အာဖရိက: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
အရေးမကြီးNo edit summary
အရေးမကြီး r2.7.2) (ရိုဘော့က တည်းဖြတ်နေသည် - haw:ʻApelika
စာကြောင်း ၁၄၉၀ - စာကြောင်း ၁၄၉၀ -
[[ha:Afirka]]
[[ha:Afirka]]
[[hak:Fî-chû]]
[[hak:Fî-chû]]
[[haw:‘Apelika]]
[[haw:ʻApelika]]
[[he:אפריקה]]
[[he:אפריקה]]
[[hi:अफ़्रीका]]
[[hi:अफ़्रीका]]

၀၈:၄၄၊ ၁၃ ဩဂုတ် ၂၀၁၂ ရက်နေ့က မူ

တမ်းပလိတ်:Infoboxတိုက်

အာဖရိက သည် ကမ္ဘာပေါ်တွင် အာရှတိုက် ပြီးလျှင် ဒုတိယမြောက် အကြီးဆုံးနှင့် ဒုတိယမြောက် လူဦးရေအများဆုံး တိုက်ကြီးဖြစ်သည်။ ကျွန်းများကိုပါ ထည့်တွက်လျှင် အကျယ်အဝန်း အားဖြင့် ၃၀.၂ သန်း စတုရန်းကီလိုမီတာ (စတုရန်းမိုင် ၁၁.၇ သန်း) မျှ ကျယ်ဝန်းပြီး ကမ္ဘာ့မျက်နှာပြင် စုစုပေါင်း၏ ၆ ရာခိုင်နှုန်းနှင့် ကမ္ဘာ့ကုန်းမြေ စုစုပေါင်း၏ ၂၀.၄ ရာခိုင်နှုန်းကို နေရာယူထားသည်။ ၂၀၀၉ ခုနှစ် စာရင်းအရ နယ်မြေပေါင်း ၆၁ ခုတွင် လူဦးရေ ၁ ဘီလီယံမျှ ရှိပြီး ကမ္ဘာ့လူဦးရေ စုစုပေါင်း၏ ၁၄.၇၂ ရာခိုင်နှုန်းမျှ ရှိသည်။

အာဖရိကတိုက်ကို မြောက်ဘက်တွင် မြေထဲပင်လယ်၊ အရှေ့မြောက်ဘက် ဆီနိုင်း ကျွန်းဆွယ် တလျှောက်တွင် ဆူးအက်တူးမြောင်း နှင့် ပင်လယ်နီ၊ အရှေ့တောင်ဘက်တွင် အိန္ဒိယသမုဒ္ဒရာ၊ အနောက်ဘက်တွင် အတ္တလန္တိတ် သမုဒ္ဒရာတို့က ဝန်းရံထားသည်။ အာဖရိကတိုက်တွင် အချုပ်အခြာ အာဏာပိုင် နိုင်ငံပေါင်း ၅၄ နိုင်ငံ ရှိပြီး မဒါဂတ်စကား နှင့် အခြား ကျွန်းများလည်း ပါဝင်သည်။

အာဖရိကတိုက်ကို သိပ္ပံပညာဆိုင်ရာ အသိုင်းအဝိုင်းက လူသားတို့ အစပြုရာ ဒေသအဖြစ် မှတ်ယူကြသည်။ လွန်ခဲ့သော နှစ်ပေါင်း ၇ သန်းခန့်က လူဝံကြီးများ နှင့် သက်ဆိုင်သော အထောက်အထားကို အာဖရိကတွင် တွေ့ရှိရပြီး လွန်ခဲ့သော နှစ်ပေါင်း ၂ သိန်းကျော်က ဖြစ်ပေါ်ခဲ့သော အစောဆုံး လူသား၏ အထောက်အထားကို အီသီယိုးပီးယားနိုင်ငံ နေရာတွင် တွေ့ရှိရသည်။

အာဖရိကသည် အီကွေတာကို ခွလျှက် တည်ရှိပြီး ရာသီဥတု အမျိုးစုံ ရှိသည်။ မြောက်ကမ္ဘာခြမ်းရာသီဥတု မှ တောင်ကမ္ဘာခြမ်း ရာသီဥတုသို့ ဖြန့်ကျက်တည်ရှိနေသော တစ်ခုတည်းသော တိုက်ဖြစ်သည်။ အာဖရိကတိုက်၏ စီးပွားရေး တိုးတက်မှုနှုန်းမှာ ၂၀၁၀ ခုနှစ်တွင် ၅ ရာခိုင်နှုန်း ဖြစ်ပြီး ၂၀၁၁ ခုနှစ်တွင် ၅.၅ ရာခိုင်နှုန်း ဖြစ်သည်။

အမည်မှည့်ခေါ်ခြင်း

အာဖရိ (Afri ) ဆိုသည်မှာ လက်တင်ဘာသာတွင် ယခု တူနီးရှားနိုင်ငံ နေရာ မြောက်အာဖရိကတွင် နေထိုင်ခဲ့သော ကာသေ့လူမျိုးတို့ကို ရည်ညွှန်းခေါ်ဆိုသော အမည် ဖြစ်သည်။ ထိုအမည်ကို မြေမှုန် ဟု အဓိပ္ပာယ်ရသည့် ဖိုနီးရှန်း ဘာသာစကား အာဖာ (afar) နှင့် ဆက်စပ် စဉ်းစားခဲ့ကြသည်။ သို့သော်လည်း ၁၉၈၁ ခုနှစ်တွင် ဖော်ထုတ်ခဲ့သော သီအိုရီအရ ကျောက်ဂူ ဟု အဓိပ္ပာယ်ရသည့် မြောက်အာဖရိကသုံး ဘာဘာ ဘာသာစကား အီဖရီ (ifri ) နှင့် အီဖရန် (ifran) မှ ဆင်းသက်လာသည်ဟု ကောက်ချက်ချခဲ့ကြသည်။ ကျောက်ဂူအတွင်း နေထိုင်ကြသူတို့ကို ရည်ညွှန်းခြင်းပင် ဖြစ်သည်။

