၂၀၁၂ ရခိုင်ပြည်နယ် ပဋိပက္ခ: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
No edit summary
အရေးမကြီး r2.6.5) (ရိုဘော့က ပေါင်းထည့်နေသည် - es:Disturbios en el estado de Rakhine de 2012
စာကြောင်း ၃၉ - စာကြောင်း ၃၉ -
[[ar:أعمال عنف في ولاية راخين 2012]]
[[ar:أعمال عنف في ولاية راخين 2012]]
[[en:2012 Rakhine State riots]]
[[en:2012 Rakhine State riots]]
[[es:Disturbios en el estado de Rakhine de 2012]]
[[fa:شورش‌های ایالت راخین ۲۰۱۲]]
[[fa:شورش‌های ایالت راخین ۲۰۱۲]]
[[id:Kerusuhan Rakhine 2012]]
[[id:Kerusuhan Rakhine 2012]]

၁၇:၃၇၊ ၃၁ အောက်တိုဘာ ၂၀၁၂ ရက်နေ့က မူ

၂၀၁၂ ရခိုင်ပြည်နယ် ပဋိပက္ခ
နေရာရမ်းဗြဲကျွန်းရခိုင်ပြည်နယ်မြန်မာနိုင်ငံ
ရက်စွဲ၂၀၁၂ ဇွန်လ ၈ ရက် (UTC+06:30)
တိုက်ခိုက်မှု အမျိုးအစားလူမျိုးရေး၊ ဘာသာရေး
သေဆုံးသူဦးရေဇွန်လ ၈၈ ဦး[၁][၂][၃]
အောက်တိုဘာလ ၆၄ ဦး[၄]

၂၀၁၂ ရခိုင်ပြည်နယ် ပဋိပက္ခ ဆိုသည်မှာ ရခိုင်ပြည်နယ်မြောက်ဘက်ပိုင်းတွင် နေထိုင်နေကြသည့် ရခိုင် ဗုဒ္ဓဘာသာများနှင့် ရိုဟင်ဂျာ မူဆလင်များအကြား တစ်ဘက်နှင့် တစ်ဘက် အကြမ်းဖက်တိုက်ခိုက်ကြသည့် ဖြစ်ရပ်များကို ဆိုလိုခြင်းဖြစ်သည်။ အဓိကရုဏ်းသည် လူမျိုးနှစ်စုအကြား အခြင်းခြင်း အငြင်းပွားမှုများဖြစ်ပေါ်ခဲ့ပြီးနောက်ပိုင်း၊ နှစ်ဘက်စလုံးမှ တိုက်ခိုက်ခဲ့ကြသည်ဟု ဆိုသည်။[၅]

ရုတ်တရက် ဖြစ်ပေါ်လာသည့် အကြမ်းဖက်မှု၏ အခြေခံကို မသိရှိနိုင်သော်လည်း မေလ အစောပိုင်းတွင် ရခိုင်ဗုဒ္ဓဘာသာဝင် အမျိုးသမီးတစ်ဦး မုဒိမ်းကျင့်ခံရပြီးနောက်ပိုင်းတွင် တိုက်ခိုက်မှုများ ဆက်တိုက်ဖြစ်ပေါ်လာခဲ့သည်။ ထိုဖြစ်ရပ်ကို ပြန်လည် လက်တုန့်ပြန်သည့် အနေဖြင့် မြန်မာ မွတ်စလင် ၁၀ ဦး သတ်ဖြတ်ခံခဲ့ရသော်သည်။ ၎င်းတို့ ၁၀ဦးသည် မုဒိမ်းကျင့်သူများမဟုတ်ခဲ့ပေ။ မတ်စလင် အမျိုးသား သုံးဦးအား ထိုမုဒိမ်းကျင့်မှုနှင့် ဖမ်းဆီးရမိခဲ့ပြီး နှစ်ဦးအား သေဒဏ်ချမှတ်ခဲ့သည်။ ကျန်တစ်ဦးသည် ဖမ်းဆီးခံထားရချိန်တွင် မိမိကိုယ်ကိုယ် သေကြောင်းကြံခဲ့သည်။[၆]

