မန်ချက်စတာ ယူနိုက်တက်: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
အရေးမကြီး r2.7.1) (ရိုဘော့က တည်းဖြတ်နေသည် - az:Mançester Yunayted F.K.
အရေးမကြီး r2.7.3) (ရိုဘော့က တည်းဖြတ်နေသည် - sco:Manchester United F.C.
စာကြောင်း ၁၇၉ - စာကြောင်း ၁၇၉ -
[[ro:Manchester United FC]]
[[ro:Manchester United FC]]
[[ru:Манчестер Юнайтед]]
[[ru:Манчестер Юнайтед]]
[[sco:Manchester Unitit F.C.]]
[[sco:Manchester United F.C.]]
[[sh:Manchester United F.C.]]
[[sh:Manchester United F.C.]]
[[simple:Manchester United F.C.]]
[[simple:Manchester United F.C.]]

၁၁:၄၀၊ ၂၈ ဒီဇင်ဘာ ၂၀၁၂ ရက်နေ့က မူ

Manchester United F.C.
Manchester United's emblem
အသင်းအမည်မန်ချက်စတာယူနိုက်တက် ဘောလုံးကလပ်
အခြားအမည်သရဲနီ[၁]
တည်ထောင်နှစ်၁၈၇၈ တွင် နယူတန် ဟိသ် LYR ဘောလုံးကလပ် အဖြစ်စတင်ခဲ့သည်။
အိမ်ကွင်းအိုးထရတ်ဒ်ဖို့ဒ်
တရတ်ဒ်ဖို့ဒ်
ဂရိတ် မန်ချက်စတာ
အင်္ဂလန်
(လူဝင်ဆံ့မှု: ၇၅၈၁၁[၂])
ပိုင်ရှင် အမေရိကန် ဂလေဇာ မိသားစု
ဥက္ကဋ္ဌ အမေရိကန် ဂျိုအဲဂလေဇာ နှင့် အာဗရမ် ဂလေဇာ
မန်နေဂျာ စကော့တလန် ဆာအဲလက်စ်ဖာဂူဆန်
ကစားသည့်လိဂ်ပရီးမီးယားလိဂ်
၂၀⁠၁၁–၁၂ပရီးမီးယားလိဂ်၊ ဒုတိယ
ဝက်ဘ်ဆိုဒ်Club home page
အိမ်ကွင်း အရောင်
အဝေးကွင်း အရောင်
လက်ရှိ ရာသီ
ကပ္ပတိန် ဆားဘီးယား နီမန်ဂျာ ဗီဒစ်

မန်ချက်စတာယူနိက်တက်သည် ဂရိတ်တာမန်ချက်စတာ၊ တရတ်ဒ်ဖို့ဒ်ရှိ အိုးတရတ်ဒ်ဖို့ဒ်ဘောလုံးကွင်းကို အခြေပြုသော အင်္ဂလန် ဘောလုံးကလပ်တစ်ခုဖြစ်ပြီး ကမ္ဘာပေါ်တွင် လူသိများ အထင်ရှားဆုံးသော ဘောလုံးကလပ်တစ်ခုဖြစ်သည်။ တကမ္ဘာလုံး၌ အားပေးသူပရိသတ်ပေါင်း သန်း ၃⁠၃၀ ကျော်မျှရှိပြီး ပရိသတ်ပေါင်းမှာ ကမ္ဘာ့လူဦးရေ၏ ၅ရာခိုင်နှုန်းမျှရှိသည်။ မန်ချက်စတာယူနိုက်တက်သည် အင်္ဂလန်ပရီးမီးယားလိဂ်ကို ၁၉⁠၉၂-ခုနှစ်တွင် စတင်တည်ထောင်စဉ်ကတည်းက ပါဝင်ခဲ့သော အဖွဲ့ဝင်ဖြစ်ပြီး အင်္ဂလန်ဘောလုံးလောက၏ အမြင့်ဆုံး အဆင့်အတန်းတွင် ကစားနေခဲ့သည်မှာ ၁၉၇၄-၇၅ ဘောလုံးရာသီတစ်ခုမှလွဲလျှင် ၁၉၃၈ခုနှစ်ကတည်းကပင်ဖြစ်သည်။ အင်္ဂလန်ဘောလုံးလောကတွင် ကလပ်ကို ပျှမ်းမျှလာရောက်အားပေးသူ အများဆုံးအနေနှင့် ၁၉၆၄-၆၅ ခုနှစ်ကတည်းက ရှိခဲ့သည်မှာ ဘောလုံးရာသီ ၆ခုမှလွဲ၍ ဖြစ်သည်။