သမိုင်းကြောင်း

ကျောက်ခေတ်သမိုင်းကြောင်း

လွန်ခဲ့သော နှစ်သန်းပေါင်း ၂၅၀ နှင့် ၆၅ သန်းကြား မီဆိုဇိုးရစ်ခေတ် ဟု ခေါ်တွင်သော အချိန်က အာဖရိကတိုက်သည် အခြားတိုက်ကြီးများနှင့် ပေါင်းစပ်လျှက် ပန်ဂီယာဟုခေါ်သည့် ဧရာမတိုက်ကြီးတစ်ခု အဖြစ် တည်ရှိနေခဲ့သည်။ ထိုအချိန်က သယ်ရိုပေါ့ဒ်၊ ပရိုဆောရိုပေါ့ဒ် အစရှိသည့် ဒိုင်နိုဆောများ ကျင်လည်ကျက်စားရာ နေရာဖြစ်ခဲ့သည်။ ထရိုင်ရပ်ဆစ်ခေတ်ဟု ခေါ်သည့် လွန်ခဲ့သော နှစ်သန်းပေါင်း ၂၅၀ နှင့် ၂၀၀ ကြားကာလ နှောင်းပိုင်းခေတ်မှ ကျောက်ဖြစ်ရုပ်ကြွင်းများကို အာဖရိက တနံတလျားတွင် တွေ့ရသည်။ သို့သော်လည်း တောင်ဘက်တွင် မြောက်ဘက်ထက် ပို၍ တွေ့ရလေ့ ရှိသည်။ ထရိုင်ရပ်ဆစ်ခေတ်မှ ဂျူရပ်ဆစ်ခေတ် (လွန်ခဲ့သော နှစ်သန်းပေါင်း ၂၀၀ မှ နှစ်သန်းပေါင်း ၁၄၅ အတွင်း) သို့ပြောင်းလဲသော ကာလကိုမူ စေ့ငှစွာ လေ့လာခြင်း မပြုရသေးပေ။[၁]

အစောပိုင်း ဂျူရပ်ဆစ်ခေတ်တွင်လည်း ထရိုင်ရပ်ဆစ်ခေတ် နှောင်းပိုင်း ကာလကဲ့သို့ပင် ကျောက်ဖြစ်ရုပ်ကြွင်းများကို တောင်ဘက်ပိုင်း၌ မြောက်ဘက်ပိုင်းထက် ပို၍ တွေ့ရသည်။ ဂျူရပ်ဆစ်ခေတ် အတွင်းသို့ ချင်းနင်းဝင်ရောက်လာသည်နှင့် ဆောရိုပေါ့ဒ်နှင့် အော်နီသိုပေါ့ဒ် အစရှိသော ဒိုင်နိုဆော အုပ်စုများ အာဖရိက တဝှမ်းတွင် အများအပြား ဖြစ်လာခဲ့သည်။ ဂျူရပ်ဆစ်ခေတ် အလယ်ပိုင်းကိုမူ အာဖရိကတွင် သေချာစွာ လေ့လာခြင်း မပြုရသေးပေ။ ဂျူရပ်ဆစ်ခေတ် နှောင်းပိုင်းကာလတွင်လည်း တန်ဇေးနီးယားရှိ တန်ဒါဂူရူး ကျောက်ဖြစ်ရုပ်ကြွင်း အလွှာမှ လွဲလျှင် များများစားစား ပြစရာ မရှိပေ။ ဂျူရပ်ဆစ်ခေတ် နှောင်းပိုင်းကာလရှိ တန်ဒါဂူရူး ကျောက်ဖြစ်ရုပ်ကြွင်းမှ သက်ရှိများသည် မြောက်အမေရိက အနောက်ပိုင်း ဖြစ်ပေါ်ခဲ့သော အရာများနှင့် ဆင်တူလေသည်။

မီဆိုဇိုးရစ်ခေတ် အလယ် လွန်ခဲ့သော နှစ်သန်းပေါင်း ၁၅၀-၁၆၀ ခန့်တွင် မဒါဂတ်စကားကျွန်း သည် အာဖရိကတိုက်မှ ကွဲထွက်သွားခဲ့သည်။ သို့သော်လည်း ၎င်းသည် အိန္ဒိယတိုက်နှင့် အခြားသော ဂေါဒွာနာ တိုက်ကြီးနှင့် ဆက်စပ်လျှက် ရှိနေသေးသည်။ မဒါဂတ်စကားတွင် တွေ့ရသော ကျောက်ဖြစ်ရုပ်ကြွင်းများတွင် အဘယ်လီဆော နှင့် တိုင်တန်နီဆောတို့၏ ကျောက်ဖြစ်ရုပ်ကြွင်းများ ပါဝင်သည်။

အာဖရိက သယ်ရိုပေါ့ဒ် စပိုင်နိုဆောရပ်စ်အား အကြီးဆုံး အသားစား ဒိုင်နိုဆော အဖြစ် သိကြသည်။

ခရီတေးရှပ်စ်ခေတ် အစောပိုင်း (လွန်ခဲ့သော နှစ်သန်းပေါင်း ၁၄၆ သန်းမှ သန်း ၁၀၀ အတွင်း) တွင် အိန္ဒိယ-မဒါဂတ်စကား ကုန်းမြေပြင်သည် ဂေါဒွာနာ တိုက်ကြီးမှ ကွဲထွက်သွားခဲ့သည်။ ခရီတေးရှပ်စ်ခေတ် နှောင်းပိုင်း (လွန်ခဲ့သော နှစ်သန်းပေါင်း ၁၀၀ မှ ၆၅ သန်းအတွင်း)တွင်မူ မဒါဂတ်စကားနှင့် အိန္ဒိယတို့ ကွဲထွက်သွားခဲ့ပြီး ယနေ့ခေတ် နေရာများသို့ ရွေ့လျား ရောက်ရှိခဲ့ကြသည်။

မဒါဂတ်စကားနှင့် မတူ ကွဲပြားခြားနားစွာပင် အာဖရိက ကုန်းမကြီးမှာ မီဆိုဇိုးရစ်ခေတ် တလျှောက်တွင် နေရာ ပြောင်းလဲခြင်း မရှိခဲ့ပေ။ သို့သော်လည်း ပန်ဂီယာတိုက်ကြီး ဆက်လက်ကွဲထွက်သွားသည်နှင့် အမျှ အဓိကကျသော အပြောင်းအလဲများ ဖြစ်ပေါ်လာခဲ့သည်။ ခရီတေးရှပ်စ်ခေတ် နှောင်းပိုင်း စသည့် အခါတွင် တောင်အမေရိကသည် အာဖရိက မှ ကွဲထွက်သွားခဲ့ပြီး အတ္တလန္တိတ် သမုဒ္ဒရာတောင်ပိုင်းသို့ ရွေ့လျား သွားခဲ့သည်။ ထိုအဖြစ်အပျက်က သမုဒ္ဒရာ ရေစီးကြောင်းများကို ပြောင်းလဲစေခဲ့သဖြင့် ကမ္ဘာ့ရာသီဥတုကို ပြင်းထန်စွာ အပြောင်းအလဲ ဖြစ်စေခဲ့သည်။

