စစ္စကို ပင်လယ်အော် ကမ်းနဖူးတွင်ရှိသော အုတ်ကလန်မြို့တို့မှာလည်း အတန်ထင်ရှားသောမြို့များ ဖြစ်ကြပေသည်။

[၃]

ကိုးကား

  1. York, Anthony။ "Brown sworn in as California's 39th governor"၊ Los Angeles Times၊ 2011-01-04။ 2011-01-04 တွင် ပြန်စစ်ပြီး 
  2. Coté၊ John။ "Lt. Gov.-elect Gavin Newsom to be sworn in by Jan. 10"၊ SFGate.comHearst Newspapers၊ December 31, 2010။ January 3, 2010 တွင် ပြန်စစ်ပြီး 
  3. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁)