ဝီလျံ၊ သ ဆိုင်းလင့်: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
အရေးမကြီး r2.7.3) (ရိုဘော့က ပေါင်းထည့်နေသည် - id:William sang Pendiam
အရေးမကြီး r2.7.3) (ရိုဘော့က တည်းဖြတ်နေသည် - ar:فيلم الكتوم
စာကြောင်း ၃၇ - စာကြောင်း ၃၇ -
[[Category:နယ်သာလန်နိုင်ငံ]]
[[Category:နယ်သာလန်နိုင်ငံ]]


[[ar:وليام الكتوم]]
[[ar:فيلم الكتوم]]
[[arz:ويليام الصامت]]
[[arz:ويليام الصامت]]
[[az:Oranlı Vilhelm]]
[[az:Oranlı Vilhelm]]

၁၄:၄၁၊ ၂၁ နိုဝင်ဘာ ၂၀၁၂ ရက်နေ့က မူ

ဝီလျံ, သ ဆိုင်းလင့် (ခရစ် ၁၅၃၃ ခုနှစ် - ၁၅၈၄)

ဩရိန်းမင်းသား ဝီလျံ သ ဆိုင်းလင့် (English: William the Silent; Dutch: Willem de Zwijger) သည် ဒပ်ချ်သမ္မတနိုင်ငံ (နယ်သလန်) ကို တည်ထောင်ခဲ့သူဖြစ်သည်။ နိုင်ငံရေးရာကိစ္စ၌ ချင့်ချိန်တိုင်းထွာ၍ ပြောဆိုတတ်သောကြောင့် ဝီလျံ သ ဆိုင်းလင့်ဟု အမည်တွင်သည်။ နက်စိုးမြို့စား၏ သားဖြစ်၍ ၁၅၃၃- ခုနှစ်တွင် ဒီလင်ဗတ် ရဲတိုက် (Dillenburg Castle) ၌ ဖွားမြင်သည်။

ဝီလျံသည် ရောမဧကရာဇ် ပဉ္စမချားဘုရင်၏ နန်းတော်တွင် ကြီး ပြင်းလာခဲ့သူဖြစ်သည့်အပြင် ဘုရင်ကြီး၏ မြှောက်စားခြင်းကိုလည်း ခံရ သည်။ မိဘတို့သည် ပရိုတက်စတင့်ဂိုဏ်းဝင်များဖြစ်ကြသော်လည်း ဘုရင် ကြီး၏ အလိုဆန္ဒအရ သူသည် ရောမကက်သလစ် ဂိုဏ်းသို့ကူးပြောင်း ခဲ့သည်။ ၁၅၄၄ ခုနှစ်တွင် ဩရိန်းမင်းသားဘွဲ့ကို ဆက်ခံရရှိသည်။ ၁၅၅၅- ခုနှစ်တွင် နယ်သာလန်ရှိ စစ်တပ်တို့၏ တပ်မှူးအဖြစ် ခန့်အပ်ခြင်းခံရသည်။ ထိုနှစ်၌ပင် ချားဘုရင်ကြီးသည် နယ်သာလန်နိုင်ငံ အုပ်ချုပ်မှုကို သားတော် ဒုတိယ ဖိလစ်အား လွှဲအပ်ခဲ့သည်။ တစ်ဖန် ၁၅၅၆ ခုနှစ်တွင် ဖိလစ်သည် စပိန်ထီးနန်းကိုလည်း ခမည်းတော်ထံမှ ဆက်ခံရရှိလေသည်။

ထိုအခါက နယ်သာလန်နိုင်ငံသည် စပိန်ဘုရင်၏ လက်အောက်ခံ နိုင်ငံဖြစ်ခဲ့သည်။ ၁၅၅၉ ခုနှစ်တွင် ဖိလစ်ဘုရင်က ဝီလျံကို ဟော်လန်၊ ဇီလန်နှင့် ယူးထရက်တို့ အတွက် ဘုရင်ခံအဖြစ် ခန့်အပ်ခဲ့သည်။ သို့ရာတွင် ဖိလစ်ဘုရင်၏ စစ်ဗိုလ်ချုပ် အာလဗာမြို့စားသည် ဒပ်ချ်အမျိုးသားတို့ကို နှိပ်စက်ညှင်းပန်းသဖြင့် ဝီလျံသည် ဂျာမနီပြည်၊ ဒီလင်ဗတ်မြို့သို့ သွားရောက်၍ စပိန်အစိုးရကို တော်လှန်ရန် စီစဉ်လေသည်။ ပရိုတက်စတင့်ဂိုဏ်းသို့လည်း ကူးပြောင်းခဲ့သည်။ အစအဦးတွင် ဝီလျံခေါင်းဆောင်သော ဒပ်ချ်တော်လှန်ရေးသည် မအောင်မြင်ခဲ့ချေ။ သို့ရာတွင် ဝီလျံသည် ဇွဲသန်သန်ဖြင့် တော်လှန်ရေးကို ဆက်လက်ကြိုးပမ်းခဲ့ရာ ၁၉၈၁ ခုနှစ်၌ နယ်သာလန်မြောက်ပိုင်း ပြည်နယ်ခုနစ်နယ်တို့သည် စပိန်၏ ကြီးစိုးမှုအောက်မှ လွတ်မြောက်၍ ဒပ်ချ်သမ္မတနိုင်ငံအဖြစ် ကြေညာခဲ့သည်။ ထိုသို့အားဖြင့် နယ်သာလန်နိုင်ငံဟူ၍ သီခြားနိုင်ငံ ဖြစ်ပေါ်ခဲ့လေသည်။

ဒုတိယ ဖိလစ်ဘုရင်ကလည်း ဝီလျံကို ဖမ်းဆီးပေးနိုင်သူအား ဆုငွေချီးမြှင့်မည်ဟူ၍ ကြေညာထားသည်။ ဝီလျံသည် ဒက်ဖရိုင်တွင် နေထိုင်စဉ် ၁၅၈၄ ခုနှစ်၊ ဇူလိုင်လ ၁ဝ ရက်နေ့၌ ဗာလသာဇာ ဂျဲရတ် ဆိုသူ လူသတ်သမားတစ်ဦး၏ လုပ်ကြံခြင်းကိုခံရ၍ အနိစ္စရောက်လေသည်။ ဝီလျံသည် နယ်သာလန်နိုင်ငံ လွတ်လပ်ရေးနှင့် စည်းလုံးညီညွတ် ရေးကို အုတ်မြစ်ချပေးခဲ့သူဖြစ်သဖြင့် ဒပ်ချ်သမ္မတနိုင်ငံ၏ ဖခင်ဟု ဥဒါန်း တွင်ရစ်ခဲ့လေသည်။[၁]

ကိုးကား

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)