မြန်မာနိုင်ငံ: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
အရေးမကြီး →‎ပထဝီ​အနေအထား
အရေးမကြီး r2.7.2) (ရိုဘော့က တည်းဖြတ်နေသည် - vi:Myanmar
စာကြောင်း ၅၄၆ - စာကြောင်း ၅၄၆ -
[[uz:Birma]]
[[uz:Birma]]
[[vec:Birmania]]
[[vec:Birmania]]
[[vi:Myanma]]
[[vi:Myanmar]]
[[vo:Mianmarän]]
[[vo:Mianmarän]]
[[war:Myanmar]]
[[war:Myanmar]]

၁၄:၂၈၊ ၂၁ ဩဂုတ် ၂၀၁၂ ရက်နေ့က မူ

ပြည်ထောင်​စု သမ္မတ မြန်မာ​နိုင်​ငံတော်‌
နိုင်ငံတော် သီချင်း: ကမ္ဘာမကျေ
မြန်မာနိုင်ငံ ၏ တည်နေရာ
မြို့တော်နေပြည်တော်
အစိုးရ
• သမ္မတ
ဦး​သိန်း​စိန်
• ဒုတိယ​သမ္မတ ၁
သီဟသူရ ဦးတင်​အောင်​မြင့်​ဦး
• ဒုတိယ​သမ္မတ ၂
ဒေါက်​တာ စိုင်း​မောက်​ခမ်း
တည်ထောင်
• ပုဂံ​တိုင်း​ပြည်
၁​၀​၄​၄-၁​၂​၈​၇
• တိုင်း​ပြည်​အသေး​များ
၁​၂​၈​၇-၁​၅​၃​၁
• တောင်ငူ​တိုင်း​ပြည်
၁​၅​၃​၁-၁​၇​၅​၂
• ကုန်း​ဘောင်​တိုင်း​ပြည်
၁​၇​၅​၂-၁​၈⁠၈​၅
• ကို​လို​နီ​အုပ်ချုပ်​ခေတ်
၁​၈⁠၈​၆-၁​၉​၄​၈
• လွတ်လပ်​ရေး
၄ ဇန်နဝါရီ ၁​၉​၄​၈
ဧရိယာ
• စုစုပေါင်း
၆​၇​၆,၅​၇​၈ km² (၂​၆​၁,၂⁠၂​၇ sq mi) (အဆင့်: ၄​၀)
• ရေထု (%)
၃.၀​၆
လူဦးရေ
• ခန့်မှန်း
၅​၅,၃​၉​၀,၀⁠၀​၀ (၂​၀⁠၀​၅-၀​၆) (အဆင့် - ၂​၄)
• သိပ်သည်းမှု
၇​၅/km²(၁​၉​၃/sq mi) (အဆင့် - ၁⁠၁​၉)
GDP (PPP)ခန့်မှန်း
• စုစုပေါင်း
US $၅​၉.၉​၀​၄ သိန်းကုဋေ (အဆင့် - ၇​၉)
• Per capita
US $၁,၀​၃​၉ (အဆင့် - ၁​၆​၂)
HDI၀.၅​၈​၃ (အလယ်)
အမှား။ မရေရာသော HDI တန်ဖိုး · ၁​၃​၂
ငွေကြေးကျပ် (MMK "K")
တယ်လီဖုန်းကုဒ်+၉​၅
Internet TLD.mm

မြန်​မာအခေါ် တရားဝင်​အား​ဖြင့် ပြည်ထောင်​စု သမ္မတ မြန်မာ​နိုင်​ငံတော်သည် အရှေ့တောင်​အာ​ရှတွင် ဧ​ရိ​ယာ​အား​ဖြင့် ဒုတိယ အကျယ်​ဝန်း​ဆုံး[၁] တိုင်း​ပြည် ဖြစ်​သည်။ ၁​၉​၄​၈ ခု​နှစ် ဇန်နဝါရီ ၄ ရက်​တွင် ဂရိတ်​ဗြိ​တိန်​နိုင်ငံထံ​မှ (အင်္ဂလိပ်​လို "Myanmar" အဖြစ်​နှင့်) ပြည်ထောင်​စု​မြန်မာ​နိုင်​ငံတော်​အဖြစ် လွတ်လပ်​ရေး​ကို ရ​ရှိ​ခဲ့​သည်။ နောက်​ပိုင်း​တွင် ပြည်ထောင်​စု ဆို​ရှယ်​လစ် သမ္မတ​မြန်မာ​နိုင်​ငံတော်​အဖြစ် ၁​၉​၇​၄ ခု​နှစ် ဇန်နဝါရီ ၄ ရက်​တွင်​လည်းကောင်း၊ ပြည်ထောင်​စု မြန်မာ​နိုင်​ငံတော်​အဖြစ် ၁​၉​၈​၈ ခု​နှစ် စက်တင်ဘာ ၂​၃ ရက်​တွင်​လည်းကောင်း၊ ပြည်ထောင်​စု မြန်မာ​နိုင်​ငံတော်​အဖြစ် ၁​၉​၈​၉ ခု​နှစ် ဇွန် ၁​၈ ရက်​တွင် လည်းကောင်း အမည်​များ​ပြောင်းလဲ​ခဲ့​သည်။ အာဏာ​ရ​စစ်​အစိုးရ​အား အသိ​အမှတ် မ​ပြု​သော အဖွဲ့​အစည်း​များ​က ဗြိတိသျှလက်အောက် ကျရောက်ခဲ့စဉ်က ဗြိတိသျှတို့ ခေါ်​ဝေါ်သုံးစွဲခဲ့သော ဘား​မား ("Burma") ဟု​သာ အသိ​အမှတ်ပြု​ သုံးစွဲခဲ့​လေ​သည်။နိုင်​ငံတော်​အလံကိုလည်း ယခင် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီအစိုးရ​လက်ထက် ၂​၀⁠၀​၈ ခု​နှစ် ဖွဲ့​စည်း​ပုံ အခြေ​ခံ ဥပဒေတွင် ပြဋ္ဌာန်း​ထား​သည့် ပြည်ထောင်​စု သမ္မတ မြန်မာ​နိုင်​ငံတော်​အလံ ဖြင့် ၂​၀​၁​၀ ခု​နှစ် အောက်တိုဘာ​လ ၂​၁ ရက်​နေ့​တွင် အလံစတင်​လွှင့်​ထူ​ခြင်း အခမ်းအနား​များ​ကို နိုင်ငံ​တ​ဝှမ်း ကျင်းပ​ကာ အစားထိုး၍ ပြောင်းလဲ အသုံးခဲ့ပြု​သည်။ [၂]

ဝေါဟာရ​ဗေဒ

အဓိကဆောင်ပါး - ဗမာ​နှင့်​မြန်မာ ဝေါဟာရ​များ​အား​ရှင်းလင်း ပြသ​ခြင်း

မြန်မာ​ဟူ​သော ဝေါဟာရစကား​လုံး​မှာ မြန်မာ​နိုင်​ငံတော်​ဟူ​သည့် တရားဝင်​အမည်​မှ ဆင်းသက်​လာ​သော ဒေသ​သုံး အတိုကောက် စကားလုံး​ဖြစ်​သည်။ ဤ​အမည်​နာမ​ကို လွန်​ခဲ့​သည့် ၁​၂ ရာ​စု​ခန့်​ကတည်းက သုံးစွဲ​လာ​ခဲ့​ကြ​သည်။ သို့သော်​လည်း ဝေါဟာရ​ဗေဒ​အရ အရင်းအ​မြစ်​မှာ မ​ရေရာ​ချေ။ တစ်​ချိန်​တည်း​တွင် ယင်း​မှာ မြန်မာ​နိုင်ငံသား​များ​၏ တရားဝင်​နာမည်​လည်း​ဖြစ်​သည်။ ဗမာ​မှာ တိတိ​ကျ⁠ကျ​ပြော​ရ​လျှင် လူ​များ​စု​ဖြစ်​သည့် ဗမာမျိုး​နွယ်​စု​၏ လူ​ပုဂ္ဂိုလ်​တစ်​ဦး​ကို ခေါ်​ရာ​တွင် တရား​ဝင်ခေါ်​သော အသုံး​ဖြစ်​သည်။ ၁​၉​၈​၉ ခု​နှစ်​တွင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အစိုးရ​သည် အင်္ဂလိပ်လက်အောက်ကျရောက်ခဲ့စဉ်က အင်္ဂလိပ်​အခေါ်​ဘား​မား (Burma) အား မြန်မာ (Myanmar) ဟု​လည်းကောင်း၊ လမ်းနာမည်များ၊ ကျောင်းနာမည်များနှင့်အခြား နေရာ​ဒေသ​များ​စွာ​၏အင်္ဂလိပ်​နာမည်ကို မြန်မာ​ဘာသာဖြင့်ရေးသည့် မြန်မာနာမည်များ ပြောင်းလဲ​သုံးစွဲ​ခဲ့​သည်။

ဤသို့ အမည်​များ​အား ပြောင်းလဲ​သုံးစွဲ​ခဲ့​ခြင်း​သည် အင်္ဂလိပ်လက်အောက်ကျရောက်ခဲ့စဉ်က အင်္ဂလိပ်တို့အသုံးပြုခဲ့သော နာမည်များအား လွတ်လပ်ရေးရပြီးချိန်တွင် မိမိတို့ ကိုယ်ပိုင် ဘာသာစကား၊ ကိုယ်ပိုင်စာ ဖြစ်သော မြန်မာစာ၊ မြန်မာဘာသာစကားသို့ ပြောင်းလဲသုံးစွဲခဲ့ခြင်းဖြစ်သည်။[၃] အနောက်နိုင်ငံများနှင့် ဆန့်ကျင်ဘက်အဖွဲ့အစည်းများက စစ်​အစိုးရ​ကို လက်မခံသည့်​အတွက် အင်္ဂလိပ်​ဘာသာဖြင့် နိုင်ငံ​အမည်​အား တရားဝင်​ပြောင်းလဲ​ရန် လုပ်​ပိုင်​ခွင့်​မ​ရှိ​ဟု ယူဆ​ကြ​သည်။ အနောက်နိုင်ငံ​များ​နှင့် ဆန့်ကျင်ဘက်အဖွဲ့အစည်းများကမူ ယနေ့​ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံဟူ၍ ဖြစ်သည့်​တိုင် ဘား​မား​ဟု ဆက်လက်​သုံးစွဲ​လျှက်​ရှိ​ပြီး ဤ​အမည်​ပြောင်းလဲ​သုံး​နှုန်း​ခြင်း​ကို နှေး​ကွေး​စွာ​ဖြင့် လက်ခံ​သည့်​သဘော​ရှိ​သည်။ ဘား​မီစ်း (Burmese) မှာ​လည်း သာမန်​လက်ခံ​ထား သော​နာမ​ဝိသေသ​န​အဖြစ် ဆက်လက်​ရှိ​နေ​သည်။

နိုင်ငံပြင်ပ သ​တင်းဌာန​ကြီး​များ ဖြစ်​သည့် ဘီ⁠ဘီ​စီ (BBC)၊ ဝေါလ်​စ​ထ​ရိ​ဂျာနယ် (Wall Street Journal) နှင့် ဖိုင်​နင်း​ရှယ်​တိုင်မ်း (Financial Times) တို့​အပြင် အမေ​ရိ​ကန်​နှင့် ဂရိတ်​ဗြိ​တိန်​အစိုးရ​များ​က​ပါ မြန်မာ​နိုင်ငံ​ကို ဘား​မား​ဟု ဆက်​လက်ခေါ်ဝေါ်​လျက်​ရှိ​ပြီး စီ​အင်​အင် (CNN)၊ အီကော်နော်​မစ် (The Economist)၊ နှင့် န​ယူး​ယောက်​တိုင်မ်း (New York Times) တို့​က​မူ မြန်မာ​ဟူ​သည့် အသုံး​အနှုန်း​ကို တိုင်း​ပြည်​အဖြစ်​လည်း ‌‌ကောင်း၊ ဘား​မီစ်​ဟူ​သည့် စကားလုံး​ကို နာမ​ဝိသေသ​န​အဖြစ်​လည်းကောင်း လက်ခံ​ကျင့်​သုံး​နေ​ပြီ​ဖြစ်​သည်။[၄] [၅]

ဂရိတ်​ဗြိ​တိန်က​နေ​ဒါဩစတြေးလျနှင့် အမေ​ရိ​ကအစိုးရများ​သည် ဘား​မား (Burma) ကို ဆက်လက်​အသုံးပြု​ကြ​သည်။[၄][၆] သို့​ပေ​မဲ့ ဥ​ရော​ပသ​မဂ္ဂသည် ဘား​မား/မြန်မာ (Burma/Myanmar) နှစ်​မျိုး​လုံး​ကို တွဲ​သုံး​သည်။[၇]. တ​ရုတ်​ပြည်သည် မြန်မာ​အစိုးရ​၏ နာမ​ဘာသာ​ပြန်​မ​သုံး​ဘဲ​နှင် မြန်​တျန့် (缅甸) သုံး​သည်။ ဂျပန်​နိုင်ငံ​သည် မြန်မာ​နိုင်ငံ​အား မြန်မာ (ミャンマー) ဟုခေါ်​ပေ​မဲ့ မြန်မာ​လူ​များ​အား ဘား​မိစ် (Burmese) (ビルマ人) ဟု ဆက်လက်​သုံးစွဲ​လျက်​ရှိ​သည်။ ပြင်​သစ်နိုင်ငံ​သည် အခြား​နိုင်ငံ​အများ​စု​ကဲ့သို့​ပင် ယခင်​သုံးစွဲ​နေကျ ဘာသာ​ပြန်​ကို​သုံး​ပြီး မြန်​မာ​ပြည်​ကို ဗိရ်​မ​နီ (Birmanie) ဟုခေါ်​ကြ​သည်။[၈][၉]

ပထဝီ​ဝင်

မြောက်​ဘက်​တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အရှေ့​ဘက်​တွင် လောနိုင်ငံ၊ အရှေ့တောင်​ဘက်​တွင် ထိုင်းနိုင်ငံ၊ အနောက်​ဘက်​တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ အနောက်မြောက်​အရပ်​တွင် အိန္ဒိယနိုင်ငံ၊ တောင်​ဘက်​တွင် ကပ္ပလီပင်လယ်နှင့် အနောက်တောင်​ဘက်​တွင် ဘင်္ဂလားပင်လယ်အော်တို့​ဖြင့် ထိ​စပ်​လျက်​ရှိ​သည်။ မြန်မာ​နိုင်ငံ​နယ်နိမိတ်​၏ သုံး​ပုံ​တစ်​ပုံ ၁​၉​၃​ဝ ကီ​လို​မီ​တာ (၁⁠၁​၉​၉ မိုင်) မှာ တစ်​ဆက်​တစ်​စပ်​တည်း​သော ကမ်း​ရိုး​တန်းအဖြစ် တွေ့​ရှိ​နိုင်​သည်။ မြန်မာ​နိုင်ငံ​သည် အရှေ့တောင်​အာ​ရှ​နိုင်ငံ​များ​တွင် မြေ​ဧ​ရိ​ယာ​အား​ဖြင့် အကြီး​ဆုံး​နိုင်ငံ ဖြစ်​ပြီး ကမ္ဘာပေါ်​တွင် အမှတ်​စဉ် ၄​၀ မြောက် မြေ​ဧ​ရိ​ယာ​အကြီး​ဆုံး နိုင်ငံ​ဖြစ်​သည်။ [၁၀]ခေတ်​သစ်​ကာလ​အချိန်​များ​တွင် မြန်မာ​နိုင်ငံ​၏ ကွဲပြား​ခြား​နား​သော လူ​ဦးရေ​မှ ယင်း​၏ နိုင်ငံ​ရေး၊ သမိုင်း​ကြောင်း​နှင့် လူ​သားရင်း​မြစ်​များ​အား အဓိက​အခန်း​ကဏ္ဍ​များ​မှ ဖော်​ဆောင်​လျက်​ရှိ​သည်။ ၁​၉⁠၉​၂ ခု​နှစ်​က အာဏာ​ရ​ယူခဲ့​သော ဗိုလ်​ချုပ်​မှူး​ကြီး သန်းရွှေ ဦးဆောင်​သည့် နိုင်​ငံတော် နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ၏ အုပ်ချုပ်​မှု​အောက်​တွင် ရှိ​နေ​ခဲ့​သည်။ ၁​၉​၄​၈ ခု​နှစ်​အထိ ဗြိတိသျှ​အင်​ပါ​ယာ အောက်​တွင် ရပ်​တည်​ခဲ့​သော မြန်မာ​နိုင်ငံ​သည် ယနေ့အ​ချိန်​အထိ လူ​မျိုး​ရေး​တင်းမာ​မှု​နှင့် အာဏာ​သိမ်း​ရန် ကြိုးစား​အားထုတ်​မှု​များ​ကို ဆက်လက်​ရင်ဆိုင်​ရ​လျက်​ရှိ​သည်။ အိမ်နီးချင်း​နိုင်ငံ​များ​၏ လွှမ်းမိုး​မှု နက်ရှိုင်း​စွာ​ခံ​နေ​ရ​သည့် နိုင်ငံ​၏ ယဉ်ကျေး​မှု​တွင် ထူးခြား​သည့် ဗုဒ္ဓ​ယဉ်ကျေး​မှု​နှင့် တိုင်း​ရင်သား​ဓလေ့​များ ရောနှော​လျက်​ရှိ​သည်။

တည်နေရာ

ပြည်ထောင်စုမြန်မာနိုင်ငံတော်သည် အာရှတိုက် အရှေ့တောင်ပိုင်းတွင်တည်ရှိပြီး မြောက်လတ္တီတွဒ် ၉ ဒီဂရီ ၃၂ မိနစ်မှ ၂၈ ဒီဂရီ ၃၁ မိနစ်အထိနှင့် အရှေ့လောင်ဂျီတွဒ် ၉၂ ဒီဂရီ ၁ဝ မိနစ်မှ ၁ဝ၁ ဒီဂရီ ၁၁ မိနစ်အထိ ကျယ်ဝန်းသည်။ အိမ်နီးချင်းနိုင်ငံများအဖြစ် မြောက်ဘက်နှင့် အရှေ့မြောက်ဘက်တွင် တရုတ်နိုင်ငံ၊ အရှေ့ဘက်နှင့် အရှေ့တောင်ဘက်တွင် လာအိုနိုင်ငံနှင့် ထိုင်းနိုင်ငံ၊ အနောက်ဘက်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ အိန္ဒိယနိုင်ငံတို့နှင့် ဆက်စပ်လျက်ရှိပြီး တောင်ဘက်တွင် ကပ္ပလီပင်လယ်နှင့် ဘင်္ဂလားပင်လယ်အော် တည်ရှိသည်။ ရန်ကုန်မြို့တော်ကို အရှေ့လောင်ဂျီတွဒ် ၉၆ ဒီဂရီ ၁၃ မိနစ် မျဉ်းကြောင်းနှင့် မြောက်လတ္တီတွဒ် ၁၆ ဒီဂရီ ၄၅ မိနစ်မျဉ်းကြောင်းတို့ ဖြတ်သန်းသွားကြသည်။ အရှေ့လောင်ဂျီတွဒ် ၉၇ ဒီဂရီ မိနစ် ၃ဝ မျဉ်းကို မြန်မာစံတော်ချိန်မျဉ်းအဖြစ် သတ်မှတ်ထားရာ မြန်မာစံတော်ချိန်သည် ဂရင်းနစ်စံတော်ချိန်ထက် ၆ နာရီ မိနစ် ၃ဝ စောသည်။

အကျယ်အဝန်း

မြန်မာနိုင်ငံ၏ အကျယ်အဝန်းမှာ ၂၆၁,၂၂၈ စတုရန်းမိုင် (၆၇၇,ဝဝဝ စတုရန်းကီလိုမီတာ) ရှိသည်။ အရှေ့နှင့်အနောက် ၅၈၂ မိုင် (၉၃၆ ကီလိုမီတာ) ကျယ်ဝန်းပြီး တောင်နှင့်မြောက် ၁,၂၇၅ မိုင် (၂,ဝ၅၁ ကီလိုမီတာ) ရှည်လျားသည်။ မြန်မာနိုင်ငံ၏ နယ်နိမိတ်အရှည်သည် မိုင်ပေါင်း ၅,၂ဝဝ ခန့်ရှိပြီး အိမ်နီးချင်းနိုင်ငံများနှင့် မိုင်ပေါင်း ၃,၈ဝ၈ မိုင် ဆက်စပ်လျက်ရှိရာ မြန်မာ-တရုတ်နယ်နိမိတ် ၁,၃၅၇ မိုင်၊ မြန်မာ-ထိုင်း ၁,၃၁၄ မိုင်၊ မြန်မာအိန္ဒိယ ၈၅၇ မိုင်၊ မြန်မာ-ဘင်္ဂလားဒေ့ရှ် ၁၅၂ မိုင်နှင့် မြန်မာ-လာအို ၁၂၈ မိုင် အသီးသီး ရှိကြသည်။ ရေမိုင်နယ်နိမိတ်မှာ နတ်မြစ်ဝမှ ကော့သောင်းအထိ အလျား ၁,၃၈၅ မိုင်ခန့်ရှိသည်။

မြေမျက်နှာသွင်ပြင်

မြန်မာနိုင်ငံ၏ မြေမျက်နှာသွင်ပြင်ကို အကြမ်းအားဖြင့် အနောက်ဘက်တောင်တန်းကြီးများဒေသ၊ အလယ်ပိုင်း မြေနိမ့်မြစ်ဝှမ်း လွင်ပြင်ဒေသ၊ အရှေ့ဘက်ကုန်းမြင့်ဒေသဟူ၍ သုံးပိုင်းပိုင်းခြားနိုင်သည်။ ဟိမဝန္တာတောင်တန်းသည် မြန်မာနိုင်ငံနှင့်ဆက်စပ်နေပြီး အနောက်ရိုးမတောင်တန်းအဖြစ် တောင်ဘက်သို့ သွယ်တန်းလျက်ရှိသည်။ အနောက်ရိုးမတောင်တန်းဒေသ၏ မြန်မာနိုင်ငံမြောက်စွန်းတွင်ရှိသော ခါကာ ဘိုရာဇီတောင်မှာ ၁၉၂၉၆ ပေမြင့်၍ စာရာမေတိတောင်ထိပ်သည် ၁၂၅၅၃ ပေမြင့်သည်။ အနောက်ရိုးမ တောင်တန်းကြီးသည် အိန္ဒိယနိုင်ငံနှင့် မြန်မာနိုင်ငံတို့ကို တံတိုင်းသဖွယ် ကာဆီးထားလျက်ရှိသည်။ အလယ်ပိုင်းမြစ်ဝှမ်း မြေနိမ့်လွင်ပြင်ဒေသများတွင် ဧရာဝတီမြစ်ဝှမ်းဒေသသည် အကျယ်ဆုံးဖြစ်၍ ပထမပိုင်းကို မြစ်ဖျားမှ မန္တလေးမြို့အထိ၊ ဒုတိယပိုင်းကို မန္တလေးမှ ပြည်မြို့အထိ၊ တတိယပိုင်းကို ပြည်မြို့မှ မြစ်ဝအထိ ပိုင်းခြားလေ့လာတွေ့ရှိနိုင်သည်။ အလယ်ပိုင်းမြစ်ဝှမ်း မြေနိမ့်လွင်ပြင်ဒေသတွင် စစ်တောင်းမြစ်ဝှမ်း ဒေသနှင့် ချင်းတွင်းမြစ်ဝှမ်းဒေသတို့လည်း ပါဝင်သည်။အလယ်ပိုင်းမြစ်ဝှမ်းမြေနိမ့်ဒေသ၌ ဇီးဖြူတောင်တန်း၊ မင်းဝံတောင်တန်း၊ မှန်ကင်းတောင်တန်းနှင့် ဂန့်ဂေါတောင်တန်းစသည့် တောင်တန်းငယ်များ တည်ရှိသည်။ ထိုဒေသ၌ ပဲခူးရိုးမတောင်တန်းသည် မြောက်မှတောင်သို့ တွန့်ခေါက်သွယ်တန်းလျက် ရှိသည်။ အရှေ့ဘက် ကုန်းမြင့်ဒေသမှာ ရှမ်းကုန်းပြင်မြင့်ဒေသဖြစ်၍ ပျှမ်းမျှ ပေပေါင်း ၃ဝဝဝ မှ ၄ဝဝဝ အထိ မြင့်သည်။ ကုန်းပြင်မြင့်ဆိုသော်လည်း ညီညာနေခြင်းမဟုတ်ဘဲ မြင့်မောက်သော တောင်တန်းကြီးများရှိပြီး သံလွင်မြစ်သည် ရှမ်းကုန်းပြင်မြင့်ဒေသမှ တနင်္သာရီကမ်းမြောင်မြောက်ပိုင်း မြေညီလွင်ပြင်သို့ စီးဆင်းသည်။ ရှမ်းကုန်းပြင်မြင့်၌ မြစ်ဖျားခံသော ရွှေလီ၊ မြစ်ငယ်၊ ဇော်ဂျီနှင့် ပန်းလောင်မြစ်တို့သည် ဧရာဝတီမြစ်ထဲသို့ စီးဝင်ကြသည်။

လူဦးရေ

ပြည်ထောင်စု မြန်မာနိုင်ငံတော်အတွင်း တိုင်းရင်းသားလူမျိုးပေါင်း ၁ဝဝ ကျော်နေထိုင်ပြီး အဓိကအား ဖြင့် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်နှင့်ရှမ်းစသည့် မျိုးနွယ်စုများ မှီတင်းနေထိုင်ကြသည်။ ၁၉၉၈-၉၉ခုနှစ်စာရင်းများအရ လူဦးရေ ၄၇ ဒသမ ၂၅ သန်းရှိပြီး လူဦးရေတိုးနှုန်းမှာ ၁ ဒသမ ၈၄ ရာခိုင်နှုန်း ဖြစ်သည်။ ၁-၁ဝ-၂ဝ၁ဝ ရက်နေ့ရှိ ခန့်မှန်းလူဦးရေမှာ ၅၉ ဒသမ ၇၈ သန်းရှိသည်။ အမျိုးသား ဦးရေ ၂၉ ဒသမ ၇၂ သန်းနှင့် အမျိုးသမီးဦးရေ ၃ဝ ဒသမ ဝ၆ သန်းရှိသည်။

ရာသီဥတု

အကြမ်းအားဖြင့် နွေ၊မိုး၊ဆောင်း ဟူ၍ သုံးရာသီ ပိုင်းခြားထားသည်။ မတ်လမှ မေလလယ်အထိ နွေဥတု၊ မေလလယ်မှ အောက်တိုဘာလကုန်အထိ မိုးဥတုနှင့် နိုဝင်ဘာလမှ ဖေဖော်ဝါရီလကုန်အထိ ဆောင်းဥတုဟု သတ်မှတ်သည်။ ယေဘုယျအားဖြင့် မြန်မာနိုင်ငံသည် အပူပိုင်းမုတ်သုံရာသီဥတု ရှိသော်လည်း မြေမျက်နှာပြင်အနေအထား ကွဲပြားခြားနားမှုကြောင့် တစ်နေရာနှင့်တစ်နေရာ ရာသီဥတု ကွဲပြားသွားသည်။ ဥပမာအားဖြင့် မြန်မာနိုင်ငံအလယ်ပိုင်းတွင် တစ်နှစ်လျှင် စုစုပေါင်း မိုးရေချိန်လက်မ ၄ဝ အောက်သာ ရရှိပြီး ရခိုင်ကမ်းရိုးတန်းနှင့် တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်တွင် တစ်နှစ်လျှင် မိုးရေချိန် လက်မ ၂ဝဝ ခန့်ရရှိသည်။ နွေဥတုဖြစ်သော မတ်လနှင့်ဧပြီလများတွင် မြန်မာနိုင်ငံ အလယ်ပိုင်းဒေသ၌ ပျမ်းမျှအမြင့်ဆုံး အပူချိန်မှာ ၁၁ဝ ဒီဂရီဖာရင်ဟိုက် (၄၃ ဒသမ ၃ ဒီဂရီစင်တီဂရိတ်) အထက်ဖြစ်၍ မြန်မာနိုင်ငံမြောက်ပိုင်းတွင် ၉၇ ဒီဂရီ ဖာရင်ဟိုက် (၃၆ ဒသမ ၁ ဒီဂရီစင်တီဂရိတ်) ခန့်နှင့် ရှမ်းကုန်းပြင်မြင့်တွင် ၈၅ မှ ၉၅ ဒီဂရီ ဖာရင်ဟိုက် (စင်တီဂရိတ် ၂၉ ဒသမ ၄ နှင့် ၃၅ ဒီဂရီ) အတွင်းရှိသည်။ မြို့များ၏ တည်နေရာနှင့် မြေမျက်နှာပြင် အနိမ့်အမြင့်ကိုလိုက်၍ အပူချိန်ကွာခြားသည်။ အပူချိန်မြင့်လွန်းခြင်း၊ နိမ့်ကျလွန်းခြင်းများ မရှိပေ။ တိုက်ခတ်သော လေကြောင်းနှင့် လေဖိအား အခြေအနေများကြောင့် မိုးရွာသွန်းမှုဖြစ်ပေါ်စေသည်။ အချို့နှစ်များတွင် မုန်တိုင်းပြင်းထန်စွာ ကျရောက် သဖြင့် ကမ်းရိုးတန်းဒေသများတွင် ရံဖန်ရံခါမုန်တိုင်းဒဏ်ခံရသည်။ မြန်မာ့သမိုင်းတစ်လျှောက် မြန်မာနိုင်ငံတွင် ပေါ်ပေါက်ကြုံတွေ့ခဲ့ရသော သဘာဝဘေးအန္တရာယ်များတွင် အဆိုးရွား၊ အကြမ်းတမ်းဆုံးသော နာဂစ် ဆိုင်ကလုန်းမုန်တိုင်းဒဏ်ကို မြန်မာနိုင်ငံသည် ၂ဝဝ၈ ခုနှစ် မေလ ၂ရက်နေ့၌ ကြုံတွေ့ခဲ့ရသည်။ ရာသီဥတု မှန်ကန်မျှတမှုကို အထောက်အကူပြုစေရန်အတွက် မြန်မာနိုင်ငံအလယ်ပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး လုပ်ငန်းများကို နိုင်ငံတော်က ဦးစားပေး အကောင်အထည်ဖော်လျက်ရှိသည်။

ကိုးကွယ်ယုံကြည်မှု

မြန်မာနိုင်ငံတွင် လွတ်လပ်စွာ ကိုးကွယ်ယုံကြည်မှု အပြည့်အဝရှိပြီး ခြားနားသော ဘာသာအယူ ဝါဒများ လွတ်လပ်စွာရှင်သန်ထွန်းကားနိုင်မှုသည် ရှေးအစဉ်အဆက်ကပင် တည်ရှိခဲ့သော အစဉ်အလာဖြစ် သည်။ ထို့ကြောင့် ဘာသာရေး အဆောက်အအုံများ၊ ဘာသာအယူဂိုဏ်းကွဲများ၊ ဘာသာရေးပွဲလမ်းများ၊ အခမ်းအနားများကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်နိုင်ကြသည်။ ဘာသာဝင်အမျိုးအစားအားဖြင့် ဗုဒ္ဓဘာသာဝင်မှာ လူဦးရေ၏ ၈၉ ဒသမ ၃ ရာခိုင်နှုန်းဖြစ်၍ အများစု ဖြစ်သော်လည်း အခြားဘာသာဝင်များလည်း လွတ်လပ်စွာ ကိုးကွယ်ခွင့်ရှိကြသည်။ ယင်းတို့တွင် ခရစ်ယာန် ဘာသာဝင် ၅ ဒသမ ဝ၆ ရာခိုင်နှုန်း၊ အစ္စလာမ်ဘာသာဝင် ၃ ဒသမ ၈ ရာခိုင်နှုန်း၊ ဟိန္ဒူဘာသာ ကိုးကွယ်သူ ဝ ဒသမ ၅ ရာခိုင်နှုန်း၊ နတ်ကိုးကွယ်သူ ဝ ဒသမ ၂ ရာခိုင်နှုန်း ရှိကြသည်။[၁၁]

သမိုင်း

ခေတ်​ဦး

ယနေ့ မြန်မာ​မှု​အဖြစ် ပုံဖော်​ပေး​ခဲ့​သည့် ယဉ်ကျေး​မှု​မှာ နှစ်​ပေါင်း အတော်​အတန် ကြာမြင့်​နေ​ပြီ​ဖြစ်​ကြောင်း ဒေသ​တွင်း တူးဖော်​တွေ့​ရှိ​ထား​သည့် ရှေး​ဟောင်း​ပစ္စည်း​များ​က သက်သေ​ထူ​နိုင်​ပါ​သည်။ ရှမ်းပြည်နယ် ဗ​ဒ​လင်း​လိုဏ်​ဂူ​အတွင်း​ရှိ ဂူ​နံရံ​ပန်းချီ​များ​သည် ရှေး​ဟောင်း​သု​တေ​သီ​များ တွေ့​ရှိ​ထား​သည့် ခေတ်​ကာလ အစော​ဆုံး သမိုင်း​သက်သေ​အထောက်​အထား​များ ဖြစ်​သည်။

မွန်​လူ​မျိုး​များ​သည် အောက်​ပိုင်း​ဧရာဝတီ​မြစ်​ဝှမ်း​ဒေသ​သို့ အစော​ဆုံး ရွှေ့​ပြောင်း​ခဲ့​ကြ​သူ​များ ဖြစ်​နိုင်​သည်​ဟု ပညာ​ရှင်​များ​က ယူဆ​ကြ​ပြီး ၎င်း​တို့​သည် ဘီ​စီ ၉​၀​၀ ပြည့်​လယ်​ခေတ်​တွင် မြန်မာ​နိုင်ငံ​တောင်​ပိုင်း​၌ ကြီးစိုး​လွှမ်းမိုး​လာ​ကြ​သည်။ မွန်​လူ​မျိုး​များ​သည်​လည်း အရှေ့တောင်​အာ​ရှ​ဒေသ​တွင် ထေ​ရ​ဝါဒ​ဗုဒ္ဓ​ဘာသာ​ကို အစော​ဆုံး ကိုးကွယ်​ယုံကြည်​ကြ​သည့် လူ​မျိုး​ဖြစ်​သည်။ [၁၂] ပျူလူမျိုးတို့​သည် ဘီ​စီ ပထမ​ရာ​စု​နှောင်း​ပိုင်း​တွင် အလယ်​ပိုင်း ဧရာဝတီ​မြစ်​ဝှမ်း​ဒေသ​သို့ ရောက်​ရှိ​လာ​ကြ​ပြီး မြို့ပြ၊ တိုင်းနိုင်ငံ​များ​ကို ထူထောင်​ခဲ့​ကြ​သည်။ အင်အား​အတောင့်​တင်း​ဆုံး​ပျူ​နိုင်​ငံတော်​မှာ သီ​ရိ​ခေတ္တ​ရာဖြစ်​သည်။ မွန်​နှင့် ပျူ​တိုင်း​ပြည်​တို့​သည် အိန္ဒိယ​နှင့် တရုတ်​နိုင်ငံ​အကြား ကုန်သွယ်​ရေး လမ်း​ကြောင်းပေါ်​တွင် တည်​ရှိ​သည်။ ပျူ​လူ​မျိုး​များ​သည် ၆​၅​၆ ခု​နှစ်​တွင် သီ​ရိ​ခေတ္တ​ရာ​ကို စွန့်ခွာ​ပြီး မြောက်​ဘက်​သို့ ပြောင်းရွှေ့​ခဲ့​ကြ​သည်။ ပျူ​တို့​တစ်​စခန်း ပြန်​ထ​ခဲ့​ကြသော်​လည်း ၈​၀​၀ ခု​အလယ်​ပိုင်း​တွင် နန်​ချောင်​နိုင်ငံ​မှ (လက်​ရှိ တရုတ်​နိုင်ငံ ယွင်​နန်​ပြည်နယ်) သိမ်းပိုက်​ခြင်း​ကို​ခံ​ခဲ့​ရ​သည်။

ပုဂံ​ခေတ် (၁​၀​၄​၄–၁​၂​၈​၇)

ပုဂံ​မြို့​ဟောင်း​ရှိ ပုဂံ​ခေတ်​မှ စေတီပုထိုး​နှင့် ဘုရား​ကျောင်း​များ။

ဗမာတို့​သည် ၇ ရာ​စု​နှစ်​ခန့်​မှ​စ​၍ ယနေ့​တိ​ဗက်​ဒေသ​မှ ဧရာဝတီ​မြစ်​ဝှမ်း​တစ်​လျှောက် ဆင်းသက်​ခဲ့​ကြ​သည်။ အေ​ဒီ ၈​၄​၉ ခု​နှစ်​ခန့်​တွင် ပုဂံကို ‌အခြေ​ပြု​၍ အင်အား​တောင့်တင်း​သည့် မင်းနေပြည်တော်တစ်​ခု​ကို ထူထောင်​ခဲ့​ကြ​သည်။ အနော်​ရ​ထာ​မင်းတရား​ကြီး (၁​၀​၄​၄ - ၁​၀​၇​၇) နန်းတက်​ခဲ့​သည့်​ကာလ​က ‌ဗမာ​လူ​မျိုး​များ​၏ ဩဇာ​မှာ ယနေ့​မြန်မာ​နိုင်ငံ​တစ်​လွှား​သက်ရောက်​လွှမ်းမိုး​ခဲ့​သည်။ ၁⁠၁​၀​၀ ခု​နှစ်​တွင်​မူ အရှေ့တောင်​အာ​ရှ​တိုက်​၏ ဒေသ​အတော်​များ⁠များ​ကို ပုဂံ​မင်း​နေပြည်တော်​မှ ထိန်း​ချုပ်​နိုင်​ခဲ့​သည်။ ယင်း​ကို အများ​က ပထမ​မြန်မာ​အင်​ပါ​ယာအဖြစ်​လက်ခံ​ကြ​သည်။ ၁​၂​၀​၀ ခု​နှစ်​အနှောင်း​ပိုင်း​ကာလ​တွင် ကု​ဗ​လိုင်​ခန် ဦးဆောင်​သော မွန်​ဂို​တို့​က ပုဂံ​နေပြည်တော်​အား သိမ်းပိုက်​ခဲ့​ကြ​သည်။

ထီး​ပြိုင်​နန်း​ပြိုင်​ခေတ် (၁​၂​၈​၇–၁​၅​၃​၁)

သို့သော် ၁​၃​၆​၄ ခု​နှစ်​တွင် မြန်မာ​များ​သည် အင်း​ဝဒေသ​တွင် မိမိ​တို့​၏ မင်း​နေပြည်တော်​ကို တည်​တောင်​ခဲ့​ကြ​ပြီး မြန်​မာ့​ယဉ်ကျေး​မှု​၏ ရွှေရောင်​လွှမ်း​သော ခေတ်​တစ်​ခု​ကို ထူထောင်​နိုင်​ခဲ့​ကြ​သည်။ သို့သော် ၁​၅​၂​၇ ခု​နှစ်​တွင် ရှမ်းများ​က အင်း​ဝ​ကို ဖျက်ဆီး​ပစ်​ခဲ့​ကြ​သည်။ တစ်​ချိန်​တည်း​တွင် မွန်တို့​သည် ပဲခူးကို အခြေ​ပြု​ပြီး​အဓိက​ကျ​သော ကူးသန်း​ရောင်းဝယ်​ရေး​နှင့် ဘာသာ​ရေး​ဗဟို​အချက်အခြာ​အဖြစ်​ပြန်လည်​ရပ်​တည်​ခဲ့​သည်။

တောင်ငူ​ခေတ် (၁​၅​၃​၁–၁​၇​၅​၂)

အင်း​ဝ​မှ ထွက်‌ပြေး​ခဲ့​ကြ​သော ဗမာ​များ​သည် ၁​၅​၃​၁ ခု​နှစ်​တွင် တောင်ငူ၌ တောင်ငူ​မင်း​နေပြည်တော်​ကို တ​ပင်​ရွှေထီးလက်အောက်​တွင် ထူထောင်​ခဲ့​ကြ​သည်။ သူ​သည် မြန်မာ​နိုင်ငံ​ကို စည်း​ရုံး​ပြီး ဒုတိယ​မြန်မာ​အင်​ပါ​ယာ​ကို ထူထောင်​ခဲ့​သည်။ အရှေ့တောင်​အာ​ရှ​တွင် ဥရောပတိုက်သား​များ​၏ လွှမ်းမိုး​မှု​ကြောင့် တောင်ငူ​မင်း​နေပြည်တော်​သည်​လည်း​ကူးသန်း ရောင်းဝယ်​ရေး ဗဟို​ချက်​အချာ​ဖြစ်လာ​သည်။ ဘု​ရင့်​နောင် မင်းတရား​ကြီး​သည် မဏိ​ပူ​ရဇင်းမယ်နှင့် အယုဒ္ဓ​ယတို့​အား သိမ်း​သွင်း​၍ နိုင်​ငံတော်​ကြီး​အား ချဲ့ထွင်​ခဲ့​သည်။