ခရီတေးရှပ်စ်ခေတ် အတွင်းတွင် အာဖရိက၌ အာလိုဆောရပ်စ်နှင့် စပိုင်နိုဆောရပ်စ် အစရှိသော ဒိုင်နိုဆောများ အများအပြား ကျက်စားခဲ့ကြပြီး အကြီးဆုံး အသားစား ဒိုင်နိုဆောလည်း ပါဝင်သည်။ တိုင်တန်နိုဆော များမှာ ရှေးခေတ် ဂေဟစနစ်တွင် အသီးအရွက်စားသော သတ္တဝါများသာ ဖြစ်ခဲ့သည်။ ခရီတေးရှပ်စ်ခေတ်မှ ရုပ်ကြွင်းများကို တွေ့ရသော နေရာများသည် ဂျူရပ်ဆစ် ခေတ်ထက် ပို၍ များသည်။ သို့သော်လည်း ရေဒီယိုသတ္တိကြွစနစ် ဖြင့် အချိန်ကာလ အပိုင်းအခြား အတိအကျကို သိရှိနိုင်ရန် ခက်ခဲသောကြောင့် ၎င်းတို့၏ သက်တမ်း အတိအကျကို သိရှိနိုင်ရန် ခက်ခဲသည်။ မာလဝီနိုင်ငံတွင် ကွင်းဆင်း သုတေသနပြုခဲ့သော နိခါတကဗေဒပညာရှင် လူးဝစ်ဂျက်ကော့ဘ်၏ အဆိုအရ အာဖရိက ကျောက်လွှာများသည် ကွင်းဆင်းလေ့လာရန် အများအပြား လိုအပ်ပြီး အသစ်တွေ့ရှိမှုများ အများအပြား ရှိနိုင်သေးသည်ဟု ဆိုခဲ့သည်။

သမိုင်းမတင်မီခေတ်

လူနှင့် တူသော အစောပိုင်း မျိုးစိတ်မှ လူစီ၏ အရိုးစု။ ၁၉၇၄ ခုနှစ် နိုဝင်ဘာ ၂၄ တွင် အီသီယိုးပီးယားနိုင်ငံ အဝပ်ရှ်တောင်ကြားတွင် ရှာဖွေတွေ့ရှိခဲ့သည်။

နိခါတကမနုဿဗေဒပညာရှင် (paleoanthropologist) များက အာဖရိကကို ကမ္ဘာပေါ်တွင် အစောဆုံး နေထိုင်ခဲ့သော နယ်မြေဖြစ်ပြီး လူသား ဆိုသည်မှာ အာဖရိကတိုက်တွင် စတင်ပေါ်ပေါက်ခဲ့သည်ဟုလည်း ယူဆထားကြသည်။.[၂][၃] လွန်ခဲ့သော နှစ်ပေါင်း ၇ သန်းခန့်က စပြီး လူသားတို့ နေထိုင်ခဲ့ကြောင်း အထောက်အထားများနှင့် ကျောက်ဖြစ်ရုပ်ကြွင်းများကို ၂၀ ရာစု အလယ်ပိုင်းတွင် မနုဿဗေဒပညာရှင်တို့ တွေ့ရှိခဲ့ကြသည်။ လွန်ခဲ့သော နှစ်ပေါင်း ၃.၉ သန်းမှ ၁.၄ သန်း အတွင်းတွင် အသက်ရှင် နေထိုင် ခဲ့ကြပြီး လူသားအဖြစ် ဆင့်ကဲပြောင်းလဲ ဖြစ်ပေါ်လာသည်ဟု ယူဆရသော လူဝံနှင့် တူသော သတ္တဝါတို့၏ ကျောက်ဖြစ်ရုပ်ကြွင်း များကိုလည်း အာဖရိကတွင် ရှာဖွေတွေ့ရှိခဲ့သည်။

သမိုင်းမတင်မီ ကာလ၌ အာဖရိကတွင်လည်း အခြားတိုက်ကြီးများကဲ့သို့ပင် တိုင်းပြည် နိုင်ငံဟူ၍ မရှိခဲ့ပေ။ ခွိုင် (Khoi) နှင့် ဆန် (San) အစရှိသော မုဆိုးနှင့် ရှာဖွေစုဆောင်းသူ အုပ်စုများအနေနှင့် နေထိုင်ခဲ့ကြသည်။[၄][၅][၆]

ဘီစီ ၁၀,၅၀၀ ခန့် ရေခဲခေတ် ပြီးဆုံးသည့် အချိန်ကာလလောက်တွင် ဆဟာရ သဲကန္တာရ နေရာသည် စိမ်းစိုပြီး မြေဩဇာကောင်းသော တောင်ကြား နေရာတစ်ခု တစ်ဖန် ဖြစ်ခဲ့ပြန်သည်။ အာဖရိကနေထိုင်သူတို့သည် အာဖရိက အတွင်းပိုင်းနှင့် ဆဟာရ တောင်ပိုင်း ကမ်းရိုးတန်း ကုန်းမြင့်များမှ ဆာဟာရ သဲကန္တာရ နေရာသို့ ပြန်လာခဲ့ကြသည်။ သို့သော်လည်း ဘီစီ ၅၀၀၀ ခန့်တွင် ဖြစ်ခဲ့သော ပူပြင်းခြောက်သွေ့သည့် ရာသီဥတုများကြောင့် ဆာဟာရ ဒေသမှာ ခြောက်သွေ့ကြမ်းတမ်းသော ဒေသအဖြစ် ပြောင်းလဲလာခဲ့သည်။ ထိုနေရာမှာ လူများသည် နိုင်းတောင်ကြား နေရာဆီသို့ ပြောင်းရွှေ့ခဲ့ကြပြီး ထိုနေရာတွင် အခြေချ နေထိုင်ခဲ့ကြသည်။ ရာသီဥတု ဆိုးရွာလာခဲ့ပြီး အာဖရိက အလယ်ပိုင်း နှင့် အရှေ့ပိုင်းတွင် သည်းထန်စွာ အမြဲရွာသွန်းလေ့ ရှိသော မိုးရွာသွန်းမှုများ လျော့နည်းလာခဲ့သည်။ ထိုအချိန်မှစ၍ အာဖရိက အရှေ့ပိုင်းတွင် ပူပြင်းခြောက်သွေ့သော အနေအထားဖြစ်လာခဲ့ပြီး အီသီယိုးပီးယားနိုင်ငံ နေရာတွင် လွန်ခဲ့သော နှစ်ပေါင်း ၂၀၀ အတွင်း ခြောက်သွေ့သည်ထက် ခြောက်သွေ့လာခဲ့သည်။

အာဖရိကတွင် ကျွဲနွားများကို ယဉ်ပါးအောင် ပြုလုပ်ပြီး မွေးမြူခြင်းသည် လယ်ယာစိုက်ပျိုးရေး လုပ်ငန်း မစတင်မီ မုဆိုးနှင့် ရှာဖွေစုဆောင်းသူ ယဉ်ကျေးမှု ရှိစဉ်ကတည်းက လုပ်ဆောင်ခဲ့ကြသည်။ ဘီစီ ၆၀၀၀ ခန့်ကပင် မြောက်အာဖရိကတွင် ကျွဲနွားတိရိစ္ဆာန်များကို ယဉ်ပါးအောင် ပြုလုပ်ပြီး မွေးမြူခဲ့ကြောင်း ခန့်မှန်းကြသည်။ [၇] ဆာဟာရ-နိုင်းဒေသတွင် သတ္တဝါပေါင်း မြောက်များစွာကို ယဉ်ပါးအောင် ပြုလုပ်မွေးမြူခဲ့ကြသည်မှာ မြည်းနှင့် အယ်လ်ဂျီးရီးယားမှ နျူဘီးယား အထိ တွေ့ရသော ချိုလိမ်ဆိတ်အသေးစားများလည်း အပါအဝင်ဖြစ်သည်။