ကလပ်သည် အင်္ဂလန်ဘောလုံးသမိုင်းတွင် ဒုတိယမြောက် အအောင်မြင်ဆုံးကလပ်ဖြစ်ပြီး လတ်တလောအချိန်တွင် အအောင်မြင်ဆုံးကလပ်ဖြစ်သည်။ ဆာအဲလက်စ်ဖာဂူဆန် မန်နေဂျာအဖြစ်စတင်တာဝန်ယူခဲ့သည့် ၁၉၈၆ နိုဝင်ဘာလမှစ၍ နာမည်ကြီးဖလားပေါင်း ၂၀ကျော် ကို ဆွတ်ခူးခဲ့ပြီးဖြစ်သည်။ မန်ချက်စတာယူနိုက်တက်သည် ၂၀၁၁ခုနှစ်တွင် အင်္ဂလန်၏ အဆင့်မြင့်တန်း ဖလားကို ၁၉ ကြိမ်မြောက်ဆွတ်ခူးပြီး စံချိန်သစ်တင်ထားသည်။ ၁၉၆၈ ခုနှစ်တွင် အက်စ်အယ်လ် ဘင်ဖီကာ (S.L. Benfica)အသင်းကို ၄ဂိုး-၁ဂိုးဖြင့် အနိုင်ရရှိပြီး ဥရောပဖလားကို ပထမဦးဆုံးဆွတ်ခူးခဲ့သော အင်္ဂလန်ဘောလုံးကလပ်ဖြစ်လာခဲ့သည်။ ၁၉⁠၉၉ ခုနှစ်တွင် ယခင်တစ်ကြိမ်တစ်ခါမှ မကြုံဖူးသော ဘောလုံးကလပ်တစ်ခုတည်းမှ ဖလား ၃ခုကို တစ်ရာသီတည်းတွင် ဆွတ်ခူးခဲ့သောအောင်ပွဲတွင် ဥရောပဖလားကို ဒုတိယအကြိမ် ဆွတ်ခူးခဲ့သည်။ တတိယအကြိမ်မြောက် ဥရောပဖလားကိုမူ ၂၀⁠၀၈ ခုနှစ် ပထမဖလားရပြီး နှစ် ၄၀ ခန့်အကြာတွင် ရရှိခဲ့သည်။ မန်ချက်စတာယူနိုက်တက်သည် အက်ဖ်အေဖလား ကို အများဆုံးဆွတ်ခူးခဲ့သူစံချိန်ကို ဖလား (၁⁠၁)ခုဖြင့်တင်ထားခဲ့သည်။

၁၉⁠၉၀လွန် နှောင်းပိုင်းခုနှစ်များမှစ၍ မန်ချက်စတာယူနိုက်တက်သည် ဘောလုံးကလပ်များတွင် အမြတ်အစွန်းအများဆုံးရရှိသော ကလပ်တစ်ခုဖြစ်လာပြီး ကမ္ဘာပေါ်တွင် အချမ်းသာဆုံးဘောလုံးကလပ်များတွင် တစ်ခုအပါအဝင်ဖြစ်လာခဲ့သည်။ အခုလက်ရှိအချိန်တွင် ၂၀⁠၀၈ ခုမေလ၌ တန်ဖိုး စတာလင်ပေါင် ၈၉၇ မီလီယံ (ယူရို ၁၃⁠၃၃ မီလီယံ ဒေါ်လာ/အမေရိကန် ၁.၈ ဘီလီယံဒေါ်လာဖြင့် ကမ္ဘာပေါ်တွင် အချမ်းသာဆုံးနှင့် တန်ဖိုးအရှိဆုံး ဘောလုံးကလပ်အဖြင့် အဆင့်အတန်းသတ်မှတ်ထားသည်။ မန်ချက်စတာယူနိုက်တက်သည် ယခုအခါမရှိတော့ပြီဖြစ်သော ဥရောပဘောလုံးကလပ်များ၏ ဦးဆောင်အဖွဲ့အစည်း G-14 အဖွဲ့နှင့် ထိုအဖွဲ့ကို အစားထိုးဖွဲ့စည်းသော ဥရောပကလပ်များအသင်း(European Club Association) ကို စတင်ထည်ထောင်ခဲ့သော အဖွဲ့ဝင်တစ်ဦးလည်းဖြစ်သည်။

