ရတနာသုံးပါး: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
အရေးမကြီး r2.7.1) (ရိုဘော့က ပေါင်းထည့်နေသည် - no:De tre juveler
အရေးမကြီး r2.7.3) (Robot: Modifying th:ไตรรัตน์ to th:รัตนตรัย
စာကြောင်း ၁၂၆ - စာကြောင်း ၁၂၆ -
[[sv:De tre juvelerna]]
[[sv:De tre juvelerna]]
[[ta:திரிரத்தினங்கள்]]
[[ta:திரிரத்தினங்கள்]]
[[th:ไตรรัตน์]]
[[th:รัตนตรัย]]
[[tl:Tatlong Hiyas]]
[[tl:Tatlong Hiyas]]
[[tr:Üç Hazine]]
[[tr:Üç Hazine]]

၀၇:၃၀၊ ၁၄ ဇန်နဝါရီ ၂၀၁၃ ရက်နေ့က မူ

ရတနာသုံးပါးသည်

  • ဗုဒ္ဓ
  • ဓမ္မ
  • သံဃာ

ရတနာသုံးပါး

ရတနာသုံးပါး၌ ရတနာဟူသည်ကား သတ္တဝါတို့ကို သာယာစုံမက် နှစ်သက်မြတ်နိုးစေတတ်သော အရာဝတ္ထု ဖြစ် သည်။ ထိုရတနာကား (က)လောကီရတနာ၊ (ခ)လောကုတ္တရာ ရတနာဟူ၍ နှစ်မျိုးဖြစ်သည်။ ထိုနှစ်မျိုးတို့တွင် လောကီ ရတနာများတွင်လည်း စကြာမင်း၏ အသုံးအဆောင်ဖြစ်သော ရတနာကား (၁) စကြာ (၂) ဆင် (၃) မြင်း (၄) ပတ္တမြား (၅) မိဖုရား (၆) သူဌေး (၇) သားကြီးဟူ၍ ခုနစ်ပါး ဖြစ်သည်။

သတ္တဝါတို့ အသုံးအဆောင်ဖြစ်သောရတနာကား (၁) ရွှေ (၂) ငွေ (၃) ပုလဲ (၄) ပတ္တမြား (၅) ကြောင်မျက်ရွဲ (၆) စိန် (၇) သန္တာဟူ၍ ခုနစ်ပါး ဖြစ်သည်။ (တစ်နည်း) သတ္တဝါတို့ အသုံးအဆောင်ဖြစ်သော ရတနာ ကား (၁) နီလာ (၂) စိန် (၃) ကြောင်မျက်ရွဲ (၄) ပတ္တမြား (၅) မြ (၆) ဂေါ်မုတ် (၇) ဥဿဖယား (၈) သန္တာ (၉) ပုလဲ ဟူ၍ ကိုးပါးဖြစ်သည်။ ယင်းကိုးပါးကို နဝရတ်ကိုးပါး ခေါ် သည်။


ဝိနည်း ပိဋကတ်တော်လာ ရဟန်းတို့သိက္ခာပုဒ်နှင့် ဆက် စပ်သော ရတနာကား (၁) ပုလဲ (၂) မြ (၃) ပတ္တမြားစိမ်း (၄) ကြောင်မျက်ရွဲ (၅) ခရုသင်း (၆) ကျောက်သလင်း (၇) သန္တာ (၈) ရွှေ-ငွေ (၉) ပတ္တမြားနီ (၁ဝ) ပတ္တမြားပြောက် ဟူ၍ ဆယ်ပါးဖြစ်သည်။ လောကုတ္တရာ ရတနာကား (၁) ဘုရား (၂) တရား (၃) သံဃာ ဟူ၍ သုံးပါးဖြစ်သည်။ ယင်းသုံးပါးကို သရဏဂုံသုံးပါး လည်း ခေါ်သည်။


လောကီလောကုတ္တရာ ရတနာနှစ်မျိုးတို့ကို ရတနာခေါ် ဆိုခြင်း အကြောင်းကား (၁) အရိုအသေပြုအပ်ခြင်း၊ (၂) အဖိုး များစွာ ထိုက်တန်ခြင်း၊ (၃) အတုမရှိခြင်း၊ (၄) မြင်ရခဲခြင်း၊ (၅) မြင့်မြတ်သောသူတို့ အသုံးအဆောင်ဖြစ်ခြင်း၊ ဤအနက် ငါးမျိုးကြောင့် ဖြစ်သည်။

ထိုသို့ အနက်ငါးမျိုးကြောင့် ရတနာဟု ခေါ်ဆိုရသော် လည်း တစ်လောကလုံး၌ ရှိရှိသမျှ လောကီရတနာများကား လောကုတ္တရာ ရတနာများနှင့် အနည်းငယ်မျှ မတူပေ။ သို့ အတွက် တစ်လောကလုံး၌ လောကုတ္တရာ ရတနာဖြစ်သော ဘုရား၊ တရား၊ သံဃာတို့သာ အကောင်းဆုံး အမြင့်ဆုံး အမြတ်ဆုံးရတနာများ ဖြစ်လေသည်။

ယင်းလောကုတ္တရာ ရတနာသုံးပါးတို့ အကြောင်းအရာနှင့် စပ်လျဉ်း၍ ဘုရား၊ တရား၊ သံဃာအကြောင်းအရာတို့ကိုလည်း ရှုကြစေလိုသည်။[၁]


ထေရဝါဒဂိုဏ်းသုံးတည့် ရတနာသုံးပါး

ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ
ဓမ္မံ သရဏံ ဂစ္ဆာမိ
သံဃံ သရဏံ ဂစ္ဆာမိ

မဟာယာနဂိုဏ်းသုံးတည့် ရတနာသုံးပါး

  • 自皈依佛,當願眾生,體解大道,發無上心。
(ပင်ယင်) Zì guī yī fó,dāng yuàn zhòng shēng,tǐ jiě dàdào,fā wú。
I take refuge in the Buddha, wishing for all sentient beings to understand the great Way profoundly and make the greatest resolve.
  • 自皈依法,當願眾生,深入經藏,智慧如海。
(ပင်ယင်) Zì guī yī sēng,dāng yuàn zhòng shēng,tǒng lǐ dàzhòng,yíqiè wú ài。
I take refuge in the Dharma, wishing for all sentient beings to delve deeply into the Sutra Pitaka, causing their wisdom to be as broad as the sea.
  • 自皈依僧,當願眾生,統理大眾,一切無礙。
(ပင်ယင်) Zì guī yī sēng,dāng yuàn zhòng shēng,tǒng lǐ dàzhòng,yíqiè wú ài。
I take refuge in the Sangha, wishing all sentient beings to lead the congregation in harmony, entirely without obstruction.

ကိုးကား

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၁)