ကမ္ဘာ့ကုလသမဂ္ဂနေ့: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
စာကြောင်း ၅၂ - စာကြောင်း ၅၂ -
[[ro:Ziua Națiunilor Unite]]
[[ro:Ziua Națiunilor Unite]]
[[ru:День Организации Объединённых Наций]]
[[ru:День Организации Объединённых Наций]]
[[sr:Дан Уједињених нација]]
[[sr:Дан Организације уједињених нација]]
[[sv:FN-dagen]]
[[sv:FN-dagen]]
[[ta:ஐக்கிய நாடுகள் நாள்]]
[[ta:ஐக்கிய நாடுகள் நாள்]]

၁၅:၂၄၊ ၁၂ ဇန်နဝါရီ ၂၀၁၃ ရက်နေ့က မူ

ကုလသမဂ္ဂအလံ

စစ်ပြီးခေတ်တွင် အောက်တိုဘာလ ၂၄ ရက်နေ့သည် ငြိမ်းချမ်းရေးလိုလားသော ကမ္ဘာသူကမ္ဘာသား များအဖို့ အလွန်အရေးပါသော နေ့ကြီးတစ်နေ့ဖြစ်ပေသည်။ အကြောင်းကား ထိုနေ့တွင် ကမ္ဘာပေါ်ရှိ နိုင်ငံပေါင်း ၅၁ နိုင်ငံ ပါဝင်ဖွဲ့စည်းထားသော ကုလသမဂ္ဂကြီး ပေါက်ဖွားလာသော ကြောင့်တည်း။ ထိုကြောင့် အောက်တိုဘာ ၂၄ ရက်နေ့ကို 'ကုလသမဂ္ဂနေ့'ဟု ကမ္ဘာတစ်ဝှန်းလုံးက အသိအမှတ် ပြုထား ကြသည်။ ကုလသမဂ္ဂနေ့ မည်သို့မည်ပုံ ဖြစ်ပေါ်လာသည်ကို ကုလ သမဂ္ဂကြီးစတင်ဖွဲ့စည်းရပုံကစ၍ ဖေါ်ပြရပေမည်။ ကုလသမဂ္ဂ ဖွဲ့စည်းရခြင်း၏ အဓိကရည်ရွယ်ချက်မှာ စစ်ကိုတားဆီးရန်နှင့် ကမ္ဘာ့ငြိမ်းချမ်းရေး တည်တံ့စေရန် ဖြစ်သည်။ ကမ္ဘာ့ပေါ်၌ မည်သည့်လူမျိုးမဆို စစ်၏အန္တရာယ်ကို ရင်မဆိုင်လိုကြချေ။ စစ်ဖြစ်ခြင်းသည် သတ္တန္တရကပ် ဆိုက်ခြင်းပင်ဖြစ်သည်။ အထူးသဖြင့် ကမ္ဘာစစ်ကြီးများ ဖြစ်ပွားသောအခါ လူနှင့် ကျွဲနွား တိရစ္ဆာန်များပါမကျန် သေကြေ ပျက်စီးကြရ၏။ မသေ၍ ကျန်နေသူများမှာလည်း အိုးအိမ်ပစ္စည်းများ ဆုံးရှုံး ပြီးလျှင် ကြီးစွာသောဆင်းရဲဒုက္ခများနှင့် ကြုံတွေ့ကြရသည်။ ထိုကဲ့သို့ မနှစ်မြို့ဖွယ် အဖြစ်ဆိုးများ ပေါ်ပေါက်စေသော စစ်မက်အရေးများကို တားဆီးရန် နိုင်ငံခေါင်းဆောင်များက တတ်နိုင်သမျှ ကြိုးစားခဲ့ကြပေသည်။

ပထမကမ္ဘာစစ် (၁၉၁၄-၁၈)အပြီးတွင် စစ်၏ဆိုးရွား ကြမ်းကြုတ်မှုကို ဆင်ခြင်မိကြသော တိုင်းနိုင်ငံကြီး များ စုဝေး ဆွေးနွေး၍၊ စစ်မက်အရေးများကို တားဆီးပြီးလျှင် ထာဝစဉ် ငြိမ်းချမ်းရေးကိုရရှိရန် နိုင်ငံပေါင်းချုပ် အသင်းကြီးကို ၁၉၂ဝ ပြည့် နှစ်ဦးတွင် ဖွဲ့စည်းတည်ထောင်ခဲ့ကြသည်။ သို့ရာတွင် ထိုအသင်းကြီး၏ လုပ်ငန်းများမှာ မအောင်မြင်ခဲ့ဘဲ၊ ၁၉၃၉ ခုနှစ် တွင် ပထမကမ္ဘာစစ်ထက် ကြောက်မက်ဖွယ်ကောင်းသော ဒုတိယကမ္ဘာစစ် ဖြစ်ပွားခဲ့လေသည်။

ဒုတိယကမ္ဘာစစ် ပြီးဆုံးသောအခါတွင် စစ်ကြီးများကို တားဆီး၍ ထာဝစဉ်ငြိမ်းချမ်းရေး၊ လုံခြုံရေးတို့ကို ရရှိရန် ကြိုးစားအားထုတ်ကြပြန်သည်။ ဤတစ်ကြိမ်တွင် ပထမ အကြိမ် ကကဲ့သို့ မဟုတ်ဘဲ၊ ထာဝစဉ် ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ရရှိရန် ပထမအကြိမ်ကထက် ခိုင်မြဲသော အဖွဲ့အစည်းကို တည်ထောင်ကြလေသည်။