သို့သော်​လည်း အတွင်း​ပုန်ကန်​မှု​များ​နှင့် သိမ်းပိုက်​နယ်‌မြေ​များ​ကို ထိန်း​ချုပ်​နိုင်​ရန် လို​အပ်​သော ဘုရင်​မြစ်​များ ချို့တဲ့​မှု​ကြောင့်​တောင်ငူ​နေပြည်တော်​ကျ​ဆုံး​ခဲ့​ရ​သည်။ ပေါ်​တူ​ဂီ​များ​အား တိုက်​ထုတ်​ခဲ့​သော အနောက်​ဖက်​လွန်​မင်းတရား​ကြီး​သည် ၁​၆​၁​၃ ခု​နှစ်​တွင် မင်း​ဆက်​သစ်​တစ်​ခု​ကို အင်း​ဝ​တွင် ထူထောင်​ခဲ့​သည်။ ၁​၇​၅​၂ ခု​နှစ်​တွင် ပြင်​သစ်တို့​၏ အကူအညီ​ဖြင့် ထကြွ​ပုန်ကန်​သော မွန်​တို့​ကြောင့်​နေပြည်တော်​ကျ​ဆုံး​ခဲ့​သည်။

ကုန်း​ဘောင်​ခေတ် (၁​၇​၅​၂–၁​၈⁠၈​၅)

၁​၂​၈​၅ lithography ပုံ​တွင် အင်္ဂလိပ်စစ်​သား​နှစ်​ယောက်​သည် ရွှေတိဂုံ​စေတီ နားကင်း​လှည့်​ကြ​သည်။

၁​၇​၅​၂ ခု​နှစ်​တွင် အလောင်း​ဘုရားသည် ကုန်း​ဘောင်​မင်း​ဆက်​ကို ထူထောင်​ပြီး တတိယ​မြန်မာ​အင်​ပါ​ယာကြီး​ကို တည်ဆောက်​ခဲ့​သည်။ ၁​၇​၆​၇ ခု​နှစ်​တွင် မြေ​ဒူး​မင်းတရား​ကြီး​က အယုဒ္ဓ​ယနိုင်ငံ​အား သိမ်းပိုက်​အောင်မြင်​ခဲ့​ပြီး မြန်​မာ့​ယဉ်ကျေး​မှု​က ထိုင်း​ယဉ်ကျေး​မှုအပေါ်​အတော်​လွှမ်းမိုး​စေ​ခဲ့​သည်။ တရုတ်​ပြည် ချင်​မင်း​ဆက်သည် မြန်မာ​တို့​၏ ကြီး​ထွား​လာ​သော အင်အား​ကို စိုး​ရိမ်း​သ​ဖြင့်​မြန်မာ​ကို ၁​၇​၆​၅ ၁​၇​၆​၉ ခု​နှစ်​ကာလ​တွင်း လေး​ကြိမ်​တိတိ​သိမ်းပိုက်​ရန်​ကြိုးစား​အားထုတ်​ခဲ့သော်​လည်း မ​အောင်မြင်​ခဲ့​ပေ။ နောက်​မင်း​ဆက်​များ​က အယုဒ္ဓ​ယ​အား စွန့်​လွှတ်​ခဲ့​ရသော်​လည်း ရခိုင်နှင့် တနင်္သာရီတို့​ကို ရ​ရှိ​ခဲ့​သည်။

၁​၈​၂​၄ ခု​နှစ်ဘ​ကြီးတော်​မင်းတရား​လက်ထက်​တွင် စစ်သူကြီးမဟာ​ဗန္ဓု​လသည် အိန္ဒိယ​နိုင်ငံရှိ​ဗြိတိသျှ​တို့​၏ နယ်‌‌မြေ​နှင့် ထိ​စပ်​နေ​သော အာသံ​ပြည်နယ်​ကို သိမ်းပိုက်​ရာ​မှ စစ်​မီးပွား​ခဲ့​သည်။ ပထမ​အင်္ဂလိပ်​မြန်မာ​စစ်ပွဲ​ကို ၁​၈​၂​၆ ခု​နှစ်​တွင် မြန်မာ​နိုင်ငံ​အလယ်​ပိုင်း ရန္တ​ပို​တွင် စာချုပ်​ချုပ်​၍ ငြိမ်း​စေ​ခဲ့​ပြီး ကမ်း​ရိုး​တန်း​ဒေသ​များ​ဖြစ်​သည့်​ရခိုင်​နှင့် တနင်္သာရီ​ဒေသ​များ​ကို စွန့်​လွှတ်​ခဲ့​ရ​သည်။ ၁​၈​၅​၂ ခု​နှစ်​တွင် သာယာ​ဝ​တီ​မင်းတရား​ကြီး​သည် နယ်စပ်​ပြဿနာ​များ​မှ ပေါ်ပေါက်​လာ​သည့် အခင်း​များ​မှ အင်္ဂလိပ်​အရာရှိ​များ​အား​ဖမ်းဆီး​ခဲ့​သည်​ကို အကြောင်း ပြု​ပြီးဒုတိယ​အင်္ဂလိပ်​မြန်မာ​စစ်ပွဲ​ဖန်တီး​ခဲ့​ကြ​သည်။ ဤ​တစ်​ကြိမ်​တွင် အင်္ဂလိပ်​တို့​သည် ကျန်​ရှိ​နေ​သေး​သည့် ကမ်း​ရိုး​တန်း​ဒေသ​များ​ဖြစ်​သည့် ဧရာဝတီရန်ကုန်နှင့် ပဲခူးတို့​အား သိမ်းပိုက်​ခဲ့​သည်။ ၁​၈⁠၈​၅ ခု​နှစ်​တွင် မြန်မာ​ကောက်တော်​များ​သည် ဘု​ရင့်​အမိန့်တော်​အရ တာဝန်​ဝတ္တရား​များ ဆောင်ရွက်​ရာ​မှ ဘုံ​ဘေ-ဘား​မား​သစ်​ကုမ္ပဏီသည် သစ်​များ​ကို တရားမ​ဝင်​ခုတ်လှဲ​ပြီး အခွန်​တိမ်း ရှောင်​ရန် ဝှက်ထား​သည်​ကို စစ်ဆေး​တွေ့​ရှိ​ခဲ့​သည်။ သီ​ပေါ​မင်းသည် ကုမ္ပဏီ​အား​ဒဏ်​ရိုက်​အရေးယူ​ခဲ့​သည် ကို ဗြိတိသျှ​တို့​ဘက်​မှ ကျန်​ရှိ​နေ​သေး​သည့် မြန်မာ​နိုင်ငံ​အား သိမ်းပိုက်​ရန် အခွင့်အရေး​အဖြစ် ယူဆ​ခဲ့​ပြီး ၁​၈⁠၈​၅ ခု​နှစ်​နိုဝင်ဘာ​တွင် ရက်​သတ္တ နှစ်​ပတ်​တည်း​နှင့် တတိယ​အင်္ဂလိပ်​မြန်မာ​စစ်ပွဲ​ကို ဆင်​နွှဲ​ခဲ့​လေ​သည်။ သီ​ပေါ​မင်းတရား​ကြီး​နှင့် တ​ကွ တော်ဝင်​မိသား​စု​ဝင်​များ​အား ဖမ်းဆီး​ခဲ့​ပြီး မ​ဒြစ်​သို့ ပြည်​နှင် ဒဏ်ပေး​ခဲ့​၍ နောက်ဆုံး​တွင် ရတနာ​ဂီ​ရိ​သို့ ပို့ဆောင်​ခဲ့​ကြ​သည်။

ဗြိတိသျှ​အုပ်ချုပ်​ရေး (၁​၈⁠၈​၆–၁​၉​၄​၈)

ယနေ့​မြန်မာ​နိုင်ငံ​တွင်​ရန်ကုန်မြို့​ရှိ တရားရုံး​ချုပ်​သည် ဗြိတိသျှ​ကို​လို​နီ​ခေတ်​၏ ကြွင်းကျန်​အမြောက်အမြား​အနက် တစ်​ခု​ဖြစ်​သည်။

မြန်မာ​နိုင်ငံ​သည် ၁​၈⁠၈​၅ ခု​နှစ် နိုဝင်ဘာ​ကုန်​ပိုင်း​တွင် ဗြိတိသျှ​အိန္ဒိယ၏ လက်အောက်​ခံ​ဒေသ​တစ်​ခု​အဖြစ် ကျ​ရောက်​သွား​ခဲ့​ပြီး ၁​၈⁠၈​၆ ခု​နှ​စါ​ဇန်နဝါရီ ၁​ရက်​နေ့​တွင် ဝိ​တို​ရိ​ယ​ဘုရင်​မကြီး​အား နှစ်​သစ်​ကူး​လက်​ဆောက်​အဖြစ် ဆက်သ​ခဲ့​ကြ​သည်။ ၁​၉​၃​၇ ခု​နှစ် ဧပြီ ၁ ရက်​တွင် မြန်မာ​နိုင်ငံ​သည် သီးခြား​အုပ်ချုပ်​နယ်​မြေ​ဖြစ်လာ​ပြီး အိန္ဒ​ယ​နိုင်ငံ​နှင့် ခွဲ​ခဲ့​သည်။ တိုင်း​ပြည်​အတွင်း​ခွဲ​ရေး​တွဲ​ရေး အရေး​အခင်း ကြောင့် ပေါ်ပေါက်​လာ​သော အက်ကွဲ​ကြောင်း​သည် လွတ်လပ်​ရေးရ​ပြီး နောက်​ပိုင်း​ဆက်​ဖြစ်လာ​သည့် ပြည်​တွင်း​ဆူ​ပူ​သောင်းကျန်း​မှု​များ​၏ မြစ်ဖျား​ခံ​ရာ​အဖြစ် တွေ့​ရှိ​ရ​မည်​ဖြစ်​သည်။

၁​၉​၄​၀ ခု​နှစ်​တွင် ဗိုလ်​ချုပ်အောင်​ဆန်းဦးဆောင်​သည့် ရဲဘော်သုံးကျိပ်အဖွဲ့​ဝင်​တို့​သည် ဗ​မာ့​လွတ်မြောက်​ရေး​တပ်​မတော် (ဘီ​အိုင်​အေ) ကို တည်ထောင်​ခဲ့​ကြ​သည်။[၁၃][၁၃] ရဲဘော်​သုံး​ကျိပ်​သည် ဂျပန်​နိုင်ငံတွင် စစ်​သင်​တန်း​များ​တက်​ရောက်​ခဲ့​ကြ​သည်။[၁၃]

ဒုတိယ​ကမ္ဘာ​စစ်ကာလ မြန်မာ​နိုင်ငံ​သည် အရှေ့တောင်​အာ​ရှ​စစ်​မျက်နှာ​တွင် အရေး​ပါ​သည့် အခန်း​က​မှ ပါဝင်​ခဲ့​သည်။ စစ်​ပွဲ​၏ က​န​ဦး​ပိုင်း မြန်မာ​ပြည်​စစ်ဆင်​ရေး​တွင် ဂျပန်​ဦးဆောင်​မှု​သည် အောင်မြင်​မှု​များ ရ​ရှိ​ခဲ့​ပြီး ဗြိတိသျှ​များ​အား မြန်မာ​ပြည်​အနှံ့​မှ တိုက် ထုတ်​နိုင်​ခဲ့​သည်။ သို့သော်​မဟာမိတ်​များ​က ပြန်လည်​တုံ့​ပြန်​ခဲ့​သည်။ ၁​၉​၄​၅ ခု​နှစ် ဇူလိုင်​တွင် မဟာမိတ်​များ​က ပြန်လည်​သိမ်းပိုက်​နိုင်​ခဲ့​သည်။ မြန်မာ​တို့​သည် နှစ်​ဘက်​စလုံး​မှ ပါဝင်​ခဲ့​ကြ​သည်။ မြန်မာ​များ​သည် အစ​ပိုင်း​တွင် ဂျပန်​တို့​ဘက်​မှ ပါဝင်​ခဲ့​ကြသော်​လည်း မြန်မာ​အချို့​တို့​သည် ၁​၉​၄​၁-၁​၉​၄​၂ ခု​နှစ်​များ​တွင် အင်္ဂလိပ်​တို့​ဘက်​မှ ပါဝင်​တိုက်ခိုက်​ခဲ့​ကြ​သည်။ ၁​၉​၄​၃ ခု​နှစ်​တွင် ချင်း​တပ်​နှင့် ကချင်​တပ်​များ​ကို ဗြိတိသျှ​တို့ ထိန်း​ချုပ်​သည့် နယ်စပ်​ဒေသ​များ​တွင် ဖွဲ့​စည်း​ခဲ့​ကြ​သည်။ ဗ​မာ့​သေ​နတ်​ကိုင်​တပ်​ရင်း​များ​သည် ၁​၉​၄​၃-၁​၉​၄​၅ ခု​နှစ်​တွင် ဗိုလ်​ချုပ်အော့်​ဝင်း​ဂိတ်​၏ လက်အောက်​၌ ချင်း​ဒစ်​တပ်ဖွဲ့​များ​အဖြစ်​ပါဝင်​တိုက်ခိုက်​ခဲ့​ကြ​သည်။ နောက်​ပိုင်း​တွင် အမေ​ရိ​ကန်​များ​ကန်-ကချင်​အထူး​တပ်​များ​အား​ဖွဲ့​စည်း​ခဲ့​ပြီး မဟာမိတ်​တို့​အောက်​တွင် ပါဝင်​တိုက်ခိုက်​ခဲ့​ကြ​သည်။ အခြား​များ​စွာ​သော တပ်ဖွဲ့​များ​မှာ ဗြိတိသျှ​အထူး​စစ်ဆင်​ရေး​အဖွဲ့​များ အောက်​တွင် ပါဝင်​ခဲ့​ကြ​သည်။ ဗ​မာ့​လွတ်မြောက်​ရေး တပ်​မတော်​သည် ဗိုလ်​ချုပ်​အောင်​ဆန်း​၏ ဦးဆောင်​မှု​အောက်​တွင် ရခိုင်​အမျိုးသား​တပ်​မတော်​နှင့် အတူ​ဂျပန်​တို့​ဘက်​မှ ပါဝင်​၍ ၁​၉​၄​၂-၁​၉​၄​၄ ခု​နှစ်​များ​တွင် ပါဝင်​တိုက်​ပွဲဝင်​ခဲ့​ကြ​ပြီး ၁​၉​၄​၅ ခု​နှစ်​တွင် ဂျပန်​တို့​အား ပြန်လှန်​တွန်း​လှန်​ခဲ့​ကြ​လေ​သည်။

၁​၉​၄​၇ ခု​နှစ်​တွင် ဗိုလ်​ချုပ်​အောင်​ဆန်း​သည် ကြား​ဖြတ်​အစိုးရ​အဖွဲ့၊ မြန်မာ​နိုင်ငံ​အမှုဆောင်​ကောင်​စီ​အဖွဲ့​၏ ဒုတိယ​ဥက္ကဌဖြစ်​ခဲ့​သည်။၁၉၄၇ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်တွင် ဗိုလ်ချုပ်အောင်ဆန်းသည် ဆာမောင်ကြီး၊ ဗိုလ်မှူးအောင်၊ မြို့မ-ဦးသန်းကြွယ်၊ အခြားတိုင်းရင်းသား ခေါင်းဆောင်များနှင့် အတူ ပင်လုံညီလာခံတွင် တက်ရောက်ခဲ့ပြီး၊ စည်းလုံးညီညွတ်ရေးဖော်ဆောင်သည့် စာချုပ်လက်မှတ်ရေးထိုးခဲ့သည်။ သို့သော် ၁​၉​၄​၇ ဇူလိုင်​တွင် နိုင်ငံ​ရေး​ပြိုင်ဘက်​များ​က ဗိုလ်​ချုပ်​အောင်​ဆန်း​နှင့်​တ​ကွ ကက်​ဘိ​နက်​အဖွဲ့​ဝင်​အချို့​ကို လုပ်ကြံ​သတ်​ဖြတ်​ခဲ့​ကြ​သည်။[၁၃]

ဒီ​မို​က​ရက်​တစ်​သမ္မတ​နိုင်ငံ (၁​၉​၄​၈–၁​၉​၆​၂)

ရန်ကုန်မြို့​ရှိ လွတ်လပ်​ရေး​ကျောက်​တိုင်ကို် ြ​ဗိ​တိ​သျှ​တို့​ထံ​မှ ြ​မန်​မာ​နိုင်ငံ​လွတ်လပ်​ရေး​ရြ​ခင်း​ကို အောက်မေ့​ရန် တည်ထား​ြ​ဖစ်​သည်။

၁​၉​၄​၈ ခု​နှစ် ဇန်နဝါရီ ၄ ရက်​တွင် မြန်မာ​နိုင်ငံ​သည် ပထမ​ဦး​ဆုံး သမ္မတ​နှင့် ဝန်ကြီး​ချုပ်​အဖြစ် စဝ်​ရွှေ​သိုက်နှင့် ဦး​နုတို့ တာဝန်​ယူခဲ့​သော လွတ်လပ်​သည့် သမ္မတ​နိုင်ငံ​ဖြစ်​သော ပြည်ထောင်​စု​မြန်မာ​နိုင်ငံ​အဖြစ် ရပ်​တည်​ခဲ့​လေ​သည်။ အခြား​ဗြိတိသျှ​ကို​လို​နီ​နိုင်ငံ​များ​နှင့် မ​တူညီ​ဘဲ​ဓန​သ​ဟာ​ရ​အဖွဲ့​ဝင်​အဖြစ်​မ​ပါဝင်​ခဲ့​ချေ။ အထက်​လွှတ်တော်နှင့် လူ​မျိုး​စု​လွှတ်တော်နှစ်​ရပ် ပါဝင်​သော ပါလီမန်​စနစ်​ကို ကျင့်​သုံး​ခဲ့​သည်။[၁၄]

ယနေ့မြင်တွေ့ရသော မြန်မာ​နိုင်ငံ​သည် အောက်​မြန်မာနိုင်ငံ​နှင့် အထက်​မြန်မာနိုင်ငံ​တို့ ပါဝင်​သည့်​မြန်မာ​ပြည်​မ​နှင့် ဗြိတိသျှ​တို့​သီးခြား​အုပ်ချုပ်​ခဲ့​သည့် နယ်ခြား​ဒေသ​တို့​ကို ပူးပေါင်း​၍ ဖွဲ့​စည်း​ထား​ပြီး ပင်​လုံ​စာချုပ်အရ​ဖြစ်လာ​သော နယ်​မြေ​အဖြစ်​ဇာစ်​မြစ်​လိုက်​၍ ရ​လေ​သည်။[၁၅] ၁၉၆၁ ခု​နှစ်​တွင် ထို​စဉ်​က မြန်မာ​နိုင်ငံ​၏ ကုလသမဂ္ဂ အမြဲ​တန်း​ကိုယ်စားလှယ်​အဖြစ်​နှင့် ယခင်​ဝန်ကြီး​ပေး ခဲ့​ဘူး​သည့် ဦး​သန့်သည် ကုလသမဂ္ဂ​၏ အထွေ​ထွေ အတွင်း​ရေး​မှူး​ချုပ်​အဖြစ် အရွေး​ချယ်​ခံ​ခဲ့​ရ​သည်။[၁၆]

စစ်အုပ်ချုပ်​ရေး (၁​၉​၆​၂–ယနေ့)

နိုင်ငံ​ကို ၂​၆ နှစ်​တိုင်⁠တိုင်​အုပ်ချုပ်​ခဲ့​သည့် နေ​ဝင်း ဦးဆောင်​သော စစ်​အစိုးရ​က အာဏာ​သိမ်းယူ​သည့် ၁​၉​၆​၂ ခု​နှစ်​တွင် ဒီ​မို​က​ရေ​စီ​အုပ်ချုပ်​ရေး​စနစ်​ရပ်​စဲ​သွား​ပြီး မြန်​မာ့​ဆို​ရှယ်​လစ်​စနစ်​လမ်း​စဉ်ကို စတင်​ခဲ့​သည်။[၁၇] ၁၉၇၄ ခု​နှစ်​တွင် ဦး​သန့်၏ ဈာပန​အခမ်းအနား​မှ စတင်​၍ အစိုးရ​ဆန့်ကျင်​ရေး ဆန္ဒ​ပြ​မှု​နှင့်​အတူ သွေး​ထွက်​သံ​ယို​မှု​များ ဖြစ်ပေါ်​ခဲ့​သည်။[၁၇] ၁​၉​၈​၈ ခု​နှစ် ရှစ်​လေး​လုံး​အရေးတော်​ပုံ (၈⁠၈​၈​၈) တွင် တော်​လှန်​ရေး​တစ်​ရပ်​၏ ဖြစ်​လု​ဆဲ⁠ဆဲ​အခြေအနေ​သို့ ရောက်​ရှိ​သွား​ခဲ့​သည်။ တန်​ပြန်​အနေ​နှင့် ဗိုလ်​ချုပ်စော​မောင်မှ အာဏာ​သိမ်းယူ​ခဲ့​သည်။ ၄င်း​က နိုင်​ငံတော်​ငြိမ်ဝပ်​ပိ​ပြား​မှု​တည်ဆောက်​ရေး​အဖွဲ့ (န​ဝ​တ) ကို ဖွဲ့​စည်း​ခဲ့​သည်။ ၁​၉​၈​၉ ခု​နှစ်​တွင် ဆန္ဒ​ပြ​ပွဲ​များ ဖြစ်ပွား​ပြီး စစ်​အုပ်ချုပ်​ရေး ဥပဒေ​ကို ပြဌာန်း​ခဲ့​သည်။ ပြည်​သူ့​ကိုယ်စားလှယ်​များ​အား ရွေးချယ်​တင်​မြောက်​မည့် စီမံ​ချက်​များ​ကို ၁​၉​၈​၉ ခု​နှစ် မေ ၃​၁ တွင် အပြီးသတ် ရေး​ဆွဲ​ခဲ့​ကြ​သည်။[၁၈]