အဲလက်စ်ဖာဂူဆန်သည် ကလပ်၏မန်နေဂျာအဖြစ် ၁၉၈၆-ခုနှစ်၊ နိုဝင်ဘာလ ၆ရက်မှ စတင်တာဝန်ယူခဲ့သည်။ ကလပ်အသင်း၏ လက်ရှိ အသင်းခေါင်းဆောင်မှာ နီမန်ဂျာ ဗီဒစ် ဖြစ်သည်။

ဘဏ္ဍာရေး

အသင်းကို မူလက လန်ကက်ရှိုင်းယားနှင့် ယော့(ခ်) ရှိုင်းယား မီးရထား ကုမ္ပဏီက စတင်တည်ထောင်ပေးထားခြင်း ဖြစ်ပြီး ၁၈၉၂ ခုနှစ်တွင် အများပိုင် ကုမ္ပဏီ ဖြစ်လာသည်။ အစုတစ်စု၏ တန်ဖိုးမှာ တစ်ပေါင် (£1) ဖြစ်သည်။ ၁၉၀၂ ခုနှစ်တွင် ဒေဝါလီ ခံရမည့် အရေးမှ သူဌေး (၄) ဦးမှ ပေါင် (၅၀၀) ဖြင့် ဝယ်ယူ ပိုင်ဆိုင်ခဲ့သည်။ ထိုသူဌေး (၄) ဦးတွင် ကလပ်အသင်း၏ မန်နေဂျာ ဥက္ကဋ္ဌ ဖြစ်လာမည့် ဂျေ၊ အိတ်(ချ်) ဒေးဗီး(စ်) လည်း ပါဝင်သည်။ ၁၉၂၇ ခုနှစ်တွင် သူ ကွယ်လွန်သည့်အခါ၌ ဒေဝါလီ ခံရမည့် ဒုက္ခကို တွေ့ရပြန်လေတော့သည်။ သို့သော် ၁၉၃၁ ခုနှစ် ဒီဇင်ဘာလတွင် ဂျိမ်း(စ်) ဒဗလျူ ဂစ်(ဘ်)ဆင်က ပေါင် (၂,၀⁠၀၀) ဖြင့် ကလပ်အသင်းကို ပိုင်ဆိုင်ခဲ့သည်။ နောက် (၃) နှစ်အကြာ ဂစ်(ဘ်)ဆင် ကွယ်လွန်သော်လည်း သူ့မိသားစုကပင် ကလပ်အသင်းကို ပိုင်ဆိုင်ထားသည်။

၂၀⁠၀၅-ခုနှစ်တွင် အမေရိကန်သူဌေး ဂလေဇာ မိသားစုက အသင်းကို ရာနှုန်းပြည့် ပိုင်ဆိုင်သွားသည်။

သမိုင်းကြောင်း

၁၈၇၈-ခုနှစ်တွင် မန်ချက်စတာယူနိုက်တက် အသင်းကို Newton Heath မြို့ရှိ Lancashire and Yorkshire မီးရထား ဘူတာရုံ၏ Carriage and Wagon ဌာနမှ ဝန်ထမ်းများကထူထောင်ခဲ့သည်။ မူလအစက Newton Heath LYR Football Club လို့နာမည်ပေးခဲ့သော်လည်း ၁၉၀၂-ခုနှစ်၊ ဧပြီလ(၂၄)ရက်နေ့တွင် မန်ချက်စတာယူနိုက်တက်ဟု တရားဝင်ပြောင်းလဲခေါ်ဆိုခဲ့သည်။

ဖာဂူဆန်လက်ထက် (၁၉၈၆ မှ ယနေ့ထိ)

