အိပ်ချ် ဂျီ ဝဲလ်: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
အရေးမကြီး r2.6.5) (ရိုဘော့က တည်းဖြတ်နေသည် - el:Χ. Τζ. Γουέλς
အရေးမကြီး r2.7.1) (ရိုဘော့က ပေါင်းထည့်နေသည် - kab:Herbert George Wells
စာကြောင်း ၁၀၂ - စာကြောင်း ၁၀၂ -
[[ja:ハーバート・ジョージ・ウェルズ]]
[[ja:ハーバート・ジョージ・ウェルズ]]
[[ka:ჰერბერტ უელსი]]
[[ka:ჰერბერტ უელსი]]
[[kab:Herbert George Wells]]
[[ko:H. G. 웰스]]
[[ko:H. G. 웰스]]
[[la:Herbertus Georgius Wells]]
[[la:Herbertus Georgius Wells]]

၁၁:၄၉၊ ၃၀ နိုဝင်ဘာ ၂၀၁၂ ရက်နေ့က မူ

အိပ်ချ် ဂျီ ဝဲလ်

ဝဲ, အိပ်၊ ဂျီ(ခရစ် ၁၈၆၆ - ၁၉၄၆)

ဟားဗတ်ဂျော့ဝဲ (H. G. Wells) သည် စာဖတ်ပရိသတ်၏ စိတ်ကိုဆွဲဆောင်နိုင်လောက်အောင် တီထွင်ကြံဆ၍ ရေးသား တတ်သော အင်္ဂလိပ်စာရေးဆရာကျော်တစ်ယောက်ဖြစ်ပေသည်။ အိပ်၊ ဂျီ၊ဝဲဟူ၍ လူသိများသည်။ ဝဲသည် မိမိ၏အတွေးအခေါ်နှင့် အယူအဆများ ကို လူတန်းစားမရွေး လက်ခံနိုင်အောင်ရေးသားဖော်ပြနိုင်စွမ်းရှိသည်၊ သိပ္ပံ

ပညာရပ်ကိုအခြေခံ၍သော်လည်းကောင်း၊ သမိုင်းပညာရပ်ကို အခြေခံ၍သော် လည်းကောင်း၊ လူမှုရေးပညာရပ်ကို အခြေခံ၍သော်လည်းကောင်း မိမိ၏ အမြင်ကို ဝတ္ထုကြောင်းဖြင့် ပြုစုရေးသား၍ တင်ပြခဲ့သည်။

အိပ်၊ ဂျီ၊ဝဲသည် ကင့်ခရိုင်၊ ဗရွမ်လီမြို့တွင် ၁၈၆၆ ခုနှစ် စက်တင်ဘာလ ၂၁ ရက်နေ့၌ ဖွားမြင်သည်။ သူ၏ဖခင် ဂျိုးဇက်ဝဲသည် ကြေးတမ်းစား ကရစ်ကက်ကစားသမားဖြစ်၏။ အိပ်၊ ဂျီ၊ ဝဲ သည် ဗရွမ်လီ မြို့နှင့် ဆပ်ဆက်ခရိုင်၊ မစ်ဒဟပ်မြို့တို့တွင် ပညာသင်ကြားပြီးနောက် ဆေး တိုက်တစ်ခု၌လည်းကောင်း၊ အထည်တိုက်တစ်ခု၌လည်းကောင်း အလုပ် လုပ်ခဲ့ရသည်။ သို့ရာတွင် ဉာဏ်ကောင်းသူဖြစ်၍ ပညာသင်ဆုကို ရရှိသဖြင့် လန်ဒန်တက္ကသိုလ်၌ ပညာဆက်သင်ခဲ့ရာ ၁၈၈၈ ခုနှစ်တွင် သိပ္ပံဂုဏ်ထူးဘွဲ့ ကိုရခဲ့သည်။

အိပ်၊ ဂျီ၊ ဝဲသည် ကျောင်းဆရာအဖြစ်ဖြင့် ခေတ္တမျှလုပ်ကိုင်ပြီး လျှင် သတင်းစာဆရာ၊ စာရေးဆရာအဖြစ်သို့ ကူးပြောင်းလုပ်ကိုင်သည်။ ၁၈၉၅ ခုနှစ်တွင် သိပ္ပံအတတ်ကို အခြေပြု၍ အနှောင်းအဖြစ်ကို ဖော်ပြရေး သားသည့် သည်တိုင်းမရှင်း ခေါ်ဝတ္ထုကို ပထမဦးဆုံးပြုစုခဲ့လေသည်။ ထိုနောက် ကမ္ဘာများ၏စစ်ပွဲ(၁၈၉၈)၊ လဗိမာန်က ရှေးဦးလူ(၁၉ဝ၁)၊ နတ်တို့၏ဩဇာ(၁၉ဝ၄) အစရှိသော အလားတူဝတ္ထုစာအုပ်များကို ရေး သားပြုစုခဲ့ရသည်။

