ဟမ်းဗတ်မြို့: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
အရေးမကြီး r2.7.3) (ရိုဘော့က ပေါင်းထည့်နေသည် - gv:Hamburg
အရေးမကြီး r2.7.3rc2) (ရိုဘော့က ပေါင်းထည့်နေသည် - ay:Hamburg suyu
စာကြောင်း ၆၇ - စာကြောင်း ၆၇ -
[[arc:ܗܐܡܒܘܪܓ]]
[[arc:ܗܐܡܒܘܪܓ]]
[[arz:هامبورج]]
[[arz:هامبورج]]
[[ay:Hamburg suyu]]
[[az:Hamburq]]
[[az:Hamburq]]
[[bar:Hamburg]]
[[bar:Hamburg]]

၀၃:၅၃၊ ၉ ဇန်နဝါရီ ၂၀၁၃ ရက်နေ့က မူ

ဟမ်းဗတ်မြို့

မိုင်ပေါင်းများစွာ ကုန်းတွင်းကျသော မြို့ တစ်မြို့ဖြစ်သော်လည်း ထင်ရှားသော ပင်လယ် ဆိပ်ကမ်း မြို့တစ်မြို့မဟုတ်ဟု မဆိုနိုင်ချေ။ ဟမ်းဗတ်မြို့သည် ဂျာမနီ နိုင်ငံ၏ အကြီးဆုံး ပင်လယ်ဆိပ်ကမ်းမြို့ ဖြစ်သော်လည်း မြောက်ဘက်ပင် လယ်ကမ်းခြေမှ ၇၅ မိုင်မျှ အတွင်းကျပြီးလျှင် အဲ့လဗမြစ် မြောက်ဘက်ကမ်းပေါ်၌ တည်ရှိသည်။ သောင်ခုတ် စက်ဖြင့် မြစ်ကိုနက်အောင် တူးယူထားပြီးလျှင် ရေအိုင်ကြီး နှစ်ခုကိုလည်း တမံများတုတ်၍ ဆိပ်ကမ်းကြီး ပြုလုပ်ထား သဖြင့် ပင်လယ်ကူးသဘေ‡ာကြီးများပင် ဒီရေတက်သောအခါ၌ မြို့တွင်းသို့ ကောင်းစွာ ဆန်တက်နိုင်လေသည်။

တဆဲ့နှစ်ရာစု နှစ်အတွင်းက ပထမ ဖရက်ဒရစ်ဘုရင်ကြီး သည် ဤမြို့ကို အဲ့လဗမြစ်အတွင်း လွတ်လပ်စွာ ရေကြောင်း ခရီးသွားလာခွင့်နှင့် နိုင်ငံခြားသဘေ‡ာများမှ အခွန်အကောက် ယူနိုင်ခွင့် ပေးလိုက်သောအခါမှစ၍ အရောင်းအဝယ် တိုးတက် လာပြီးလျှင် တစ်ဖန် ဟန်ဆီယက်တစ်အသင်းကြီး၏ အခြေ စိုက်မြို့ ဖြစ်လာပြန်သောအခါ ပိုမို စည်ကားလာပြန်၏။ ၁၈ဝ၆ ခုနှစ်မှစ၍ ၁၈၁၄ ခုနှစ်အထိ နပိုလီယန်လက်အောက် တွင် ပြင်သစ်တို့ပိုင် ဖြစ်ခဲ့ဘူး၏။

