မန်ချက်စတာ စီးတီး: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
အရေးမကြီး r2.7.3) (ရိုဘော့က ပေါင်းထည့်နေသည် - scn:Manchester City; cosmetic changes
အရေးမကြီး r2.7.2) (ရိုဘော့ ပေါင်းထည့်နေသည် - so:Manchester city တည်းဖြတ်နေသည် - vi:Manchester City F.C.
စာကြောင်း ၁၇၄ - စာကြောင်း ၁၇၄ -
[[sk:Manchester City FC]]
[[sk:Manchester City FC]]
[[sl:Manchester City F.C.]]
[[sl:Manchester City F.C.]]
[[so:Manchester city]]
[[sr:ФК Манчестер сити]]
[[sr:ФК Манчестер сити]]
[[sv:Manchester City FC]]
[[sv:Manchester City FC]]
စာကြောင်း ၁၈၀ - စာကြောင်း ၁၈၁ -
[[uk:Манчестер Сіті]]
[[uk:Манчестер Сіті]]
[[uz:Manchester siti]]
[[uz:Manchester siti]]
[[vi:Manchester City]]
[[vi:Manchester City F.C.]]
[[zh:曼彻斯特城足球俱乐部]]
[[zh:曼彻斯特城足球俱乐部]]
[[zh-yue:曼城足球會]]
[[zh-yue:曼城足球會]]

၁၈:၁၂၊ ၇ နိုဝင်ဘာ ၂၀၁၂ ရက်နေ့က မူ

မန်ချက်စတာစီးတီး
A crest depicting a shield with a eagle behind it. ON the shield is a picture of a ship, the initials M.C.F.C. and three diagonal stripes. Below the shield is a ribbon with the motto "Superbia in Proelia". Above the eagle are three stars.
အသင်းအမည်Manchester City Football Club
အခြားအမည်The Citizens, The Blues, City
တည်ထောင်နှစ်၁၈၈၀
as St Mark's (West Gorton)
အိမ်ကွင်းCity of Manchester Stadium
(လူဝင်ဆံ့မှု: 47,726[၁])
ပိုင်ရှင်Sheikh Mansour bin Zayed Al Nahyan
ဥက္ကဋ္ဌKhaldoon Al Mubarak
မန်နေဂျာရော်ဘတ်တို မန်စီနီ
ကစားသည့်လိဂ်ပရီးမီးယားလိဂ်
၂၀⁠၁၁–၁၂ပရီးမီးယားလိဂ်၊ ချန်ပီယံ
ဝက်ဘ်ဆိုဒ်Club home page
အိမ်ကွင်း အရောင်
အဝေးကွင်း အရောင်
တတိယ အရောင်
လက်ရှိ ရာသီ

သမိုင်းကြောင်း

မန်ချက်စတာ စီးတီး ဘောလုံးကလပ်သည် အင်္ဂလိပ် ပရီးမီးယားလိဂ်တွင် ကစားသော ဘောလုံးကလပ် တစ်ခုဖြစ်ပြီး မန်ချက်စတာမြို့ ကစားကွင်းတွင် အခြေစိုက်သော အသင်းဖြစ်သည်။ ၁၈၈၀ ခုနှစ်တွင် စိန့်မတ်ခ် (ဝက်စ် ဂေါ်တွန်) (St. Mark's (West Gorton)) အမည်ဖြင့် စတင်တည်ထောင်ခဲ့ပြီး ၁၈၈၇ ခုနှစ်တွင် အာ့ဒ်ဝစ်ခ် အသင်း (Ardwick Association) အမည် ဖြစ်လာကာ ၁၈၉၄ ခုနှစ်တွင်မှ လက်ရှိ အမည်သို့ ပြောင်းလဲခဲ့သည်။

