မန်ကျည်း: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
အရေးမကြီးNo edit summary
No edit summary
စာကြောင်း ၄၁ - စာကြောင်း ၄၁ -


အသုံးပြုပုံ-
အသုံးပြုပုံ-

ပဉ္စငါးပါး
ပဉ္စငါးပါး
၁ ။ မန်ကျည်း ပဉ္စငါးပါးကို ပြာ ချဆား ချက်ပြီး ညနံနက် အနည်းငယ် မျှစီ သောက်ပေးပါက သွေးလုံး လေလုံး ပျောက်၏။
# မန်ကျည်း ပဉ္စငါးပါးကို ပြာ ချဆား ချက်ပြီး ညနံနက် အနည်းငယ် မျှစီ သောက်ပေးပါက သွေးလုံး လေလုံး ပျောက်၏။


အခေါက်
အခေါက်

၀၄:၃၈၊ ၂၉ စက်တင်ဘာ ၂၀၁၂ ရက်နေ့က မူ

မန်ကျည်း
မျိုးရိုးခွဲခြားခြင်း
လောက:
Plantae
မျိုးပေါင်းစု:
Magnoliophyta
မျိုးပေါင်း:
Magnoliopsida
မျိုးစဉ်:
Fabales
မျိုးရင်း:
Fabaceae
မျိုးရင်းသေး:
Caesalpinioideae
မျိုးစု:
Tamarindus
မျိုးစိတ်:
T. indica
ဒွိနာမ
Tamarindus indica

မန်ကျည်း (Tamarindus indica) (အာရပ်ဘာသာမှ تمر هندي tamar hindi = အိန္ဒိယ date သီး) သည် Fabaceae မျိုးရင်းတွင် ပါဝင်သည်။ Tamarindus မျိုးစုသည် မျိုးစိတ်တစ်ခုတည်းသာ ရှိသောမျိုးစုဖြစ်သည်။ မန်ကျည်းသည် မုတ်သုန်ရာသီဥတုတွင် ပေါက်မြောက်သော အပင်ဖြစ်ြပီး ဆူဒန် နှင့် မဒါဂတ်စကား ၏ အစိတ်ပိုင်း ရွက်ကြွေတောများ အပါအဝင် မုတ်သုံ အာဖရိကတွင် စတင်အရင်းခံသည်။

Tamarind (မန်ကျည်း)

  • Botany Term : Tamarindus indica Linn
  • Species/Family : Caesalpiniaceae
မန်ကျည်းသီး

ပုံသဏ္ဌာန် : ပင်ကြီးမျိုး ဖြစ်သည်။ ငှက်မွေးရွက်ပေါင်း ဖြစ်သည်။ အဖူးနှင့် အဆုံးသတ်သော ပန်းခိုင်မျိုးဖြစ်သည်။ အသီးသည် ရှည်မျောမျော နည်းငယ်ကွေးသည်။ မအက်ကွဲသီး ဖြစ်သည်၊ အစေ့သည် လေးထောင့်ပုံသဏ္ဌာန်ဖြစ်၍ နီညိုရောင်ရှိသည်။

အပင်----အမြဲစိမ်း သစ်မာပင် ကြီးမျိုး ဖြစ်သည်။ အခေါက်များ မည်းညိုရောင် ရှိပြီး ထူပြီး ကြမ်းသည်။ အကိုင်းများစွာ ဖြာသည်။

အရွက်--ငှက်မွေး ရွက်ပေါင်း ဖြစ်သည်။ ရွက်လွှဲ ထွက်သည်။ ရွက်မြွာများ သေးငယ်၍ နူးညံ့ပြီး မျက်နှာချင်း ဆိုင် ထွက်သည်။ ရှည်မျောမျော ပုံရှိသည်။