ထိုသို့ စစ်ကိုတား၍ အများချမ်းသာရေး၊ ထာဝစဉ်ငြိမ်းချမ်းရေးကို ဒုတိယကမ္ဘာစစ်အတွင်း လန်ဒန်မြို့၌ ခိုလှုံနေရသော နိုင်ငံ ၉ နိုင်ငံမှ စစ်ပြေးအစိုးရတို့၏ ၁၉၄၁ ခုနှစ် စိန်ဂျိမ်း နန်းတော်အစည်းအဝေးမှ အစပြုသည်ဟု ဆိုရပေမည်။ ထို အစည်းအဝေးမှ စိန်ဂျိမ်းနန်းတော် ကြေငြာစာတမ်းကို ထုတ်ပြန်ခဲ့ရာ၊ ငြိမ်းချမ်းရေးအတွက် အရေးပါအရာရောက် ခဲ့ရုံမက ကုလသမဂ္ဂဖြစ်ပေါ်လာရန် လမ်းစကို ဖွင့်ပေးသည်နှင့် တူလေသည်။ ထိုနှစ်မှာပင် ဗြိတိန်နှင့် အမေရိကန်ပြည်ထောင်စု နှစ်နိုင်ငံတို့ကလည်း ငြိမ်းချမ်းရေးကို ရှေးရှုက အတ္တလန္တိတ် သမုဒ္ဒရာ တစ်နေရာတွင် ဆွေးနွေး၍ အတ္တလန်တိတ် စာချုပ် ကို ချုပ်ဆိုလက်မှတ်ရေးထိုးခဲ့ ကြ၏။ အတ္တလန္တိတ် စာချုပ်ပါ အချက်အလက်များကား ကုလသမဂ္ဂ ဖွဲ့စည်းရေးနှင့် တိုက်ရိုက် သက်ဆိုင်လေသည်။

၁၉၄၂ ခုနှစ်တွင် ကမ္ဘာ့ငြိမ်းချမ်းရေးကို လိုလားသော နိုင်ငံ ကြီး ၄ ခုက အတ္တလန္တိတ် စာချုပ်ကို ထောက်ခံအတည်ပြုကာ နိုင်ငံပေါင်းစုံ ကြေငြာစာတမ်းကြီးကို ထုတ်ပြန်လေသည်။ ၁၉၄၃ ခုနှစ်တွင် ဗြိတိန်၊ အမေရိကန်နှင့် ရုရှတို့ မော်စကိုမြို့ တွင် စည်းဝေး၍ ကုလသမဂ္ဂ ဖွဲ့စည်းရန် လိုအပ်ကြောင်း ထုတ်ပြန် ကြေငြာ၏။ ၁၉၄၄ ခုနှစ်တွင် အမေရိကန် ပြည်ထောင်စု ဝါရှင်တန်မြို့ ဒမ်ဗာတန်အုတ် အဆောက်အအုံ၌ ဆိုခဲ့သည့် နိုင်ငံကြီး ၃နိုင်ငံနှင့် တရုတ်နိုင်ငံမှ ကိုယ်စားလှယ် ကြီးများ ဆွေးနွေးကြပြီးလျှင် ကုလသမဂ္ဂ ဟူသော အမည်ဖြင့် အဖွဲ့ကြီးတစ်ခုဖွဲ့ရန် ဆုံးဖြတ်ကြ၏။ ထိုနောက် ၁၉၄၅ ခု ဖေဖော်ဝါရီလတွင် ကရိုင်းမီးယားနယ်ယော်လတာမြို့၌၎င်း၊ ထိုနှစ် ဧပြီလတွင် အမေရိကန်ပြည်ထောင်စု ဆန်ဖရန်စစ္စကိုမြို့၌၎င်း၊ ညီလာခံများကျင်းပ၍ အခန်းကြီး ၁၉ ခန်း၊ ပုဒ်မ ၁၁၁ ခုပါဝင်သော ကုလသမဂ္ဂ စာချုပ်ကြီးကို ရေးဆွဲပြီး လျှင်၊ ၁၉၄၅ ခု အောက်တိုဘာလ ၂၄ ရက်နေ့တွင် နိုင်ငံ ပေါင်း ၅၁ နိုင်ငံ သဘောတူ လက်မှတ်ရေးထိုး ချုပ်ဆို အောင်မြင် ခဲ့လေသည်။ ရှေးဦးစွာ ဖွဲ့စည်းသော ၅၁ နိုင်ငံ အပြင် နောက်ထပ်ပါဝင်ခွင့်ရသော နိုင်ငံများလည်း ရှိပေသည်။ ထိုနိုင်ငံများတွင် ပြည်ထောင်စု မြန်မာနိုင်ငံလည်း ပါဝင်သည်။ ယင်းသို့အားဖြင့် အောက်တိုဘာလ ၂၄ ရက်နေ့တွင် ကုလသမဂ္ဂကြီး ပေါက်ဖွားခဲ့ပေရာ၊ ထိုနေ့ကို ကုလသမဂ္ဂနေ့ဟု ကမ္ဘာတစ်ဝှန်းလုံးက အသိအမှတ်ပြုထားလေသည်။ ထိုနေ့တွင် ကုလသမဂ္ဂဝင် နိုင်ငံတိုင်း၌ အထိမ်းအမှတ် ပွဲများ ပြုလုပ်၍၊ ကုလသမဂ္ဂကြီး၏ ရည်ရွယ်ချက်များနှင့် စွမ်းဆောင်ချက်များကို လူတိုင်းသဘော ပေါက်ရအောင် စွမ်းဆောင်ကြမည့် အဓိဋ္ဌာန် များကို ပြုကြသည်။ [၁]

ကိုးကား

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁)