အိုဒက်ဆာမြို့: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
အရေးမကြီး r2.7.2+) (ရိုဘော့က ပေါင်းထည့်နေသည် - af, an, ar, az, be, be-x-old, bg, br, ca, crh, cs, cv, cy, da, de, el, eo, es, et, eu, fa, fi, fo, fr, fy, gag, he, hr, hsb, hu, hy, id, ie, io, is, it, ja, jv, ka, kl, ...
အရေးမကြီး r2.7.3) (Robot: Modifying ar:أوديسا (أوكرانيا) to ar:أوديسا
စာကြောင်း ၄၁ - စာကြောင်း ၄၁ -
[[af:Odessa]]
[[af:Odessa]]
[[an:Odessa]]
[[an:Odessa]]
[[ar:أوديسا (أوكرانيا)]]
[[ar:أوديسا]]
[[az:Odessa]]
[[az:Odessa]]
[[be:Горад Адэса]]
[[be:Горад Адэса]]

၀၇:၄၉၊ ၃၀ ဒီဇင်ဘာ ၂၀၁၂ ရက်နေ့က မူ

အိုဒက်ဆာမြို့

အိုဒက်ဆာမြို့သည် ပင်လယ်နက်တွင်းသို့ အနောက်မြောက်ဘက်မှစီးဝင်သော နီစတာမြစ်ဝမြောက်ဘက် ၂၅ မိုင်ကွာတွင်တည်ရှိ၍ ယူကရိန်းဆိုဗီယက်ဆိုရှယ်လစ်သမ္မတ နိုင်ငံ၏ ဆိပ်ကမ်းမြို့ဖြစ်သည်။ ၁၉၂၆ ခုနှစ်တွင် ဆိုဗီယက် အစိုးရက အိုဒက်ဆာဆိပ်ကမ်းကို တိုးချဲ့ပြုပြင်ခဲ့ရာ ယခုအခါ ရုရှနိုင်ငံတောင်ပိုင်း၌ ကုန်ကူးသန်းရောင်းဝယ်ရေးအတွက် အရေးပါသောဆိပ်ကမ်းမြို့ဖြစ်လေသည်။ သင်္ဘော တည်ဆောက် ခြင်း၊ ရေနံချက်ခြင်းနှင့် ဖန်ထည်၊ စက်ကိရိယာ၊ ဖော့ ထုတ် လုပ်ခြင်း စသော စက်မှုလုပ်ငန်းများကိုလည်း လုပ်ကိုင်သည်။ ထို့ပြင် လေယာဉ်ပျံထုတ်လုပ်သည့် စက်ရုံနှင့် ရုပ်ရှင်လုပ်ငန်း ဆိုင်ရာ တန်ဆာပလာထုတ်လုပ်သည့် စက်ရုံများလည်းရှိသည်။ ထုတ်ကုန်များမှာ အသီးအနှံ၊ ဘီသွာစေ့၊ သစ်၊ သိုး မွေးနှင့် သိုး၊ နွားတိရစ္ဆာန်တို့ဖြစ်သည်။

အိုဒက်ဆာမြို့တွင် ကသီဒရယ်ဘုရားရှိခိုးကျောင်းကြီး၊ တက္ကသိုလ်ကျောင်းနှင့် နက္ခတ်မျှော်စင်တို့ တည်ရှိသည်။ ရုရှ နိုင်ငံရှိမြို့ကြီးများနှင့်မီးရထားလမ်း၊ လေကြောင်းခရီးလမ်းတို့ဖြင့် ဆက်သွယ်လျက်ရှိသည်။

၁၇၉၅ ခုနှစ်တွင် ရုရှဘုရင်မ ဒုတိယကက်သရင်းသည် နိုင်ငံအတွက်ဆောင်းအခါ၌ ရေခဲကင်းရှင်းသော ဆိပ်ကမ်းတစ်ခု ထားရှိလိုသဖြင့် အိုဒက်ဆာမြို့ကို တည်ခဲ့လေသည်။ ပထမ ကမ္ဘာစစ်အတွင်း ၁၉၁၈ ခုနှစ် မတ်လတွင် ဂျာမန်တပ်များ လက်သို့ ကျရောက်ခဲ့သည်။ ၁၉၂ဝ ပြည့်နှစ်တွင်ဗော်လရှီဗစ်တို့ က မြို့ကိုသိမ်းပိုက်သည်။ တစ်ဖန် ဒုတိယကမ္ဘာစစ်အတွင်း ၁၉၄၁ ခုနှစ် ဇွန်လတွင် ဂျာမန်လေတပ်က မြို့ကို ပြင်းထန်စွာ ဗုံးကြဲတိုက်ခိုက်ပြီးနောက် ဩဂုတ်လတွင် ဂျာမန်နှင့် ရူမေးနီး ယန်းတပ်များက မြို့ကို ဝိုင်းဝန်းထားကြလေသည်။ မြို့တွင်းရှိ တပ်များသည်လည်း အောက်တိုဘာလ ၁၆ ရက်နေ့အထိ ကြံ့ကြံ့ခံလျက်ရှိကြသည်။ သို့ရာတွင် ထိုနေ့၌ မြို့တွင်းရှိအရေး ကြီးသော အဆောက်အဦးနှင့် စက်မှုလုပ်ငန်းဌာန များကို ဖျက်ဆီးပြီးလျှင် မြို့ကိုစွန့်ခွာခဲ့ရလေသည်။ ထိုနောက် ၁၉၄၄ ခုနှစ် ဧပြီလ ၁ဝ ရက်နေ့တွင် ရုရှတပ်များက မြို့ကိုပြန်၍ သိမ်းပိုက်ခဲ့ကြသည်။အိုဒက်ဆာမြို့ရှိလူဦးရေမှာ ၁၉၇၃ ခုနှစ် တွင် ၉၄၇ဝဝဝ ခန့် ဖြစ်သည်။[၁]

ကိုးကား

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၅)