ဆူပူတိုက်ခိုက်မှု ဖြစ်ပွားရာ မြို့နယ်များတွင် မြန်မာအစိုးရမှ ညမထွက်ရအမိန့်များထုတ်ခဲ့ပြီး၊ စစ်တပ်များ နေရာအလိုက် ချထားခဲ့သည်။ ဇွန်လ ၁၀ရက်နေ့တွင် ရခိုင်ပြည်နယ်အပေါ် အရေးပေါ်အခြေအနေ ကြေညာချက်ထုတ်ပြန်ခဲ့ပြီး၊ စစ်တပ်သို့ အရေးပေါ်အုပ်ချုပ်ခွင့်ပေးခဲ့သည်။[၇][၈] As of 22 August, officially there had been 88 casualties – 57 Muslims and 31 Buddhists.[၁] An estimated 90,000 people have been displaced by the violence.[၉][၁၀] About 2,528 houses were burned, and of those, 1,336 belonged to Rohingyas and 1,192 belonged to Rakhines.[၁၁] The Burmese army and police were accused of playing a leading role in targeting Rohingyas through mass arrests and arbitrary violence.[၁၂]

ဖိုင်:Kyaukpyu on 9 March 2012.jpg
မတ်လ ၉ ရက်နေ့တွင် မီးမလောင်ကျွမ်းသေးသည့် ကြောက်ဖြူမြို့ရှိ အိမ်များ
ဖိုင်:Kyaukpyu on 25 October 2012.jpg
အောက်တိုဘာလ ၂၅ရက်နေ့တွင် မီလောင်ကျွမ်းခဲ့ရသည့် အိမ်များ

မေလ၊ ဇွန်လ ၁၄ ရက်နေ့ထိ ဖြစ်ပွားခဲ့သော ရခိုင်ပြည်နယ် ပဋိပက္ခများကြောင့် သေဆုံးသူ ၅၀ ဦး၊ ဒဏ်ရာ ရသူ ၅၄ ဦးရှိခဲ့ပြီး လူနေအိမ် ၂၂၃၀ လုံးနှင့် ဘာသာရေး အဆောက်အအုံ ၁၄ ခု ထိခိုက်ပျက်ဆီး ဆုံးရှုံးခဲ့ပြီး ဒေသခံ ပြည်သူ ၆၁၄၆၂ ဦး အိုးမဲ့ အိမ်မဲ့ ဖြစ်ခဲ့ရသည်ဟု အစိုးရထုတ်ပြန်သည့် စာရင်းများအရ သိရသည်။

တကြော့ပြန် ပဋိပက္ခ

အောက်တိုဘာလ ၂၁ ရက်နေ့မှစ၍ အောက်တိုဘာ ၂၇ ရက်နေ့အထိ ပဋိပက္ခများ တကြော့ပြန်ဖြစ်ပွားသော မြို့နယ်များမှာ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ကျောက်ဖြူ၊ ရသေ့တောင်၊ သံတွဲ၊ ရမ်းဗြဲ၊ မြေပုံနှင့် ပေါက်တောတို့ ဖြစ်သည်။

ထပ်မံဖြစ်ပွားခဲ့သော ရခိုင်ပြည်နယ် ပဋိပက္ခများကြောင့် သေဆုံးသူ စုစုပေါင်း ၈၄ ဦးနှင့် ထိခိုက် ဒဏ်ရာရသူ ၁၂၉ ဦး ရှိကြောင်း၊ စုစုပေါင်း နေအိမ် ၂၉၅၀ နှင့် ဘာသာရေး အဆောက်အုံ ၁၄ လုံး၊ ဆန်စက် ၈ လုံး မီးလောင်ပျက်စီး ဆုံးရှုံးခဲ့သည်ဟု အောက်တိုဘာလ ၂၉ ရက်နေ့ထုတ် အစိုးရသတင်းစာများတွင် ဖော်ပြထားသည်။

ထပ်မံဖြစ်ပွားခဲ့ရသော ရခိုင်ပဋိပက္ခနှင့်ပတ်သက်ပြီး မြန်မာ့နိုင်ငံရေး လောကက အစိုးရ၏ ကိုင်တွယ်မှုသည် စိုးရိမ်လွန်ပြီး နှောင့်နှေး ကြန့်ကြာမှုများ ရှိခဲ့သည်ဟု ထောက်ပြပြောဆိုခဲ့သည်။

