ကွန်ပျူတာ: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
အရေးမကြီး ရိုဘော့က ပေါင်းထည့်နေသည် - lez:Компьютер
အရေးမကြီး r2.7.3) (Robot: Modifying ky:Компютер (ЭЭМ) to ky:Компүтер
စာကြောင်း ၂၅၀ - စာကြောင်း ၂၅၀ -
[[ku:Komputer]]
[[ku:Komputer]]
[[kw:Comptyor]]
[[kw:Comptyor]]
[[ky:Компютер (ЭЭМ)]]
[[ky:Компүтер]]
[[la:Computatrum]]
[[la:Computatrum]]
[[lad:Contador]]
[[lad:Contador]]

၀၈:၃၂၊ ၂၉ ဒီဇင်ဘာ ၂၀၁၂ ရက်နေ့က မူ

နာ​ဆာ​မှ ကို​လံ​ဘီ​ယာ စူ​ပါ​ကွန်ပျူတာ

ကွန်ပျူတာဆို​သည်မှာ ထည့်​သွင်း​ထား​သော ပ​ရို​ဂ​ရမ် သို့မဟုတ် အစီ​စဉ်​တ​ကျ ညွှန်​ကြား​ချက်​များ​အတိုင်း အချက်အလက် များ​ကို စီမံ​ခန့်​ခွဲ​ပေး​သော ကိရိယာ​ဖြစ်​သည်။ ကွန်ပျူတာ​များ​သည် ညွှန်​ကြား​ချက်​များပေါ် မူ​တည်​၍ ဂဏန်းသင်္ချာနှင့် ယုတ္တိဆိုင်​ရာ တွက်ချက်​မှု​များ​ကို အစီ​အစဉ်​တ​ကျ အလို​အလျောက် စွမ်းဆောင်နိုင်​သည်။

ကွန်ပျူတာ​တစ်​ခု​တွင် အခြေ​ခံ​အား​ဖြင့် အချက်အလက်​များ​ကို သိမ်းဆည်း​ရန် မှတ်ဉာဏ်၊ ဂဏန်းသင်္ချာနှင့် ယုတ္တိဆိုင်​ရာ တွက်ချက်​မှု​များ ပြုလုပ်​သော အစိတ်​အပိုင်း​တစ်​ခု​နှင့် ထိုသို့ တွက်ချက်​မှု​များ​ကို မှတ်ဉာဏ်​အတွင်း သိမ်းဆည်း​ထား​သော ညွှန်​ကြား​ချက်​များ​အတိုင်း စီစဉ်​ကွပ်​ကဲ​ပေး​သော အစိတ်​အပိုင်း​တစ်​ခု ပါဝင်​သည်။ ကွန်ပျူတာ​တွင်း​သို့ အချက်အလက်​များ ထည့်​သွင်း​ရန်​နှင့် ကွန်ပျူတာ​မှ တွက်ချက်​ပေးလိုက်​သော အချက်အလက်​များ​ကို သိမ်းဆည်း​ရန် ကွန်ပျူတာ အရံ​ပစ္စည်း​များ​ကို အသုံးပြု​သည်။

ကွန်ပျူတာ​၏ အတွက်​အချက် အစိတ်​အပိုင်း​သည် အချက်အလက်​များ​ကို ဖတ်​ယူ၊ တွက်ချက်၊ သိမ်းဆည်း​ရန် ညွှန်​ကြား​ချက်​များ​ကို အစီ​စဉ်​တ​ကျ တစ်​ခု​ပြီး​တစ်​ခု ဆောင်ရွက်​သည်။ အခြေအနေ​ထိန်း ညွှန်​ကြား​ချက်​များ​က ထို​ညွှန်​ကြား​ချက်​များ​၏ ဆောင်ရွက်​ပုံ အစီ​အစဉ်​ကို ပြောင်းလဲ​နိုင်​သည်။

ပထမ​ဆုံး​သော အီ​လက်​ထ​ရော​နစ် ကွန်ပျူတာ​များ​သည် ၂​၀ ရာ​စု အလယ်​ပိုင်း​က စ​တင်ပေါ်​ထွန်း​ခဲ့​သည်။ ထို​ရှေး​ဦး​ကွန်ပျူတာ​များ​မှာ အခန်း တစ်​ခန်း​စာ​မျှ ကြီးမား​ပြီး ခေတ်ပေါ်ပီ​စီ (တ​ကိုယ်​ရေ ကွန်ပျူတာ) ရာ​ပေါင်း​များ​စွာ​နှင့် ညီမျှ​သော စွမ်းအား​ကို သုံးစွဲ​ခဲ့​သည်။

ယနေ့​ခေတ်ပေါ် ကွန်ပျူတာ​များ​မှာ​မူ ထို​ရှေး​ဦး ကွန်ပျူတာ​များ​နှင့် နှိုင်းယှဉ်​ပါ​က အဆ သန်း​ပေါင်း​များ​စွာ ပို​၍ တွက်ချက်​စွမ်းဆောင်နိုင်​သည့်​အပြင် အရွယ်​အစား ပမာဏ​လည်း အဆ​ပေါင်း​များ​စွာ သေး​ငယ်​လှ​သည်။ အချို့ ကွန်ပျူတာ​များ​သည် အိပ်​ဆောင် သယ်ယူ​သွား​နိုင်​လောက်​အောက် သေး​ငယ်​ပြီး အားဖြည့်​သွင်း​ရာ​၌​လည်း ဓာတ်​ခဲ​အသေး​စား​များ​ကို​ပင် အသုံးပြု​နိုင်​သည်။ နည်း​ပညာ​ခေတ်​၏ ပြယုဂ်​များ​ပင်​ဖြစ်​သည့် သဏ္ဍန်​အမျိုး​မျိုးရှိ တ​ကိုယ်​ရေ​သုံး ကွန်ပျူတာ(ပီ​စီ)များ​ကို လူ​အများ​စု​က ကွန်ပျူတာဟု ခြုံ​ငုံ မှတ်​ယူခေါ်ဝေါ်​နေသော်​လည်း ကွန်ပျူတာ​များ​ကို အိပ်​ဆောင်​သီချင်း​ဖွင့်​စက်​များ​မှ​အစ တိုက်ခိုက်​ရေး​လေ​ယာဉ်​များ​အဆုံး၊ ကစား​စရာ​အရုပ်​များ​မှ​အစ ရို​ဘော့စက်​ရုပ်​များ​အဆုံး ထည့်​သွင်း​မြုပ်​နှံထား​သည်​ကို တွေ့​ရ​သည်။

