ဟဲလဖက်မြို့: တည်းဖြတ်မှု မူကွဲများ
အရေးမကြီး r2.7.2+) (ရိုဘော့က ပေါင်းထည့်နေသည် - simple:Halifax (former city) |
အရေးမကြီး r2.7.1) (ရိုဘော့က ပေါင်းထည့်နေသည် - fa:هلیفکس |
||
စာကြောင်း ၃၃ - | စာကြောင်း ၃၃ - | ||
[[en:Halifax (former city)]] |
[[en:Halifax (former city)]] |
||
[[fa:هلیفکس]] |
|||
[[simple:Halifax (former city)]] |
[[simple:Halifax (former city)]] |
၂၀:၅၁၊ ၂၈ ဒီဇင်ဘာ ၂၀၁၂ ရက်နေ့က မူ
ဟဲလဖက်မြို့
ဟဲလဖက်မြို့သည် ကနေဒါနိုင်ငံ၊ နိုဗာစကိုးရှားပြည်နယ်၏မြို့တော်ဖြစ်သည်။ ပြည်နယ်အရှေ့ဘက်ကမ်းခြေတွင်တည်ရှိ၍ ကမ်းရိုးတန်းနယ်များ၌ အကြီးဆုံးဆိပ်ကမ်း မြို့ဖြစ်သည်။ ဆောင်းအခါ၌ စိန်လောရင့်မြစ်ရေခဲသောကြောင့် မွန်းထရီးအောမြို့နှင့်ကွီဗက်မြို့တို့၏ဆိပ်ကမ်းများကို ပိတ်ထားရစဉ်ဟဲလဖက်ဆိပ်ကမ်းတွင် ရေခဲကင်းရှင်းလျက်ရှိသဖြင့်ကုန်တင်ကုန်ချလုပ်ငန်းကို အခြေမပျက်ဆောင်ရွက်နိုင်သည်။ ဟဲလဖက်မြို့သည် ကနေဒါနိုင်ငံသမိုင်းခေတ်ဦးက ခံတပ်မြို့ဖြစ်သည့်နည်းတူ ယခုအခါ၌လည်း အတ္တလန္တိတ်သမုဒ္ဒရာဘက်ဆိုင်ရာ ကနေဒါနိုင်ငံရေတပ်မတော်၏ ဌာနချုပ်စခန်းဖြစ်သည်။ ဟဲလဖက်မြို့သည် မွန်းထရီးအောမြို့ အရှေ့ဘက် ရ၄ရ မိုင်အကွာတွင်တည်ရှိ၍ကနေဒါနိုင်ငံဖြတ်မီးရထားလမ်းမကြီး နှစ်ခုအတွက် လမ်းဆုံးမြို့လည်းဖြစ်သည်။ ဟဲလဖက်မြို့၌ သကြားစက်ရုံ၊ ဓာတ်ဆီချက်စက်ရုံ၊ သင်္ဘောတည်ဆောက်သည့် လုပ်ငန်း၊စက်ကိရိယာလုပ်ငန်းစသောစက်မှုလုပ်ငန်းများ ထွန်းကား၍ ငါး၊ သစ်၊ ပန်းသီးတို့ကိုတင်ပို့ရောင်းချသည်။ ဟဲလဖက်မြို့ကို ဗြိတိသျှတို့က ၁၇၄၉ ခုနှစ်တွင် တည်ထောင်ခဲ့သည်။ ၁၇၅ဝ ပြည့်နှစ်တွင် နိုဗာစကိုးရှားပြည်နယ်၏ မြို့တော်ဖြစ်လာသည်။ အားဘွဲ့ခံ ဟဲလဖက်မြို့စားကို ဂုဏ်ပြုသည့်အနေဖြင့် မြို့အမည်ကို ဟဲလဖက်ဟုခေါ်တွင်စေသည်။ ပထမကမ္ဘာစစ်နှင့်ဒုတိယကမ္ဘာစစ်အတွင်းကဟဲလဖက်မြို့သည် မဟာမိတ်တို့အတွက်စစ်ပစ္စည်းများတင်ပို့ရာဆိပ်ကမ်းမြို့ ဖြစ်ခဲ့သည်။ ဟဲလဖက်မြို့တွင်လူဦးရေ ၁၉၈၁၉၃ ယောက် (၁၉၆၆)နေထိုင်လေသည်။[၁]
ကိုးကား
- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)