ဘီစီ ၄၀၀၀ ခန့်တွင် ဆဟာရ ဒေသမှာ အလွန်လျှင်မြန်သောနှုန်းဖြင့် ခြောက်သွေ့လာခဲ့သည်။[၈] ထိုသို့ ရာသီဥတုပြောင်းလဲမှုကြောင့် ရေကန်များ နှင့် မြစ်များ ကျုံ့ဝင်ပြီး သဲကန္တာရ အသွင်သို့ ပြောင်းလာခဲ့သည်။ ထို့အတွက်ကြောင့် လူတို့ အခြေချ နေထိုင်နိုင်သော နေရာ လျော့နည်းလာခဲ့ပြီး လယ်ယာစိုက်ပျိုးသည့် လူ့အဖွဲ့အစည်းများကို အနောက်အာဖရိကသို့ ပြောင်းရွှေ့စေရန် အကြောင်းအချက် တစ်ခု ဖြစ်လာခဲ့လေသည်။[၈]

ဘီစီ ၁ ရာစု၌ မြောက်အာဖရိကတွင် သံထည်လုပ်ငန်း စတင်ပေါ်ထွန်းခဲ့ပြီး ဆဟာရ တစ်လျှောက် ပျံ့နှံ့စေခဲ့ကာ ဆဟာရ တောင်ပိုင်းဒေသ၏ မြောက်ဘက်အပိုင်းသို့ တိုင်အောင် ပျံ့နှံ့ခဲ့လေသည်။ [၉] ဘီစီ ၅၀၀ သို့ ရောက်သောအခါတွင် သံထည်လုပ်ငန်းသည် အနောက်အာဖရိကတွင် အများအပြား ဖြစ်လာခဲ့သည်။ သံထည်လုပ်ငန်းသည် အရှေ့နှင့် အနောက်အာဖရိက ဒေသများတွင် ကောင်းမွန်စွာဖြစ်ထွန်းလာခဲ့ပြီ ဖြစ်သော်လည်း အခြားဒေသများတွင် အေဒီ အစောပိုင်း ရာစုနှစ်များမှ စတင်ခဲ့ကြသည်။ အနောက်အာဖရိကတွင် တူးဖော်တွေ့ရှိခဲ့သော ပစ္စည်းများတွင် အီဂျစ်၊ မြောက်အာဖရိက၊ နျူဘီးယားနှင့် အီသီယိုးပီးယားတို့မှ ဘီစီ ၅၀၀ ခန့်တွင် သုံးခဲ့သော ကြေးနီပစ္စည်းများ ပါဝင်သဖြင့် ထိုအချိန်ကပင် ဆဟာရ သဲကန္တာရကို ဖြတ်၍ ကုန်သွယ်မှု ပြုနေကြပြီး ဖြစ်ကြောင်း ယူဆနိုင်သည်။[၈]

အစောပိုင်း ယဉ်ကျေးမှု လူ့အဖွဲ့အစည်းများ

ဘီစီ ၁၄၀၀ ခန့်မှ ဖာရိုဘုရင် ရမ်မစီ ၂၏ ရုပ်ထုများကို အီဂျစ်နိုင်ငံ အဘူဆင်ဘယ်လ်တွင် တွေ့ရပုံ

ဘီစီ ၃၃၀၀ ခန့်တွင် မြောက်အာဖရိကရှိ ရှေးဟောင်းအီဂျစ် ဖာရို ယဉ်ကျေးမှု လူ့အဖွဲ့အစည်းတွင် စာရေးသားမှု စတင်ခဲ့ပြီး သမိုင်းမှတ်တမ်းများ စတင်ရေးသားလာခဲ့သည်။[၁၀] အီဂျစ်ပြည်သည် ကမ္ဘာပေါ်တွင် အစောဆုံးနှင့် အရှည်ကြာဆုံး ရပ်တည်ခဲ့သော ယဉ်ကျေးမှု လူ့အဖွဲ့အစည်းဖြစ်ပြီး ဘီစီ ၃၄၃ ခုနှစ် ခန့် အထိ ဆက်လက် တည်ရှိခဲ့သည်။[၁၁][၁၂] အီဂျစ်တို့၏ ဩဇာလွှမ်းမိုးမှုမှာ ယနေ့ခေတ် လစ်ဗျားနိုင်ငံ၊ မြောက်ဘက်တွင် ခရိ[၁၃] နှင့် ကန်နန်၊ တောင်ဘက်တွင် အက်ဆုန်ပြည်နှင့် နျူဘီယာ အထိ ရောက်ရှိခဲ့သည်။

အာဖရိက အနောက်မြောက် ကမ်းရိုးတန်း ကာသေ့တွင် တိုင်ရာ (ယနေ့ လက်ဘနွန်နိုင်ငံ) မှ ဖိုနီးရှား လူမျိုးတို့က သီးခြား ယဉ်ကျေးမှု လူ့အဖွဲ့အစည်း တစ်ခုကို တည်ထောင်ခဲ့ပြီး ဖိုနီးရှားနှင့် စီးပွားရေး အဆက်အသွယ် ပြုခဲ့သည်။ [၁၄][၁၅][၁၆]

ဥရောပသားတို့ အာဖရိကတွင် စူးစမ်းရှာဖွေခြင်းကို ရှေးဟောင်းဂရိ နှင့် ရောမ လူမျိုးတို့မှ စတင်ခဲ့သည်။ ဘီစီ ၃၃၂ တွင် မဟာအလက်ဇန္ဒား အား ပါရှန်းတို့ သိမ်းပိုက်ထားသော အီဂျစ်ပြည်တွင် လွတ်လပ်ရေး ဖော်ဆောင်ပေးသူ အဖြစ် ကြိုဆိုခဲ့ကြသည်။ သူသည် အီဂျစ်နိုင်ငံ တွင် အလက်ဇန္ဒရီးယားမြို့ကို တည်ထောင်ခဲ့ပြီး သူ ကွယ်လွန်သွားပြီးနောက် တော်လေးမစ် မျိုးနွယ်စုတို့၏ ချမ်းသာကြွယ်ဝသော မြို့တော် တစ်ခု ဖြစ်လာခဲ့သည်။[၁၇] ရောမအင်ပါယာမှ မြောက်အာဖရိက မြေထဲပင်လယ် ကမ်းရိုးတန်းကို အောင်မြင်ပြီးသည့် နောက်တွင် ထိုဒေသအား ရောမ စနစ်သို့ စီးပွားရေး နှင့် ယဉ်ကျေးမှုအရ သိမ်းသွင်းခဲ့သည်။ ရောမတို့သည် ကမ်းရိုးတန်း တစ်နေရာ ယနေ့ခေတ် တူနီးရှားနိုင်ငံ နေရာတွင် အခြေချခဲ့ကြသည်။ ပါလက်စတိုင်းမှ လာသော ခရစ်ယာန်ဘာသာသည် အီဂျစ်နိုင်ငံတဆင့် ဤဒေသများသို့ ပျံ့နှံ့လာခဲ့သည်။ တောင်ဘက် ရောမအင်ပိုင်ယာ၏ ပိုင်နက် အလွန် နျူဘီးယား စသည့် နေရာများသို့လည်း ပျံ့နှံသွားခဲ့ပြီး ၆ ရာစုတွင် အီသီယိုးပီးယားနိုင်ငံ အထိ ပျံ့နှံ့ခဲ့လေသည်။