သမိုင်း

Jacquard loom ပထမ​ဆုံး programmable device လို့​ဆို​လို့​ရ​ပါ​တယ်.
အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - သမိုင်း

ရှေး​ယခင်​က ကို သတ်​မှတ်​ဖို့ ရန်​အလွန်တရာ​မှ ခက်ခဲ​ခဲ့​သည်။ယခု​အချိန်​တွင်​မူ​ကို အမည်​အမျိုး​မျိုး ခေါ်ဝေါ်​သတ်​မှတ်​ခဲ့​ကြ​ပြီ​ဖြစ်​သည်။ ယခု​အချိန်​တွင်​မူ​ကိရိယာ​များ (Devices) တော်တော်​များ⁠များ​ကို တပ်​ပြီးခေါ်​နေ​ကြ​ပြီ​ဖြစ်​သည်။အစော​ဆုံး သည် တွက်ချက်​မှု​ပိုင်း​ကို ပေ​သီး(Abacus)များ​မှ စ​ခဲ့​သည်။ ပေ​သီး(Abacus)သည် ပထမ​ဆုံး​ဂဏန်း​ပေါင်း​စက် ပင်​ဖြစ်​သည်။ ပေ​သီး​ကို တရုတ်​ပြည်​တွင် စတင်​အသုံးပြု​ခဲ့​သည်။

အလယ်​ခေတ်​အရောက်​တွင် ဥ​ရော​ပ သင်္ချာ နှင့် အင်​ဂျင်​နီ​ယာ ပညာ​ရှင် Wilhelm Schickard က ၁​၆​၂​၃​ခု​နှစ် တွင် ပထမ​ဆုံး စက်​ပစ္စည်း​နှင့်​တွက်ချက်​သော​ဂဏန်း​ပေါင်း​စက်(Calculators) တစ်​ခု​ကို တည်ဆောက်​ခဲ့​သည်။သို့သော်​လည်း​ယခု​ခေတ်​တွင် ၎င်း ကိရိယာDevice ကို လို့ခေါ်​ဆို​၍ မ​ရ​တော့​ပေ။အဘယ်​ကြောင့်​ဆို သော်​၎င်း​ကိရိယာ​သည် Programmed ပါဝင်​ခြင်း​မ​ရှိ​သော​ကြောင့်​ဖြစ်​သည်။ ၁​၈​၀​၁ ခု​နှစ် တွင် Joseph Marie Jacquard သည် Textile ယက်​ကန်း​စက်​ကို အခြေ​ခံ​ပြီး Punched Paper Cards Series ကို အသုံးပြု​ပြီး သူ့​၏ ယက်​ကန်း​စက်​ကို အလို​အလျှောက် အလုပ်​လုပ်​စေ​ခဲ့​သည်။ Jacquard ၏ ယက်​ကန်း​စက်​မှ ရလဒ်​သည် ဖြစ်ပေါ်​တိုးတက်​လာ​စေ​ဖို့​ရန် အကြောင်းရင်း တစ်​ရပ်​ဖြစ်​သည်။ ၁​၈​၃​၇ ခု​နှစ် တွင် Charles Babbage သည် Programmable Mechanical Computer ကို စတင် Design ရေး​ဆွဲ​ခဲ့​သည်။ Analytical Engine ဟု​အမည်ပေး​ခဲ့​သည်။ ၁​၈​၉​၀ ခု​နှစ် အရောက် တွင်US Census က Punched Card အတွက် ကြီးမား​သော Scale Automated Data Processing စွမ်း​ဆောင်​ရည်​ရှိ​အောင် Tabulating Machines ကို Herman Hollerith က Designed ရေး​ဆွဲ​ခဲ့​သည်။ Computing Tabulating Recording Corporation ( ယခု​အခါ IBM ဖြစ်လာ​သည် ) က ထုတ်​လုပ်​ခဲ့​ပါ​သည်။ ၁​၉ ရာ​စု အကုန်​အရောက် တွင် တွေ​ဟာ အသုံးဝင်​သော​အရာ​တစ်​ခု​ဖြစ်လာ​ခဲ့​သည်။ သည် လူ​တို့ အတွက်​လို​အပ်​နေ​ပြီ​ဆို​တာ​က သက်သေပြ​လိုက်​ပြီး​ဖြစ်​သည်။ အဘယ်​ကြောင့်​ဆိုသော် Punched Card, Boolean Algebra , The Vacuum Tube (Thermionic Value) နဲ့ Teleprinter တွေ​ဟာ ပေါ်ပေါက်​ခဲ့​သော​ကြောင့်​ဖြစ်​သည်။၂​၀ ရာ​စု အတောအတွင်း​တွင် သိပ္ပံ​ပညာ​သည် များ​စွာ​တိုးတက်​မှု​ရှိ​လာ​ခဲ့​ပြီး Analog Computer များ​လည်း တိုး​တက်ပေါ်​ပေါက်​ခဲ့​သည်။ သို့သော်​လည်း​၎င်း များ​သည် Programmable မ​ဖြစ်​သည့်​အပြင် အခု​ခေတ် Digital များ​၏ တိ​ကျ​သော စွမ်း​ဆောင်​ရည် များ​လည်း​ပါဝင်​ခြင်း​မ​ရှိ​သေး​ပေ။

