ကွာလာလမ်ပူမြို့: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
အရေးမကြီး ရိုဘော့က ပေါင်းထည့်နေသည် - pa:ਕੁਆਲਾ ਲਮਪੁਰ
အရေးမကြီး r2.7.2) (ရိုဘော့က ပေါင်းထည့်နေသည် - or:କୁଆଲାଲୁମ୍ପୁର
စာကြောင်း ၈၆ - စာကြောင်း ၈၆ -
[[nov:Kuala Lumpur]]
[[nov:Kuala Lumpur]]
[[oc:Kuala Lumpur]]
[[oc:Kuala Lumpur]]
[[or:କୁଆଲାଲୁମ୍ପୁର]]
[[os:Куалæ-Лумпур]]
[[os:Куалæ-Лумпур]]
[[pa:ਕੁਆਲਾ ਲਮਪੁਰ]]
[[pa:ਕੁਆਲਾ ਲਮਪੁਰ]]

၁၉:၀၁၊ ၆ ဇန်နဝါရီ ၂၀၁၃ ရက်နေ့က မူ

ကွာလာလမ်ပူမြို့၏ ရှုခင်း

ကွာလာလမ်ပူ မြို့သည် မလေးရှားနိုင်ငံ၏ မြို့တော်ဖြစ်သည်။

သမိုင်းအကျဉ်း

ကွာလာလမ်ပူ မြို့သည် သမိုင်းကြောင်း ကြီးကြီးမားမား မရှိပါ။ လွန်ခဲ့သော နှစ် ၁၅ဝ လောက်က ရောက်လာသည့် တရုတ်မိုင်းတူး သမားများက သံဖြူရှာရန် ပန်ကလန်း ဘာတုဟု ခေါ်သော ပို့ကလန်း ဆိပ်ကမ်းကို ရောက်လာတာကနေ၍ ကလန်းမြစ်ကို ဆက်တက်ကြကာ ကလန်းနှင့် ဂုန်ဘန်မြစ်ဆုံကို ရောက်သောအခါ ဆက်တက်ဖို့ရန် ရေတိမ်နေကြောင်း တွေ့ရပါသည်။ သံဖြူရှာကြရာမှာ အမ်ပန်းဒေသမှာ သံဖြူတွေ့ပါသည်။ ထိုမြစ်ဆုံတွင် ကုန်စည်တွေ ကူးသန်းရောင်းဝယ်ရာ နေရာဖြစ်လာခဲ့ပြီး တရုတ်ကုန်သည်များ အခြေချရာက နေစပါတယ်။ အစတွင် ရွှံ့ညွန်ထူထပ်နေသော ရွာငယ်လေး တစ်ခုပင် ဖြစ်သည်။ ထို့ကြောင့် မလေးလို ရွှံ့ညွန်မြစ်ဆုံ ကွာလာလမ်ပူ(Kuala lumpur) ဟု အမည်ပေးခဲ့ခြင်း ဖြစ်သည်။