တစ်ဖန် အိပ်၊ဂျီ၊ ဝဲသည် မိမိ၏ လူနေမှုအတန်းအစားမှရရှိသော အတွေ့အကြုံကိုမှီး၍ လူ့ဘဝအစစ်အမှန်ကို ထုတ်ဖော်ရေးသားပြန်သည်။ ဝဲသည် ထိုကဲ့သို့သောဝတ္ထုမျိုးကိုရေးရာ၌ ရယ်ရွှင်ဖွယ်ဖြစ်အောင် ဘဝအခြေ အနေကိုသရော်ထားလေသည်။ ယင်းဝတ္ထုအမျိုးအစားတွင် အချစ်နှင့် မစ္စတာလူဝစ်ရှမ်(၁၉ဝဝ)၊ ကစ်ပစ(၁၉ဝ၅) နှင့် ထိမ်းမြားမဂ‡လာ (၁၉၁၂) စသည်တို့ပါဝင်သည်။

၁၉ဝ၈ ခုနှစ်တွင် လေကြောင်းစစ်ပွဲ ဟူသော စာအုပ်ဖြင့် ပထမကမ္ဘာစစ်အခြေကို ကြိုတင်သိမြင်နိုင်ခဲ့ခြင်းကို အကြောင်းပြု၍ ထိုစစ် အတွင်းက ပြည်တွင်းစစ်မျက်နှာကို သရုပ်ဖော်သည့် ဝတ္ထုဇာတ်လမ်းများ ကိုရေးသားပြန်သည်။

ပထမကမ္ဘာစစ်ပြီးသောအခါ ဝဲသည် လူမှုရေးနှင့် နိုင်ငံရေးအမြင် ကို ကမ္ဘာ့သမိုင်း အကျဉ်းချုပ်(၁၉၂၂)စာအုပ်တွင်ဖော်ပြခဲ့သည်။ ၁၉၂၂ ခုနှစ်နှင့် ၁၉၂၃ ခုနှစ်တွင်ကျင်းပသော အထွေထွေပါလီမန် ရွေးကောက်ပွဲ၌ လန်ဒန်တက္ကသိုလ်မှ လေဘာပါတီကိုယ်စားလှယ်အဖြစ် ဝင်ရောက်အရွေးခံ ရာ မအောင်မြင်ခဲ့ချေ။ ၁၉၂၉ ခုနှစ်တွင် ဂျူလီယန်ဟပ်စလေနှင့် သားဖြစ် သူ ဂျီ၊ ပီ၊ ဝဲတို့၏အကူအညီဖြင့် သည်ဆိုင်းယင့်အော့လိုက်ဖ ခေါ် ဇီဝ ဗေဒစစ်တမ်းစာအုပ်ကိုရေးခဲ့သည်။ တစ်ဖန် ၁၉၃၂ ခုနှစ်တွင် လူ့လောက နှင့်ဆိုင်၍ အလွန်ကျယ်ပြန့်သော စီးပွားရေး၊ ချမ်းသာရေး၊ ပျော်ရွှင်ရေးတို့ အကြောင်းကို စာအုပ်ပြုစုခဲ့သည်။

ထို့နောက် ဝဲသည် မိမိစိတ်ကူးဖြင့်ရည်မှန်းသော ကမ္ဘာ့ဓနသဟာ ယ ဖြစ်ပေါ်လာရေးနှင့်ဆိုင်သည့် စာအုပ်များကိုပြုစုရေးသားလေသည်။ ၁၉၃၃ ခုနှစ်တွင် နောင်ရေးကိုတွေးခေါ်၍ ဖြစ်လတ္တံ့သောအကြောင်းအရာ တို့ကို ဖြစ်ပေါ်လာမည့် အကြောင်းအရာများဟူသော စာအုပ်၌ ရေးသား တင်ပြခဲ့ရုံမျှမက မိမိကိုယ်တိုင် ရုပ်ရှင်ရိုက်ကူးခဲ့လေသည်။

အိပ်၊ ဂျီ၊ ဝဲသည် စာအုပ်ပေါင်းများစွာကို ရေးသားပြုစုခဲ့သည့် အပြင် မိမိ၏ စိတ်ကူးစိတ်သန်းကို ဖတ်ချင့်စဖွယ်ဖြစ်အောင် ဇာတ်လမ်း ဇာတ်ကွက်ဆင်၍ တင်ပြနိုင်စွမ်းရှိသောစာရေးဆရာဖြစ်ပေသည်။ သူသည် ၁၉၄၆ ခုနှစ် ဩဂုတ်လ ၁၃ ရက်န့တွင်လန်ဒန်မြို့၌ ကွယ်လွန်သည်။[၁]

ကိုးကား

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)