တမ်းပလိတ်:Early computer characteristics

ပ​ရို​ဂ​ရမ်

ခေတ်ပေါ်​ကွန်ပျူတာ​များ​နှင့် အခြား​သော စက်​ကိရိယာ​များ​၏ အဓိက​ကွာ​ခြား​ချက်​မှာ ခေတ်ပေါ် ကွန်ပျူတာ​များ​၏ ညွှန်​ကြား​ချက်​များ​ကို လို​အပ်​သ​လို ပြောင်းလဲ​ပြင်ဆင် ရေးသား​နိုင်​ခြင်း ဖြစ်​သည်။ တစ်​နည်း​အား​ဖြင့်​ဆိုသော် (ခေတ်ပေါ်)ကွန်ပျူတာ​များ​ကို စိတ်​ကြိုက် ညွှန်​ကြား​ချက်​များ ပေး​၍ လို​ရာ​ကို ဆောင်ရွက်​စေ​နိုင်​သည်။ ဗွန်​နူ​မန် (von Neumann) တည်ဆောက်​ပုံ​စနစ်​ကို အခြေ​ခံ​သော ခေတ်ပေါ်​ကွန်ပျူတာ အများ​စု​တွင် ကွန်ပျူတာ ညွှန်​ကြား​ချက်​များ​ကို ကွန်ပျူတာ ဘာသာ​စကား​များ​သုံး​၍ ရေးသား​ခိုင်း​စေ​နိုင်​သည်။

ကွန်ပျူတာ​ပ​ရို​ဂ​ရမ်​ဆို​သည်မှာ အမှန်​တော့ ညွှန်​ကြား​ချက်​များ အစုအဝေး​ကြီး​မျှ​သာ ဖြစ်​သည်။ အချို့​ပ​ရို​ဂ​ရမ်​များ​တွင် ညွှန်​ကြား​ချက် အနည်းငယ်​မျှ​သာ ပါဝင်​နေ​နိုင်​သ​လို ဘ​ရောက်​ဇာ၊ စာစီ​စာ​ရိုက် စ​သည့်​ကဲ့သို့ ပ​ရို​ဂ​ရမ်​များ​တွင် ညွှန်​ကြား​ချက်​ပေါင်း သန်း​ချီ​၍​လည်း ပါဝင်​နေ​နိုင်​သည်။ ခေတ်ပေါ်​ကွန်ပျူတာ​များ​သည် စက္ကန့်​ပိုင်း​မျှ​အချိန်​အတွင်း ညွှန်​ကြား​ချက်​များ သန်း​ထောင်​ချီ​၍ ဆောင်ရွက်​တွက်ချက်​နိုင်​ပြီး အမှား​အယွင်း​လည်း မ​ရှိ​သ​လောက်​ပင် ဖြစ်​သည်။ ညွှန်​ကြား​ချက်​များ သန်း​ပေါင်း​များ​စွာ ပါရှိ​သည့် ပ​ရို​ဂ​ရမ် အကြီး​စား​များ​ကို ပ​ရို​ဂ​ရမ်​မာ မြောက်​များ​စွာ​သုံး​၍ နှစ်​ပေါင်း​များ​စွာ အချိန်​ယူ​ကာ ရေးသား​ရ​ပြီး ဆောင်ရွက်​ရ​မည့် လုပ်​ငန်း​၏ ရှုပ်​ထွေး​မှုပေါ် မူ​တည်​၍ အမှား​အယွင်း​များ ပါ​စ​မြဲ​ပင် ဖြစ်​သည်။

ပ​ရို​ဂ​ရမ် တည်ဆောက်​ပုံ

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါးများ - ကွန်ပျူတာ ပ​ရို​ဂ​ရမ် နှင့် ကွန်ပျူတာ ပ​ရို​ဂ​ရမ်​ရေး​ခြင်း

ပုံ​မှန်​အား​ဖြင့် ကွန်ပျူတာ​ညွှန်​ကြား​ချက်​များ​မှာ ရိုး​စင်း​ပါ​သည်။ ဥပမာ ဂဏန်း​တစ်​ခု​နှင့် တစ်​ခု​ပေါင်း​ခြင်း၊ အချက်အလက်​များ​ကို တစ်​နေရာ​မှ တစ်​နေရာ​သို့ ရွှေ့​ခြင်း၊ ကွန်ပျူတာ​နှင့် တွဲ​ဖက်​သုံး​ကိရိယာ​များ​ကို အချက်​ပြ​ခြင်း​တို့ ဖြစ်​သည်။ ထို​ညွှန်​ကြား​ချက်​များ​ကို ကွန်ပျူတာ​၏ မှတ်ဉာဏ်​မှ ဖတ်​ယူ​ပြီး ဖတ်​ယူ​ရ​ရှိ​သည့် အစဉ်​အတိုင်း အတွက်​အချက် အစိတ်​အပိုင်း​က တစ်​ခု​ပြီး​တစ်​ခု ဆောင်ရွက်​သည်။ သို့သော် အထူး​ညွှန်​ကြား​ချက်​များ​ကို သုံး​၍ ရှေ့​သို့ ကျော်​၍သော်​လည်းကောင်း၊ နောက်သို့ ဆုတ်​၍သော်​လည်းကောင်း ပ​ရို​ဂ​ရမ်​အတွင်း​ရှိ အခြား​နေရာ​များ​ကို ဆောင်ရွက်​ရန် ခိုင်း​စေ​နိုင်​သည်။ ထို​သို့သော် ညွှန်​ကြား​ချက်​များ​ကို အခုန်​ညွှန်​ကြား​ချက်​များ​ဟု ခေါ်​သည်။ အခုန်​ညွှန်​ကြား​ချက်​များ​ကို သူ့​မ​တိုင်​မှီ​အရင် ညွှန်​ကြား​ချက်​များ​ကို တွက်ချက်​ရ​ရှိ​ထား​သည့် ရလဒ်​များပေါ်​မူ​တည်​၍ အခြေအနေ​အလိုက် ခုန်ကျော်​ရန်​လည်း ခိုင်း​စေ​နိုင်​သည်။ Many computers directly support subroutines by providing a type of jump that "remembers" the location it jumped from and another instruction to return to the instruction following that jump instruction.