အပွင့်--- သေးငယ်သည်။ အဝါရောင် ပေါ်တွင် အနီစင်း များရှိသည်။ တစ်ခိုင်တွင် အပွင့် ၁၀-၁၅ ပွင့် ပါရှိသည်။ တန်ဆောင်မုန်း နတ်တော်လ တွင် ပွင့်၏ ။

အသီး----သီးတောင့် ရှည်မျိုး ဖြစ်သည်။ စိမ်းညိုရောင် ရှိသည်။ အသားထူသည် ။ တစ်ခန်း တွင် အစေ့ တစ်စေ့ ပါသည်။ အစေ့သည် တောက်ပ သော ညိုမည်းရောင် ရှိ၍ မာသည်။ ပြာသို ၊ တပို့တွဲ ၊ တပေါင်း တွင် အသီးရင့် သည်။

အသုံးပြုနိုင်သည့် အစိတ်အပိုင်းများ : ပဉ္စငါးပါး ၊ အခေါက် ၊ အရွက် ၊ အသီး ၊ အစေ့။

မြန်မာနိုင်ငံတွင် တွေ့နိုင်သောနေရာများ : အပူပိုင်း ဒေသတွင် ပေါက်ရောက်သည်။ သဘာ၀ အလျောက် ပေါက်ရောက်သည်။

အသုံးဝင်ပုံ : အာနိသင်--- မြန်မာ ဆေးကျမ်းများ အလိုအရ မန်ကျည်းပင် သည် ပူ၏ ၊ချဉ်၏ ၊ သည်းခြေကို ဖြစ်စေ တတ်၏ ၊ သလိပ်ကို ပွားစေ ၏ ၊ လေကို နိုင်၏ ၊ အရွက်သည် ရောင်တင်း ခြင်း ၊ သွေးဖောက် ပြန်ခြင်း ၊ နားရောဂါ ၊ မျက်စိ ရောဂါ ၊ မြွေဆိပ် သင့်ခြင်း တို့ကို နိုင်၏ ။အသီးစိမ်း သည် ချဉ်၏ ၊ ချို၏ ၊ ပူ၏ ၊သည်းခြေနှင့် သလိပ်ကို ဖြစ်စေ၏ ။ အသီးမှည့်သည် ပူ၏ ၊ ဝမ်းမီး ကို တောက်စေ၏ ၊ အနည်းငယ် ဝမ်းသက်စေ၍ သလိပ်နှင့် လေကို နိုင်၏။

အသုံးပြုပုံ-

ပဉ္စငါးပါး

  1. မန်ကျည်း ပဉ္စငါးပါးကို ပြာ ချဆား ချက်ပြီး ညနံနက် အနည်းငယ် မျှစီ သောက်ပေးပါက သွေးလုံး လေလုံး ပျောက်၏။

အခေါက်

  1. အခေါက်ကို ညောင်းကျ ရောဂါ ၊ ဆီးနှင့် စပ်လျဉ်းသော ရောဂါ ၊ သွေးမြင်း သရိုက် ရောဂါ ၊ ကိုယ်ရေ ဝါ ရောဂါ နှင့် ဝမ်းဗိုက်အောင့် နာကျင်ခြင်း ရောဂါများ တွင် သုံး၏။
  2. အခေါက်ကို အပွေးနှင့် တကွ ပြာချပြီး အစာစား ပြီး နောက် ရေနှင့် ရောသောက်သော် လေချဉ် တက်ခြင်း အန်ခြင်း ပျောက်၏ ။
  3. အခေါက်ပြာ ကို ပျားရည်နှင့် ဖျော်လျက်သော် ဝမ်းဗိုက် ထိုးအောင့် နာကျင်ခြင်း ပျောက်၏ ။
  4. အပွေးကို ကျွမ်းအောင် ဖုတ်၍ အမှုန့် ပြုပြီး ရေနွေးနှင့် သောက်က အစာမကြေ ရောဂါ ပျောက်၏ ။
  5. အခေါက်ကို ရေနှင့် သွေး၍ မျက်စိနာ ၊ အနာဖု များ၊ အဆိပ်ရှိ သတ္တဝါများ ကိုက်သော ဒဏ်ရာများ ကို လိမ်းပေးက ပျောက်၏ ။