၁၉၉ဝ ခု​နှစ် မေ​တွင် လွတ်လပ်​သော ရွေး​ကောက်​တင်​မြောက်​ပွဲ​ကို နှစ် ၃​၀ အတွင်း​ပထမ​ဦး​ဆုံး​အကြိမ်​အဖြစ် ကျင်းပ​ခဲ့​ကြ​သည်။ ဒေါ်​အောင်​ဆန်း​စု​ကြည်အမျိုးသား​ဒီ​မို​က​ရေ​စီ​အဖွဲ့​ချုပ်​ပါ​တီမှ စုစုပေါင်း အမတ်​နေရာ ၄​၈​၉ အနက် ၄​၀​၉ နေရာ​ကို အနိုင်​ရ​ရှိ​ခဲ့​သည်။[၁၉] သို့သော်​န​ဝ​တ​အစိုးရ​မှ ရွေး​ကောက်​ပွဲ ရလဒ်​များ​ကို ငြင်းပယ်​ခဲ့​ပြီး ဆင်း​ပေး​ရန်​ငြင်း​ဆို​ခဲ့​သည်။ န​ဝ​တ​အဖွဲ့​သည် အင်္ဂလိပ်​အခေါ် ဘား​မား (Burma) အား​မြန်မာ​(Myanmar)ဟု ၁​၉​၈​၉ ခု​နှစ်​တွင် ပြောင်းလဲ​သတ်​မှတ်​ခဲ့​သည်။ ၁​၉⁠၉​၁ ခု​နှစ်​မှ​စ​၍ ဗိုလ်​ချုပ်​မှူး​ကြီး​သန်း​ရွှေက ဦးဆောင်​ခဲ့​ပြီး တိုင်း​ရင်း​သား​လက်နက်ကိုင်​အဖွဲ့​အစည်း​များ​နှင့် ငြိမ်း​ချမ်း​ရေး​ရ​ယူခဲ့​သည်။ ၁​၉⁠၉​၂ ခု​နှစ်​တွင် န​ဝ​တ​အဖွဲ့​သည် ဖွဲ့​စည်း​အုပ်ချုပ်​ပုံ အ‌ခြေ​ခံ​ဥပဒေ​သစ် ရေး​ဆွဲ​ရန် ဖော်​ထုတ်​ခဲ့​ပြီး အမျိုးသား​ညီလာခံတစ်​ရပ်​ကို ၁​၉⁠၉​၃ ခု​နှစ် ဇန်နဝါရီ​လ ၉ ရက်​နေ့​တွင် စတင်​ခဲ့​သည်။[၂၀] ၁၉၉၇ ခု​နှစ်​တွင် န​ဝ​တ​ကို နိုင်​ငံတော်​အေးချမ်း​သာယာ​ရေး​နှင့်​ဖွံ့ဖြိုး​ရေး​ကောင်​စီ (န​အဖ) ဟု​ပြင်ဆင်​ဖွဲ့​စည်း​ခဲ့​သည်။

၁​၉⁠၉​၇ ခု​နှစ်​တွင် မြန်မာ​နိုင်ငံ​အား အရှေ့တောင်​အာ​ရှ​နိုင်ငံ​များ​အဖွဲ့​မှ အဖွဲ့​ဝင်​နိုင်ငံ​အဖြစ် ဝင်​ရောက်​ခွင့်​ပြု​ခဲ့​သည်။ အမျိုးသား​ညီလာခံ​သည် ဆက်လက် ကျင်းပ​လိုက် ရပ်နား​လိုက်​ဖြင့် စခန်း​သွား​လျက်​ရှိ​သည်။ အမျိုးသား​ဒီ​မို​က​ရေ​စီ​အဖွဲ့​ချုပ် အပါအဝင် နိုင်ငံ​ရေး​ပါ​တီ​များ​စွာ​တို့​မှာ ညီလာခံ​တွင် ပါဝင်​ခြင်း​မ​ရှိ​ဘဲ တိုးတက်​မှု​မှာ​လည်း မ​ရှိ​သ​လောက်​ဖြစ်​သည်။[၂၀] ၂​၀⁠၀​၆ ခု​နှစ် မတ် ၁​၇ ရက်​တွင် န​အဖ​စစ်​အစိုးရ​သည် မြို့တော်ကို ပျဉ်းမ​နားအနီး​ရှိ ဒေသ​သို့​ပြောင်းရွှေ့​ခဲ့​ကာ မင်း​တို့​၏ တည်​နေရာ 'နေပြည်တော်' ဟု​တရားဝင်‌ကြေညာ​ခဲ့​သည်။[၂၁] ၂၀၀၆ ခု​နှစ် စက်တင်ဘာ​တွင် အမေ​ရိ​ကန်​ဦးဆောင်​သည့် မြန်မာ​နိုင်ငံ​အရေး​အား ကုလသမဂ္ဂ လုံခြုံ​ရေး​ကောင်​စီအာ​ဂျင်​ဒါ​တွင် ထည့်​တွင်း​ရေး​ကြိုးပမ်း​မှု​အောင်မြင်​ခဲ့​ပြီး လုံခြုံ​ရေး ကောင်​စီ​တွင် မြန်မာ​နိုင်ငံ​၏ လူ့​အခွင့်အရေးချိုး​ဖောက်​မှု​များ​ကို မည်သို့​အရေးယူ​ဆောင်ရွက်​မည်​ကို တရားဝင်​ဆွေးနွေး​ရန် လမ်း​စပေါ်​ပေါက်​ပြီ​ဖြစ်​သည်။[၂၂]

၂ဝဝ၆ ခု​နှစ် နိုဝင်ဘာ​တွင် အပြည်​ပြည်​ဆိုင်​ရာ​အလုပ်​သမား​အဖွဲ့​ချုပ်မှ မြန်မာ​နိုင်ငံ​၏ ဆက်တိုက်​ကျူးလွန်​ဖောက်​ဖျက်​နေ​သည့် စစ်​တပ်​မှ အဓမ္မ​လုပ်​အား ပေး​ခိုင်း​မှု​များ​အား အပြည်​ပြည်​ဆိုင်​ရာ​တရားရုံး​ချုပ်​တွင် တိုင်တန်း​အရေးယူ​နိုင်​ရန် ကြေညာ​ခဲ့​သည်။[၂၃]

၂​၀​၁​၀ ခု​နှစ်၊ ဩဂုတ်​လ ၁​၃ ရက်​နေ့​တွင် စစ်​အစိုးရ​က လာ​မည့် ရွေး​ကောက်​ပွဲ​ကို ၂​၀​၁​၀ ခု​နှစ်၊ နိုဝင်ဘာ​လ (၇) ရက်​နေ့​တွင် ကျင်းပ​မည်​ဟု ကြေငြာ​သည်။

မြို့တော်​များ​စာရင်း

နိုင်ငံ​ရေး​နှင့် အစိုးရ

ဖိုင်:Myanmar-message.jpg
အစိုးရ​ဝါဒ​ဖြန့်​ခြင်း​ပို​စ​တာ​သည် "တပ်​နှင့်​ပြည်​သူ​လက်​တွဲ​ကူ ပြည်ထောင်​စု​ဖြို​ခွဲ​သူ​မှန်​သ​မျှ ချေ​မှုန်း​ကြ။" ရေး​ဆို​သည်။
အဓိကဆောင်ပါး - မြန်မာ​နိုင်ငံ​၏ နိုင်ငံ​ရေး

ပြည်ထောင်​စု​မြန်မာ​နိုင်ငံ​သည် စစ်​အုပ်ချုပ်​ရေးစနစ်​အောက်​တွင်​ရှိ​သည်။ ၁​၉⁠၉​ဝ ခု​နှစ် ပြည်​သူ့​လွှတ်တော်သို့ ရွေး​ကောက်ခံ​ရ​သော ကိုယ်စားလှယ်​များ​သည် ပြည်ထောင်​စု​မြန်မာ​နိုင်ငံ အဝေး​ရောက်​အမျိုးသား​ညွန့်​ပေါင်း​အစိုးရ​အဖွဲ့​ကို မြန်မာ​နိုင်ငံ​ဒီ​မို​က​ရေ​စီ ပြန်လည်​တည်ဆောက်​ရေး​ဆောင်​ပုဒ်​ဖြင့် ၁​၉⁠၉​၀ ခု​နှစ် ဒီဇင်ဘာ​တွင် ဖွဲ့​စည်း​တည်ထောင်​ခဲ့​ကြ​သည်။ ဒေါ်​အောင်​ဆန်း​စု​ကြည်၏ မောင်​ဝမ်း​ကွဲတော်​သူ ဦး​စိန်​ဝင်းသည် ယင်း​အဖွဲ့​၏ လက်​ရှိ​ဝန်ကြီး​ချုပ်​ဖြစ်​သည်။ သို့သော်​ပြည်ထောင်​စု​မြန်မာ​နိုင်ငံ အဝေး​ရောက်​အမျိုးသား​ညွန့်​ပေါင်း​အစိုးရ​အဖွဲ့​သည် လုပ်​ပိုင်​ခွင့်​မ​ရှိ​သ​လောက်​ဖြစ်​ပြီး မြန်မာ​နိုင်ငံ​တွင် တရားမ​ဝင်သော အသင်း​အဖွဲ့​အဖြစ် ကြေညာ​ထား​ခြင်း​ခံ​ရ​သည်။[၂၄]

လက်ရှိနိုင်ငံတော်​အကြီးအကဲ​မှာ ဗိုလ်​ချုပ်​မှူး​ကြီး​သန်း​ရွှေဖြစ်​ပြီး နိုင်​ငံတော်​အေးချမ်း​သာယာ​ရေး​နှင့်​ဖွံ့ဖြိုး​ရေး​ကောင်​စီ၏ ဥက္ကရာထူး​ကို​လည်း ရ​ယူထား​သူ​ဖြစ်​သည်။ သူ​သည် လုပ်​ပိုင်​ခွင့်​အာဏာ​များ​စွာ​ကို ပိုင်ဆိုင်​ထား​ပြီး ဝန်ကြီး​များ​နှင့် ကက်​ဘိ​နက်​အဖွဲ့​ဝင်​များ​အား​ပြောင်းရွှေ့​ခြင်း၊ နိုင်ငံ​တကာ​ရေးရာ​များ​တွင် အဓိ​ကျ​သော ဆုံးဖြတ်ချက်​များ​ကို​လည်း ချ​မှတ်​ခြင်း​များ​လည်း ပြုလုပ်​သည်။ ၂​ဝ⁠ဝ​၄ ခု​နှစ် အောက်တိုဘာ​အထိ ဗိုလ်​ချုပ်​ကြီး​ခင်​ညွန့်မှာ ဝန်ကြီး​ချုပ်ဖြစ်​ပြီး ဗိုလ်​ချုပ်​ကြီးစိုး​ဝင်းနှင့် အစားထိုး​ပြောင်းလဲ​ခဲ့​သည်။ ၄င်း​သည် ဗိုလ်​ချုပ်​မှူး​ကြီး​သန်း​ရွှေ​နှင့် နီးစပ်​မှု​ရှိ​သူ​ဟု​သိရှိ​ရ​သည်။ ဝန်ကြီး​နေရာ​အများ​စု​နှင့် ကက်​ဘိ​နက်​နေရာ အများ​စု​မှာ တပ်​မတော်​အရာရှိ​ကြီး​များ​က ရ​ယူထား​ပြီး ကျမ်း​မာ​ရေး၊ ပညာ​ရေး၊ အလုပ်​သမား​အရေး၊ စီမံ​ကိန်း​ရေး​ဆွဲ​ရေး​နှင့် စီးပွား​ရေး​ဝန်ကြီး​နေရာ​များ​ကို အရပ်သား​များ​က ရ​ယူထား​ရှိ​သည်။[၂၅]

မြန်​မာ​နိုင်ငံ​တွင် အဓိက​ပါ​တီ​ကြီး​များ​မှာ အမျိုးသား​ဒီ​မို​က​ရေ​စီ​အဖွဲ့​ချုပ်နှင့် ရှမ်း​အမျိုးသား​ဒီ​မို​က​ရေ​စီ​အဖွဲ့​ချုပ်တို့​ဖြစ်​ကြ​သည်။ ယင်း​တို့​၏​လှုပ်ရှား​မှု​များ​ကို​မူ အစိုးရ​မှ တင်း​ကျပ်​စွာ ချုပ်​ကိုင်​ထား​သည်။ အခြား​တိုင်း​ရင်း​သား​လူ​မျိုး​စု​များ​အား ကိုယ်စား​ပြု​သော ပါ​တီ​ငယ်​များ​လည်း​ရှိ​သည်။ နိုင်ငံ​ရေး အတိုက်​အခံ​ပြုလုပ်​ခြင်း​ကို ခွင့်​ပြု​ခြင်း​မ​ရှိ​သ​လောက်​ဖြစ်​ပြီး ပါ​တီ​များ​စွာ​မှာ တရားမ​ဝင်​အသင်း အဖြစ်​ကြေညာ​ထား​ခြင်​ခံ​ရ​သည်။ တိုင်း​ရင်း​သား​စည်း​လုံး​ညီညွတ်​ရေး​ပါ​တီ​သည် တပ်​မတော်​ကို ကိုယ်စား​ပြု​ပြီး လူထု​အစည်း​အရုံး​ကြီး​တစ်​ခု​ဖြစ်​သည့် ပြည်ထောင်​စု​ကြံ့ခိုင်​ရေး​နှင့်​ဖွံ့ဖြိုး​ရေး​အသင်းက​ပံ့ပိုး​ထား​ပါ​သည်။[၂၆]

လူ့​အခွင့်အရေး​စောင့်​ကြည့်​ရေး​အဖွဲ့ (Human Rights Watch) နှင့် အပြည်​ပြည်​ဆိုင်​ရာ​လွတ်ငြိမ်း​ချမ်းသာ​ရေး​အဖွဲ့ (Amnesty International) အပါအဝင် အချို့​အဖွဲ့​အစည်း​များ​၏ အဆို​အ‌ရ စစ်​အစိုးရ​၏ လူ့​အခွင့်အရေးမှတ်တမ်း​များ​မှာ လွန်စွာ​ဆိုးဝါး​ကြောင်း​သိရှိ​ရ​သည်။ [၂၇][၂၈] လွတ်လပ်​သည့် တရားစီရင်​ခွင့်​မ​ရှိ​သည့်​အပြင် စစ်​အစိုးရ​အား ဆန့်ကျင်​သည့် နိုင်ငံ​ရေး​အတိုက်​အခံ​မှန်​သ​မျှ​အား​လည်း ခွင့်​မ​ပြု​ချေ။ အင်​တာ​နက်အသုံး​အပြု​မှု​မှာ​လည်း များ​စွာ​ကန့်သတ်​ထား​ပြီး ပြည်​သူ​များ​ဝင်​ရောက်​ကြည့်​ရှု နိုင်​သည့် ဝက်ဘ်​စာ​မျက်နှာများ အထူးသဖြင့် နိုင်ငံ​ရေး​အတိုက်​အခံ​နှင့် ဒီ​မို​က​ရေ​စီ​အရေး ဝက်ဘ်​စာ​မျက်နှာများ​အား ပြည်​သူ​တို့ ဝင်‌ရောက်​ကြည့်​ရှု​နိုင်​မှု​ကို ကန့်သတ်​ချုပ်ချယ်​ထား​သည်။[၂၉][၃၀] အဓမ္မ​လုပ်​အားပေး​စေ​မှု၊ လူ​ကုန်​ကူး​ခြင်း​နှင့် ကလေး​အလုပ်​သမား​ကိစ္စများ​မှာ နေ့စဉ်​ဖြစ်​ပျက်​လျက်​ရှိ​ပြီး နိုင်ငံ​ရေး​ဆန်​ကျင်​မှု​မှန်​သ​မျှ​ကို ခွင့်​မ​ပြု​ချေ။[၃၁]

၁၉၈၈ ခု​နှစ်​တွင် တပ်​မတော်​သည် စီးပွား​ရေး​ချုတ်​ခြုံ​ကျ​မှု​နှင့် နိုင်ငံ​ရေး​ဖိ​နှိပ်​မှု​များ​အား ဆန္ဒ​ပြ​သည်​ကို ရက်စက်​ကြမ်း ကြုတ်​စွာ နှိမ်​နင်း​ခဲ့​သည်။ ၁​၉​၈​၈ ခု​နှစ် ဩဂုတ် ၈ ရက်၊ ရှစ်​လေး​လုံး​အရေး တော်​ပုံ​ဟု လူ​သိ​များ​သည့်​နေ့​တွင် ဆန္ဒ​ပြ​သူ​ပြည်​သူ​များ​အား ပစ်ခတ်​ခဲ့​သည်။ သို့သော် ယင်း​ဆန္ဒ​ပြ​မှု​များ​က ၁​၉⁠၉​ဝ ပြည့်​ရွေး​ကောက်​ပွဲ​များ​အား လမ်း​ပွင့်​စေ​ခဲ့​သည်။ ရလဒ်​များ​ကို​မူ စစ်​အစိုးရ​က အသိ​အမှတ်​မ​ပြု​ခဲ့​ချေ။ အမျိုးသား​ဒီ​မို​က​ရေ​စီ​အဖွဲ့​ချုပ်​သည် ဒေါ်​အောင်​ဆန်း​စု​ကြည်​၏ ဦးဆောင်​မှု​ဖြင့် မဲ​အားလုံး​၏ ၆​၀ ရာ​ခိုင်​နှုန်း​နှင့် လွှတ်တော်​အမတ်​နေရာ ၈​၀ ရာ​ခိုင်​နှုန်းကျော်​အား နှစ်​သုံး​ဆယ်​အတွင်း ပထမ​ဆုံး​အကြိမ်​ကျင်းပ​ခဲ့​သည် ၁​၉⁠၉​၀ ပြည့်​နှစ် ရွေးချယ်​တင်‌မြောက်​ပွဲ​တွင် အနိုင်​ရ​ရှိ​ခဲ့​သည်။ ဒေါ်​အောင်​ဆန်း​စု​ကြည်​သည် မြန်မာ​နိုင်ငံ​တွင် ဒီ​မို​က​ရေ​စီ​စနစ် ပြန်လည်​ထွန်းကား​ရေး ဆောင်ရွက်​ချက်​များ​ကြောင့် နိုင်ငံ​တကာ​၏ အားပေး​ထောက်ခံ​မှု​ကို ရ​ရှိ​ခဲ့​ပြီး ၁​၉⁠၉​၁ ခု​နှစ်​တွင် နို​ဘယ်​ငြိမ်း​ချမ်း​ရေး​ဆုကို ဆွတ်​ခူး​ခဲ့​သည်။ သူမ​သည် အကြိမ်​ပေါင်း​များ​စွာ နေအိမ်​တွင် အကျယ်​ချုပ်​ကျ​ခံ​ခဲ့​ရ​သည်။ ကုလသမဂ္ဂ​အထွေ​ထွေ​အတွင်း​ရေး​မှူး​ချုပ် ကို​ဖီ​အာ​နန်မှ ဗိုလ်​ချုပ်​မှူး​ကြီး​သန်း​ရွှေ​ထံ တိုက်ရိုက် တောင်း​ဆို​ထား​ခြင်း​ပြု​ခဲ့သော်​လည်း ၂​၀⁠၀​၆ ခု​နှစ် မေ ၂​၇ ရက်​တွင် စစ်​အစိုးရ​က ဒေါ်​အောင်​ဆန်း​စု​ကြည်​အား အိမ်​တွင်း​အကျယ်​ချုပ်​ခြင်း​ကို နောက်​တစ်​နှစ်​ထပ်မံ​တိုး​လိုက်​သည်။ ၁​၉​၇​၅ ခု​နှစ်​နိုင်ငံ​ကာ​ကွယ်​ရေး​ဥပဒေ​အရ နိုင်​ငံတော်​၏ တရားဝင်​လုပ်​ပိုင်​ခွင့်​ဖြင့် ခွင့်​ပြု​ထား​ခြင်း​ကို​ကျင့်​သုံး​ခဲ့​ခြင်း​ဖြစ်​သည်။[၃၂][၃၃] စစ်​အစိုးရ​သည် နိုင်ငံ​တကာ မျက်နှာစာ​တွင် ဝိုင်း​ပယ်​ခြင်း​တိုး​မြင့်​၍​ခံ​နေ​ရ​သည်။ မြန်မာ​နိုင်ငံ​၏ လက်​ရှိ​အ‌ခြေ​အနေ​ကို ၂​၀⁠၀​၆-ခု​နှစ် ဒီဇင်ဘာ​လ​တွင် ပထမ​ဆုံး​အကြိမ်ကုလသမဂ္ဂတွင် အလွတ်​သဘော​ဆွေးနွေး​ရန်​တင်​သွင်းခဲ့​ကြ​သည်။ ၂​ဝ⁠ဝ​၆-ခု​နှစ် စက်တင်ဘာ​လ​တွင် လုံး​ခြုံ​ရေး​ကောင်​စီဝင် ၁​၅ နိုင်ငံ​အနက် ၁​၀ နိုင်ငံ​တို့​က မြန်မာ​ပြည်​အရေး​ကို ကောင်​စီ​၏ တရားဝင်​အဂျင်​ဒါ​တွင် လက်ခံ​ရန်​ဆုံးဖြတ်​ခဲ့​ကြ​သည်။[၃၄] အာ​ဆီ​ယံသည်​လည်း မြန်မာ​အစိုးရ​နှင့် ပတ်သက်​၍ များ​စွာ​စိတ်​အနှောင့်​ယှက်​ဖြစ်​ခဲ့​ရ​သည်။ မြန်မာ​နိုင်ငံ​တွင် ဒီ​မို​က​ရေ​စီ​ကိစ္စ​ကို ကိုင်တွယ်​ဆုံးဖြတ်​ရန် အာ​ဆီ​ယံ​နိုင်ငံ​ရေး ပါလီမန်​တွင်း ကော်မတီ​တစ်​ရပ်​ကို ဖွဲ့​စည်း​ခဲ့​ကြ​သည်။[၃၅] တရုတ်ကဲ့သို့သော အဓိက​နိုင်ငံ​ကြီး​က ထောက်ခံ​အားပေး​နေ​သ​၍ မြန်မာ​နိုင်ငံ​တွင် သိသာ​ထင်ရှား​သော ပြောင်းလဲ​မှု​ဖြစ်ပေါ်​ရန် အလားအလာ​နည်းပါး​လျက်​ရှိ​သည်။[၃၆][၃၇]