တစ်နည်းအားဖြင့် ပ​ရို​ဂ​ရမ်​များ​ကို တွက်ချက်​ဆောင်ရွက်​ခြင်း​သည် စာအုပ်​တစ်​အုပ်​ကို ဖတ်​သည်​နှင့် တူ​သည်။ ပုံ​မှန်​အား​ဖြင့် စာအုပ်​တွင်း​ရှိ စာလုံး၊ စာ​ကြောင်း​များ​ကို အစီ​အစဉ်​တ​ကျ ဖတ်​လေ့​ရှိ​ကြသော်​လည်း တစ်​ခါ​တစ်​ရံ​တွင် နောက်သို့ ပြန်လှန်​ဖတ်​ခြင်း၊ စိတ်​မ​ဝင်စား​သည့် စာ​ပိုဒ်​များ​ကို​လည်း ကျော်​ဖတ်​ခြင်း​များ​ကို ပြုလုပ်​တတ်​ကြ​ပါ​သည်။ ထို​နည်းတူ​စွာ ကွန်ပျူတာ​များ​သည်​လည်း တစ်​ခါ​တစ်​ရံ ညွှန်​ကြား​ချက်​များ​ကို အခြေ​အနေပေါ်​မူ​တည်​၍ ရှေ့ကျော်၊ နောက်ကျော် ထပ်​ကာ​တ​လဲ​လဲ ဆောင်ရွက်​တတ်​သည်။ ဤ​သည်​ကို ပ​ရို​ဂ​ရမ်​ဆောင်ရွက်​မှု စီး​ဆင်း​ပုံ (flow of control) ဟုခေါ်​သည်။ ထိုသို့ ခုန်​ပြန်ကျော်​လွှား​ပြီး ညွှန်​ကြား​ချက်​များ​ကို ထပ်​ကာ​တ​လဲ​လဲ ဆောင်ရွက်​နိုင်​ခြင်း​ကြောင့် ကွန်ပျူတာ​များ​သည် လူ​သား​များ​၏ ထိန်း​ကွပ်​မှု​မ​ပါ​ပဲ အလို​အလျောက် လုပ်​ငန်း​ဆောင်​တာ​များ​ကို ဆောင်ရွက်​နိုင်​ခြင်း​ဖြစ်​သည်။

ဥပမာ​အား​ဖြင့် လူ​တစ်​ဦး​သည် အိပ်​ဆောင်​ဂဏန်း​တွက်​စက်​ကို သုံး​၍ ဂဏန်း​နှစ်​ခု ပေါင်း​ခြင်း​စ​သည့် အခြေ​ခံ​ဂဏန်းသင်္ချာ​များ​ကို ခ​လုပ်​တစ်​ခု၊ နှစ်​ခု နှိပ်​၍ လွယ်လင့်တကူ တွက်ချက်​နိုင်​သည်။ သို့သော် ၁​မှ ၁​၀⁠၀​၀​ကြား​တွင်း​ရှိ ဂဏန်း​အားလုံး​ကို ဂဏန်း​တွက်​စက်​ဖြင့် ပေါင်း​လို​ပါ​က ခ​လုပ်​များ​ကို အကြိမ်​ပေါင်း​များ​စွာ​နှိပ်​ရန် လို​အပ်​ပြီး ခ​လုပ်​များ မှားယွင်း​နှိပ်​မိ​ခြင်း​များ ဖြစ်​နိုင်​သ​လို အချိန်ကုန်​လူ​ပင်ပန်း​စရာ​ပင် ဖြစ်​ပါ​သည်။ အခြား​တစ်ဖက်​တွင်​မူ ကွန်ပျူတာ​များ​ကို ထိုသို့​ပေါင်း​ရန်​ကို ညွှန်​ကြား​ချက် အနည်းငယ်​မျှ​သုံး​၍ လွယ်လင့်တကူ ခိုင်း​စေ​နိုင်​သည်။

      mov #0, sum      ; sum ကို သုည​လို့ သတ်​မှတ်​ပါ။
      mov #1, num      ; num ကို တစ်​လို့ သတ်​မှတ်​ပါ။
loop: add num, sum     ; num ကို  sum ထဲ ပေါင်း​ထည့်​ပါ။
      add #1, num      ; num ကို တစ်​ပေါင်း​ပါ။
      cmp num, #1000   ; num နှင့် ၁​၀⁠၀​၀ ကို နှိုင်းယှဉ်​ပါ။
      ble loop         ; num <= 1000, 'loop' သို့ နောက်ပြန်​သွား​ပါ။
      halt             ; ပ​ရို​ဂ​ရမ်​ကို အဆုံးသတ်​ပါ။

အထက်​ပါ ပ​ရို​ဂ​ရမ်​ကို စတင်​လိုက်​ပါ​က ကွန်ပျူတာ​က ထပ်​တ​လဲ​လဲ ပေါင်း​တွက်​ရ​မည့် အပိုင်း​ကို လူ​အကူအညီ ကွပ်​ကဲ​မှု မ​ပါ​ပဲ အလို​အလျောက် တွက်ချက်​ပေး​ပါ​မည်။ ထို​တွက်ချက်​မှု​သည် အမှား​အယွင်း​ကင်း​သ​လို ခေတ်ပေါ်​ကွန်ပျူတာ​အများ​စု​သည် ထို​တွက်ချက်​မှု​ကို တစ်​စက္ကန့်​၏ အပုံ​တစ်​သန်း​ပုံ တစ်​ပုံ​မျှ​အတွင်း ဆောင်ရွက်​နိုင်​ပါ​လိမ့်​မည်။[၁]

