သပိတ်လွယ်ငှက်: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
အရေးမကြီး ရိုဘော့က ပေါင်းထည့်နေသည် - es:Copsychus, ca:Copsychus, ms:Burung Murai
အရေးမကြီး r2.7.2) (ရိုဘော့က ပေါင်းထည့်နေသည် - nl:Copsychus
စာကြောင်း ၇၅ - စာကြောင်း ၇၅ -
[[en:Magpie-robin]]
[[en:Magpie-robin]]
[[eo:Ŝamaoj]]
[[eo:Ŝamaoj]]
[[es:Copsychus]]
[[fi:Harakkataskut]]
[[fr:Copsychus]]
[[fr:Copsychus]]
[[lt:Šamos]]
[[hu:Copsychus]]
[[hu:Copsychus]]
[[lt:Šamos]]
[[ms:Burung Murai]]
[[ms:Burung Murai]]
[[nl:Copsychus]]
[[pl:Copsychus]]
[[pl:Copsychus]]
[[ru:Шама-дрозды]]
[[ru:Шама-дрозды]]
[[es:Copsychus]]
[[fi:Harakkataskut]]
[[tl:Dominikong-robin]]
[[tl:Dominikong-robin]]
[[vi:Chích chòe]]
[[vi:Chích chòe]]

၀၅:၁၄၊ ၂၅ ဩဂုတ် ၂၀၁၂ ရက်နေ့က မူ

သပိတ်လွယ်ငှက်
Male White-rumped Shama
မျိုးရိုးခွဲခြားခြင်း
လောက:
မျိုးပေါင်းစု:
မျိုးပေါင်း:
မျိုးစဉ်:
မျိုးရင်း:
Genera

Copsychus
Trichixos

သပိတ်လွယ်ငှက်

သပိတ်လွယ်ငှက်

သပိတ်လွယ်ငှက်သည် ကျီးကန်းမျိုးစုတွင်ပါဝင်သည်။ ပါဏဗေဒ အမြင်အားဖြင့် ယင်းကို ကော့စိုင်ကပ်စော်လားရစ် ဟုခေါ်၍ တာဒီးဒီး မျိုးရင်းတွင်ပါဝင်သည်။

သပိတ်လွယ်ငှက်သည် အလျား ကိုးလက်မခန့် ရှိသည်။ ငှက်မသည် ငှက်ဖိုထက်ပို၍ အသွေးအရောင်မွဲခြောက်သည်။ သပိတ်လွယ်ငှက်ဖိုများသည် သီချင်းဆိုကောင်းသည်။ ရန်သူကိုမြင်လျှင်ခပ်ရှည်ရှည်ဆွဲ၍ အချက်ပေးတတ်ကြသည်။ ယင်းတို့ရှိကြောင်းသိစေရန် တစ်ခါတစ်ရံ ကျယ်လောင်စွာ အော်မြည်တတ်သည်။ နံနက်ခင်းနှင့် ညနေခင်းများတွင် သစ်ပင်များပေါ်မှ တေးသီနေကြသည်မှာ သာယာနာပျော်ဖွယ် ရှိလှသည်။ သပိတ်လွယ်ငှက်များသည် မကြာခဏပင်အတောင်ကို အောက်သို့နှိမ့်ချလိုက်၊ ယပ်တောင်သဖွယ်ဖြန့်လိုက်၊ ပိတ်လိုက် ပြုလုပ်တတ်သည်။ သပိတ်လွယ်ငှက်များကို မြန်မာနိုင်ငံအရပ်ရပ်၌ တွေ့ကြရသည်။ များသောအားဖြင့်စုံတွဲနေထိုင်တတ်ကြသည်။

လူသူနေထိုင်ရာအရပ်များ၌သာတွေ့ရသည်မဟုတ်၊ ကျွန်းတော များထဲတွင်လည်းတွေ့ကြရသည်။ ဥယျာဉ်၊ ချုံတော စသည်ဖြင့် နေရာမရွေးတွေ့ရသော်လည်း စိုစွတ်သောတောနက် ကြီးများနှင့် လယ်ကွင်းပြင်များတွင်မနေကြချေ။ သပိတ် လွယ်ငှက် များသည် အစာကိုမြေပြင်၌ ရှာဖွေစားသောက်လေ့ရှိ၍ ပရွက်ဆိပ်၊ ချေးပိုးထိုးနှင့်ပိုးမွှားကလေးများကို စားကြသည်။ တစ်ခါတစ်ရံ အသီးအရွက်နှင့်တီကောင်များကိုလည်းစားတတ်ကြသည်။

သပိတ်လွယ်ငှက်သည် အသိုက်ကိုအိမ်ခေါင်မိုး၊ သစ်ခေါင်း၊ ကမ်းပါး နှင့် ထရံများအကြား၊ ဝါးငုတ်တိုများထဲတွင် လုပ်ကြသည်။ အသိုက်ပြုလုပ်ရာတွင်သစ်မြစ်၊ မြက်၊ အမွှေးအတောင်များဖြင့် ပြုလုပ်ကြသည်။ အသိုက်များမှာ ပွယောင်းယောင်းရှိသည်။ သို့မဟုတ် အပြားကလေးသာသာပင် ရှိသည်။ အသိုက်ကို ဆောက်လုပ်ရာ၌ ခပ်ကြမ်းကြမ်းနှင့် လျော့ရိလျော့ရဲ ဆောက်လုပ်ကြသည်။ သပ်သပ်ယပ်ယပ် မဆောက်လုပ် တတ်ကြချေ။

သပိတ်လွယ်ငှက်တို့သည် မတ်လမှဇူလိုင်လအတွင်း သားပေါက်ကြသည်။ တစ်မြုံလျှင် သုံးဥမှငါးဥအထိ ဥအု တတ်ကြ သည်။ ဥသည်အဖျားရှူးသည်။ ဥခွံညက်ညောမာကြောသည်။ အစိမ်းရောင်တွင်နီညို ရောင်အပြောက်များ အရင်းဖက်၌စု၍ ပါရှိသည်။ ဥ၏ပျမ်းမျှအလျားမှာ ဝ.၈ရ လက်မနှင့် ဗြက် ဝ.၆၆ လက်မခန့်ရှိသည်။ သပိတ်လွယ်ငှက်ကို အရှေ့ဘက် နိုင်ငံများ၌ အနှံ့အပြားတွေ့ရသည်။ မြန်မာနိုင်ငံတွင် လွင်ပြင်များ မှအစ တောင်ပေါ်ဒေသများပါမကျန်အရပ်ရပ်၌နေထိုင်ကျက်စားကြ သည်။ မလေးသပိတ်လွယ်ငှက်မျိုးကို တနင်္သာရီ တောင်ပိုင်း၌သာ တွေ့ရသည်။ သပိတ်လွယ်ငှက်မျိုးတွင် ငှက်အမျိုးမျိုးပါဝင်ရာ ထင်ရှားသောအမျိုးများမှာ ငှက်ကျား၊ ငှက်စပ်၊ သို့မဟုတ် ငှက်အောင်မခေါ် ငှက်တော်ပြာ၊ နဖားကြီး၊ အမြီးဝိုင်းစ သည်တို့ဖြစ်ကြသည်။ [၁]

ကိုးကား

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)