နိုင်ငံ​ခြား​ဆက်ဆံ​ရေး​နှင့်​စစ်​ရေး​ကိစ္စ​များ

United States Secretary of State Hillary Clinton and Daw Aung San Suu Kyi

မြန်မာ​နိုင်ငံ​၏ အထူးသဖြင့် အနောက်​နိုင်ငံ​များ​နှင့် ဆက်ဆံ​ရေး​မှာ တင်းမာ​လျက်​ရှိ​သော အခြေအနေမှ ယခု ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ အဖြစ် ဒီမိုကရေစီစနစ်သို့ အသွင်ကူးပြောင်း လာသောအခါ ယခင်ကထက် ဆက်ဆံရေး အဆင်ပြေလာပြီဖြစ်သည်။ အမေ​ရိ​ကန်​နိုင်ငံသည် မြန်မာ​နိုင်ငံ​အား ကျယ်​ပြန့်​သော ပိတ်​ဆို့​ဒဏ်ခတ်​မှု​များ​ကို ၁​၉​၈​၈ ခု​နှဏ်​အရေးတော်​ပုံ​အပြီး​နှင့် ၁​၉⁠၉​၀ ပြည့်​ရွေး​ကောင်​ပွဲ​များ​အပြီး​တွင် ကျင့်​သုံး​ခဲ့​သော်လည်း ယခုအခါ ဒဏ်ခတ်ပိတ်ဆို့မှုများကို ဖြေလျှော့လာနေပြီဖြစ်သည်။[၃၈] အလားတူ​ပင် ဥ​ရော​ပသ​မဂ္ဂ (အီး​ယူ) သည်​လည်း ပိတ်​ဆို့​မှု​တွင် လက်နက်​ရောင်းချ​ခြင်း ပိတ်​ဆို့​မှု၊ ကုန်သွယ်​မှု​ဆိုင်​ရာ အခွင့်အရေး​ပိတ်​ဆို့​မှု​နှင့် အတူ​လူ​သားချင်း​စာနာ ထောင်ထား​မှု​ကူညီ​ပံ့ပိုး​မှု​မှ လွဲ​၍ အခြား​ကူညီ​ထောက်ပံ့​မှု​အားလုံး​ကို ပိတ်​ဆို့​ထား​ရှိ​ခဲ့သော်လည်း ယခုအခါ လက်နက်ရောင်းချခြင်းမှလွဲ၍ အခြားပိတ်ဆို့မှု အများအပြားကို ဖွင့်လှစ်ပေးခဲ့ပြီဖြစ်သည်။[၃၉] အမေရိကန်နှင့် ဥ​ရော​ပ​အစိုးရ​တို့​၏ ပိတ်​ဆို့​မှု​များ၊ သပိတ်မှောက်​မှု​နှင့် မြန်မာ​ဒီ​မို​က​ရေ​စီ​အရေး​လှုပ်ရှား​မှု​များ​အား ပံ့ပိုး​ပေး​ကြ​သည့်​အဖွဲ့​များ​၏ တိုက်ရိုက်​ဖိ​အားပေး​မှု​များ​ကြောင့် အမေ​ရိ​ကန်​နှင့် ဥ​ရော​ပ​ကုမ္ပဏီ​များ မြန်မာ​နိုင်ငံ​မှ ထွက်​ခွာ​သွား​ခဲ့​ကြ​သည်။ သို့သော် ဟာ​ကွက် ပျော့​ကွက်​များ ကြောင့် အနောက်​နိုင်ငံ ကုမ္ပဏီ​အချို့ ကျန်​ရှိ​သေး​လျက်​ရှိ​သည်။ သို့သော် အာ​ရှ​ကုမ္ပဏီ​များ​က​မူ သ​ဘာ​ဝ​သယံဇာတ​ထုတ်​လုပ်​မှု​လုပ်​ငန်း​များ​တွင် ရင်းနှီး​မြှပ်​နှံ​မူ​အသစ်​များ​ပါ ထပ်​ပံ​တိုး​ချဲ့​ကြ​ပြီး ဆက်လက်​၍ လုပ်​ငန်း​များ​လုပ်ကိုင်​ကြ​ရန် သာမန်​အား​ဖြင့် ဆန္ဒ​ရှိ​ကြ​ဆဲ​ဖြစ်​သည်။ ပြင်​သစ်​ရေနံ​ကုမ္ပဏီ​တို​တယ်​သည် မြန်မာ​နိုင်ငံ​အား အားယူ​မှ ပိတ်​ဆို့​သည့်​ကြား​ထဲ​က မြ​န​မာ​ပြည်​နှင့် ထိုင်း​နိုင်ငံကို သွယ်​တန်း​ထား​သော ရတနာ​ဓာတ်ငွေ့​ပိုက်​လိုင်း​ကို အောင်မြင်​စွာ လည်ပတ်​စေ​နိုင်​ခဲ့​သည်။ တို​တယ်​ကုမ္ပဏီ​သည် ယခု​အခါ​တွင် ဘယ်လ်​ဂျီ​ယံ​နှင့် ပြင်​သစ်​နိုင်ငံ​တရားရုံး​များ​တွင် မြန်မာ​နိုင်ငံ​တွင် ရတနာ​ဓာတ်ငွေ့​ပိုက်​လိုင်း​တည်ဆောက်​စဉ်​အခါ​က မြန်မာ​အရပ်သား​များ​အား အဓမ္မ​အသုံး​ချခဲ့​သည် ကို​မ​သိ​ကျိုး​ကျွန် ပြုလုပ်​ခဲ့​မှု​များ ကြောင့် အမှု​ရင်ဆိုင်​ရ​လျက်​ရှိ​သည်။ နားလည်​တတ်​သူ​များ​က ပိုက်​လိုင်း​တစ်​လျှောက်​ကျူးလွန်​ခဲ့​သော လူ့​အခွင့်အရေး​ချိုး ဖောက်​မှု​များ​သည် တပ်​မတော်​မှ လုပ်​ငန်း​အကောင်​အထည်ဖော်​ရာ​တွင် ကူညီ​ပံ့ပိုး​ခဲ့​ပြီး တို​တယ်​ကုမ္ပဏီ​နှင့် ယင်း​၏ လုပ်​ငန်း ဆောင်ရွက်​ရာ​တွင် အမေ​ရိ​ကန်​အကျိုး​တူ​လုပ်​ငန်း ဆောင်ရွက်​ဘက်​ချ​ယက်​ဗ​ရွန်​ကုမ္ပဏီ​တို့​၌ တိုက်ရိုက်​တာဝန်ရှိ​သည်​ဟု ဆို​ပါ​သည်။ ချယ်​ဗ​ရွန်​မှ မ​ဝယ်​ယူ​မီ ရှေ့က ယူ​နို​ကယ်​ကုမ္ပဏီ​သည်​လည်း ဒေါ်လာ သန်း​နှင့် ချီ​၍လျော်​ကြေး​ပေး​ခဲ့​ရ​ပြီး ဖြစ်​သည်။[၄၀] အမေရိကန်ဦး​ဆောင်​သည့် ဒဏ်​ခတ်​အရေးယူ​မှု​များ​သည် စစ်​ခေါင်းဆောင်​များ​နှင့် အရပ်သား​များ​မည်​သူ့​အား ထိခိုက်​သည် ဆို​သည်​မှာ အငြင်းပွားစရာမလိုပဲ ထင်သာမြင်သာရှိလှသည်။ အဘယ့်ကြောင့်ဆိုသော် ပိတ်ဆို့အရေးယူမှုကြောင့် ယခင်စစ်ခေါင်းဆောင်များမှာ ထိခိုက်မှုမရှိသည့်အပြင် ချမ်းသာမြဲဖြစ်ပြီး၊ ပိတ်ဆို့ အရေးယူမှုကြောင့် မြန်မာပြည်သူလူထုကြီးသာ ဆင်းရဲကျပ်တည်းလျှက်ရှိပြီး အလုပ်အကိုင်နှင့် လခကောင်းကောင်းရသော ပြည်ပနိုင်ငံများသို့ သာ သွားရောက်အလုပ်လုပ်ကိုင်လျှက်ရှိကြသည်။

မြန်မာ​စစ်​တပ်​ကို တပ်​မတော်ဟု သိရှိ​ကြ​ပြီး မြန်မာ့ကြည်းတပ်တွင် စစ်သည်အင်အား​၄​၉၂,၀⁠၀​၀ ကျော်ရှိ​သည်‌။[၄၁] မြန်မာ​တပ်​မတော်တွင် ကြည်း၊ ရေ၊ လေ တပ်ဖွဲ့​များ​ပါဝင်​ကြ​သည်။[၄၁] မြန်မာ​နိုင်ငံ​သည် ၄င်း​၏ တပ်သား​အရေအတွက်​အရ​ကမ္ဘာ့​အဆင့် ၁​၂ တွင် ရှိ​သည်။[၄၂] စစ်​တပ်​သည် တိုင်း​ပြည်​တွင် အထူး​ပင် အ‌ရှိန်​အဝါ​ကြီးမား​သည်‌။ ယခုလက်ရှိအချိန်တွင် တပ်​မတော်​အရာရှိ​ကြီး​များ​သည် ကက်​ဘိ​နက်​နေရာ​များ​နှင့် ဝန်ကြီး​ချုပ်​နေရာ​အချို့ကို ရ​ရှိ​ထား​ကြ​သည်။[၄၃] မြန်​မာ့စစ်​အသုံးစရိတ်​မှာ ၂၀၁၂−၂၀၁၃ ဘဏ္ဍာရေးနှစ်အတွက် ၁၄.၄ ရာခိုင်နှုန်း ဖြစ်သည်။[၄၄]

တိုင်း​နှင့်​ပြည်နယ်​များ

မြန်မာ​ပြည်​သည် တိုင်း ၇ ခု နှင့် ပြည်နယ် ၇ ခု ရှိ​သည်။

မြန်မာ​နိုင်ငံ​သည် ပြည်နယ် ခု​နှစ်​ပြည်နယ်​နှင့် တိုင်း ခု​နှစ်​တိုင်း​တို့​ဖြင့် ဖွဲ့​စည်း​တည်ထောင်​ထား​သည်။[၄၅] တိုင်း​များ​တွင် ဗမာ​များ အဓိက​နေထိုင်​ကြ​ပြီး ပြည်နယ်​များ​တွင် မျိုး​နွယ်​စု​တိုင်း​ရင်သား​များ နေထိုင်​ကြ​သည်။ အုပ်ချုပ်​ရေး​အရ​မြို့​နယ်၊ ရပ်​ကွက်​နှင့် ကျေးရွာ​များ​အဖြစ် ထပ်မံ​ခွဲ​ထား​သည်။ အဓိက​မြို့​ကြီး​များ အား​ခ​ရိုင်​နှင့် မြို့​နယ်​များ​အဖြစ် ထပ်မံ​ခွဲ​ထား​သည်။

တိုင်း​များ

ပြည်နယ်​များ

တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်စသည်တို့ ခွဲခြားထားပုံ

တိုင်းဒေသကြီး/ပြည်နယ် ခရိုင် မြို့နယ် မြို့နယ်ခွဲ ရပ်ကွက် ကျေးရွာအုပ်စု ရွာ
ကချင်ပြည်နယ် ၁၈ ၁၄၃ ၅၉၇ ၂၅၈၃
ကယားပြည်နယ် ၃၁ ၇၉ ၆၂၀
ကရင်ပြည်နယ် ၇၄ ၃၇၄ ၂၁၆၁
ချင်းပြည်နယ် ၃၇ ၄၇၁ ၁၃၅၂
မွန်ပြည်နယ် ၁၀ ၈၀ ၃၈၃ ၁၂၀၀
ရခိုင်ပြည်နယ် ၁၇ ၁၃၃ ၁၀၄၀ ၃၈၆၀
ရှမ်းပြည်နယ် ၁၂ ၅၅ ၂၀ ၄၃၂ ၁၆၂၉ ၁၅၃၈၇
ပဲခူးတိုင်းဒေသကြီး ၂၈ - ၂၅၄ ၁၄၂၃ ၆၄၅၂
စစ်ကိုင်းတိုင်းဒေသကြီး ၃၇ ၁၈၇ ၁၇၆၈ ၆၀၈၇
တနင်္သာရီတိုင်းဒေသကြီး ၁၀ ၈၃ ၂၆၄ ၁၂၃၀
မကွေးတိုင်းဒေသကြီး ၂၅ ၁၆၃ ၁၅၄၁ ၄၇၇၁
မန္တလေးတိုင်းဒေသကြီး ၃၆ ၂၉၇ ၁၅၉၇ ၅၄၂၄
ရန်ကုန်တိုင်းဒေသကြီး ၄၅ ၇၄၂ ၆၂၀ ၂၀၈၉
ဧရာဝတီတိုင်းဒေသကြီး ၂၆ ၂၃၅ ၁၉၁၂ ၁၁၇၀၁

[၄၆]

ပထဝီ​အနေအထား

မြန်မာနိုင်ငံသည် အကျယ်​ဧ​ရိ​ယာ စတုရန်း​ကီ​လို​မီ​တာ ၆​၇​၈,၅​ဝ​ဝ (စတုရန်း​မိုင် ၂​၆​၁,၂⁠၂​၇) ရှိ​၍ အရှေ့တောင်​အာ​ရှ​တိုက်​တွင် အကြီး​ဆုံး​ဖြစ်​ပြီး ကမ္ဘာ​တွင် (ဇန်​ဘီ​ယာ​ပြီး​လျှင်) ၄​၀ ခု​မြောက် အကြီး​ဆုံး​တိုင်း​ပြည်​ဖြစ်​သည်. အမေ​ရိ​ကန်​နိုင်ငံ​ရှိ တက္က​ဆက်​ပြည်နယ်​ထက် အနည်းငယ်​သေး​ပြီး အာ​ဖ​ဂန်​နစ္စ​တန်​နိုင်ငံ​ထက် အနည်းငယ်​ကြီးမား​သည်။ မြန်မာ​နိုင်ငံ​သည် အနောက်မြောက်​ဘက်​တွင် ဘင်္ဂ​လား​ဒေ့ရှ်​နိုင်ငံ​၏ စစ်​တကောင်း​ခ​ရိုင်၊ အိန္ဒိယ​နိုင်ငံ​၏ အာသံ၊ နာ​ဂ​လင်း​နှင့် မဏိ​ပူ​ရ​ပြည်နယ်​တို့ ဆက်​စပ်​လျက်​ရှိ​သည်။ မြန်​နိုင်ငံ​၏ မြောက်​ဘက်​တွင် တိ​ဗက်​နှင့် အရှေ့မြောက်​ဘက်​တွင် တရုတ်​ပြည်​၏ ယွင်​နန်​ပြည်နယ် တည်​ရှိ​သည်။ တရုတ်​မြန်မာ နယ်စပ်​မှာ အရှည်​လျား​ဆုံး​ဖြစ်​ပြီး ၂​၁​၈​၅ ကီ​လို​မီ​တာ (၁​၃​၅​၈ မိုင်) ရှည်လျား​သည်။ [၄၁]မြန်မာသည် အရှေ့တောင်​ဘက်​တွင် လော​နှင့် ထိုင်း​နိုင်ငံ​တို့​နှင့် ဆက်​စပ်​လျက်​ရှိ​သည်။ မြန်မာ​နိုင်ငံ​၏ တောင်​ဘက်​နှင့် အနောက်တောင်​ဘက်​တွင် ဘ​ဂင်္လား​ပင်​လယ်အော်​နှင့် ကပ္ပလီ​ပင်လယ်​တို့ တည်​ရှိ​ကာ ပင်လယ်​ကမ်း​ရိုး​တန်း​မှာ ၁​၉​၃​ဝ ကီ​လို​မီ​တာ (၁⁠၁​၉​၉ မိုင်) ရှည်လျား​သည်။ ကမ်း​ရိုး​တန်း​၏​အလျား​မှာ နိုင်ငံ​ပတ်​ပတ်လည် နယ်နိမိတ်​တစ်​ခု​လုံး​၏ သုံး​ပုံ​တစ်​ပုံ​ရှိ​သည်။ [၄၁]

မြောက်​ဘက်​တွင် တရုတ်​နိုင်ငံ၏ ဟန်​တွမ့်​ရိုးမ​တောင်တန်း​ဖြင့် ထိ​စပ်​လျက်​ရှိ​သည်။ ကချင်ပြည်နယ်ရှိ ခါ​ကာ​ဘို​ရာ​ဇီတောင်ထိပ်​သည် ၅​၈⁠၈​၁ မီ​တာ (၁​၉​၂​၉​၅ ပေ) မြင့်​ပြီး မြန်မာ​နိုင်ငံ​တွင် အမြင့်​ဆုံး​တောင်ထိပ်​ဖြစ်​သည်။[၄၇] မြန်မာနိုင်ငံတွင် ဟိမဝန္တာ​တောင်​မ​ကြီး​၏ မြောက်​မှ တောင်​သို့ ဖြာ​ဆင်း​လာ​သော တောင်တန်း​ကြီး​သုံး​ခု​ရှိ​ရာ​ယင်း​တို့​မှာ ရခိုင်​ရိုးမ၊ ပဲခူး​ရိုးမ​နှင့် ရှမ်း​ကုန်း​ပြင်​မြင့်​တို့​ဖြစ်​ကြ​လေ​သည်။[၄၈] ဤတောင်တန်းကြီးများက မြစ်​ကြီး​သုံး​သွယ်​ဖြစ်​သော ဧရာဝတီ​မြစ်သံလွင်​မြစ်နှင့် စစ်​တောင်း​မြစ်တို့​ကို​ပိုင်းခြား​ထား​သည်။[၄၉] ဧရာဝတီ​မြစ်​သည် မြန်​မာ့ အရှည်​ဆုံး​မြစ်​ဖြစ်​ပြီး ၂​၁​၇​ဝ ကီ​လို​မီ​တာ (၁​၃​၄​၈ မိုင်‌) နီးပါး​ရှည်လျား​ပြီး မုတ္တ​မ​ပင်လယ်ကွေ့​အတွင်း​သို့ စီး​ဝင်​သွား​သည်။ တောင်​စဉ်​တောင်တန်း​ကြီး​အကြား​တွင် မြေဩဇာ​ကောင်းမွန်​သော လွင်ပြင်​ကျယ်​ကြီး​များ တည်​ရှိ​လေ​သည်။[၄၈] မြန်မာ​နိုင်ငံ​၏ လူ​ဦးရေ​အများ​စု​မှာ ရခိုင်​ရိုးမ​တောင်တန်း​နှင့် ရှမ်း​ကုန်း​ပြင်​မြင့်​ကြား​တွင် ရှိ​သည့် ဧရာဝတီ​မြစ်​ဝှမ်း​ဒေသ​တ​လျှောက် နေထိုင်​ကြ​သည်။