အလုပ်​လုပ်​ပုံ​များ

ယေဘုယျ​သုံး တွင် အဓိက လေး​မျိုး​မှာ ဂဏန်း သင်္ချာ နှင့် လော့​ဂျစ် အစိတ်​အပိုင်း (arithmetic and logic unit)၊ ထိန်း​ချူပ် အစိတ်​အပိုင်း (control unit)၊ မှတ်ဉာဏ်(Memory Device) နှင့် အသွင်း အထုတ် ကိရိယာ (I/O) များ​တို့ ဖြစ်​သည်။ ၄င်း အစိတ်​အပိုင်း တို့​ကို ဝါ​ယာ​ကြိုးများ အတွဲ​လိုက်​ဖြစ်​သော ဘတ်စ် များ ဖြင့် တွယ်​ချိတ်​ထား​သည်။

ထိန်း​ချူပ် ဌာန

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - စီ​ပီ​ယူ

ထိန်း​ချူပ် ဌာန (control unit, often called a control system or CPU) သို့မဟုတ် စီ​ပီ​ယူ သည် ၏ အစိတ်​အပိုင်း မျိုး​စုံ​ကို လမ်း​ဆောင်​သည်။ ၄င်း​သည် ပ​ရို​ဂ​ရမ်ညွှန်​ကြား​ချက်များ​ကို တစ်​ကြောင်း​ခြင်း ဖတ်​ရှု ပြီး အဓိပ္ပါယ် ပြန်​သည်။ ထိန်း​ချူပ် ဌာန​သည် အဆင့်​မြင့်​သော များ​တွင် ၄င်း​ညွှန်​ကြား​ချက် အစဉ်​များ​ကို မြန်ဆန်​စေ​ရန်​အတွက် ခုံကျော် ဖတ်​ရှု ခြင်း လုပ်​လေ့​ရှိ​သည်။

ထိန်း​ချူပ်​ဌာန ၏ အဓိက မှာ ပ​ရို​ဂ​ရမ် ကောင်​တာ၊ နောက် ညွှန်​ကြား​ချက် ကို ဘယ်​နေရာ​မှ ဖက်​ရှု​မည် ကို မှတ်သား​ထား​သော အထူး သို​လှောင်​ရာ ရာ​ဂျစ်​စ​တာ တို့​ဖြစ်​သည်။

MIPS architecture ၏ ညွှန်​ကြား​ချက် ကို ထိန်း​ချူပ် ဌာန​မှ ဖတ်​ရှု​ပုံ ဖော်​ပြ​သော ပုံ​ကြမ်း

ထိန်း​ချူပ် ဌာန​၏ အလုပ်​များ​မှာ နောက် စီ​ပီ​ယူ​များ​တွင် ကွာ​ခြား​နိုင်သော်​လည်း အခြေ​ခံ​မှာ အောက်​ပါ​အတိုင်း​ဖြစ်​သည်။

  1. ပ​ရို​ဂ​ရမ် ကောင်​တာ ညွှန်ပြ​သော အခန်း​မှ လာ​မည့် ညွှန်​ကြား​ချက် (instruction) ကုဒ်​ကို ဖတ်​ပါ။
  2. ၄င်း​ညွှန်​ကြား​ချက် ကုဒ်​ကို အဓိပ္ပါယ် ပြန်​ပြီး အမိန့်​ပေး​ချက် (command) များ သို့မဟုတ် အခြား​စက်​များ​၏ အဝင်​လှိုင်း (signal) များ အဖြစ် လုပ်ဆောင်​ပါ။
  3. ညွှန်​ကြား​ချက် အသစ်​ရေး​ရန် ပ​ရို​ဂ​ရမ် ကောင်​တာကို တစ်​ခု​မြင့်​ပါ။
  4. ညွှန်​ကြား​ချက် ပါ​လျှင် မှတ်ဉာဏ်(Memory Device) အခန်း​များ​မှ အချက်အလက်​များ​ကို ဖက်​ပါ။ များ​သော​အား​ဖြင့် ၄င်း​ဖက်​ရှု​ရ​မည့် အခန်း​နံပါတ်​ကို ညွှန်​ကြား​ချက် ကုဒ် ထဲ​မှာ​ပင် သိမ်းဆည်း​လေ့​ရှိ​သည်။
  5. ညွှန်​ကြား​ချက် သည် အေ​အယ်လ်​ယူ သို့မဟုတ် အထူး​စက်​များ​မှ လုပ်ဆောင်​ချက်​များ လို​အပ်​လျှင် ၄င်း​စက်​အား မောင်း​နှင်​ပါ။
  6. အေ​အယ်လ်​ယူ​မှ အဖြေ​ကို မှတ်ဉာဏ်(Memory Device)တွင်း​သို့ ပြန်လည်​သိမ်းဆည်း​ပါ သို့မဟုတ် ပ​ရင့်​တာ ကဲ့သို့ ပုံနှိပ်​စက် များ​တွင် ထုတ်​ပါ။
  7. အစ အဆင့် (၁) သို့ ပြန်သွား​ပါ။

ဂဏန်း သင်္ချာ နှင့် လော့​ဂျစ် ဌာန

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါးများ - Arithmetic logic unit နှင့် အေယ်လ်​ယူ