အရွက်

  1. အရွက်ရည် ကို နှမ်းဆီနှင့် ရောချက်၍ နားတွင် အနည်းငယ် ခတ်ပေးသော် နားကိုက် နားနာ ပျောက်၏ ။
  2. အရွက်ကြိတ် ညှစ်ရည်ကို နံနက် ည ကြွေဇွန်း ကြီး တစ်ဇွန်း ကျ သောက်သော် ဆီးပူခြင်း ပျောက်၏။
  3. အပူလွန် ၍ ယားယံခြင်းအတွက် မန်ကျည်း ရွက် ကြိတ်ညှစ်ရည် ကို လိမ်းပေးက ပျောက်၏ ။
  4. မန်ကျည်းရွက် ညှစ်ရည်သည် တစ်ဆ၊ သိန္ဓောဆား နှစ်ဆ ရော၍ သောက်ပါက မြွေဆိပ် ပြေစေ ၏ ။
  5. မန်ကျည်းရွက် နှင့် ကလိန်စေ့ ရောစားပါ က ချွေးထွက် လွန်ခြင်း ၊ ချွေးနံ့ မကောင်းခြင်း ပျောက်၏။

အသီး

  1. မန်ကျည်းသီး အနှစ်အား ဝမ်းနုတ်ဆေး ၊ အားဆေး နှင့် ခံတွင်းကောင်း ဆေး ဖော်စပ်ရာ တွင် သုံး၏။
  2. မန်ကျည်းသီး အဟောင်း ၊ ဒိန်ချဉ်ရည် စိမ်ထားသော ကြက်သွန်ဖြူ နှင့် ချေးသီး တို့ကို အမျှစု ကြိတ်ပြီး ရွေးလုံး မျှလုံး၍ အရိပ်တွွင် အခြောက် လှန်းကာ ၁၅ မိနစ် တစ်ကြိမ် တစ်လုံးကျ ကြက်သွန်ဖြူ ရည် လက်ဖက်ရည် ဇွန်းငယ် တစ်ဇွန်းနှင့် ဖျော်သောက်က ကာလဝမ်း ရောဂါ ပျောက်၏ ။
  3. မန်ကျည်းသီး မှည့်ကို ထန်းလျက် ၊ ဆားတို့နှင့် ဖျော်ရည်စိမ် ၍ သောက်သော် ကိုယ်တွင်း အေး၏၊ အားကို ဖြစ်စေသည်။

အစေ့

  1. မန်ကျည်းစေ့ ကို ရေ၌ တစ်ည စိမ်၍ နံနက်၌ အစေ့ဆံ ထုတ်ပြီး နွားနို့ နှင့် ကြိတ်သောက်က မီးယပ်ဖြူ ဆင်း ခြင်း ၊ ဆီးလွန်ခြင်း ပျောက်၏ ။
  2. မန်ကျည်းစေ့ ဆံကို သွေးသောက် သော် ဝမ်းသွားခြင်း ၊ ဝမ်းကိုက် ခြင်း ပျောက်၏ ။
  3. အစေ့ဆံ ကို သွေး၍ ကင်းကိုက်သော ဒဏ်ရာ သို့ လိမ်းပေးသော် ကင်းဆိပ် ပြေ၏။
  4. မန်ကျည်း စေ့ ရင့်ရင့် အခွံ ၊ ဇီယာ ၊ သကြားခဲ တို့ကို အမှုန့် ပြု၍ သောက်က အရိအရွဲ သလိပ်စ ၊ သွေးစများ ပါ၍ နာကျင်စွာ သွားသော ဝမ်းရောဂါ ပျောက်၏။ [၁]

ကိုးကား

  1. http://arogyamonline.com/commodity/materials/?raw=129