မြန်မာ​နိုင်ငံ​သည် များ​သော​အား​ဖြင့် ဥတ္တရယဉ်​စွန်း​တန်း​နှင့် အီ​ကွေ​တာ​အကြား​တွင် ကျ​ရောက်​တည်​ရှိ​သည်။ မြန်မာ​နိုင်ငံ​သည် အာ​ရှ​ဒေသ​၏ မှတ်​သုံ​ရပ်​ဝန်း​ဒေသ​တွင် ကျ​ရောက်​ပြီး ၄င်း​၏ ကမ်း​ရိုး​တန်း​ဒေသ​များ​ရ​ရှိ​သော မိုး​ရေ​ချိန်​မှာ နှစ်စဉ် ၅​ဝ⁠ဝ​ဝ မမ (၁​၉​၇ လက်မ) ရှိ​သည်။ မြစ်​ဝ​ကျွန်းပေါ်​ဒေသ​တွင် နှစ်စဉ်​မိုး​ရေ​ချိန်​မှာ ၂​၅​ဝ​ဝ မမ (၉​၈ လက်မ) ဖြစ်​ပြီး၊ မြန်မာ​နိုင်ငံ​အလယ်​ပိုင်း​တွင် တည်​ရှိ​သော မိုး​နည်း​ရပ်​ဝန်း​ဒေသ​တွင် နှစ်စဉ်​မိုး​ရေ​ချိန် ၁​၀⁠၀​၀ မမ (၃​၉ လက်မ) ထက်​နည်း​လေ​သည်။ မြောက်​ဘက်​ဒေသ​များ​သည် အအေး​ဆုံး​ဖြစ်​ပြီး ပျမ်းမျှ​အပူ​အချိန် ၂​၁ ဒီ​ဂ​ရီ​စင်​တီ​ဂရိတ် (၇​၀ ဒီ​ဂ​ရီ ဖာ​ရင်​ဟိုက်) ရှိ​လေ​သည်။ ကမ်း​ရိုး​တန်း​နှင့် မြစ်ဝ​ကျွန်းပေါ်​ဒေသ​များ​၏ ပျမ်းမျှ​အပူ​ချိန်​မှာ ပျမ်းမျှ ၃​၂ ဒီ​ဂ​ရီ​စင်​တီ​ဂရိတ် (၉​ဝ ဒီ​ဂ​ရီ​ဖာ​ရင်​ဟိုက်) ရှိ​လေ​သည်။[၄၉]

မြန်မာ​နိုင်ငံ​၏ စီးပွား​ရေး​တိုးတက်​မှု​နှုန်း​နှေး​ကွေး​ခြင်း​သည် ၄င်း​၏ သ​ဘာ​ဝ​ပတ်ဝန်းကျင်​နှင့် ဂေ​ဟ​စနစ်​တို့​အား ထိန်းသိမ်း​ပေး​ရာ​ရောက်​ခဲ့​သည်။[၅၀] သစ်တောအုပ်ကြီး​များ ထူထပ်​သိပ်သည်း​သည့် အမြဲ​စိမ်း​သစ်တော​များ​နှင့် ကျွန်း​တောကြီး​များ​သည် အောက်​မြန်မာ​နိုင်ငံ​၏ ၄​၉ ရာ​ခိုင်​နှုန်း ‌ကျော်​သော ဧ​ရိ​ယာ​ကို ဖုံးလွှမ်း​လျက်​ရှိ​သည်။ ဤ​ဒေသ​တွင် အလေ့​ကျ​ပေါက်ရောက်​သော အပင်​များ​တွင် ကြက်ပေါင်​စေး​ပင်၊ ရှား​ပင်ပျဉ်းကတိုး​ပင်၊ လ​မု​တော၊ အုန်း​ပင်နှင့် ကွမ်းသီး​ပင်များ ပါဝင်​လေ​သည်။ မြောက်​ဘက်​ကုန်း​မြင့်​ဒေသ​များ​တွင် ဝက်သစ်ချ​ပင်၊ ထင်း​ရှူး​ပင်၊ ဇလပ်​ပင်မျိုး​စုံ​တို့​ပေါက်ရောက်​ကြ​သည်။ ကမ်း​ရိုး​တန်း တစ်​လျှောက်​တွင်​လည်း အပူ​ပိုင်း​ဒေသ​သစ်သီးဝလံ​မျိုး​စုံ​ပေါက်ရောက်​ကြ​သည်။[၅၀] မိုး​နည်း​ရပ်​ဝန်း​ဒေသ​တွင် မူ​အပင်​များ​မှာ ကြဲ​ပြီး​လှီ​ကြ​သည်။

တောင်​တွင်း​သားရဲတိရစ္ဆာန်များအနက်​ကျားနှင့် ကျားသစ်တို့​သည် မြန်မာ​နိုင်ငံ​တွင် တွေ့​ရတတ်​လေ့​ရှိ​သည်။ အထက်​မြန်မာ​နိုင်ငံ​တွင် ကြံ့၊ ကျွဲ​ရိုင်းတောဝက်သမင်ဒရယ်နှင့် ဆင်များ​ကို တွေ့​နိုင်​ပြီး ဆင်​များ​ကို ယဉ်​အောင်​မွေး​ယူ​၍ သစ်​လုပ်​ငန်း​များ​တွင် ခိုင်း​စေ​အသုံး​ချ​ကြ​သည်။ သေး​ငယ်​သော နို့တိုက်​သတ္တဝါများ​မှာ​လည်း ပေါများ​လှ​ပြီး​မျောက်​လွှဲကျော်​နှင့် မျောက်​များ​မှ​အစ​ရှူး​ပျံ​နှင့် ကြံ့​သူတော်​များ​အဆုံး​တွေ့​မြင်​ရ​သည်။ ငှက်​မျိုး​စုစုပေါင်း ၈​၀⁠၀ ကျော်​ခန့်​တွင် ကြက်တူရွေးရစ်၊ ဥဒေါင်း၊ ကျီးကန်းင​ဟစ်နှင့် စပါး​ခင်း​ငှက်များ ပါဝင်​ပါ​သည်။ တွား​သွား​သတ္တဝါ​တွင်​မူ ​မိ​ချောင်း၊ တောက်တဲ့၊ ‌မြွေဟောက်၊ စပါးကြီး​မြွေ​နှင့် လိပ်​တို့​ကို ပါ​တွေ့​ရှိ​နိုင်​သည်။ ရေချို​ငါး​မျိုး​စုပေါင်း​ ရာ​နှင့်ချီ​၍ တွေ့​မြင်​ရ​ပြီး​ လွန်စွာ​မှ ပေါများ​ကာ ​အရေး​ပါ​သည့် အစာ​အဟာ​ရ ရင်း​မြစ်​လည်း ဖြစ်​သည်။[၅၁]

စီးပွားရေး

အဓိကဆောင်ပါး - မြန်မာ​နိုင်ငံ​၏​စီးပွား​ရေး
နိုင်ငံ​ခြား​ခရီးသည်​များ ဝယ်​ယူ​နိုင်​ရန် မန္တလေး​ရှိ souvenir ဆိုင်​အချို့​တွင် တင်​ထား​သည့် ပိုး​ဖျင်​အင်္ကျီ​များ

မြန်မာ​နိုင်ငံ​သည် ကမ္ဘာပေါ်​တွင် အဆင်း​ရဲ​ဆုံး​နိုင်ငံ​များ​စာရင်းဝင် နိုင်ငံ​တစ်​ခု​ဖြစ်​သည်။ ဆယ်​စု​နှစ်​များ​စွာ​စီးပွား​ဆုတ်ယုတ်​မှု၊ စီမံ​ခန့်​ခွဲ​မှု မှားယွင်း​ခြင်း​နှင့် စီးပွား​ရေး​အရ၊ နိုင်ငံ​ရေး​အရ တားဆီး​ပိတ်​ဆို့​မှု​ဒဏ် ခံ​နေ​ရ​သည်။ မြန်မာ​နိုင်ငံ​၏ ဂျီ​ဒီ​ပီ​တိုးတက်​နှုန်း (GDP) မှာ နှစ်စဉ် ၂.၉ ရာ​ခိုင်း​နှုန်း​သာ​ရှိ​သည်။[၄၁] မဟာ​မဲ​ခေါင်​မြစ်​ဝှမ်း ဒေသ​ခွဲ​နိုင်ငံ​များ​တွင် တိုးတက်​မှု အနိမ့်​ဆုံး​ဖြစ်​သည်။

၁​၉​၄​၈ ခု​နှစ်​တွင် ပါလီမန်​ဒီ​မို​က​ရေ​စီ​အစိုးရ​ကို ဖွဲ့​စည်း​ပြီး​နောက်​ဝန်ကြီး​ချုပ်ဦး​နုသည် မြန်မာ​နိုင်ငံ​ကို သာယာ​ဝပြော​သည့် ပြည်တော်​သာ​နိုင်​ငံတော်​အဖြစ် ထူထောင်​ရန် အားထုတ်​ခဲ့​သည်။ ဦး​နု အစိုးရ​သည် နှစ်⁠နှစ်​တာ စီးပွား​ရေး​ဖွံ့ဖြိုး​မှု​စီမံ​ကိန်း​ကို ချ​မှတ်​ဆောင်ရွက်​ခဲ့သော်​လည်း မ​အောင်မြင်​ခဲ့​ချေ။ ဗိုလ်​ချုပ်​နေ​ဝင်း​ဦးဆောင်​သည့် စစ်​အစိုးရ​က ၁​၉​၆​၂ ခု​နှစ်​တွင် အာဏာ​သိမ်းယူ​အပြီး​တွင် မြန်​မာ့​ဆို​ရှယ်​လစ်​လမ်း​စဉ်​စနစ်ကို အကောင်​အထည်ဖော်​ခဲ့​သည်။[၅၂] လယ်ယာ​စိုက်ပျိုး​ရေး​လုပ်​ငန်း​မှ​လွဲ​၍ စက်​မှု​လက်​မှု​ကဏ္ဍ​အားလုံး​ကို ပြည်​သူ​ပိုင်​သိမ်း​ခဲ့​သည်။ ၁​၉​၈​၉ ခု​နှစ်​တွင် အစိုးရ​သည် စီးပွား​ရေး​ချုပ်​ကိုင်​မှု​များ​ကို ‌လျှော့​ချခဲ့​သည်။ ပုဂ္ဂလိက​ပိုင် လုပ်​ငန်း​များ​အား အတင့်​အသင့် တိုး​ချဲ့​ခွင့်၊ နိုင်ငံ​ခြား​ရင်းနှီး​မြှုပ်​နှံ​မှု ခွင့်​ပြု​ခဲ့​သော​ကြောင့် နိုင်ငံ​အတွက် လို​အပ်​နေ​သည့် နိုင်ငံ​ခြား​ဝင်ငွေ​များ ရ​ရှိ​ခဲ့​သည်။ [၅၃] သို့သော်လည်း အမြတ်​စွန်း​များ​သော ကျောက်​မျက်​ရတနာ၊ ရေနံ​နှင့် သစ်​လုပ်​ငန်း​ကို​မူ ဆက်လက်​၍ တင်း​ကျပ်​စွာ ထိန်း​ချုပ်ထား​ဆဲ​ဖြစ်​သည်။ နိုင်ငံ​ခြား​ကုမ္ပဏီ​များ​မှာ မြန်​မာ့​သယံဇာတ​များ​အားထုတ်​လုပ်​နိုင်​ရန် အစိုးရ​နှင့် အကျိုး​တူ​ဖက်​စပ်​လုပ်​ငန်း​များ ထူထောင်​ကာ​ဝင်​ရောက်​နေရာ​ယူ​ကြ​သည်။

‌အင်း​လေးကန်​ရှိ ရေပေါ်​ဈေး။

မြန်မာ​နိုင်ငံ​သည် ၁​၉​၈​၇ ခု​နှစ်​တွင် ဖွံ့ဖြိုး​မှု​အနည်း​ဆုံး​တိုင်း​ပြည်​များ​စာရင်း​တွင် ထည့်​သွင်း​ခြင်း​ခံ​ခဲ့​ရ​သည်။[၅၄] ၁၉၉၂ ခု​နှစ်​မှ​စ​၍ ဗိုလ်​ချုပ်​မှူး​ကြီး​သန်း​ရွှေ နိုင်​ငံတော်​အကြီးအကဲ​ဖြစ်လာ​ပြီး နောက်​တွင် ကမ္ဘာ​လှည့်​ခရီးသွား​လုပ်​ငန်း​ကို အားပေး​ခဲ့​သည်။ သို့သော်​နှစ်စဉ်​ကမ္ဘာ​လှည့်​ခရီးသည် သွား​ရောက်​လည်ပတ်​မှု​မှာ ဦးရေ ၇​၅​ဝ,ဝ⁠ဝ​ဝ ပင် မ​ပြည့်​ပါ။ မ​ကြာ​မီ​နှစ်​များ​က တရုတ်​နှင့်​အိန္ဒိယ​နိုင်ငံ​တို့​သည် စီးပွား​ရေး​အကျိုး​အတွက်​ငှာ စစ်​အစိုးရ​နှင့်​ဆက်နွယ်​မှု​များ​ကို အားဖြည့်​ရန်​ကြိုးပမ်း​ခဲ့​ကြ​သည်။ သို့သော် အမေ​ရိ​ကန်၊ အီး​ယူ​နှင့် က​နေ​ဒါ​နိုင်ငံ​တို့​က ရင်းနှီး​မြှုပ်​နှံ​မှု​နှင့် ကုန်သွယ်​ရေး​ပိတ်​ပင်​မှု​များ​ကို ချ​မှတ်​လာ​ကြ​သည်။ အဓိက​နိုင်ငံ​ခြား​ရင်းနှီး​မြှုပ်​နှံ​မှာ တရုတ်၊ စင်​ကာ​ပူ၊ တောင်​ကို​ရီး​ယား၊ အိန္ဒိယ​နှင့် ထိုင်း​တို့​မှ​ဖြစ်​သည်။[၅၅]

ဗြိတိ​သျှ​ကို​လို​နီ​ခေတ်​တွင် မြန်မာ​နိုင်ငံ​သည် အရှေ့တောင်​အာ​ရှ​တွင် အချမ်း​သာ​ဆုံး​နိုင်ငံ​ဖြစ်​ခဲ့​သည်။။[၃] ထစ်​ချိန်​က မြန်မာ​နိုင်ငံ​သည် ကမ္ဘာ​တွင် ဆန်​တင်​ပို့​မှု အများ​ဆုံး​နိုင်ငံ​ဖြစ်​ခဲ့​သည်။ ဗြိတိသျှ​တို့ အုပ်ချုပ်​စဉ်​အခါ​က ရေနံ​ကို ဘီ​အို​စီ​ကုမ္ပဏီ​မှ​တစ်​ဆင့် တင်​ပို့​ရောင်းချ​ခဲ့​သည်။ မြန်မာ​ပြည်​အနေ​နှင့် လူ​အား​အရင်းအမြစ်​နှင့် သ​ဘာ​ဝ​သယံဇာတ​များ​ကို ပါ ပိုင်ဆိုင်​ခဲ့​သည်။ ကမ္ဘာပေါ်​ရှိ ကျွန်း​သစ် ၇​၀ ရာ​ခိုင်​နှုန်း​ကို မြန်မာ​နိုင်ငံ​မှ ထုတ်​လုပ်​ခဲ့​ပြီး မြန်မာ​နိုင်ငံ​တွင် စာတတ်​မြောက်​သည့် လူ​ဦးရေ​မှာ​လည်း မြင့်​မား​လှ​သည်။[၃] ထို​အချိန်​က မြန်မာ​နိုင်ငံ​သည် ဖွံ့ဖြိုး​တိုးတက်​မှု​လမ်းကြောင်း​သို့ အရှိန်​အဟုန်​ဖြင့် ဦးတည်​လျှောက်​လှမ်း​လျက်​ရှိ​ခဲ့​သည်​ဟု အများ​က ယုံကြည်​လက်ခံ​ခဲ့​ကြ​သည်။

ယနေ့​မြန်မာ​နိုင်ငံ​သည် အခြေ​ခံ အဆောက်အအုံ လုံလောက်​မှု မ​ရှိ​သေး​ပေ။ ကုန်စည်​များ​ကို ဧရာဝတီ​မြစ်ကြောင်း​တစ်​လျှောက်​နှင့် ထိုင်း-မြန်မာ​နယ်စပ်​မှ​တစ်​ဆင့် ရောင်းဝယ်​ဖောက်ကား​ကြ​ပြီး နယ်စပ်​လမ်းကြောင်း​မှ​ပင် တရားမ​ဝင်​မူး​ယစ်​ဆေးဝါး​များ​အား ပြည်​ပ​သို့ မှောင်ခို​တင်​ပို့​ကြ​သည်။ ရထား​သံ​လမ်း​များ​မှာ​လည်း ဟောင်းနွမ်း၊ ဆွေးမြေ့​လျက်​ရှိ​ပြီး ၁​၉⁠၉​၀ ခု​နှစ်​တွင် စတင်​တည်ဆောက်​ခဲ့​ချိန်​မှ​စ​၍ မွန်း​မံ​ပြင်​တင်​မှု မ​ရှိ​သ​လောက်​ပင် ဖြစ်​သည်။ [၅၆] အဝေး​ပြေး​လမ်းမ​ကြီး​များ​မှာ​လည်း မြို့​ကြီး​များ​မှ​လွဲ​၍ သေချာ​ခင်း​ထား​ခြင်း​မ​ရှိ​ချေ။ ရန်ကုန်​အပါအဝင် နိုင်ငံ​တစ်​ဝန်း​လုံး​တွင် လျှပ်စစ်မီး ပြတ်​တောက်​လျက်​ရှိ​သည်။ [၅၆] မြန်မာ​နိုင်ငံ​သည် ကမ္ဘာ​တွင် ဘိန်း​ထုတ်​လုပ်​မှု ဒုတိယ​အမြင့်​ဆုံး နိုင်ငံ​ဖြစ်​ပြီး၊ ကမ္ဘာ့​ထုတ်​လုပ်​မှု​၏ ၈ ရာ​ခိုင်​နှုန်း​မှာ မြန်မာ​နိုင်ငံ​မှ​ဖြစ်​ပြီး အမ်​ဖက်​တ​မင်း စိတ်ကြွ​ဆေးပြား အပါအဝင်​မူး​ယစ်​ဆေးဝါး​အဓိက မြစ်ဖျား​ခံ​ရာ​လည်း ဖြစ်​သည်။[၅၇] အခြား​စီးပွား​ရေး​လုပ်​ငန်း​များ​တွင် လယ်ယာ​စိုက်ပျိုး​ရေး ထွက်ကုန်​ပစ္စည်း​များ၊ ယက္ကန်း​နှင့် အထည်အလိပ်၊ သစ်​ထုတ်​လုပ်​ရေး၊ ဆောက်​လုပ်​ရေး​ပစ္စည်း​များ၊ ကျောက်​မျက်​ရတနာ​နှင့် သတ္တု​တူးဖော်​ရေး၊ ရေနံ​နှင့် သ​ဘာ​ဝ​ဓာတ်ငွေ့​လုပ်​ငန်း​များ ပါဝင်​သည်။

အဓိက​ကျ​သော စိုက်ပျိုး​ရေး​ထွက်ကုန်​မှာ ဆန်​စပါး ဖြစ်​ပြီး နိုင်ငံ​၏ စိုက်ပျိုး​မြေ​စုစုပေါင်း​၏ ၆​၀ ရာ​ခိုင်​နှုန်း​ခန့်​တွင် စိုက်ပျိုး​သည်။ ဆန်​စပါး​သည် စုစုပေါင်း​သီး​နှံ​ထုတ်​လုပ်​မှု အလေး​ချိန်​အား​ဖြင့် ၉​၇ ရာ​ခိုင်​နှုန်း​ခန့်​ရှိ​သည်။ ၁​၉​၆​၆ နှင့် ၁​၉⁠၉​၇ ခု​နှစ်​အတွင်း အပြည်​ပြည်​ဆိုင်​ရာ ဆန်​စပါး​သု​တေ​သန​ဌာန​နှင့် ပူးပေါင်း​ဆောင်ရွက်​မှု​အရ ခေတ်​မီ​ဆန်​မျိုး​ရင်း​ပေါင်း ၅​၂ မျိုး​အား ဖြန့်ဖြူး​ခဲ့​သည်။ ဤသို့​ဖြင့် ဆန်​စပါး​ထုတ်​လုပ်​မှု​ကို ၁​၉​၈​၇ ခု​နှစ်​တွင် တန်​ချိန် ၁​၄ သန်း​နှင့် ၁​၉⁠၉​၆ ခု​နှစ်​တွင် ခေတ်​မီ​မျိုးစပါး​များ​ကို နိုင်ငံ​၏ ထက်ဝက်​ရှိ လယ်​ကွင်း​များ​စီ​သို့ ဖြန့်​ကျက်​စိုက်ပျိုး​နိုင်​ခဲ့​ပြီး ရေ​သွင်း​စိုက်ပျိုး​မြေ​၏ ၉​၈ ရာ​ခိုင်​နှုန်း​ထိ​စိုက်ပျိုး​နိုင်​ခဲ့​သည်။[၅၈] မြန်​မာ့​စီးပွား​ရေး​ကဏ္ဍ​တွင် ခေတ်​မှီ​နည်း​ပညာ ကျွမ်းကျင်​သူ ပညာ​တတ်​လုပ်သား​အင်အား​ချို့တဲ့​ခြင်း​မှာ ကြီး​ထွား​လျက်​ရှိ​သည့် ပြဿနာ​တစ်​ရပ်​ဖြစ်​သည်။[၅၉]