မြောက်ဘက်ပင်လယ်၏ အရှေ့တောင်ဘက် အစွန်ဆုံး၌ တည်ရှိသည့်အပြင် ဂျာမနီနိုင်ငံတွင်းသို့ ကုန်ပစ္စည်းများကို သယ်ယူရန်လည်း ရေလမ်း၊ ကုန်းလမ်းနှစ်ဘက်စလုံးမှပင် အလွန်လမ်းသာသောကြောင့် တစ်ကြောင်း၊ တစ်နှစ်လုံးလုံး ရေမခဲ့သဖြင့်တစ်ကြောင်း ဟမ်းဗတ်မြို့သည် ဂျာမနီနိုင်ငံ၌ သာမဟုတ် ဥရောပ တိုက်တစ်ခုလုံး၏ အရေးကြီးသော ဆိပ်ကမ်းမြို့ကြီးတစ်မြို့ ဖြစ်လာလေသည်။ မြို့၏ စက်မှုလက်မှု လုပ်ငန်းများမှာ သဘေ‡ာတည်ဆောက်ခြင်း၊ စက်ကိရိယာများ ပြုလုပ်ခြင်း၊ သကြားချက်ခြင်း၊ ဓာတ်ဆေးများ ပြုလုပ်ခြင်း စသည်တို့ ဖြစ်၏။ ဆီကြိတ်ခြင်းနှင့် အထည်အဝတ် ရက် လုပ်သော လုပ်ငန်းများလည်း ရှိလေသည်။

မြင့်မားသော ဘုရားရှိခိုးကျောင်းကြီးများနှင့် ပြွတ်သိပ်စွာ ဆောက်လုပ်ထားသော အိမ်များကို နောက်ခံထားကာ ခုနစ် မိုင်မျှ ရှည်သော သဘေ‡ာဆိပ်၏ ရှုမျှော်ခင်းမှာ အလွန် ကြီးကျယ် ခမ်းနားပြီးလျှင် သဘေ‡ာကြီး ငယ်တို့ဖြင့် ပြည့်နှက် လျက်ရှိ၏။ ထင်ရှားသော အဆောက်အအုံကြီးများမှာ စိန့်နိ ကောလပ် ဘုရားရှိခိုး ကျောင်းဖြစ်ရာ ၄၈၃ ပေမြင့်၍ ကမ္ဘာ ပေါ်တွင် တတိယ အမြင့်ဆုံးသော ကိုးကွယ်မှု အဆောက်အအုံ ဖြစ်၏။ အက်ပင်ဒေါ့အရပ်ရှိ ဆေးရုံမှာလည်း ဥရောပတိုက်တွင် အလှပဆုံး ဆေးရုံတစ်ရုံ ဖြစ်၏။ ထိုပြင် ကမ္ဘာပေါ်ရှိ တိရစ္ဆာန် ရိုင်းများထားးရာ တိရစ္ဆာန်ရုံကြီး၌ ယခုခေတ်တွင် ပျောက်ကွယ် သွားပြီဖြစ်သော ရှေးခေတ် တိရစ္ဆာန် ရိုင်းကြီးများ၏ ပုံတူများ ကို ယင်းတို့၏ အသက်ရှင်စဉ်က အရွယ်အစားအတိုင်း ပြုလုပ် ထားရှိ၏။

ဟမ်းဗတ်မြို့သည် ယခုအခါတွင် ပြည်ထောင်စု သမ္မတ ဂျာမနီနိုင်ငံခေါ် အနောက်ဂျာမနီနိုင်ငံ ဟမ်းဗတ် ပြည်နယ် အတွင်း၌ တည်ရှိသည်။ ဟမ်းဗတ်ပြည်နယ်သည် မြေဩဇာ လွန်စွာ ကောင်းမွန်သဖြင့် ရိုင်းစပါး၊ မုယော၊ ဂျုံနှင့် အာလူး ကောင်းများ ထွက်သည်။

ဒုတိယကမ္ဘာစစ်အတွင်း၌ ဟမ်းဗတ်မြို့သည် ထပ်တစ်လဲလဲ ဗုံးကြဲတိုက်ခိုက်ခြင်း ခံရ၍ အတော် ပျက်စီးခဲ့လေသည်။ လူဦး ရေ ၁၈၁၇ဝ၇၃ (၁၉၆၉) ရှိလေသည်။[၁]

ကိုးကား

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)