ဂဏန်း သင်္ချာ နှင့် လော့​ဂျစ် အစိတ်​အပိုင်း (Arithmetic and logic unit, ALU) ခေါ် အေယ်လ်​ယူ သည် ဂဏန်း သင်္ချာ နှင့် လော့​ဂျစ် ဆောင်ရွက်​မှု အပိုင်း နှစ်​ခု ကို​လုပ်ဆောင်​သည်။

ဂဏန်း သင်္ချာ လုပ်ဆောင်​မှု​တွင် ALU သည် အခြေ​ခံ​များ​ဖြစ်​သည့် အပေါင်းအနုတ်အမြှောက်အစားတြီ​ဂို​နို​မေ​တြီ ဖန်​ရှင်များ နှင့် square root တို့ လုပ်ဆောင်​သည်။ အချို့​သော လုပ်ဆောင်​မှု များ​မှာ ကိန်း​ပြည့်များ​တို​တာ လုပ်ဆောင်​နိုင်​ပြီး အချို​မှာ တိ​ကျ​မှု ရော့​ကျ​နိုင်သော်​လည်း ဒ​ဿ​မ ကိန်း (floating point) မှ ကိန်း​စစ် (real number) များ​အထိ လုပ်ဆောင်​နိုင်​သည်။ သို့သော်၊ မည်​သည့် မ​ဆို မည်​မျှ​ပင် ခက်ခဲ​သော အလုပ်​ဖြစ်​ပါ​စေ တစ်​ဆင့်​ခြင်း လွယ်ကူ​သော အဆင့်​များ​အဖြစ် ပြောင်း​လည်း​စေ​ခြင်း​ဖြင့် စွမ်းဆောင်နိုင်​သည်။ ထို့​ကြောင့် မည်​သည့် မ​ဆို ဘယ်​လို ဂဏန်းသင်္ချာ​ပြဿနာ​မ​ဆို ဖြေ​ရှင်း​နိုင်​ပြီး ၄င်း​၏ အေယ်လ်​ယူ က တိုက်ရိုက် ဖြေ​ရှင်​၍​မ​ရ​ပါ​က သွယ်​ဝိုက်​သော​နည်း​ဖြင့် ဖြေ​ရှင်း​နိုင်​သည်။

အေယ်လ်​ယူ​သည် ဂဏန်း​များ​ကို နှိုင်းယှဉ်​ပြီး အဖြေ​ကို လော့​ဂျစ်​များ​ဖြစ်​သည့် မှား​မှန် တန်ဖိုး အဖြစ်​လည်း အဖြေ​ထုတ်​နိုင်​သည်။ လော့​ဂျစ် လုပ်ဆောင်​မှု​များမှာ ANDORXOR နှင့် NOT တို့​ဖြစ်​သည်။ ၄င်း​တို့​သည် ခတ်​ခဲသော် စဉ်းစား ဆင်ခြင်​မှု​များ နှင့် လော့​ဂျစ် လုပ်ဆောင်​မှု​များ အတွက် အသုံးဝင်​သည်။

စူ​ပါ ကွန်ပျူတာများ​သည် အေယ်လ်​ယူ များ​စွာ​ပါ​ပြီး တစ်​ပြိုင်​နက်​တည်း များ​စွာ​သော ညွှန်​ကြား​ချက်​များ​ကို လုပ်ဆောင်​နိုင်​သည်။ ကွန်ပျူတာ​တွင် SIMD နှင့် MIMD များ​ပါ​လျှင် ဂျီ​ပီ​ယူ ခေါ် ရုပ်​ပိုင်း​ဆိုင်​ရာ လုပ်ဆောင်​မှု​များ​တွင် အေယ်လ်​ယူ​က ဗက်​တာ နှင့် မတ်​ထ​ရစ် တို့​အတွက် ဂဏန်းသင်္ချာ​နည်း​အဖြစ် ကူညီ​လုပ်ဆောင်​ပေး​သည်။

မှတ်ဉာဏ်(Memory Device)

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - ကွန်ပျူတာ မှတ်ဉာဏ်
ဖိုင်:Magnetic core memory.jpg
သံ​လိုက် ချက်မ မီ​မို​ရီ မှာ ၁​၉​၆​၀ များ​အထိ တစ်​ချိန်​က ကျော်​ကြား​ခဲ့​သော အဓိက ကွန်ပျူတာ မှတ်ဉာဏ်(Memory Device) ဖြစ်​ပြီး ယခု​ခေတ်​တွင် ဆီမီး​ကွန်​ဓာတ်​တာ မှတ်ဉာဏ် အဖြစ် ပြောင်း​သုံး​သည်

ကွန်ပျူတာ မှတ်ဉာဏ် တစ်​ခု​ကို ဂဏန်း​များ ပို့​သွင်း သို့မဟုတ် ဖတ်​ရှု​နိုင်​သည့် အခန်း​ငယ် အတန်း​များ အဖြစ် မြင်​နိုင်​သည်။ အခန်း​တိုင်း​တွင် လိပ်စာ (address) တစ်​ခု ရှိ​ပြီး ဂဏန်း​တစ်​လုံး​သာ မှတ်ယူ​နိုင်​သည်။ ကွန်ပျူတာ​ကို အခန်း​နံပါတ် ၁​၃​၅​၇ တွင် ဂဏန်း ၁​၂​၃ ရေး​ပါ​ဟု​၄င်း၊ အခန်း​နံပါတ် ၁​၃​၅​၇ မှ​ဂဏန်း​ကို အခန်း​နံပါတ် ၂​၄​၅​၆ မှ​ဂဏန်း ဖြင့်​ပေါင်း​၍ အခန်း​နံပါတ် ၁​၅​၉​၅ သို့ ရေး​ပါ​ဟု​၄င်း ညွှန်​ကြား​နိုင်​သည်။ ၄င်း​ဂဏန်း​မှာ လက်တွေ့​အား​ဖြင့် မည်​သည့်​ကို​မ​ဆို ရည်ညွှန်း​နိုင်​သည်။ ဂဏန်း​နံပါတ်​များ​သာ​မက ကွန်ပျူတာ ညွှန်​ကြား​ချက် များ​ပင် ဂဏန်း အဖြစ် အလွယ်​တစ်​ကူ မှတ်ယူ​နိုင်​သည်။ စီ​ပီ​ယူ အနေ​ဖြင့် ၄င်း​ဂဏန်း​မှာ မည်​သည့် အကြောင်း​ဖြစ်​သည်​ဟု မ​ခွဲ​ခြား​သော​ကြောင့် ပ​ရို​ဂ​ရမ်ရေး​သူ အနေ​ဖြင့် မှတ်ဉာဏ် ကို ဂဏန်း​အဖြစ်​ထား​ပြီး စွယ်စုံ သုံး​နိုင်​သည်။