လူဦးရေပျံ့နှံ့နေထိုင်​မှု

ရန်ကုန်မြို့​တွင်း ဗိုလ်​ချုပ်​အောင်​ဆန်း​ဈေး မျက်နှာချင်းဆိုင်​မှ တိုက်ခန်း။ ရန်ကုန်မြို့​၏ လူ​ဦးရေ​အများ​စု​သည် လူ​နေ​ထူထပ်​သည့် တိုက်ခန်း​များ​တွင် နေထိုင်​ကြ​သည်။

မြန်မာ​နိုင်ငံ​၏ လူ​ဦးရေသည် သန်း ၄​၀ မှ ၅​၅ သန်း​ခန့်​ရှိ​သည်‌။[၆၀] လက်ရှိလူဦး​ရေ​စစ်တမ်း​မှာ ခန့်​မှန်းခြေ​မျှ​သာ​ဖြစ်​သည်။ အဘယ်​ကြောင့် ဆိုသော် စစ်​အစိုးရ​၏ ပြည်ထဲရေး​နှင့် သာသနာ​ရေး​ဝန်ကြီး​ဌာနမှ ၁​၉​၈​၃ ခု​နှစ်​တွင် ကောက်ယူ​ခဲ့​သည့် မ​ပြီး​ပြည့်စုံ​သော စစ်​တမ်းပေါ်​တွင် အခြေ​ခံထား သော​ကြောင့် ဖြစ်​သည်။[၆၁] ၁​၉​၃​ဝ ခု​နှစ်​မှ​စ​၍ တိ​ကျ​ခိုင်လုံ​သော ပြည်​လုံး​ကျွတ်​စစ်တမ်း ကောက်ယူ​ခဲ့​ခြင်း မ​ရှိ​ချေ။ ထိုင်း​နိုင်ငံတွင် ရွှေ့​ပြောင်း​အလုပ်​သမား ၈​၀ ရာ​ခိုင်​နှုန်း​မှာ မြန်မာ​နိုင်ငံ​မှ​ဖြစ်​သည်။[၆၂] မြန်မာနိုင်ငံ၏ လူ​ဦးရေ​သိပ်သည်း​နှုန်း​မှာ တစ်​စတုရန်း​ကီ​လို​မီ​တာ​လျှင် ၇​၅ ရာ​ခိုင်​နှုန်း​ဖြစ်​ပြီး အရှေ့တောင်အာ​ရှတွင် လူ​ဦးရေ​ထူထပ်​မှု အနည်း​ဆုံး​နိုင်ငံ​တစ်​ခု​ဖြစ်​သည် အိန္ဒိယမြန်မာ​နယ်စပ်၊ ဘင်္ဂ​လား​ဒေရှ်မြန်မာ​နယ်စပ်​နှင့် ထိုင်းမြန်မာ​နယ်စပ်​များ​တစ်​လျှောက်​တွင် ဒုက္ခ​သည်​စခန်း​များ​ရှိ​နေ​ပြီး ထောင်​ပေါင်း​များ​စွာ​မှာ​လည်း မလေးရှား​နိုင်ငံတွင် ရှိ​လေ​သည်။ လျှော့⁠လျှော့​ပေါ့​ပေါ့ တွက်​သည်​ဆို​ဦး​တော့၊ တိုင်း​တစ်ပါး​ရောက် မြန်မာ​ဒုက္ခ​သည်​ဦးရေ ၂​၉​၅,၈​ဝ⁠ဝ ကျော်​ရှိ​နိုင်​သည်​ဟု ခန့်​မှန်း​ရ​ပြီး အများ​စု​မှာ ကရင်​နှင့် ကရင်နီ​များ​ဖြစ်​ကြ​လေ​သည်။[၆၃]

မြန်မာ​နိုင်ငံ​ရှိ လူ​မျိုး​နွယ်​စု​များ​မှာ များ​စွာ​ကွဲပြား​ခြား​နား​ကြ​သည်။ အစိုးရ​က လူ​မျိုး​ပေါင်း ၁​၃​၅ မျိုး​အား တရားဝင် အသိ​အမှတ်ပြု​ထားသော်​လည်း လက်တွေ့​မှာ​မူ အနည်း​ဆုံး ၁​၀​၈ မျိုးရှိ​နိုင်​သည်​ဟု ခန့်​မှန်း​ရ​သည်။ [၆၄] ဗမာလူမျိုးသည် လူ​ဦးရေ​၏ ၆​၈ ရာ​ခိုင်​နှုန်း​ရှိ​သည်။ ၁​၀​ရာ​ခိုင်​နှုန်း​သည် ရှမ်း​လူ​မျိုးဖြစ်​ပြီ၊ ကရင်​လူ​မျိုးသည် ၇ ရာ​ခိုင်​နှုန်း​ရှိ​သည်။[၄] ရခိုင်​လူ​မျိုး​သည် ၄ ရာ​ခိုင်​နှုန်း​ရှိ​သည်။ ပင်လယ်​ရပ်​ခြား တရုတ်​လူ​မျိုးမှာ ၃ ရာ​ခိုင်​နှုန်း​နီးပါး​ရှိ​သည်။[၆၅][၄] မွန်လူမျိုးများ​မှာ ၂ ရာ​ခိုင်​နှုန်း​ရှိ​သည်‌။[၄]ကျန်​မျိုး​နွယ်​စု​များ​မှာ ကချင်ချင်းကုလားနှင့် အခြား​သော လူ​နည်း​စု​အုပ်စု​များ​ဖြစ်​ကြ​သည်။[၄]

မြန်မာ​ပြည်​ရှိ တိုင်း​ရင်း​သား​များ​အနက် လူ​မျိုး​တစ်​မျိုး​ဖြစ်​သည့် ပ​ဒေါင်လူ​မျိုး မိန်း​ကလေး။

မြန်မာ​နိုင်ငံ​တွင် အဓိက​အား​ဖြင့် ဘာသာ​စကား​အုပ်စု​ကြီး လေး​မျိုးရှိ​သည်။[၆၆] ၎င်း​တို့​မှာ တရုတ်-တိ​ဗက်၊ ဩ​စ​တြို​နီး​ရှန်း၊ တိုင်း​က​ဒိုင်​နှင့် အင်ဒို-ဥ​ရော​ပ​တို့​ဖြစ်​ကြ​သည်‌။[၆၇] တရုတ်-တိ​ဗက်​သည် အကျယ်​ပြန့်​ဆုံး​အသုံးပြု​သော ဘာသာ​စကား​ဖြစ်​သည်။ ယင်း​တွင် ဗမာကရင်ကချင်ချင်းနှင့် တရုတ်​ဘာသာများ ပါဝင်​သည်။ တိုင်-က​ဒိုင်​ဘာသာ​တွင် အဓိက​မှာ ရှမ်း​ဘာသာဖြစ်​သည်။ မြန်မာ​နိုင်ငံ​တွင် အဓိက​ပြောဆို​သည့် ဩ​စ​တြို​နီး​ရှန်း​စကား​မှာ မွန်​ဘာသာဖြစ်​သည်။ အဓိက​ကျ​သော အင်ဒို-ဥ​ရော​ပ​ဘာသာ​စကား​နှစ်​မျိုး​မှာ ဗုဒ္ဓ​ဘာသာ စာပေ​သုံးပါဠိ​ဘာသာနှင့် အင်္ဂလိပ်​ဘာသာတို့​ဖြစ်​သည်။

ယူ​နက်စ်​ကို (UNESCO) စာရင်း​အင်း​ဌာန​၏ ထုတ်​ပြန်​ချက်​အရ မြန်မာ​နိုင်ငံ​၏ တရားဝင်စာတတ်​မြောက်​နှုန်းမှာ ၂​၀⁠၀​၀ ပြည့်​နှစ်​က ၈​၉.၉ ရာ​ခိုင်​နှုန်း​ဖြစ်​သည်။[၆၈] မြန်မာ​နိုင်ငံ​သည် သမိုင်း​အစဉ်​အဆက်​ကတည်းက စာတတ်​မြောက်​နှုန်း မြင့်​မား​ခဲ့​သည်။ သို့သော် ကုလသမဂ္ဂဖွံ့ဖြိုး​မှု​အနိမ့်​ဆုံး​နိုင်ငံ​စာရင်းဝင်​နိုင်​ပြီး ကူညီ​ထောက်ပံ့​မှု​များ ရ​ရှိ​နိုင်​ရန်​အတွက် စစ်​အစိုးရ​က ၁​၉​၈​၇ ခု​နှစ် စာတတ်​မြောက်​နှုန်း​ကို ၇​၈.၆ ရာ​ခိုင်​နှုန်း​မှ ၁​၈.၇ ရာ​ခိုင်​နှုန်း​သို့ လျှော့​ချခဲ့​သည်။[၆၉] သို့သော်အမေရိကန်အစိုးရ၏ နိုင်ငံ​ခြား​ရေး​ဌာန​က​မူ အလုပ်​ဖြစ်​ရန် စာတတ်​မြောက်​နှုန်း​ကို ၃​၀ ရာ​ခိုင်​နှုန်း​ဟု ခန့်​မှန်း​ထား​သည်။[၄]

မြန်မာ​နိုင်ငံ​တွင် ထွန်းကား​သော ဗုဒ္ဓ​ဘာသာ​မှာ ဒေသ​ခံ​တိုင်း​ရင်း​သား​ယုံကြည်​မှု​များ​နှင့် ရော​ပြွမ်း နေ​သည့် ထေ​ရ​ဝါဒဗုဒ္ဓ​ဘာသာဖြစ်​သည်။ စစ်​အစိုးရ​၏ ထုတ်​ပြန်​ချက်​အရ ၈​၉ ရာ​ခိုင်​နှုန်း​သော လူ​ဦးရေ​က ကိုးကွယ်​ယုံကြည်​ကြ​ပြီး အထူးသဖြင့် ဗမာ၊ ရခိုင်၊ ရှမ်း၊ မွန်​နှင့် တရုတ်​လူ​မျိုး​အများ​စု​ဖြစ်​ကြ​သည်။ ခရစ်ယာန်​ဘာသာကို ၄ ရာ​ခိုင်​နှုန်း​သော လှ​ဦးရေ​က ကိုးကွယ်​ပြီး အထူးသဖြင့် ကချင်၊ ချင်း​နှင့် ကရင်​အပြင် သာသနာပြု​လုပ်​ငန်း​များ ထွန်းကား​ခဲ့​သည့် ဒေသ​အသီး​သီး​ရှိ ဥ​ရော​ပ-အာ​ရှ​မျိုး​နွယ်​စု​များ​ဖြစ်​သည်။[၄၁]မြန်မာ​နိုင်ငံ​၏ ခရစ်ယာန်​ဘာသာ​ဝင်​များ​အနက် ငါး​ပုံ​လေး​ပုံ​မှာ ပ​ရို​တက်​စ​တင့်​များ (Protestants) ဖြစ်​ကြ​ပြီး အဓိက​အား​ဖြင့် မြန်မာ​နှစ်​ခြင်း​ကွန်​ဗင်​ရှင်း​အသင်းဝင် နှစ်​ခြင်း​ခရစ်ယာန်​များ ဖြစ်​ကြ​သည်။ ကျန်​သူ​များ​မှာ ရို​မန်​ကက်​သ​လစ်​ဘာသာ​ဝင် (Roman Catholics) များ​ဖြစ်​ကြ​သည်။

လူ​ဦးရေ​၏ ၄ ရာ​ခိုင်​နှုန်း​မှာ အစ္စ​လာမ်​ဘာသာကို ကိုးကွယ်​ကြ​ပြီး အများ​စု​မှာ ဆူ​နီ​များ​ဖြစ်​သည်။ အစ္စ​လာမ်​ဘာသာ​ဝင်​တို့​တွင် အိန္ဒိယ​ကုလား​တိုင်း​ရင်း​သား၊ အိန္ဒိယ-မြန်မာ၊ ပါ​ရှန်း၊ အာ​ရပ်၊ ပန်းသေး​နှင့် ရို​ဟင်​ဂျာ​များ ပါဝင်​ကြ​သည်။ မူ​ဆ​လင်​နှင့် ခရစ်ယာန်​တို့​သည် လူ​မှု​ရေး​အရ ဘေး​ထွက်​နေ​ကြ​ပြီး ကျယ်​ပြန့်​စွာ​ခွဲ​ခြား​ထား​ခြင်း​ခံ​ရ​သည်။[၇၀][၇၁][၇၂] ဟိန္ဒူ​ဘာသာကို ကိုးကွယ်​သူ အနည်းငယ်​မျှ​သာ ရှိ​သည်။

ယဉ်ကျေး​မှု

မန္တလေးမြို့​၏ မဟာ​မု​နိ​ဇေ​တိတွင် တွေ့​ရ​သည့် နား​သ​မင်္ဂလာ​ပွဲ။ ထို​မင်္ဂလာ​ပွဲ​မှာ မြန်​မာ့​ယဉ်ကျေး​မှု​တွင် မိန်းမ​ငယ် လူလားမြောက်​ကြောင်း အသိ​အမှတ်ပြု​သည့် အစဉ်​အလာ တ​ရပ်​ဖြစ်​သည်။

မြန်မာ​နိုင်ငံ​တွင် ကွဲပြား​ခြား​နား​သည့် ဒေသ​ခံ​ရိုးရာ​ယဉ်ကျေး​မှု​များ​စွာ ရှိသော်​လည်း အဓိက​ပင်တိုင်​မှာ ဗုဒ္ဓ​ဘာသာနှင့် ဗမာ​ယဉ်ကျေး​မှု​သာ​ဖြစ်​သည်‌ ဗ​မာ့​ယဉ်ကျေး​မှုသည်​လည်း အိမ်နီးချင်း​နိုင်ငံ​၏ယဉ်ကျေး​မှုများ​က လွှမ်းမိုး လေ​သည်။ ဤ​သည်​ကို ယင်း​၏ဘာသာ​စကားအစားအသောက်ဂီ​တပန်​တျာနှင့် ပြဇာတ်တို့​က သက်သေ​ထူ​လျက်​ရှိ​သည်။ အနု​ပညာတွင် အထူးသဖြင့် စာပေကို မြန်​မာ့​ဟန်​ဝင်​နေ​သော ထေ​ရ​ဝါဒဗုဒ္ဓ​ဘာသာက လွှမ်းမိုး​လျက်​ရှိ​သည်။ မြန်မာ​နိုင်ငံ​၏ မော်ကွန်း​တစ်​ရပ်​အဖြစ် ယူဆ​ထား​သော ရာ​မ​ဇာတ်တော်​ကြီး မှာ ရမ္မာ​ရ​န မူရင်း​မှ ကူး​ယူထား​ခြင်း​ဖြစ်​ပြီး ထိုင်း၊ မွန်၊ အိန္ဒ​ယ​မူ​များ လွှမ်းမိုး​ခြင်း​ကို ကောင်း​စွာ​ခံထား​ရ​သည်။[၇၃] ဗုဒ္ဓဘာသာနှင့် နတ်​ကိုးကွယ်​မှုတို့ ရောထွေး​လျက်​ရှိ​ပြီး နတ်​ကိုးကွယ်​မှု​တွင် ၃​၇ မင်းအနက် တစ်ပါး​ပါး​ကို ခမ်းနား​ကြီးကျယ်​စွာ ပူဇော်ပသ​ကြ​လေ့​ရှိ​သည်။[၇၄][၇၅]

ရိုးရာ​ဓလေ့​ထွန်းကား​သော မြန်​မာ့​ရွာ​တစ်​ရွာ​တွင် ရွာ​ဦးဘုန်းတော်​ကြီး‌ကျောင်းမှာ ကျေးရွာ​ယဉ်း​ကျေး​မှု​ဘဝ​၏ ဗဟို​ချက်​ဖြစ်​သည်။[၇၆] ဘုန်းတော်ကြီးများအား ဘာသာ​ဝင်​များ​က ရိုသေ​လေးစား​ပြီး ပစ္စည်း​လေး​ပါးကို ထောက်ပံ့​ကြ​သည်။ အရွယ်ရောက်​လာ​သည့်​ယောက်ျား​ကလေး​တစ်​ယောက်​၏ ဘဝ​တွင် ရှင်ပြုမင်္ဂလာ​မှာ အလွန်​အရေး​ပါ​သည့် အခမ်းအနား​တစ်​ခု​ဖြစ်​သည်။ ဗုဒ္ဓ​ဘာသာ​မိသား​စု​တိုင်း​မှ ယောက်ျား​ကလေး မှန်​သ​မျှ​သည် အသက် ၂​၀ မ​တိုင်​မီ ကို​ရင်အဖြစ်​လည်းကောင်း၊ အသက် ၂​၀ ပြည့်​လျှင် ရဟန်းအဖြစ်​လည် ကောင်း​ခံယူ​ကြ​ရ​သည်။ အနည်း​ဆုံး တစ်​ပတ်​ခန့်​ကြာမြင့်​လေ့​ရှိ​တတ်​သည်။ မိန်း​ကလေး​များ​မှာ​မူ နားထွင်း​နား​သ​ခြင်း မင်္ဂလာ​ကို ခံယူ​ကြ​ရ​သည်။[၇၆] မြန်​မာ့​ယဉ်ကျေး​မှု​ကို အဓိက​မြင်​တွေ့​ရ​သည့် နေရာ​မှာ ကျေးရွာ​များ​တွင် နှစ်​လုံး​ပေါက်​ကျင်းပ​လေ့​ရှိ​သည့် ဘုရား​ပွဲ​များ​တွင်​ဖြစ်​သည်[၇၇][၇၈] ရွာ​များ​တွင် ရွာ​စောင့်​နတ်​များ​ရှိ​ကြ​ပြီး မြန်​မာ့​လူ​နေ​မှု​ဘဝ​တွင် အယူ​သည်း​ခြင်း​နှင့် ပိတ်​ပင်​တားမြစ်​ခြင်း​များ​မှာ​လည်း မ​နည်း​ပေ။

အရ​မ​ပူ​ရ​မြို့​၏ မဟာ​ဂန္ဓ​ရုံ​ကျောင်း​တွင် ကို​ရင်​များ​သည် သိ​ပိတ်​နှင့် ဆွမ်း​ခံ​ကြွ​နေ​ပုံ။

ဗြိတိသျှကို​လို​နီ​အုပ်ချုပ်​မှု​အောက်​တွင် မြန်​မာ့​ယဉ်ကျေး​မှု​အတွင်း​သို့ အနောက်​တိုင်း​ဓလေ့​များ စတင်​ဝင်​ရောက်လာ​ခဲ့​သည်။ မြန်​မာ့​ပညာ​ရေး​စနစ်​ကို ဗြိတိသျှ ပုံစံ​အတိုင်း ပုံ​တူ​ကူး​ယူထား​သည်။ ရန်ကုန်ကဲ့သို့​သော မြို့​များ​တွင် ကို​လို​နီ​ပိုင်ဗိသုကာပုံစံ​များ လွှမ်းမိုး​နေ​သ​သည်​ကို​တွှေ့​ရှိ​ရ​သည်။[၇၉] တိုင်းရင်း​သား​မျိုး​နွယ်​စု​များ​အနက်​ခရစ်ယာန်​ယုံကြည်​ကိုးကွယ်​မှု​ကို အရှေ့တောင်​ဒေသ​ရှိ ကရင်များ​တွင်​လည်း ကောင်း၊ မြောက်​ဘက်​အရပ်​နှင့် အနောက်မြောက်​ဒေသ​၌ ကချင်နှင့် ချင်းတိုင်း​ရင်း​သား​များ​တွင်​လည်း ကောင်း​မြင်​တွေ့​နိုင်​သည်။[၈၀]

