ဘရှိုး: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
အရေးမကြီး r2.7.2+) (Robot: Modifying rue:Мацуо Башо to rue:Мацуо Басё
အရေးမကြီး r2.7.3) (ရိုဘော့က ပေါင်းထည့်နေသည် - ky:Мацуо Басё
စာကြောင်း ၅၂ - စာကြောင်း ၅၂ -
[[kk:Мацуо Басё]]
[[kk:Мацуо Басё]]
[[ko:마쓰오 바쇼]]
[[ko:마쓰오 바쇼]]
[[ky:Мацуо Басё]]
[[la:Basho]]
[[la:Basho]]
[[lb:Matsuo Bashō]]
[[lb:Matsuo Bashō]]

၁၃:၀၂၊ ၈ ဒီဇင်ဘာ ၂၀၁၂ ရက်နေ့က မူ

ဖိုင်:MatsuoBashoChusonji.jpg
အီဝါတဲ၊ ဟိရိုင်းဇူမီရှိ ဘရှိုး၏ ရုပ်ထု

မတ်ဆုအို ဘရှိုး (Matsuo Bashō 松尾 芭蕉?) (1644 – November 28, 1694) ဆိုသည်မှာ ဂျပန်နိုင်ငံတွင် အဲဒိုခေတ်က ထင်ရှားကျော်ကြားခဲ့သော နာမည်ကျော် ဟိုက္ကူ ကဗျာ ဆရာ တစ်ဦး ဖြစ်သည်။ မွေးဖွားစဉ် အခါက အမည်မှာ မတ်ဆုအို ကင်ဆာကု ဖြစ်ပြီး နောင်တွင် မတ်ဆုအို ချုးမွန် မူနဲဖူဆာဟု အမည်ပြောင်းခဲ့သည်။ သူ၏ ကဗျာများမှာ နိုင်ငံတကာတွင် ကျော်ကြားပြီး ဂျပန်နိုင်ငံတွင်မူ သူ၏ ကဗျာများကို အထိမ်းအမှတ် အဆောက်အဦးများနှင့် ရိုးရာ အဆောက်အဦးများတွင် ရေးထွင်းထားလေ့ ရှိသည်။

ဘရှိုးမှာ ကဗျာကို ငယ်စဉ်ကတည်းကပင် စတင်လေ့လာခဲ့ပြီး အဲဒိုမြို့ (ယခု တိုကျိုမြို့) ပညာတတ် အသိုင်းအဝန်းတွင် ဝင်ရောက်သည့် အချိန်မှစ၍ ဂျပန်နိုင်ငံ တစ်နိုင်ငံလုံးတွင် သူ၏ အမည်မှာ ထင်ရှားကျော်ကြားလာခဲ့သည်။ သူသည် ကျောင်းဆရာ တစ်ဦး အဖြစ် အသက်မွေးဝမ်းကြောင်း ပြုခဲ့သော်လည်း မြို့တော်ရှိ စာပေနှင့် လူမှု အသိုင်းအဝိုင်းကို စွန့်ခွာခဲ့ပြီး တစ်နိုင်ငံလုံး အရှေ့၊ အနောက်နှင့် မြောက်ဘက် တောများအတွင်းထိ လှည့်လည်သွားခဲ့ပြီး စာရေးရန် အတွက် ကုန်ကြမ်း ရှာခဲ့သည်။ သူ၏ ကဗျာများမှာ သူတိုက်ရိုက် ထိတွေ့နေရသည့် ပတ်ဝန်းကျင် ကမ္ဘာ၏ လွှမ်းမိုးမှုများကို တွေ့ရပြီး ပတ်ဝန်းကျင် ရှုခင်းအား ခံစားရမှုများကို ရိုးရှင်းသော အဖွဲ့အနွဲ့များဖြင့် ဖွဲ့နွဲ့ပြလေ့ ရှိသည်။