ကလပ်၏ အအောင်မြင်ဆုံး အချိန်ကာလများမှာ ၁၉၆၀ ခုနှစ်များ နှောင်းပိုင်း နှင့် ၁၉၇၀ နှစ်များ အစောပိုင်းတို့ ဖြစ်ပြီး ထိုအချိန်များတွင် သူတို့သည် လိဂ် ချန်ပီယံရှစ်၊ အက်ဖ်အေဖလား၊ လိဂ်ဖလားတို့ကို ရရှိခဲ့သည်။ ထိုအချိန်က အသင်းအုပ်ချုပ်သူများမှာ ဂျိုးမာဆာနှင့် မယ်လ်ကွန် အယ်လစ်ဆန် တို့ဖြစ်ပြီး နာမည်ကျော် ကစားသမားများမှာ ကောလင်းဘဲလ်၊ မိုက်ခ် ဆမ်းမားဘီး နှင့် ဖရန်စစ် လီး တို့ ဖြစ်ကြသည်။

၁၉၇၆ ခုနှစ် လိဂ်ဖလား ရရှိပြီးသည့် နောက်ပိုင်းတွင် ကလပ် အနေနှင့် နာမည်ကျော် ဖလား တစ်ခုမှ မရရှိတော့ပေ။ ၁၈၈၀ ခုနှစ် ကလပ် စတင်တည်ထောင်သည့် အချိန်မှစ၍ ဖလားမရသည့် နှစ် အကြာရှည်ဆုံး ကာလပင် ဖြစ်သည်။ ၁၉၉၀ ပြည့်နှစ်များတွင် ၃ နှစ်အတွင်း နှစ်ကြိမ်မျှ အောက်တန်း ဆင်းရပြီး ၁၉၉၈-၉၉ ခုနှစ်တွင် ၁၃၁ ခုနှစ် ကလပ် သမိုင်းကာလ အတွင်း ပထမဆုံး နှင့် တစ်ကြိမ်တည်းသော အကြိမ်အဖြစ် တတိယတန်းတွင် ကစားခဲ့ရသည်။ ထိုအချိန်မှစ၍ ကလပ်၏ ခြေစွမ်းပြန်တက်လာခဲ့ပြီး သူတို့၏ သမိုင်းကြောင်းတွင် တောက်ပခဲ့သော အချိန်ကာလများ တွင် ရှိခဲ့သော ခြေစွမ်းကဲ့သို့ ပြန်ဖြစ်လာခဲ့သည်။

၂၀၀၈ ခုနှစ် ဩဂတ်လတွင် အဘူဒါဘီယူနိုက်တက်အုပ်စုမှ ဝယ်ယူခဲ့ပြီးနောက် ကမ္ဘာအချမ်းသားဆုံးကလပ်အသင်းဖြစ်လာခဲ့သည်။ မန်ချက်စတာ စီးတီးအသင်းသည် ၂၀၁၁ခုနှစ်တွင် ချန်ပီယံလိဂ်ဖလားဝင်ခွင့်ရရှိခဲ့ပြီး ရာသီကုန်တွင် အက်ဖ်အေ ဖလားကိုရယူနိုင်ခဲ့သည်။ ၂၀၁၁-၁၂ ဘောလုံးရာသီတွင် မန်ချက်စတာ စီးတီးအသင်းသည် နှစ်ပေါင်း(၄၄) နှစ်ကြာဝေးကွာနေသော ပရီးမီးယားလိဂ် ဖလားကိုရယူနိုင်ခဲ့သည်။

ပထမ အသင်းလူစာရင်း

As of 2nd September2012.[၂]

Note: Flags indicate national team as defined under FIFA eligibility rules. Players may hold more than one non-FIFA nationality.