နည်းပြ Atkinson ထုတ်ခံရပြီး ဆာအဲလက်စ်ဖာဂူဆန်နှင့် သူ၏လက်ထောက်နည်းပြ Archie Knox တို့ ရောက်ရှိလာပြီး ထိုနှစ်တွင် အဆင့် (၁၁)ဖြစ် အဆုံးသတ်ခဲ့သည်။ ၁၉၈၇-၁၉၈၈ နှစ်တွင် ဒုတိယရရှိခဲ့သော်လည်း နောက်နှစ်တွင်မူ အဆင့် (၁၁)ဖြင့် အဆုံးသတ်ခဲ့ရသည်။ ၁၉၉၃-ခုနှစ်တွင် အမှတ်ပေးဖလားကို ၁၉၆၇-ခုနှစ် နောက်ပိုင်း ပထမဆုံးအကြိမ် ရရှိခဲ့သည်။ ၁၉၉၈-၁၉၉၉ ခုနှစ် ဘောလုံးရာသီသည် မန်ချက်စတာယူနိုက်တက်အတွက် အအောင်မြင်ဆုံးရာသီဖြစ်ခဲ့သည်။ အင်္ဂလန်ဘောလုံးသမိုင်း တစ်လျှောက်တွင် ပထမဆုံးအကြိမ် Premier League၊ FA ဖလားနှင့် Champion League ဖလားသုံးလုံး တစ်ပြိုင်တည်း ရသော အသင်းဖြစ်လာခဲ့သည်။

၂၀၁၀-၂၀၁၁ ဘောလုံးရာသီတွင် မန်ချက်စတာအသင်းသည် (၁၉)ကြိမ်မြောက် အမှတ်ပေးဖလားကို ရရှိပြီး ယခင်လစ်ဗာပူးလ် ဘောလုံးအသင်း ရယူထားခဲ့တဲ့ (၁၈)ကြိမ်မြောက် စံချိန်ကို ချိုးယူခဲ့ခြင်းဖြစ်သည်။

ထောက်ခံအားပေးမှု

မန်ချက်စတာယူနိုက်တက် အသင်းသည် ကမ္ဘာပေါ်တွင် အိမ်ကွင်းပရိတ်သတ် အများဆုံးနှင့်အတူ ရေပန်းအစားအဆုံး ဘောလုံးကလပ်တစ်ခုအဖြစ် လူသိများကျော်ကြားသည်။ အားကစားဆိုင်ရာ အကြံပေး အဖွဲ့အစည်းဖြစ်တဲ့ Deloitte ၏ ခန့်မှန်းချက်အရ မန်ချက်စတာယူနိုက်တက် အသင်းအား အားပေးသူ ၇၅သန်းကျော်ရှိပြီး တစ်ခြား အဖွဲ့အစည်း ခန့်မှန်းချက်အရ သန်း ၃၃၃ ကျော်ရှိကြောင်း သိရှိရသည်။

ပထမ အသင်းလူစာရင်း

As of 5 September 2012.[၃]

Note: Flags indicate national team as defined under FIFA eligibility rules. Players may hold more than one non-FIFA nationality.

No.   နေရာ   ကစားသမား
1 စပိန်နိုင်ငံ GK ဒေးဗစ်ဒီဂီယာ
2 ဘရာဇီးနိုင်ငံ DF ရာဖေး
3 ပြင်သစ်နိုင်ငံ DF အဲဗရာ (ဒုတိယအသင်းခေါင်းဆောင်)
4 အင်္ဂလန်နိုင်ငံ DF ဖီးလ်ဂျုန်းစ်
5 အင်္ဂလန်နိုင်ငံ DF ရီယိုဖာဒီနန်
6 မြောက်အိုင်ယာလန် DF ဂျွန်နီအီဗန့်စ်
7 အီကွေဒေါနိုင်ငံ MF ဗလင်စီယာ
8 ဘရာဇီးနိုင်ငံ MF အန်ဒါဆန်
10 အင်္ဂလန်နိုင်ငံ FW ဝိန်းရွန်နီ
11 ဝေလနိုင်ငံ MF ရိုင်ယန်ဂစ်
12 အင်္ဂလန်နိုင်ငံ DF စမောလင်း
13 ဒိန်းမတ်နိုင်ငံ GK လင်ဒီဂတ်
14 မက္ကဆီကိုနိုင်ငံ FW ဂျာဗီယာ ဟာနန်ဒက်ဇ်
15 ဆားဘီးယားနိုင်ငံ DF နီမန်ဂျာ ဗီဒစ် (အသင်းခေါင်းဆောင်)
No.   နေရာ   ကစားသမား
16 အင်္ဂလန်နိုင်ငံ MF မိုက်ကယ်ကာရစ်
17 ပေါ်တူဂီနိုင်ငံ MF လူးဝစ်နာနီ
18 အင်္ဂလန်နိုင်ငံ MF အက်ရှလေယန်း
19 အင်္ဂလန်နိုင်ငံ FW ဒန်နီ ဝဲလ်ဘက်ခ်
20 နယ်သာလန်နိုင်ငံ FW ဗန်ပါစီ
21 ချီလီနိုင်ငံ FW ဟင်းနစ်ရစ်
22 အင်္ဂလန်နိုင်ငံ MF ပေါလ်စခိုး
23 အင်္ဂလန်နိုင်ငံ MF တွမ်ကလီဗာရေး
24 စကော့တလန်နိုင်ငံ MF ဖလက်ချာ
25 အင်္ဂလန်နိုင်ငံ MF ပါဝဲလ်
26 ဂျပန်နိုင်ငံ MF ရှင်ဂျီကာဂါဝါ
27 အီတလီနိုင်ငံ FW မာချီဒါ
28 နယ်သာလန်နိုင်ငံ FW ဘတ်နာ
33 ပေါ်တူဂီနိုင်ငံ FW ဘီဘီ