၇ ရာစု အစောပိုင်းတွင် အသစ်ပေါ်ပေါက်လာခဲ့သော အာရပ်တို့၏ အစ္စလာမ် ဘာသာ အခြေခံသော အစိုးရ စနစ်သည် အီဂျစ်သို့ ပျံ့နှံ့ရောက်ရှိခဲ့ပြီး ထိုမှတဆင့် မြောက်အာဖရိက အထိ ရောက်ရှိခဲ့သည်။ ခဏအတွင်းမှာပင် ဒေသခံ ဘာဘာ အထက်တန်းလွှာ လူတန်းစား တို့သည် မွတ်ဆလင် အာရပ် မျိုးနွယ်စုတို့နှင့် ပေါင်းစည်းသွားခဲ့သည်။ ၈ ရာစု အတွင်း အွမ်မာရတ် (Ummayad) ၏ မြို့တော် ဒမားစကတ်မြို့ ကျဆုံးသည့် အခါတွင် မြေထဲပင်လယ်ရှိ အစ္စလာမ်တို့၏ ဗဟိုဌာနသည် ဆီးရီးယားမှ မြောက်အာဖရိကရှိ ကွေရာဝမ် (Qayrawan) သို့ ရွှေ့ပြောင်းသွားခဲ့သည်။ အစ္စလာမ် ဘာသာရေးစနစ် ကျင့်သုံးသော မြောက်အာဖရိကတွင် လူ အမျိုးမျိုး ရှိပြီး ဘာသာရေးပညာရှင်များ၊ ပညာတတ်များ၊ ဥပဒေပညာရှင်များ၊ အတွေးခေါ် ပညာရှင်များ ပေါ်ထွန်းခဲ့သည်။ ထိုအချိန်ကာလ အတွင်းတွင် အစ္စလာမ်ဘာသာသည် ကုန်သွယ်ရေး လမ်းကြောင်းများ၊ ရွှေ့ပြောင်းနေထိုင်မှုများမှတဆင့် ဆဟာရ တောင်ပိုင်း အထိ ပျံ့နှံ့သွားခဲ့သည်။[၁၈]

အာဖရိကတိုက်

အာဖရိကတိုက်သည် ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံးတိုက်ဖြစ်၍ ယင်းထက်ပို၍ ကြီးသောတိုက်မှာ အာရှတိုက်သာ ဖြစ်သည်။ အကျယ်အဝန်းအားဖြင့် စတုရန်းမိုင် ၁၁,၆၈၄,ဝဝဝ ရှိ၍ ကမ္ဘာမြေပြင်၏ ငါးပုံတစ်ပုံရှိသည်။ မြန်မာ နိုင်ငံထက် အဆ ၄ဝ ကျော် ကျယ်ဝန်းသည်။ အာဖရိကတိုက် သည် လတ္တီတွဒ်မြောက် ၃၇ံ နှင့် တောင် ၃၅ံ အကြားနှင့် လောင်ဂျီတွဒ် အနောက် ၁၈ံ နှင့် အရှေ့ ၅၁ံ အကြားတွင် တည်ရှိ၍ လတ္တီတွဒ် မြောက် ၁၂ံ နေရာတစ်လျှောက်သည် အာဖရိကတိုက်၏ အကျယ်ဆုံးနေရာ ဖြစ်သည်။ မြောက်မှ တောင်သို့ အလျား မိုင်ပေါင်း ၄၉ဝဝ ရှည်၍ အရှေ့မှ အနောက်သို့ အနံ ၄၅ဝဝ မိုင် ကျယ်သည်။ အာဖရိကတိုက်သည် ဥရောပတိုက်၏ တောင်ဘက် တောင်အတ္တလန္တိတ် သမုဒ္ဒရာထဲတွင် တည်ရှိသည်။ အာဖရိကတိုက်၏ အနောက်ဘက်ကမ်းရိုးတန်း အစွန်ဆုံးတွင် တည်ရှိသော ဒကာမြို့သည် တောင်အမေရိကတိုက်မှ မိုင်ပေါင်း ၁၆၂ဝ သာ ဝေးသည်။ အာဖရိကတိုက် မြောက်ဘက်ကမ်းရိုး တန်း နေရာမှာမူ ဥရောပတိုက်မှ ကိုးမိုင်သာ ကွာဝေးသည်။ အာဖရိကတိုက်၏ ပုံသဏ္ဌာန်သည် တြိဂံပုံဖြစ်ပြီးလျှင် အနောက်ဘက်ကမ်းရိုးတန်းသည် အရှည်ဆုံးဖြစ်၍ အလယ်၌ ဂင်းနီပင်လယ်ကွေ့နေရာတွင် ချိုင့်ဝင်သွားသည်။ ကမ်းရိုး တစ်ခုလုံးသည် မိုင် ၁၆,ဝဝဝ ရှည်လျား၍ အကျယ်အဝန်းနှင့် စာသော် တိုသည်ဟု ဆိုရပေမည်။ အာဖရိကတိုက်သည် ဥရောပတိုက်ထက် သုံးဆကျယ်သော်လည်း ကမ်းရိုးတန်းမှာမူ ဥရောပကမ်းရိုးတန်းထက်တိုသည်။ ပင်လယ်ကွေ့ ပင်လယ်အော် ဟူ၍ အနည်းငယ်သာရှိသဖြင့် သင်္ဘောကြီးများ ဆိုက်ကပ်ရန် ဆိပ်ကမ်းကောင်းများ မရှိချေ။ ကမ်းလွန် ပင်လယ်တွင် ကျွန်းဟူ၍ မက်ဒါဂက်စတာကျွန်း ရှိသည်။ အနည်းငယ်သာ ရှိသည်။ အရှေ့ဘက်ကမ်းမှ မိုင် ၂၅ဝ အကွာတွင်ကမ္ဘာ ပေါ်၌ စတုတ္ထအကြီးဆုံးဖြစ်သော ( မက်ဒါဂက်စကာကျွန်း -။)

အတ္တလန္တိတ် သမုဒ္ဒရာထဲ၌မူ ကနေရီကျွန်းစု၊ ကိပ်ဗတ်ကျွန်းများနှင့် မဒီးရကျွန်းများ ရှိကြသည်။ ( ကနေရီကျွန်းစု။)

