ယူးတားပြည်နယ်: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
အရေးမကြီး r2.7.3rc2) (ရိုဘော့က ပေါင်းထည့်နေသည် - ay:Utah suyu
အရေးမကြီး r2.7.3) (ရိုဘော့က ပေါင်းထည့်နေသည် - co:Utah
စာကြောင်း ၇၄ - စာကြောင်း ၇၄ -
[[chy:Utah]]
[[chy:Utah]]
[[ckb:یووتا]]
[[ckb:یووتا]]
[[co:Utah]]
[[cs:Utah]]
[[cs:Utah]]
[[cv:Юта]]
[[cv:Юта]]

၀၁:၅၀၊ ၁၅ ဇန်နဝါရီ ၂၀၁၃ ရက်နေ့က မူ

ယူးတားပြည်နယ်

ယူးတားပြည်နယ်သည် အမေရိကန်ပြည်ထောင်စု အနောက်ဘက်ပိုင်း ရော့ကီး တောင်တန်း ဒေသဘက်တွင် တည်ရှိသည်။ မြောက်ဘက်တွင် အိုင်ဒဟိုးပြည်နယ်၊ အရှေ့မြောက်ဘက်တွင် ဝိုင်းအို မင်းပြည်နယ်၊ အရှေ့ဘက်တွင် ကော်လိုရာဒိုပြည်နယ်နှင့် တောင်ဘက်တွင် အရီဇိုးနားပြည်နယ်တို့ အသီး အသီး ဝန်းရံလျက်ရှိ၏။ ယူးတားပြည်နယ် တစ်ခုလုံးသည် ကုန်းပြင်မြင့်ဖြစ်၍ ဝေါဆက် တောင်တန်းသည် ထိုပြည်နယ်ရှိ တောင်နှင့်မြောက် ဖြတ်လျက် တည်ရှိသည်။ အရှေ့မြောက်ဘက် ၌ ယူအင်းတာတောင်တန်းများ ရှိလေသည်။ ထင်ရှားသော မြစ်များမှာ ကော်လိုရာဒိုမြစ်၊ ဝက်ဗာမြစ်၊ ဗဲယားမြစ်နှင့် ဂျော်ဒန်မြစ်တို့ ဖြစ်၏။ ဂျော်ဒန်မြစ်သည် ဂရိတ်ဆော့လိပ်ခေါ် ရေငန်အိုင်ကြီးထဲသို့ စီးဝင်သည်။ ထိုရေငန်အိုင်ထဲရှိ ရေသည် ပင်လယ်ရေထက်ပင် သုံးဆကျော်မျှ ပို၍ ငန်၏။ ထိုအိုင်ကြီး ၏ အနောက်ဘက်တွင်ရှိသော ဂရိတ်ဆော့လိပ် သဲပြင်ကြီး ပေါ်၌ ကမ္ဘာ့စံချိန်ထွင်သည့် မော်တော်ကား အမြန်စီးပွဲများကို ကျင်းပလေ့ရှိသည်။

ယူးတားပြည်နယ်တွင် မိုးအလွန်နည်း၍ ခြောက်သွေ့သဖြင့် စိုက်ပျိုးရေးအတွက် ဆည်မြောင်းများကို အားကိုးရသည်။ စိုက်ပျိုးရေးနှင့် သတ္တုတူဖော်ရေးလုပ်ငန်းတို့သည် အရေးပါ အရာရောက်သော လုပ်ငန်းများ ဖြစ်သည်။ သိုးဆိတ်များကို လည်း မွေးမြူကြသည်။ ဂျုံ၊ သကြား မုန်လာ၊ မြင်းစားဂျုံ၊ မုယော၊ အယ်လဖားဖားပင်၊ ဟင်းသီးဟင်းရွက်တို့သည် ထင်ရှားသော ကောက်ပဲသီးနှံများဖြစ်၍ ယူးတားပြည်နယ်၌ ကြက်သွန်ကို အကြီးအကျယ် စိုက်ပျိုးသည်။