အငှား

Note: Flags indicate national team as defined under FIFA eligibility rules. Players may hold more than one non-FIFA nationality.

No.   နေရာ   ကစားသမား
ဘရာဇီးနိုင်ငံ DF ဖေဘီယို (ကွင်းစ်ပတ်ခ် ရိန်းဂျား တွင် ၃၀ ဇွန် ၂၀၁၃ အထိ အငှားသွားရောက်ကစား)
No.   နေရာ   ကစားသမား
အင်္ဂလန်နိုင်ငံ GK ဘင်အာမို့ (ဟားလ်စီးတီး တွင် ၃၀ ဇွန် ၂၀၁၃ အထိ အငှားသွားရောက်ကစား)

မန်ချက်စတာယူနိက်တက်အသင်း၏အောင်မြင်မှုများ

  • အမှတ်ပေးချန်ပီယံ − (၁၉) ကြိမ် (၁၉၀၈၊ ၁၉၁၁၊ ၁၉၅၂၊ ၁၉၅၆၊ ၁၉၅၇၊ ၁၉၆၅၊ ၁၉၆၇၊ ၁၉၉၃၊ ၁၉၉၄၊ ၁၉၉၆၊ ၁၉၉၇၊ ၁၉၉၉၊ ၂၀၀၀၊ ၂၀၀၁၊ ၂၀၀၃၊ ၂၀၀၇၊ ၂၀၀၈၊ ၂၀၀၉၊ ၂၀၁၁)
  • အက်ဖ်အေ ဖလားချန်ပီယံ − (၁၁) ကြိမ် (၁၉၀၉၊ ၄၈၊ ၆၃၊ ၇၇၊ ၈၃၊ ၈၅၊ ၉၀၊ ၉၄၊ ၉၆၊ ၉၉၊ ၂၀၀၄)
  • ကားလင်းဖလား − (၄) ကြိမ် (၁၉၉၂၊ ၂၀၀၆၊ ၂၀၀၉၊ ၂၀၁၀)
  • ကွန်မြူနတီဒိုင်းချန်ပီယံ − (၁၉) ကြိမ် (၁၉၀၈၊ ၁၉၁၁၊ ၁၉၅၂၊ ၁၉၅၆၊ ၁၉၅၇၊ ၁၉၆၅၊ ၁၉၆၇၊ ၁၉၇၇၊ ၁၉၈၃၊ ၁၉၉၀၊ ၁၉၉၃၊ ၁၉၉၄၊ ၁၉၉၆၊ ၁၉၉၇၊ ၂၀၀၃၊ ၂၀၀၇၊ ၂၀၀၈၊ ၂၀၁၀၊ ၂၀၁၁)
  • ချန်ပီယံလိဂ်ဖလား − (၃) ကြိမ် − (၁၉၆၈၊ ၁၉၉၉၊ ၂၀၀၈)
  • ဥရောပရှုံးထွက်ဖလား − (၁) ကြိမ် (၁၉၉၁)
  • ဥရောပစူပါဖလား − (၁) ကြိမ် (၁၉၉၄)

ရည်ညွှန်းကိုးကား

  1. Manchester United Football Club။ Premier League။ 2008-03-02 တွင် ပြန်စစ်ပြီး။
  2. Manchester Unitedpremierleague.com။ Premier League။ 30 November 2011 တွင် ပြန်စစ်ပြီး။
  3. First Team။ ManUtd.com (Manchester United)။ 31 August 2012 တွင် ပြန်စစ်ပြီး။

တမ်းပလိတ်:Link FA