( ကိပ်ဗတ်ကျွန်းများ။)

( မဒီးကျွန်းများ-။) အာဖရိကတိုက်၌ ကမ္ဘာပေါ်တွင် ဒုတိယအရှည်ဆုံးဖြစ်သည့် နိုင်းမြစ်သည်လည်းကောင်း၊ ကမ္ဘာပေါ်တွင် အကြီးဆုံးဖြစ်သည့် ဆဟာရသဲကန္တရသည်လည်းကောင်း၊ ကမ္ဘာပေါ်တွင် အရှည်ဆုံး ရေအိုင်ဖြစ်သော တန်ဂန်ယီးကအိုင်သည် လည်းကောင်း၊ ရှိသည်။ ( နိုင်းမြစ်။)

( ဆဟာရသဲကန္တာရ။)

( တန်ဂန်ယီးကအိုင်။)

လွန်ခဲ့သည့်နှစ်ပေါင်း ခုနစ်ဆယ်ခန့်ကပင် အာဖရိကတိုက် နေရာအတော်များများကို မစူးစမ်းရသေးသဖြင့် ထိုတိုက်ကြီးများကို 'မှောင်မိုက်သောတိုက်ကြီးဟု ခေါ်စမှတ် ပြုခဲ့ကြသည်။ ယခုအချိန်အထိလည်း ဆဟာရသဲကန္တာရ၏ အစိတ်အပိုင်း အချို့ကို မစူးစမ်းကြရသေးချေ။ ထိုမျှသာမဟုတ် အာဖရိကတိုက်၏ အပူပိုင်းဒေသကိုလည်း ပြည့်စုံစွာ မစူးစမ်း ကြရသေးချေ။ အီကွေတာမျဉ်းသည် အလယ်ပိုင်းတစ်လျှောက် ဖြတ်သန်း သွားခြင်းခံရသောတိုက်မှာ အာဖရိကတိုက်သာလျှင် ရှိသည်။ အာဖရိကတိုက်သည် မြောက်ဘက်၌ကျယ်၍ တောင်ဘက်သို့ ကျဉ်းလာသောကြောင့် အီကွေတာ၏ မြောက်ဘက်၌ ကျယ်ဝန်း ၍ တောင်ဘက်၌ ကျဉ်းမြောင်းသည်။ မြေမျက်နှာပြင် အာဖရိကတိုက် တစ်တိုက်လုံးလိုပင် ကုန်းမြင့်ဒေသကြီး ဖြစ်သည်။ တောင်ဘက်တွင် ပိုမြင့်၍ ပေ ၆ဝဝဝ ကျော်အထိ ရှိသည်။ တောင်တန်းကြီးများဟူ၍ များများစားစား မရှိချေ။ အနောက်မြောက်ဘက်ပိုင်းတွင် ဥရောပတိုက်ရှိ တွန့်ခေါက် တောင်တို့၏ အဆက်ဖြစ်သော အက်တလပ်တောင်တန်း ရှိသည်။ အက်တလပ် တောင်တန်းသည် မြေထဲပင်လယ် တစ်လျှောက် တျူနစ်ဇီးယားနိုင်ငံမှ မော်ရိုကိုနိုင်ငံအထိ ရောက်၍ အာဖရိကတိုက်တွင် အရှည်ဆုံးနှင့် အကြီးဆုံး တောင်တန်း ဖြစ်သည်။ အမြင့်ပေပေါင်း ၁၄,ဝဝဝ အထိ ရှိသည်။ အရှေ့ဘက်တွင် ပင်လယ်နီကမ်းရိုးတန်းတစ်လျှောက် အီသီအိုပီးယားနိုင်ငံဘက်၌ တောင်တန်းမြင့် ကြီးတစ်စု၊ ဆဟာရသဲကန္တရတွင် တောင်တန်းမြင့်ကြီးတစ်စု၊ ဂင်းနီ ပင်လယ်ကွေ့တစ်စု အသီးအသီး ရှိကြသည်။ ပင်လယ်နီအနီး အီသီအိုးပီးယား တောင်တန်းကြီးသည် တောင်ဘက်သို့ ဖြာထွက်လာပြီးလျှင် အာဖရိကတိုက် အရှေ့ပိုင်း ရေအိုင်ဒေသကိုဖြတ်၍ မြင့်မားမတ်စောက်သော ဒရက်ကင်စဗတ်တောင်တန်းနှင့် ဆက်သွားသည်။ ထိုတောင် တန်းသည် အက်တလပ်တောင်တန်းကဲ့သို့ တွန့်ခေါက်တောင် မဟုတ်ချေ။ မီးတောင်မှ ထွက်သော ချော်ရည်များ ကုန်းမြင့် ပေါ်သို့ စီးထွက်လာသောကြောင့် ဖြစ်ပေါ်လာသောတောင်များ ဖြစ်သည်။ အာဖရိက ကုန်းပြင်မြင့်ကြီး၏ အရှေ့ဘက်တွင် မြေလွှာကျွံ ချိုင်ဝှမ်းများရှိသည်။ ယင်းချိုင့်ဝှမ်းဒေသများကြား တွင် အိုင်ကြီးများလည်း ရှိသည်။ အာဖရိတိုက်၏ အမြင့်ဆုံး တောင်ထွတ်များလည်း ရှိသည်။ အိုင်ကြီးများမှာ အတန်းနှစ် တန်း ဖြစ်နေသည်။ အနောက်ဘက်တန်းတွင် အဲလဗတ်၊ အက်ဒွပ်၊ ကိ၊ တန်ဂန်းယီးက၊ မွေရူး၊ ဗန်ဂွေအူလူ၊ ကမ်ပိုလိုဗို စသော အိုင်ကြီးများရှိ၍ အရှေ့ဘက်တန်းတွင် ဇွေး၊ လန်ဂနာ၊ ရှာလ၊ အဗူးစ၊ အဗယ၊ ချန်မိုဂန်ဂျူးရူးဒေါ့၊ ဗရင်းဂို၊ မာဂက်ဒီ ၊ နာတရွန်၊ အီယာစီ၊ မညာရာ၊ ညာဆာချီအူးတား စသော အိုင်များ ရှိသည်။ ယင်းအိုင်တန်းနှစ်တန်းကြားတွင် ဝိတိုရိယ အိုင်ကြီးရှိသည်။ ဝိတိုရိယအိုင်သည် စတုရန်းမိုင်ပေါင်း ၂၆,ဝဝဝ ကျယ်၍ အာဖရိတိုက်တွင် အကြီးဆုံးဖြစ်ပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံးအိုင် ဖြစ်သည်။ တန်ဂန်ယီး ကအိုင်မူကား ကမ္ဘာပေါ်တွင် အရှည်ဆုံးအိုင်ဖြစ်သည်။ ( တန်ဂန်ယီးကအိုင်။)

( ဝိတိုရိယ အိုင်။)