ခေတ်ပေါ် ကွန်​ပျု​တာ အားလုံး​နီးပါး​သည်​မှတ်ဉာဏ်​အခန်း​များ​၏ ရှစ်​ခု​ပါ ဘစ် (bit) များ​ကို ဘိုက် (byte) ခေါ် အစု​အဖြစ် ထား​ရှိ​သိမ်း​ပေး​သည်။ ဘိုက် တစ်​ခု​သည် ၀​မှ ၂​၅​၅ အထိ​၎င်း သို့မဟုတ် -၁​၂​၈ မှ +၁​၂​၇ အထိ​၎င်း ၂​၅​၆ မျိုး မှတ်ယူ​နိုင်​သည်။ ပို​၍​ကြီး​သော ဂဏန်းများ ကို​မှတ်ယူ​ရန် နောက် ဘိုက် တစ်​ခု ထပ်​ယူ​နိုင်​သည်။ များ​သော​အား​ဖြင့် ၂ ခု၊ ၄ ခု သို့မဟုတ် ၈ ခု တို့​ဖြစ်​ကြ​သည်။ အနှုတ် ဂဏန်း​များ​ကို မှတ်ယူ​ရန် Two's complement သင်္ကေတ ကို အသုံးပြု​ရန်လို​အပ်​သည်။ ကွန်​ပျု​တာ တစ်​ခု​သည် မည်​သည့် အကြောင်းအရာ​မ​ဆို ကိန်း ဖြစ်​သာဖေါ်​ပြ​၍​ရ​ပါ​က သိမ်း​ပေး​ထား​နိုင်​သည်။ ခေတ်ပေါ် ကွန်​ပျု​တာ​များ​သည် မီ​မို​ရီ ဘိုက်​ပေါင်း ဘီ​လီ​ရမ် သို့မဟုတ် ထ​ရီ​လီ​ရမ် အထိ​ပင် ရှိ​ကြ​သည်။

စီ​ပီ​ယူ​တွင် အထူး​ပြုလုပ်​ထား​သော ပင်မ မီ​မို​ရီ​ထက် များ​စွာ လျှင်​မြန်​စွာ ရေး​ဖတ်​နိုင်​သော ရီ​ဂျစ်​စ​တာ မီ​မို​ရီ ပါရှိ​သည်။ များ​သော​အား​ဖြင့် စီ​ပီ​ယူ အမျိုး​အစားပေါ် မှု​တည်​၍ ရီ​ဂျစ်​စ​တာ မီ​မို​ရီ​ပေါင်း တစ်​ရာ​မှ နှစ်​ရာ အထိ ပါရှိ​သည်။ ရီ​ဂျစ်​စ​တာ မီ​မို​ရီ​ကို မ​ကြာ​ခဏ အသုံးပြု​သော ဒေ​တာ များ​ကို ပင်မ မီ​မို​ရီ သုံး​ရန်​မ​လို​ပဲ ဖတ်​ရှု​ရန် သုံး​သည်။

ကွန်​ပျု​တာ မီ​မို​ရီ​တွင် အဓိက နှစ်​မျိုး​တို့​မှာ random access memory ခေါ် RAM နှင့် read-only memory ခေါ် ROM တို့ ဖြစ်​ကြ​သည်။ RAM ကို စီ​ပီ​ယူ အနေ​ဖြင့် လို​အပ်​သ​လို ရေး​နိုင်​ဖတ်​နိုင်သော်​လည်း ROM သည် အပြီး​ရေး​သွင်း​ထား​ပြီး စီ​ပီ​ယူ အနေ​ဖြင့် မ​ရေးသား​နိုင်​ပဲ ဖတ်​ရုံ​သာ ဖတ်​နိုင်​သည်။ များ​သော​အား​ဖြင့် RAM ရှိ မှတ်သား​ထား​သည်​များ​ကို ကွန်​ပျု​တာ​ပိတ်​သည်​နှင့် ပျက်​သွား​သည်။ ROM ရှိ မှတ်သား​ထား​သည်​များ​မှာ ဆက်လက်​ကျန်​ရှိ​သည်။ ကွန်​ပျု​တာ​တွင် ROM သည် BIOS ခေါ် အထူး ပ​ရို​ဂ​ရမ် မှ စက်​မောင်း​စနစ် ကို hard disk drive မှ RAM ပေါ်​သို့ တင်​ရန် ကွန်​ပျု​တာ​ဖွင့်​တိုင်း သုံး​သည်။

အသွင်း အထုတ် ကိရိယာ​များ

I/O ခေါ် အသွင်း အထုတ် ကိရိယာ​များ သည် ပြင်​ပ အရာ​များ​နှင့် ကွန်ပျူတာ တို့ သ​တင်း အချက်အလက် အပြန်​အလှန် သယ်ယူ​ရာ အစိတ်​အပိုင်း ဖြစ်​သည်။ ကွန်ပျူတာ​၏ အသွင်း အထုတ် ပြု​ရာ ကိရိယာ ကို peripheral ဟု ခေါ်​သည်။ တစ်​ယောက်​သုံး ကွန်ပျူတာ တစ်​ခု​တွင် အသွင်း ကိရိယာ​များ ဖြစ်​သော ကီး​ဘုတ်မောက်စ် နှင့် အထုတ် ကိရိယာ​များ ဖြစ်​သော မော်​နီ​တာပ​ရင်​တာ တို့ ထုံးစံ​အား​ဖြင့် ပါ​သည်။