ယူးတားပြည်နယ်သည် တွင်းထွက်သတ္တုများဖြင့် ကြွယ်ဝ၍ ရွှေကို အများဆုံး တူးဖော်ရရှိသည်။ အခြား ထင်ရှားသော တွင်းထွက်ပစ္စည်းများမှာ ကြေးနီ၊ ငွေ၊ ခဲ၊ သွပ်တို့ ဖြစ်သည်။ ယူးတားဟူသော ပြည်နယ်အမည်မှာ ထိုဒေသ၌မူလက နေထိုင်ခဲ့သော ယူတေး၊ သို့မဟုတ် ယူတော အင်ဒီးယန်း လူမျိုးကို အစွဲပြု၍ ခေါ်ထားသော အမည်ဖြစ်၏။ ၁၈၄၇ ခုနှစ်သို့ ရောက်သောအခါ၌ အမေရိကန်ပြည်ထောင်စု အရှေ့ ပိုင်းမှ မော်မန်ဂိုဏ်းဝင် အချို့သည် ယူးတားပြည်နယ်သို့ လာ ရောက်၍ အခြေ စိုက်နေထိုင်သည်။ ၁၈၄၈ ခုနှစ်တွင် ထို နယ်ပယ်ဒေသသည် အမေရိကန်ပြည်ထောင်စု၏ ပိုင်နက် နယ်ပယ် ဖြစ်လာခဲ့သည်။ ၁၈၅ဝ ပြည့်နှစ်တွင် ယူးတားပြည် နယ်ဟူ၍ ဖွဲ့စည်းခဲ့၏။ ထိုစဉ်အခါက ယူတားပြည်နယ် သည် ကုန်းခေါင်ခေါင်အရပ်ဖြစ်၏။ သို့ရာတွင် မော်မန်တို့၏ ကြိုးပမ်းမှုကြောင့် နောင်အခါ စိုက်ပျိုးရေးလုပ်ငန်း၊ သတ္တု တူးဖော်ရေးလုပ်ငန်း၊ စက်မှုလုပ်ငန်းတို့ဖြင့် စည်ကားသော ပြည်နယ်ဖြစ်လာပေသည်။ ထို ကြောင့် ယူးတားပြည်နယ်ကို ပျားအုံပြည်နယ်ဟုလည်း ခေါ်ကြသည်။ ယူးတားပြည်နယ် သည် ၁၈၉၆ ခုနှစ်တွင် ပြည်ထောင်စုအတွင်း ပြည်နယ် တစ်နယ်အဖြစ် ပါဝင်ခွင့် ရခဲ့သည်။

ဒုတိယကမ္ဘာစစ်တွင်းက ယူးတားပြည်နယ်ရှိ စက်ရုံများ၊ လယ်ယာခြံမြေများနှင့် သတ္တုတွင်းများတွင် ကုန်ထုတ်လုပ်မှု အကြီးအကျယ် တိုးတက်ခဲ့သည်။ ထိုနောက်တွင်လည်း စက်မှု လက်မှုလုပ်ငန်းများသည် များစွာ တိုးတက်ထွန်းကားလျက် ရှိ၏။ ၁၉၅၂ ခုနှစ်တွင် ယူးတားပြည်နယ် အရှေ့ အလယ် ပိုင်းတွင် ယူရေးနီးယမ်း သတ္တုတွေ့ရှိခဲ့သည်။

ယူးတားပြည်နယ်သည် ၈၄၉၁၆ စတုရန်းမိုင် ကျယ်ဝန်း၍ လူဦးရေ ၉၆၇ဝဝဝ ယောက် (၁၉၆၂) ရှိသည်။ မြို့တော်မှာ လူဦးရေ ၁၈၉၄၅၄ ယောက်ရှိသော ဆော့လိပ်စီးတီးမြို့ ဖြစ်သည်။ [၁]

ကိုးကား

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၀)