ဘာသာစ​ကား

မြန်မာဘာသာ​စကားသည် ဗမာတို့​၏ မိ​ခင်​ဘာသာ​စကား​နှင့် ရုံး​သုံး​ဘာသာ​စကား​များ ဖြစ်​ပြီး တိ​ဗက်​နှင့် တရုတ်​ဘာသာ​စကား​များ​နှင့် လည်း​နီးစပ်​လေ​သည်။[၈၁][၆၆] ဗြည်း​အက္ခရာ ရေးသား​ပုံ​စနစ်​မှာ လခြမ်း​ပုံ​နှင့် စက်ဝိုင်း​ပုံ​များ​ကို အခြေ​ထား​သော မွန်​အက္ခရာ​စနစ်​မှ ဆင်းသက်​လာ​သည်။ မြန်မာ​အက္ခရာအရေး​အသား​တွင် မွန်​ပုံစံ​ကို အခြေ​ခံထား​ပြီး မွန်အက္ခရာ​စနစ်​သည် ၇​၀​၀ ပြည့်​နှစ်​က တောင်​ပိုင်းဗြဟ္မိ​အက္ခရာစ​နစ်ပေါ်​တွင် အခြေ​ခံထား​လေ​သည်။ ရှေး​အကျ​ဆုံး​မြန်မာ​အရေး​အသား​ကို လွန်​ခဲ့​သည့် နှစ် ၁​၀⁠၀​၀ ကျော်​လောက်​က တွေ့​ရှိ​ခဲ့​သည်။ ဤ​အရေး​အသား​စနစ်​ကို ထေ​ရ​ဝါဒဗုဒ္ဓ​ဘာသာ၏ ကျမ်း​ဂမ်​များ ရေးသား​ရာ​တွင် သုံး​သည်။ ပါဠိစာပေ​ရေးသား​ရာ​တွင်​လည်း အသုံးပြု​သည်။ ရှမ်း၊ ကရင်​နှင့် ကယား​စာပေ​များ ရေးသား​ရာ​တွင်​လည်း မြန်မာ​အက္ခရာ​များ​နှင့်​အတူ သီးခြား​တီထွင်​ထား​သော ဗြည်း​အက္ခရာ​များ၊ အသံ​ထွက်​ပြသ​ကေင်္တ​များ​ကို​လည်း အသုံးပြု​ထား​သည်။[၈၂] မြန်မာ​စကား​သည် အရိုအသေ​ပြု​သုံး​နှုန်း​ခြင်း​နှင့် အသက်အရွယ်​အလိုက်‌ပြောဆို​သုံး​နှုန်း​ရ​ခြင်း​များ​ပါဝင်​သည်။[၇၇] မြန်မာ​လူ​မှု​ရေး​စနစ်​သည် ပညာ​ရေး​ကို​အလေး​ပေး​သည်။ ကျေးရွာ​များ​တွင် လောကီ​ပညာများ​ကို ဘုန်းတော်​ကြီး​ကျောင်းများ​၌ သင်​ယူ​ကြ​ရ​သည်။ နိုင်​ငံတော်​က ဖွင့်​လှစ်​သည့် အစိုးရ ကျောင်း​များ​က အလယ်​တန်း​များ​နှင့် အထက်​တန်း​ပညာ​များ​အား တာဝန်​ယူ​သင်ကြား​ပေး​သည်။

အစားအစာ

ရန်ကုန်မြို့​ရှိ လမ်း​ဘေး​စား​သောက်​ဆိုင်

မြန်​မာ့​အစားအစာ​တွင် တရုတ်အိန္ဒိယထိုင်းနှင့် အခြား​လူ​မျိုး​စု​များ​၏ လွှမ်းမိုး​မှု​ကို တွေ့​ရှိ​နိုင်​သည်။ ဆန်မှာ မြန်မာ​၏ အဓိက​အစားအစာ​ဖြစ်​သည်။[၈၃] ခေါက်ဆွဲနှင့် ပေါင်မုန့်တို့​ကို​လည်း စား​သောက်​သည်။[၈၃] ဗ​မာ့အစားအစာ​တွင် မ​ပါ​မ​ဖြစ်​သည်မှာ ငါး၊ ပုစွန်၊ ငါးပိ​ငံပြာရည်​နှင့် ဝက်သား၊ ဆိတ်​သား​များ ဖြစ်​သည်။ အမဲသား​ကို​မူ တချို့​က ရှောင်​ကြ​သည်။ ဟင်း​ချက်​ရာ​တွင် မ​ဆ​လာ​နှင့် ငရုတ်​သီး​တို့​ကို အသုံးပြု​သည်။[၈၄][၈၅] မြန်မာ့​အမျိုးသား အစားအစာ​ဟု​ကျယ်​ပျံ့​စွာ ယူဆ​ထား​သည့် မုန့်ဟင်းခါးချက်​ရာ​တွင် ငါးခူ​ဟင်းရည်​တွင် ကုလားပဲ​မှုန့်၊ ဆန်​ကြာ​ဆံ​နှင့် ငံပြာရည်များ ရော​၍ ချက်​ကြ​သည်။[၈၆] အပူ​ပိုင်း အသီးအနှံ​များ​ကို အချို​ပွဲ​အဖြစ် တည်​ခင်း​သည်။ မြို့​ကြီး​ပြ​ကြီး​များ​တွင် ရှမ်းစာ၊ တရုတ်စာ​နှင့် ကုလား​အစားအစာ​များ​ကို​ပါ စုံလင်​စွာ ရ​ရှိ​နိုင်​သည်။

တေး​ဂီ​တ

မြန်​မာ့​တေး​ဂီ​တ​ကို ပတ်ဝိုင်း၊ ကြေးဝိုင်း၊ ပတ္တ​လား​နှင့် လေမှုတ်​တူရိယာ​များ​ဖြစ်​သည့်​နှဲ၊ နှဲ​ကြီး၊ ပလွေ၊ ဝါး​လက်​ခုပ်​နှင့် ကြိုး​တတ်​တူရိယာ​များ​အား ဆိုင်း​ဝိုင်းခေါ်​သံ​စုံ​တီး​ဝိုင်းဖွဲ့​၍ တီး​ခတ်​ကြ​သည်။[၇၈][၇၆] မြန်​မာ့​ယဉ်ကျေး​မှု​တွင် လှေ​ပုံ​သဏ္ဌာန် ကိုယ်​ထည်​တွင် ပိုး​ကြိုး​သွယ်​တန်း​ထား​ပြီး လည်တိုင်​တွင် မှန်စီ​ရွှေချ​ထား​သော စောင်းကောက်​မှာ နှစ်​ပေါင်း​များ​စွာ​ကတည်းက​ပင် ရှိ​ခဲ့​သည်။[၈၇] ၁၉၅၀ ပြည့်​လွန်​နှစ်​မှ​စ​၍ မြို့​ကြီး​ပြ​ကြီး​များ​တွင် အနောက်​တိုင်း​တေး​ဂီ​တ​များ စတင်​ရေပန်း​စား​လာ​သည်။[၈၈]

ဆက်​စပ်​ကြည့်​ရှု​ရန်

ရည်ညွှန်း​ချက်​များ

  1. http://www.seasite.niu.edu/crossroads/russell/seageog.htm
  2. အလံတော်​သစ် လွှင့်​တင်​တဲ့ အခမ်းအနား​တွေ​လုပ် (ဘီ⁠ဘီ​စီ)
  3. ၃.၀ ၃.၁ ၃.၂ Steinberg၊ David L. (2002)။ Burma: The State of MyanmarGeorgetown University Press။ ISBN။ Unknown parameter |month= ignored (အကူအညီ)
  4. ၄.၀ ၄.၁ ၄.၂ ၄.၃ ၄.၄ ၄.၅ ၄.၆ Background Note: BurmaBureau of East Asian and Pacific AffairsU.S. Department of State (August 2005)။ 2006-07-07 တွင် ပြန်စစ်ပြီး။
  5. Country Profile: BurmaForeign and Commonwealth Office။ 2006-07-07 တွင် ပြန်စစ်ပြီး။
  6. Country Profile: BurmaForeign and Commonwealth Office။ 2006-07-07 တွင် ပြန်စစ်ပြီး။
  7. The EU's relations with Burma / MyanmarExternal relations။ European Union (November 2006)။ 2007-01-11 တွင် ပြန်စစ်ပြီး။
  8. Should it be Burma or Myanmar?, BBC News
  9. Burma and DivestitureExternal relations။ The Dominion (November 2005)။ 2007-10-01 တွင် ပြန်စစ်ပြီး။
  10. http://en.wikipedia.org/wiki/Burma
  11. နိုင်ငံတော်ဖွံ့ ဖြိုးတိုးတက်မှုမှတ်တမ်း(၂၀၁၀)
  12. George Aaron Broadwell။ Mon history။ Dept. of Anthropology; University at Albany, Albany, NY။ 2006-07-11 တွင် ပြန်စစ်ပြီး။
  13. ၁၃.၀ ၁၃.၁ ၁၃.၂ ၁၃.၃ Houtman၊ Gustaaf (1999)။ Mental Culture in Burmese Crisis Politics: Aung San Suu Kyi and the National League for DemocracyISBN 4-87297-748-3
  14. The Constitution of the Union of Burma။ DVB (1947)။ 2006-07-07 တွင် ပြန်စစ်ပြီး။
  15. Smith၊ Martin (1991)။ Burma -Insurgency and the Politics of Ethnicity။ London and New Jersey: Zed Books။ pp. 42–43။
  16. Aung Zaw။ Can Another Asian Fill U Thant’s Shoes?The Irrawaddy Sep 2006။ 2006-09-12 တွင် ပြန်စစ်ပြီး။
  17. ၁၇.၀ ၁၇.၁ Fink၊ Christina (2001)။ Living Silence:Burma under Military RuleISBN 1-85649-926-X
  18. PYITHU HLUTTAW ELECTION LAWState Law and Order Restoration Council။ iBiblio.org (1989-05-31)။ 2006-07-11 တွင် ပြန်စစ်ပြီး။
  19. Khin Kyaw Han (2003-02-01)။ 1990 MULTI-PARTY DEMOCRACY GENERAL ELECTIONSNational League for Democracy။ iBiblio.org။ 2006-07-11 တွင် ပြန်စစ်ပြီး။
  20. ၂၀.၀ ၂၀.၁ "The National Convention"၊ The Irrawaddy၊ 2004-03-31။ 2006-07-14 တွင် ပြန်စစ်ပြီး 
  21. "Burma’s new capital stages parade"၊ BBC News၊ 2006-03-27။ 2006-06-24 တွင် ပြန်စစ်ပြီး 
  22. ကုလသမဂ္ဂ Security Council Document 14. S/2007/14 12 January 2007. 2007-09-25 တွင် စစ်ဆေးပြီး။
  23. "ILO seeks to charge Myanmar junta with atrocities"၊ Reuters၊ 2006-11-16။ 2006-11-17 တွင် ပြန်စစ်ပြီး 
  24. The Birth Of The NCGUB။ National Coalition Government of the Union of Burma။ 2006-07-19 တွင် ပြန်စစ်ပြီး။
  25. Chiefs of State and Cabinet Members of Foreign Governments: Burma။ Central Intelligence Agency (2006-06-02)။ 2006-07-11 တွင် ပြန်စစ်ပြီး။
  26. McCain၊ John (2003-05-11)။ Crisis in Rangoon။ National Review Online။ 2006-07-14 တွင် ပြန်စစ်ပြီး။
  27. Brad Adams။ Statement to the EU Development CommitteeHuman Rights Watch။ 2006-07-11 တွင် ပြန်စစ်ပြီး။
  28. Satellite Images Verify Myanmar Forced Relocations, Mounting Military PresenceScienceMode။ 2007-10-01 တွင် ပြန်စစ်ပြီး။
  29. "Internet Filtering in Burma in 2005: A Country Study"၊ OpenNet Initiative။ 
  30. "Burma bans Google and gmail"၊ BurmaNet News၊ 2006-06-27။ 2006-06-28 တွင် ပြန်စစ်ပြီး 
  31. Myanmar: 10th anniversary of military repressionAmnesty International (1998-08-07)။ 2006-07-14 တွင် ပြန်စစ်ပြီး။
  32. The Irrawaddy။ "Suu Kyi's Detention Extended, Supporters likely to Protest"၊ The Irrawaddy2006-05-27။ 2006-05-27 တွင် ပြန်စစ်ပြီး 
  33. The Irrawaddy။ "Opposition Condemns Extension of Suu Kyi's Detention"၊ The Irrawaddy2006-05-27။ 2006-05-27 တွင် ပြန်စစ်ပြီး 
  34. Gamel၊ Kim။ "UN Security Council Puts Burma on Agenda"၊ The Irrawaddy, 2006-09-16။ 2006-10-11 တွင် ပြန်စစ်ပြီး 
  35. About Us။ ASEAN Inter-Parliamentary Myanmar Caucus။ 2006-07-09 တွင် ပြန်စစ်ပြီး။
  36. Poon၊ Khim Shee (2002)။ The Political Economy of China-Myanmar Relations: Strategic and Economic Dimensions (PDF)။ Ritsumeikan University။ 2006-07-14 တွင် ပြန်စစ်ပြီး။
  37. Selth၊ Andrew (Spring 2002)။ Burma and Superpower Rivalries in the Asia-Pacific။ Naval War College Review။ 2006-07-16 တွင် ပြန်စစ်ပြီး။
  38. Burma Freedom and Democracy Act of 2003။ United States Library of Congress (2003-06-04)။ 2007-02-04 တွင် ပြန်စစ်ပြီး။
  39. The EU’s relations with Burma / MyanmarEuropean Union။ 2006-07-13 တွင် ပြန်စစ်ပြီး။
  40. "Dilemma of dealing with Burma"၊ BBC News၊ 2004-10-20။ 2004-11-02 တွင် ပြန်စစ်ပြီး 
  41. ၄၁.၀ ၄၁.၁ ၄၁.၂ ၄၁.၃ ၄၁.၄ ၄၁.၅ CIA Factbook
  42. Starck၊ Peter (2005-06-07)။ World Military Spending Topped US$1 trillion in 2004။ Reuters။ Common Dreams NewsCenter။ 2006-07-19 တွင် ပြန်စစ်ပြီး။
  43. Chiefs of State and Cabinet Members of Foreign Governments: Burma။ Central Intelligence Agency (2006-06-02)။ 2006-07-11 တွင် ပြန်စစ်ပြီး။
  44. http://articles.janes.com/articles/Janes-Sentinel-Security-Assessment-Southeast-Asia/Defence-budget-Myanmar.html
  45. Administrative divisionsThe World FactbookCentral Intelligence Agency (2006-06-29)။ 2006-07-09 တွင် ပြန်စစ်ပြီး။
  46. Bi Weekly Eleven Journal Vol3 No 43
  47. Dr. Patrick Hesp; et al., eds. (2000)။ Geographica’s World Reference။ Random House Australia။ pp. 738, 741။ Explicit use of et al. in: |editor= (အကူအညီ)
  48. ၄၈.၀ ၄၈.၁ Than၊ Mya (2005)။ Myanmar in ASEAN: Regional Co-operation ExperienceISBN 981-230-210-7
  49. ၄၉.၀ ၄၉.၁ ကိုးကား အမှား - Invalid <ref> tag; no text was provided for refs named myatthein
  50. ၅၀.၀ ၅၀.၁ Myanmar’s Forest Law and Rules။ BurmaLibrary.org။ 2006-07-15 တွင် ပြန်စစ်ပြီး။
  51. "Flora and Fauna" at Myanmars.net
  52. Watkins၊ Thayer။ Political and Economic History of Myanmar (Burma) Economics။ San José State University။ 2006-07-08 တွင် ပြန်စစ်ပြီး။
  53. Stephen Codrington (2005)။ Planet geography။ Solid Star Press။ p. 559။ ISBN 0-9579819-3-7
  54. List of Least Developed Countries။ UN-OHRLLS (2005)။
  55. Fullbrook၊ David။ "So long US, hello China, India"၊ Asia Times၊ 2004-11-04။ 2006-07-14 တွင် ပြန်စစ်ပြီး 
  56. ၅၆.၀ ၅၆.၁ Challenges to Democratization in Burma (PDF)။ International IDEA (November 2001)။ 2006-07-12 တွင် ပြန်စစ်ပြီး။
  57. Myanmar Country Profile (PDF)။ Office on Drugs and Crime 5–6။ United Nations (December 2005)။ 2006-07-09 တွင် ပြန်စစ်ပြီး။
  58. Myanmar and IRRI|21.2 KiB, Facts About Cooperation, International Rice Research Institute. Retrieved on 2007-09-25.
  59. Brown၊ Ian (2005)။ A Colonial Economy In Crisis။ Routledge။ ISBN 0-415-30580-2
  60. POPULATION AND SOCIAL INTEGRATION SECTION (PSIS)။ UN Economic and Social Commission for Asia and the Pacific။
  61. Conflict and Displacement in Karenni: The Need for Considered Responses (PDF)။ Burma Ethnic Research Group (May 2000)။ 2006-07-13 တွင် ပြန်စစ်ပြီး။
  62. Thailand: The Plight of Burmese Migrant Workers။ Amnesty International (2006-06-08)။ 2006-07-13 တွင် ပြန်စစ်ပြီး။
  63. Myanmar Refugees in South East Asia (PDF)။ UNHCR (April 2006)။ 2006-07-13 တွင် ပြန်စစ်ပြီး။
  64. Gordon၊ Raymond G., Jr. (2005)။ Languages of Myanmar။ SIL International။ 2006-07-14 တွင် ပြန်စစ်ပြီး။
  65. Mya Than (1997)။ Leo Suryadinata (ed.)။ Ethnic Chinese As Southeast Asians။ ISBN။
  66. ၆၆.၀ ၆၆.၁ Gordon၊ Raymond G., Jr. (2005)။ Language Family Trees: Sino-TibetanEthnologue: Languages of the World, Fifteenth edition။ SIL International။ 2006-07-09 တွင် ပြန်စစ်ပြီး။
  67. Gordon၊ Raymond G., Jr. (2005)။ Languages of MyanmarEthnologue: Languages of the World, Fifteenth edition။ SIL International။ 2007-01-13 တွင် ပြန်စစ်ပြီး။
  68. Adult (15+) Literacy Rates and Illiterate Population by Region and Gender for (XLS)။ UNESCO Institute of Statistics (April 2006)။ 2006-07-13 တွင် ပြန်စစ်ပြီး။
  69. Robert I Rotberg, ed. (1998)။ Burma: Prospects for a Democratic Future
  70. Thailand Burma Border Consortium (2007)။ Internal Displacement in Eastern Burma 2006 Survey။ 2207-02-04 တွင် ပြန်စစ်ပြီး။
  71. Priestly၊ Harry။ "The Outsiders"၊ The Irrawaddy၊ 2006-01-17။ 2006-07-07 တွင် ပြန်စစ်ပြီး 
  72. Samuel Ngun Ling (2003)။ The Encounter of Missionary Christianity and Resurgent Buddhism in Post-colonial Myanmar (PDF)။ Payap University။ 2006-07-14 တွင် ပြန်စစ်ပြီး။
  73. Ramayana in Myanmar’s heart။ Goldenland Pages (2003-09-13)။ 2006-07-13 တွင် ပြန်စစ်ပြီး။
  74. Temple၊ R.C. (1906)။ The Thirty-seven Nats-A Phase of Spirit-Worship prevailing in Burma
  75. The Worshipping of Nats — The Special Festival of Mount Popa
  76. ၇၆.၀ ၇၆.၁ ၇၆.၂ Khin Myo Chit (1980)။ Flowers and Festivals Round the Burmese Year
  77. ၇၇.၀ ၇၇.၁ Tsaya (1886)။ Myam-ma, the home of the Burman။ Calcutta: Thacker, Spink and Co.။ pp. 36–37။
  78. ၇၈.၀ ၇၈.၁ Shway Yoe (1882)။ The Burman — His Life and Notions။ New York: Norton Library 1963။ pp. 211–216, 317–319။
  79. Martin၊ Steven။ "Burma maintains bygone buildings"၊ BBC News၊ 2004-03-30။ 2006-07-09 တွင် ပြန်စစ်ပြီး 
  80. Scott O'Connor၊ V. C. (1904)။ The Silken East — A Record of Life and Travel in Burma။ Scotland 1993: Kiscadale။ p. 32။CS1 maint: location (link)
  81. Gordon၊ Raymond G., Jr. (2005)။ Languages of Myanmar။ SIL International။ 2006-07-14 တွင် ပြန်စစ်ပြီး။
  82. Proposal for encoding characters for Myanmar minority languages in the UCS (PDF)။ International Organization for Standardization (2006-04-02)။ 2006-07-09 တွင် ပြန်စစ်ပြီး။
  83. ၈၃.၀ ၈၃.၁ Kong၊ Foong Ling (2002)။ Food of Asia။ Tuttle Publishing။ ISBN။
  84. Saw Myat Yin (1990)။ Burma။ M. Cavendish။ ISBN ISBN |isbn= တန်ဖိုး invalid character စစ်ဆေးရန် (အကူအညီ)
  85. D. N. Jha (2004)။ The Myth of the Holy Cow။ Verso။ ISBN ISBN |isbn= တန်ဖိုး invalid character စစ်ဆေးရန် (အကူအညီ)
  86. "Get a taste of Myanmar’s national dish"၊ Indo-Asian News Service၊ PlanetGuru။ 
  87. Postcard of Saung Gauk (arched harp)National Music Museum။ University of South Dakota (2004-10-18)။ 2006-07-15 တွင် ပြန်စစ်ပြီး။
  88. "Myanmar worries as rappers upstage traditional xylophones"၊ Agence France Presse၊ BurmaNet News၊ 2005-09-28။ 2006-07-15 တွင် ပြန်စစ်ပြီး 

ပြင်ပလင့်ခ်များ