၁၈၆၀-ပြည့်နှစ်တွင် သံဖြူဈေးကောင်းလာ၍ ကွာလာလမ်ပူသည်လည်း ရွာကြီးတရွာ ဖြစ်လာခဲ့ပြီး တရုတ်တွေလဲ ထောင်နဲ့ ချီပြီးရောက်ရှိ လာခဲ့ပါသည်။ မလေးလူမျိုးက လူနည်းစုသာ ရှိပြီး တရုတ်များကဘဲ ကြီးစိုးထားခဲ့ပါသည်။ ထို့နောက် သတ္တုတွင်းသမား၊ ကုန်သည်၊ ဈေးရောင်းသူများ စည်ကားလာပြီး ပြည့်တန်စာ အိမ်တွေ၊ လောင်းကစားရုံတွေ၊ ဒုစရိုက်ဂိုဏ်းတွေ ပြည့်လာခဲ့ ပါသည်။ ကွာလာလမ်ပူသည် ဆီလန်ဂေါ ပြည်နယ်ထဲမှာ ရှိ၍ ထိုပြည်နယ်ကို အုပ်ချုပ်သော မလေးဘုရင်က ကွာလာလမ်ပူ အုပ်ချူပ်ရေးကို တရုတ် အကြီးအကဲများနှင့် လွှဲထားပြီး အခွန်လောက်ဘဲ ကောက်ခဲ့ ပါသည်။ ထိုအကြီးအကဲတွေထဲက ၁၈၆၈ ကနေ ၁၈၈၅ ထိအုပ်ချုပ်ခဲ့တဲ့ တရုတ်ကြီး ယက်(ပ)အလွိုင် က ကွာလာလမ်ပူ ကိုမြို့ကြီးတမြို့ဖြစ်အောင် ထူထောင်ခဲ့ သူတဦး ဖြစ်ပါတယ်။ ၁၈၆၇ မှာတော့ အခွန်ငွေ အကြီးအကျယ်ရနေတဲ့ အဲဒီ ကွာလာလမ်ပူကို မလေးဘုရင်တွေ အချင်းချင်း လုရာက စစ်ဖြစ်ခဲ့ ပါတယ်။ အဲဒီစစ်ပွဲ မှာ ယက်(ပ)အလွိုင် က ဆီ လန်ဂေါဘုရင်ခံ တဲန်ကူးကူးဒင် ကိုထောက်ခံခဲ့သော်လဲ ၁၈၇၂ စစ်အပြီးမှာ အရေးနိမ့်သွားတဲ့ အတွက် ကွာလာလမ်ပူဟာ ပြာပုံအတိဖြစ်သွားခဲ့ရပါတယ်။ ဒါပေမယ့် ၁၈၇၃ မှာ စစ်ရှုံးဘုရင်ခံ တဲန်ကူးကူဒင် က ပါဟမ်းစူလတန် ရဲ့အကူအညီနဲ့ပြန်လည် သိမ်းပိုက် ပြီး ယက်(ပ)အလွိုင် ကိုပြန်လည် အုပ်ချုပ်စေခဲ့ ပါတယ်။ ပြာပုံ ဖြစ်နေတဲ့ ကွာလာလမ်ပူက နေထွက်ပြေးတော့မယ့် တရုတ်တွေကို ပြန်လည် စည်းရုံးပြီး မြို့ကို ပြန်လည် ထူထောင်ခဲ့ ပါတယ်။ နောက် ငါးနှစ် အကြာမှာတော့ သံဖြူဈေးတွေ တက်လာခဲ့ပြီး ကွာလာလမ်ပူ ဟာ အရင်လို ပြန်လည်စည်ကား လာခဲ့ပါတယ်။ ၁၈၇၉ မှာ ပထမဆုံး အင်္ဂလိပ် သံအဖွဲ့ အခြေချ ခဲ့ရာက နေ ၁၈၈ဝ မှာ ဆီလန်ဂေါပြည်နယ်ရဲ့ မြို့တော် ဖြစ် လာခဲ့ပါတယ်။

ကွာလာလမ်ပူကို တိုးတက်စေခဲ့တဲ့နောက်တဦး ကတော့ အင်္ဂလိပ်လူမျိုး ဖရန့်ဆွပ်တင်းဟန်း ( Frank Swettenham ) ဖြစ်ပါတယ်။ တဲတွေက နေတိုက်တာ အဆောက်အဦးတွေနဲ့ အစား ထိုးပေး ခဲ့ပြီး ကလန်း- ကွာလာလမ်ပူ ရထားလမ်းကိုဆောက်လုပ်စေခြင်း ဖြင့်ရေကြောင်းသွားလာမှုကို အဓိကထားနေတာ ကိုရှော့ချပေးကာ ဆက်သွယ်ရေးကောင်းမွန်စေခဲ့ ပါတယ်။ အခု KL လို့ မလေးတွေ ချစ်စနိုးခေါ်နေတဲ့ ကွာလာလမ်ပူဟာ ၁၈၉၆ မှ မလေးပြည်ထောင်စုရဲ့ မြို့တော်ဖြစ်လာခဲ့ ပြီး၊ ကမ္ဘာစစ် နှစ်ကြိမ်ရဲ့ ရန်ကလဲ လွတ်ခဲ့ ပါတယ်။ ၁၉၅၇ မှာမလေး ပြည်ထောင်စုရဲ့ အဓိကမြို့တော်အဆင့် ရခဲ့ကာ ၁၉၆၃ မှာတော့ လွတ်လပ်သော မလေးရှားပြည်ထောင်စုရဲ့ မြို့တော် ဖြစ်လာခဲ့သည်။