အောက်တိုဘာ ၂၉ ရက်နေ့ထုတ် အစိုးရသတင်းစာများက ယခုအခါ ရခိုင်ပြည်နယ်အတွင်း လုံခြုံရေး အင်အားတိုးမြင့်ချမှတ်ထားမှုကြောင့် တည်ငြိမ် အေးချမ်းမှု ပြန်လည် ရရှိနေပြီဟု ရေးသားထားသည်။

ရဲတပ်ဖွဲ့ ၅၀ဝ၀ ကျော်၊ နစက တပ်ဖွဲ့ဝင် ၁၀ဝ၀ ကျော်၊ တပ်မတော် တပ်ရင်း ၅၁ ရင်းတို့ဖြင့် တရားဥပဒေစိုးမိုးရေး၊ ဒေသ တည်ငြိမ်ရေး ကြိုးစားခဲ့ကြောင်း သိရသည်။ [၁၃]

ယခု တကြော့ပြန် ပဋိပက္ခကြောင့် ထပ်မံတိုးပွားလာသည့် နောက်ထပ် ဒုက္ခသည် ၂ သောင်းကျော်တွင် အများစုမှာ မွတ်ဆလင်များဖြစ်ပြီး ယခင်က ရခိုင် လူမျိုးများနှင့် အတူယှဉ်တွဲ နေထိုင်ခဲ့သည့် ကမန်လူမျိုး မွတ်ဆလင်များလည်း ပါဝင်သည်ဟု CNN သတင်းတပုဒ်တွင် ကုလသမဂ္ဂကို ကိုးကားပြီး ဖော်ပြထားသည်။

ကိုးကား

  1. ၁.၀ ၁.၁ Press Release (PDF)။ Government of the Republic of the Union of Myanmar Ministry of Foreign Affairs (21 August 2012)။ 27 October 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 27 October 2012 တွင် ပြန်စစ်ပြီး။
  2. Myanmar sets up internal probe of sectarian unrestThe Guardian (17 August 2012)။ 27 October 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 27 October 2012 တွင် ပြန်စစ်ပြီး။
  3. Myanmar gov't refutes accusations of religious persecution, discrimination in Rakhine incident။ Xinhua (27 October 2012)။ 27 October 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 27 October 2012 တွင် ပြန်စစ်ပြီး။
  4. Burma admits Rakhine destruction။ BBC News (27 October 2012)။ 27 October 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 27 October 2012 တွင် ပြန်စစ်ပြီး။
  5. "Four killed as Rohingya Muslims riot in Myanmar: government"၊ 8 June 2012။ 9 June 2012 တွင် ပြန်စစ်ပြီး 
  6. http://www.bbc.co.uk/news/world-asia-18395788
  7. Linn Htet (11 June 2012)။ အရေးပေါ် အခြေအနေ ကြေညာချက် နိုင်ငံရေးသမားများ ထောက်ခံ။ The Irrawaddy။ 11 June 2012 တွင် ပြန်စစ်ပြီး။
  8. Keane၊ Fergal။ "Old tensions bubble in Burma"၊ BBC News Online၊ 11 June 2012။ 11 June 2012 တွင် ပြန်စစ်ပြီး 
  9. "Burma’s ethnic clashes leave 90,000 in need of food, says UN"၊ 19 June 2012။ 16 July 2012 တွင် ပြန်စစ်ပြီး 
  10. ကိုးကား အမှား - Invalid <ref> tag; no text was provided for refs named displaced
  11. "Both ethnic groups suffered in Myanmar clashes"၊ 15 Jun 2012။ 16 June 2012 တွင် ပြန်စစ်ပြီး 
  12. Hindstorm၊ Hanna။ "Burmese authorities targeting Rohingyas, UK parliament told"၊ 28 June 2012။ 9 July 2012 တွင် ပြန်စစ်ပြီး 
  13. http://burma.irrawaddy.org/archives/24118