အာဖရိကတိုက်၏ အမြင့်ဆုံးတောင်ထွတ်များမှာ ကိလိမန်ဂျာရိုတောင် (ပေ ၁၉,၃၂ဝ) နှင့် ကင်ညာ တောင် (ပေ ၁၇,ဝဝဝ) တို့ ဖြစ်သည်။ အီကွေတာမျဉ်းအနီးတွင်လည်း တောင်များရှိသည်။ ယင်းတို့ သည် တောင်တန်းသဖွယ် မတည်ပဲ မြေပြင်မှ ရုတ်တစ်ရက် ပေါ်ထွက်လာကြသကဲ့သို့ သီးခြားတောင်များအဖြစ် တည်လျက် ရှိသည်။ ထိုတောင်များအကြားတွင် ကုန်းပြင်မြင့်များ တည်ရှိ ကြရာ ယင်းတို့ကို အာဖရိကတိုက် အလယ်ပိုင်းတွင် ဆဗားနား လွင်ပြင်ဟု ခေါ်၍ တေင်ဘက်ပိုင်းတွင်မူ ဗဲ့ဟုခေါ်သည်။ ထိုကုန်းပြင်မြင့်များသည် များသောအားဖြင့် ကျောက်ထူထပ် သည်။ အချို့နေရာတွင် ချုံနှင့် မြက်ရှည်များ ကွက်ကြားပေါက် နေတတ်သည်။ အာဖရိကတိုက်ရှိ မြစ်များသည် အခြားတိုက်ရှိ မြစ်များနှင့် မတူ တမူထူးခြားသည်။ များသောအားဖြင့် မြစ်ညာပိုင်းတွင် ကူးသန်းသွားလာရန် အသုံးဝင်၍ မြစ်ဝမှ အထက်သို့တိုင် တောက်လျှောက် အသုံးဝင်သော မြစ်ဟူ၍ အလွန်ရှားပါးသည်။ အဘယ့်ကြောင့်ဆိုသော် မြစ်တို့သည် ကုန်းပြင်မြင့် မြေမျက်နှာ ပြင်တွင် မြစ်ဖျားခံ၍ ကုန်းမြင့်ပေါ်၌ စီးဆင်းကာ ကုန်းမြင့်၏ အစွန်းပိုင်းသို့ ရောက်သောအခါ မြေမျက်နှာပြင် ရုတ် ခြည်းနိမ့် ကျသွားသဖြင့် မြစ်များလည်း အမြင့်မှအနိမ့်သို့ ရုတ်ခြည်း စီးဆင်းရသောကြောင့် ရေမော်များ၊ ရေတံခွန်များ ဖြစ်ပေါ်လာ ပြီးလျှင် ရေစီးလည်း အလွန်သန်သည်။ ထိုသို့ ရေတံခွန်များ ရှိခြင်းကြောင့် ရှေးအခါက မြစ်အတွင်း ကူးသန်းသွားလာရေး မလွယ်ကူရှိခဲ့သည်။ သို့ရာတွင် ဥရောပတိုက်သားများ ရောက် လာကြသောအခါ ယင်းတို့က ရေတံခွန်အချို့၏ ပတ်ဝန်းကျင် တွင် မီးရထားလမ်းများကို ဖောက်လုပ်လိုက်ရာ မြစ်ကြောင်းမှ သယ်လာသည့် ကုန်များကို ရေတံခွန်နေရာရောက်သည့်အခါ မီးရထားလမ်းဖြင့်ပြောင်း၍ သယ်ပေးနိုင်သည်။ အာဖရိကတိုက်တွင် မြစ်ကြီးငါးစင်းရှိသည်။ ယင်းတို့မှာ နိုင်းမြစ်၊ ကွန်ဂိုမြစ်၊ နိုင်ဂျာမြစ်၊ ဇမ်ဗီဇီမြစ်နှင့် ဩရိန်းမြစ်တို့ ဖြစ်ကြသည်။ နိုင်းမြစ်သည် အာဖရိကတိုက်တွင် အရှည်ဆုံးနှင့် ကမ္ဘာပေါ်တွင် ဒုတိယအရှည် ဆုံးမြစ်ဖြစ်၍ ကွန်ဂိုမြစ်သည် အာဖရိကတိုက်၏ အကြီးဆုံးနှင့် ကမ္ဘာပေါ်တွင် ဒုတိယအကြီး ဆုံးမြစ် ဖြစ် သည်။ ( နိုင်းမြစ်။)

( ကွန်ဂိုမြစ်-။)

နိုင်ဂျာမြစ်သည် ဆီးယားရားလေအွန်းနိုင်ငံ အရှေ့မြောက်ပိုင်း၌ မြစ်ဖျားခံ၍ ဂင်းနီပင်လယ်ကွေ့ထဲသို့ စီးဝင်သည်။ အရှည် ၂၆ဝဝ မိုင်ရှိသော်လည်း ကူသန်းသွားလာမှု အတွက် အသုံးမဝင်ချေ။ ( နိုင်ဂျာမြစ်-။)

ဇမ်ဗီဇီမြစ်သည် မိုင် ၁၆ဝဝ ရှည်၍ အချို့ပိုင်းတွင်သာ ကူးသန်းသွားလာနိုင်သည်။ မြောက်ရိုဒီးဇီးယားနိုင်ငံသည် (ဇမ်ဗီယာနိုင်ငံ)၌ မြစ်ဖျားခံပြီး လျှင် အိန္ဒိယသမုဒ္ဒရာထဲသို့ စီးဝင်သည်။ ယင်းမြစ်ပေါ်ရှိ ဝိတိုရိယရေတံခွန်သည် အာဖရိကတိုက်၌ အကြီးဆုံးရေတံခွန် ဖြစ်သည်။ ဩရိန်းမြစ်မူကား ဗာဆူးတိုလန်နယ် (လီဆိုသိုနိုင်ငံ) မြောက်ဘက်ပိုင်း၌ မြစ်ဖျားခံပြီးလျှင် အတ္တလန္တိတ် သမုဒ္ဒရာ ထဲသို့ စီးဝင်သည်။ အရှည်မှာ မိုင် ၁၃ဝဝ ရှိသည်။ အာဖရိက တိုက်၏ မြစ်များအနက် သုံးပုံတစ်ပုံ သည် ပင်လယ်သမုဒ္ဒရာ ထဲသို့ စီးဝင်ခြင်းမပြုပဲ ကုန်းပြင်၌သာ အစပျောက်ကာ ကုန်းတွင်းရေအိုင်ကြီးများ ဖြစ်လာသည်။ အာဖရိကတိုက် အနောက်ပိုင်းရှိ ချဒ်အိုင်သည် ယင်းသို့ဖြစ်ပေါ်လာသော အိုင်မျိုးဖြစ်သည်။