အခြား အကြောင်းအရာ​များ

ဟာဒ်​ဝဲ

Computer ရဲ့​ထိ​တွေ့​ကိုင်တွယ်​နိုင်​သော အစိတ်​အပိုင်း​များ​သည် Computer Hardware များ​ဖြစ်​သည်။ သို့မဟုတ် လျှပ်စစ်​ပတ်​လမ်း​တွေ​ကို အနု​စိတ် ဖန်တီး​ပြီး​တော့ Micro Chip Integrated Circuit တွေ​အဖြစ် ပေါင်း​စပ်​ဖွဲ့​စည်း​အလုပ်​လုပ်​စေ​တဲ့ (I/O Device) တွေ​ကို Hardware ဟုခေါ်​ဆို​သည်။

ဆော့ဖ်​ဝဲ

Computer Hardware များ​ကို​အလုပ် ခိုင်း​စေ​နိုင်​ရန်​အတွက် စီစဉ်​ဖန်တီး​ထား​သော ညွှန်​ကြား​ချက်​များ (Instructions) အမိန့်​များ (Commands) သည် Computer Software များ​ဖြစ်​ကြ​သည်။ ဥပမာ​တစ်​ခု​ပြ​ရ​လျှင် စီ​ဒီ​ချပ်​သည် အမာ​ထည်(Hardware) ဖြစ်​ပြီး၊ ယင်း​စီ​ဒီ​ထဲ​ရှိ သီချင်း​များ၊ ရုပ်​ရှင်​များ​သည် အပျော့​ထည်(Software) များ​ဖြစ်​ကြ​သည်။

Computer software
Operating System Unix/BSD UNIX System V, AIX, HP-UX, Solaris (SunOS), IRIX, List of BSD operating systems
GNU/Linux List of Linux distributions, Comparison of Linux distributions
Microsoft Windows Windows 95, Windows 98, Windows NT, Windows 2000, Windows XP, Windows Vista,Windows 7, Windows CE
DOS 86-DOS (QDOS), PC-DOS, MS-DOS, FreeDOS
Mac OS Mac OS classic, Mac OS X
Embedded and real-time List of embedded operating systems
Experimental Amoeba, Oberon/Bluebottle, Plan 9 from Bell Labs
Library Multimedia DirectX, OpenGL, OpenAL
Programming library C standard library, Standard template library
Data Protocol TCP/IP, Kermit, FTP, HTTP, SMTP
File format HTML, XML, JPEG, MPEG, PNG
User interface Graphical user interface (WIMP) Microsoft Windows, GNOME, KDE, QNX Photon, CDE, GEM
Text user interface Command line interface, shells
Application Office suite Word processing, Desktop publishing, Presentation program, Database management system, Scheduling & Time management, Spreadsheet, Accounting software
Internet Access Browser, E-mail client, Web server, Mail transfer agent, Instant messaging
Design and manufacturing Computer-aided design, Computer-aided manufacturing, Plant management, Robotic manufacturing, Supply chain management
Graphics Raster graphics editor, Vector graphics editor, 3D modeler, Animation editor, 3D computer graphics, Video editing, Image processing
Audio Digital audio editor, Audio playback, Mixing, Audio synthesis, Computer music
Software Engineering Compiler, Assembler, Interpreter, Debugger, Text Editor, Integrated development environment, Performance analysis, Revision control, Software configuration management
Educational Edutainment, Educational game, Serious game, Flight simulator
Games Strategy, Arcade, Puzzle, Simulation, First-person shooter, Platform, Massively multiplayer, Interactive fiction
Misc Artificial intelligence, Antivirus software, Malware scanner, Installer/Package management systems, File manager
ဖိုင်:Computer parts.jpg
ကွန်ပျူတာ​၏ အစိတ်​အပိုင်း​များ

Firmware

Hardware, Firmware, Software

Firmware သည် ပထမ​ဦးစွာ Hardware များ​ကို သက်ဝင်​လှုပ်ရှား​စေ​ပြီး Software များ​က​အလုပ်​စေခိုင်း​စေ​နိုင်​ရန် ကြား​ခံ ဆောင်ရွက်​ပေး​သော ညွှန်​ကြား​ချက်​များ (Instructions) ဖြစ်​သည်။ Firmware သည် Hardware နှင့် Software ကြား​မှ Interface တစ်​ခု​ဖြစ်​သည်။

ကွန်ပျူတာ​များ ဘယ်​လို​အလုပ် လုပ်​သ​နည်း

အခြေ​ခံ​အား​ဖြင့် ကွန်ပျူတာ​မှာ the arithmetic and logic unit (ALU), the control unit, the memory, and the input and output devices (collectively termed I/O) ဆိုပြီး အပိုင်း​လေး​ပိုင်း ပါဝင်​ပါ​တယ်။အဲ​ဒီ အပိုင်း​များ​ကို​တော့ wire များ​ကို​စုစည်း​ပြီး​ပြုလုပ်​ထား​တဲ့ Busses များ​နဲ့​ဆက်​သွယ်​ထား​ပါ​တယ်။

ကျမ်း​ကိုး​စာရင်း​များ

  1. This program was written similarly to those for the PDP-11 minicomputer and shows some typical things a computer can do. All the text after the semicolons are comments for the benefit of human readers. These have no significance to the computer and are ignored. Digital Equipment Corporation 1972