No.   နေရာ   ကစားသမား
1 အင်္ဂလန်နိုင်ငံ GK ဂျိုးဟတ်
2 အင်္ဂလန်နိုင်ငံ DF မီကာရစ်ချတ် (ဒုတိယအသင်းခေါင်းဆောင်)
3 ဘရာဇီးနိုင်ငံ DF မိုင်ကွန်
4 ဘယ်လ်ဂျီယမ်နိုင်ငံ DF ကွန်ပနီ (အသင်းခေါင်းဆောင်)
5 အာဂျင်တီးနားနိုင်ငံ DF ဇာဘလက်တာ
6 အင်္ဂလန်နိုင်ငံ DF လက်စကော့စ်
7 အင်္ဂလန်နိုင်ငံ MF မီလ်နာ
8 ပြင်သစ်နိုင်ငံ MF နာဆရီ
10 ဘော့စနီးယားနှင့် ဟာဇီဂိုဗီးနားနိုင်ငံ FW ဇီကို
11 အင်္ဂလန်နိုင်ငံ MF ဆင်ကလဲယား
13 ဆားဘီးယားနိုင်ငံ DF ကိုလာရော့
14 စပိန်နိုင်ငံ FW ဂျာဗီဂါဆီယာ
15 မွန်တီနီဂရိုးနိုင်ငံ DF စတီဗင်ဆာဗစ်
16 အာဂျင်တီးနားနိုင်ငံ FW အဂူရို
No.   နေရာ   ကစားသမား
17 အင်္ဂလန်နိုင်ငံ MF ရော့ဝဲလ်
18 အင်္ဂလန်နိုင်ငံ MF ဘယ်ရီ
21 စပိန်နိုင်ငံ MF ဒေးဗစ်ဆေးလ်ဗား
22 ပြင်သစ်နိုင်ငံ DF ကလစ်ချီ
28 အိုင်ဗရီကို့စ်နိုင်ငံ DF ကလိုတိုရေး
29 အင်္ဂလန်နိုင်ငံ GK ရစ်ချတ်
30 တမ်းပလိတ်:နိုင်ငံ စာရင်းအင်း ROM GK ပန်တီလီမွန်
32 အာဂျင်တီးနားနိုင်ငံ FW တီဗက်ဇ်
42 အိုင်ဗရီကို့စ်နိုင်ငံ MF ယာယာတိုရေး
43 အင်္ဂလန်နိုင်ငံ FW နီမလီ
45 အီတလီနိုင်ငံ FW ဘာလိုတယ်လီ
60 ဆွီဒင်နိုင်ငံ FW ဂျွန်ဂူဒီတီ
62 အိုင်ဗရီကို့စ်နိုင်ငံ MF ရာဇတ်
အင်္ဂလန်နိုင်ငံ MF မိုက်ကယ်ဂျွန်ဆင်

အငှား

Note: Flags indicate national team as defined under FIFA eligibility rules. Players may hold more than one non-FIFA nationality.

No.   နေရာ   ကစားသမား
38 ဘယ်လ်ဂျီယမ်နိုင်ငံ DF ဘိုယတာ (အက်ဖ်စီတွမ်တီး တွင် ရာသီကုန်အထိ အငှားသွားရောက်ကစား)
50 နော်ဝေနိုင်ငံ MF အီဗရာဟမ် (စတရောင်း တွင် ရာသီကုန်အထိ အငှားသွားရောက်ကစား)
No.   နေရာ   ကစားသမား
ပါရာဂွေးနိုင်ငံ FW ဆန်တာခရုဇ် (မာလာဂါ တွင် ရာသီကုန်အထိ အငှားသွားရောက်ကစား)
အင်္ဂလန်နိုင်ငံ DF ဝိမ်းဘရစ် (ဘရိုက်တန် တွင် ရာသီကုန်အထိ အငှားသွားရောက်ကစား)

မန်ချက်စတာ စီးတီးအသင်း၏အောင်မြင်မှုများ

  • အမှတ်ပေးချန်ပီယံ − (၃) ကြိမ် (၁၉၃၆-၃၇၊ ၁၉၆၇-၆၈၊ ၂၀၁၁-၁၂)
  • အက်ဖ်အေ ဖလားချန်ပီယံ − (၅) ကြိမ် (၁၉၀၄၊ ၁၉၃၄၊ ၁၉၅၆၊ ၁၉၆၉၊၂၀၁၁)
  • ကားလင်းဖလား − (၂) ကြိမ် (၁၉၇၀၊ ၁၉၇၆)
  • ကွန်မြူနတီဒိုင်းချန်ပီယံ − (၃) ကြိမ် (၁၉၃၇၊ ၁၉၆၈၊ ၁၉၇၂၊ ၂၀၁၂)
  • ဥရောပရှုံးထွက်ဖလား − (၁) ကြိမ် (၁၉၇၀)


ကိုးကား

  1. Stadium HistoryManchester City Football Club။ 8 February 2008 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 21 October 2009 တွင် ပြန်စစ်ပြီး။
  2. First Team။ Manchester City F.C။ 2nd September2012 တွင် ပြန်စစ်ပြီး။