ကစ်ရှမြို့: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
အရေးမကြီး ရိုဘော့က ပေါင်းထည့်နေသည် - bg:Киш
အရေးမကြီး r2.7.3) (ရိုဘော့က ပေါင်းထည့်နေသည် - lt:Kišas
စာကြောင်း ၃၅ - စာကြောင်း ၃၅ -
[[ka:ქიში]]
[[ka:ქიში]]
[[ko:키시]]
[[ko:키시]]
[[lt:Kišas]]
[[nl:Kiš]]
[[nl:Kiš]]
[[no:Kisj]]
[[no:Kisj]]

၂၁:၀၃၊ ၂၆ ဒီဇင်ဘာ ၂၀၁၂ ရက်နေ့က မူ

အစောပိုင်း ဆူမာရှိ ကစ်ရှမြို့ နှင့် အခြားမြို့များ

အီရတ်နိုင်ငံ၏မြို့တော်ဖြစ်သော ဘဂ္ဂဒက်မြို့၏ တောင်ဘက် မိုင် ၁ဝဝ ခန့်အကွာ၊ ယူဖရေးတီးနှင့် တိုင်းဂရစ်မြစ်များအကြားတွင် မြို့ပျက်နေရာတစ်ခုတည်ရှိ၏။ ယင်း မှာ ရှေးနှစ်ပေါင်း ၅ဝဝဝ ခန့်က လူနေအိမ်ခြေစည်ကားလျက် ခမ်းနားကြီးကျယ်သော ကစ်ရှမြို့တည်ရာအရပ် ဖြစ်သည်။ထိုကစ်ရှမြို့မှာ ကမ္ဘာကိုရေလွှမ်းပြီးနောက် ရှေးဦးစွာ တည်ဆောက်ခဲ့သောမြို့ဖြစ်ကြောင်းနှင့် ထိုမြို့ပျက်နေရာ အတွင်းမှ တူးဖော်ရရှိသော ကျောက်စာများတွင် ဖော်ပြပါ ရှိသည်။ ထိုပြင် ဆူမီးယားရီးယန်းလူမျိုးတို့ ကောင်းစားစဉ်က မြို့တော်ဟောင်းကြီးဖြစ်ကြောင်းနှင့် ကမ္ဘာအရှေ့အနီးပိုင်းတွင် ယဉ်ကျေးမှု စတင်ထွန်းကားရာအရပ်ဖြစ်ခဲ့သည်ဟုလည်း ဆိုကြ သည်။ မြို့ပျက်အတွင်းရှိတောင်ပို့ကြီးတစ်ခုကို အမြင့်ဆုံးနေရာမှ အောက်ပေ ၆ဝ ခန့်နက်အောင် တူးဖော်ကြည့်ရာတွင် ကျောက် လက်နက်များကို အသုံးပြုသော ကျောက်ခေတ်မှ ခရစ်တော် ပေါ်ထွန်းသည့်ခေတ်အထိ ထိုကာလအပိုင်းအခြား အတွင်း အသုံးပြုခဲ့သော ရှေးဟောင်းယဉ်ကျေးမှုဆိုင်ရာ ဝတ္ထုပစ္စည်း များကို တွေ့ရှိခဲ့၏။ ထိုပြင် မြေအောက်ပေ ၄ဝ အနက်တွင် နုံးမြေဆီလွှာကို တွေ့ရှိရခြင်းကြောင့် ခရစ်တော်မပေါ်မီနှစ်ပေါင်း ၃ဝဝဝ ကျော်လောက်ကပင် ထိုမြို့ကို ရေလွှမ်းမိုးသွားခဲ့ဘူး သည်ဟု ယူဆကြ၏။ အချို့ကလည်း ထိုနုံးမြေဆီလွှာသည် သမ္မာကျမ်းစာတွင် ဖော်ပြပါရှိသော ရေလွှမ်းမိုးမှုကြီး၏ အထောက်အထားဖြစ်သည်ဟု ယုံကြည်ကြသည်။

[၁]

ကိုးကား

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁)