အာရပ်နွေဦး: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
အရေးမကြီး r2.7.2+) (ရိုဘော့က တည်းဖြတ်နေသည် - hr:Arapsko proljeće, sh:Arapsko proljeće
အရေးမကြီး r2.7.3) (ရိုဘော့က တည်းဖြတ်နေသည် - wa:Prétins arabe
စာကြောင်း ၆၆ - စာကြောင်း ၆၆ -
[[uz:Arab dunyosi eʼtirozlari (2010-2011)]]
[[uz:Arab dunyosi eʼtirozlari (2010-2011)]]
[[vi:Mùa xuân Ả Rập]]
[[vi:Mùa xuân Ả Rập]]
[[wa:Revintreyes arabes di 2011]]
[[wa:Prétins arabe]]
[[zh:阿拉伯之春]]
[[zh:阿拉伯之春]]

၀၆:၀၈၊ ၂၅ အောက်တိုဘာ ၂၀၁၂ ရက်နေ့က မူ

ဖိုင်:Info box collage for mena Arabic protests.png
အပေါ်ဆုံး ဝဲဘက်ပုံမှ လက်ယာရစ် - အီဂျစ်နိုင်ငံ ကိုင်ရိုမြို့ တာရီရင်ပြင်၌ ဆန္ဒပြသူများ စုဝေးနေပုံ၊ တူနီးရှားနိုင်ငံ တူးနစ်မြို့ ဟာဘိဘော်ဂစ် လမ်းမကြီးပေါ်တွင် ဆန္ဒပြသူများ ချီတက်ဆန္ဒပြကြပုံ၊ ယီမင်နိုင်ငံ ဆားနားမြို့တွင် လူထုက သမ္မတရာထူးမှ ဆင်းပေးရန် တောင်းဆိုနေပုံ၊ ဘာရိန်းနိုင်ငံ မာနာမာမြို့၌ ဆန္ဒပြသူများ စုဝေးနေပုံ၊ ဆီးရီးယားနိုင်ငံ ဒါမတ်စကပ်မြို့မှ သိန်းချီတဲ့ ဆန္ဒပြသူများ၊ လစ်ဗျားနိုင်ငံ ဘေဒါမှ ဆန္ဒပြသူများ။

အာရပ်နွေဦး (တစ်နည်းအားဖြင့် အာရပ်လူထုနိုးကြားမှု) သည် ၂၀၁၀ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် စတင်ခဲ့ပြီး အာရပ်ကမ္ဘာတလွှား ကူးစက်ခဲ့သည့် လူထုအုံကြွမှု တော်လှန်ရေး လှိုင်းဂယက်ကြီး တစ်ခုဖြစ်သည်။ အာရပ်နွေဦးလှိုင်းဂယက်ကြောင့် တူနီးရှား[၁] နှင့် အီဂျစ်နိုင်ငံ[၂]တွင် အာဏာရှင်စနစ်ကို တွန်းလှန်နိုင်ခဲ့ပြီး လစ်ဗျားနိုင်ငံတွင် ပြည်တွင်းစစ်ဖြစ်ပွားကာ ဂဒါဖီအစိုးရ ပြိုလဲခဲ့ရသည်။[၃] ဘာရိန်း[၄]၊ ဆီးရီးယား[၅]နှင့် ယီမင်နိုင်ငံ[၆]များတွင် လူထုအုံကြွမှုများ ဖြစ်ပွားခဲ့ရာ ယီမင်နိုင်ငံတွင် ဝန်ကြီးချုပ် ရာထူးမှ ဆင်းပေးခဲ့ရသည်။

ယင်းလူထုလှုပ်ရှားမှုများတွင် ဆန္ဒပြမှုများ၊ သပိတ်မှောက်မှုများ၊ စီတန်းလှည့်လည်မှုများ၊ လူထုစုဝေးမှုများ ပါဝင်သကဲ့သို့ အခြားတူညီသည့် အချက်တစ်ချက်မှာ လူမှုကွန်ယက်ကို အသုံးချ၍ ဆက်သွယ် လှုံ့ဆော်စည်းရုံးနိုင်ခဲ့ခြင်းဖြစ်သည်။ ယင်းမီဒီယာမှတဆင့် အစိုးရက ဖိနှိပ်ရန် ကြိုးပမ်းခြင်း၊ အင်တာနက် ဆင်ဆာဖြတ်ခြင်း၊ ပိတ်ပင်ခြင်း စသည်တို့ကို လူထုက နိုးကြားသိရှိလာအောင် ဆောင်ရွက်နိုင်ခဲ့သည်။[၇]

ဆန္ဒပြမှု အများစုမှာ အာဏာပိုင်တို့၏ အကြမ်းဖက် တုန့်ပြန်မှုများနှင့် ရင်ဆိုင်ခဲ့ရသည်။[၈][၉][၁၀] ထို့အတူ အစိုးရအား ထောက်ခံသော စစ်သွေးကြွများနှင့် ဆန္ဒပြမှုအား ဆန့်ကျင်သူတို့၏ တန်ပြန်မှုနှင့်လည်း ကြုံကြိုက်ခဲ့ရသည်။[၁၁][၁၂][၁၃] အာရပ်ကမ္ဘာတလွှား ဖြစ်ပွားသည့် ဆန္ဒပြမှုအတွင်း ထပ်ခါတလဲလဲ ကြားကြရသည့် ကြွေးကြော်သံမှာ ash-shab yurid isqat an-nizam ("အာဏာရှင်အစိုးရပြုတ်ကျရေး တို့အရေး") ပင် ဖြစ်သည်။[၁၄]

ကိုးကား

  1. "Middle East In Revolt"၊ 11 February 2011။ 11 February 2011 တွင် ပြန်စစ်ပြီး 
  2. Peterson၊ Scott။ "Egypt's revolution redefines what's possible in the Arab world"၊ 11 February 2011။ 12 June 2011 တွင် ပြန်စစ်ပြီး 
  3. Spencer၊ Richard။ "Libya: civil war breaks out as Gaddafi mounts rearguard fight"၊ The Daily Telegraph၊ 23 February 2011။ 12 June 2011 တွင် ပြန်စစ်ပြီး 
  4. McLean၊ Jesse။ "Death turns ‘harmless man’ into Bahrain uprising’s martyr"၊ The Star၊ 16 February 2011။ 12 June 2011 တွင် ပြန်စစ်ပြီး 
  5. "'It Will Not Stop': Syrian Uprising Continues Despite Crackdown"၊ 28 March 2011။ 12 June 2011 တွင် ပြန်စစ်ပြီး 
  6. "Thousands in Yemen Protest Against the Government"၊ The New York Times၊ 28 January 2011။ 
  7. The Arab Uprising's Cascading Effects။ Miller-mccune.com (23 February 2011)။ 27 February 2011 တွင် ပြန်စစ်ပြီး။
  8. "Many wounded as Moroccan police beat protestors"၊ 23 May 2011။ 12 June 2011 တွင် ပြန်စစ်ပြီး 
  9. "Syria's crackdown"၊ 31 May 2011။ 12 June 2011 တွင် ပြန်စစ်ပြီး 
  10. "Bahrain troops lay siege to protesters' camp"၊ 16 March 2011။ 12 June 2011 တွင် ပြန်စစ်ပြီး 
  11. "Syria clampdown on protests mirrors Egypt's as thugs join attcks"၊ 19 April 2011။ 12 June 2011 တွင် ပြန်စစ်ပြီး 
  12. Almasmari၊ Hakim။ "Yemeni government supporters attack protesters, injuring hundreds"၊ 17 March 2011။ 12 June 2011 တွင် ပြန်စစ်ပြီး 
  13. "Libya Protests: Gaddafi Militia Opens Fire On Demonstrators"၊ 24 February 2011။ 12 June 2011 တွင် ပြန်စစ်ပြီး 
  14. Uriel Abulof (10 March 2011)။ What Is the Arab Third Estate?။ The Huffington Post။ 1 May 2011 တွင် ပြန်စစ်ပြီး။