ရာသီဥတု

အီကွေတာသည် အာဖရိကတိုက်ကို အလယ်တည့်တည့်မှ ဖြတ်သွားရုံမက အာဖရိကတစ်တိုက်လုံးနီးနီး အပူပိုင်းဇုန်တွင် ပါဝင်နေရာ ရာသီဥတု အလွန်ပူသည်။ အာဖရိကတိုက်၏ အရှေ့အလယ်ပိုင်းဒေသသည် ကုန်းမြင့်ဖြစ်နေသဖြင့် အာဖရိက အခြားပိုင်းထက် ပို၍အေးသည်။ မြောက်ဘက်စွန်းနှင့် တောင် ဘက်စွန်း ဒေသများသည်လည်း သမပိုင်းဇုန်၌ ကျရောက် နေသဖြင့် ရာသီဥတုအေးသည်။ အီကွေတာမျဉ်း အလယ်မှ ဖြတ်သွားသဖြင့် အာဖရိကမြောက်ပိုင်းသည် ဆောင်းရာသီ ဖြစ်နေသည့်အခါ တောင်ပိုင်းသည် နွေရာသီဖြစ်၍ မြောက် ပိုင်း၌ နွေရာသီဖြစ်နေသည့်အခါ တောင်ပိုင်းတွင် ဆောင်းရာသီ ဖြစ်နေတတ်လေသည်။ အီကွေတာမျဉ်းတစ်လျှောက် ဒေသများ မှတစ်ပါး ကျန်ဒေသများတွင် မိုးအလွန်နည်းသည်။ အရှေ့ဘက် ကမ်းခြေတွင် မိုးပိုများ၍ အနောက်ဘက်သို့ ရောက်လေလေ မိုးပါးလေလေဖြစ်သည်။ အာဖရိကတိုက်၏ မိုးအများဆုံး ဒေသ များသည် ကမ္ဘာပေါ်တွင် မိုးအများဆုံးဒေသများ၌ ပါဝင်သော ဒေသအချို့ဖြစ်သည်။ အချို့ဒေသ၌ တစ်နှစ်လျှင် မိုးရေချိန် လက်မ ၁ဝဝ ခန့်ရွာ၍ အချို့ဒေသ၌ မိုးလုံးဝ မရွာချေ။ အာဖရိကတိုက်၏ လေးပုံတစ်ပုံခန့်သည် သစ်တောကြီး များနှင့် ခြုံပုတ်များ ထူထပ်စွာ ပေါက်ရောက်နေ၍ လေးပုံ တစ်ပုံခန့်သည် မြက်ခင်းဖြစ်ပြီးလျှင် လေးပုံတစ်ပုံမှာမူ စိုက်ပျိုး လုပ်ကိုင်သည့် ဒေသဖြစ်ကာ ကျန်လေးပုံတစ်ပုံမှာ သဲကန္တရ အတိ ဖြစ်သည်။

လူမျိုးနှင့် အလုပ်အကိုင်

အာဖရိကတိုက်ကို ပြည့်စုံအောင် စူးစမ်းရှာဖွေခြင်း မပြုရသေးသည့်အလျောက် ယင်းတိုက်ရှိ လူဦးရေကိုလည်း မည်သူမျှ အတိအကျ မပြောနိုင်ကြသေးချေ။ သို့ရာတွင် ၁၉၇၁ ခုနှစ် ခန့်မှန်းခြေအရ လူဦးရေ ၃၅၄,ဝဝဝ,ဝဝဝ ရှိလိမ့်မည်ဟု ကား ဆိုကြလေသည်။ အာဖရိကတိုက်၌ လူမျိုးပေါင်းများစွာ နေထိုင်ကြသည်။ နီဂရိုးခေါ် ကပ္ပလီလူမျိုးသည် လူဦးရေ အများဆုံးဖြစ်သည်။ အာရပ်တို့သည် အာဖရိကမြောက်ပိုင်းကို ခရစ်နှစ် ၆ဝဝ ကျော်လောက်က ဝင်ရောက် သိမ်းပိုက်လိုက်သောအခါ ယင်းတို့နှင့်အတူ အစ္စလာမ်ဝါဒပါ ရောက်ရှိလာလေသည်။ အာရပ်တို့ မရောက်မီ ယဟူဒီလူမျိုးများ၊ ဗာဗာလူမျိုးများ၊ တူးအားရက်လူမျိုးများ၊ အီဂျစ်မှာလာသော ကော့လူမျိုး၊ အီသီအိုး ပီးယားနှင့် ဆိုမာလီလူမျိုးတို့ ရှိနှင့်ပြီး ဖြစ်သည်။ အာရပ်နှင့် ယဟူဒီလူမျိုးတို့ကိုပေါင်း၍ ဆီမိုက်လူမျိုး များဟု ခေါ်၍ ဗာဗာ၊ တူအားရက်၊ ကော့၊ အီသီအိုးပီးယားနှင့် ဆိုမာလီလူမျိုးတို့ကိုပေါင်း၍ ဟမိုက်လူမျိုး များဟု ခေါ်သည်။ အာဖရိက မြောက်ပိုင်းတွင်နေသော ယင်းလူမျိုးများသည် တောင်ပိုင်း၌နေကြသော နီးဂရိုး လူမျိုးများနှင့် ရောမိကြသည်။ အာဖရိကရှိ နီးဂရိုးလူမျိုးတွင် ဓလေ့ထုံးစံ အနေအထိုင် ကိုစွဲ၍ အုပ်စုနှစ်စုကွဲသည်။ တစ်စုကား အနောက်အာဖရိက နီဂရိုးခေါ် ဆူဒန်နယ်သား အနွယ်များဖြစ်၍ ကျန်တစ်စုမှာ ဗန်တူနီးဂရိုး ဖြစ်သည်။ ဆူဒန်နီဂရိုးသည် အီကွေတာ၏ မြောက်ဘက် ဆဟာရသဲကန္တာရနား ကပ်နေသောဒေသတွင် နေထိုင်ကြ၍ နီးဂရိုးလူမျိုးများအနက် နီးဂရိုးလူမျိုးအစစ်ဆုံးဖြစ် ကြသည်။ ကြံ့ခိုင်၍ အရပ်အမောင်းကောင်းသည်။ အသားမဲ၍ မျက်နှာပြားသည်။ ယင်းလူမျိုးများနှင့် ဟမိုက်လူမျိုးများတို့ သွေးနှောကာ အာဖရိကမြောက်ပိုင်း၌ နေထိုင်၍ ကောက်ပင် သီးနှံများ စိုက်ပျိုးအသက်မွေးကြသည်။ ဗန်တူနီးဂရိုးများကိုမူ အာဖရိက တောင်ပိုင်း၌ တွေ့ရသည်။ ဗန်တူဘာသာစကားကို ပြောဆိုကြသည်ကိုစွဲ၍ ဗန်တူနီးဂရိုးဟု တွင်ခြင်းဖြစ်သည်။ ယင်းတို့တွင် ဆူဒန်နီဂရိုးတို့ထက် ပိုရိုင်း၍ အတိုက်အခိုက် ပိုမိုဝါသနာပါသည်။ တစ်နေရာ တည်း၌ အတည်တကျမနေဘဲ လှည့်လည်သွားလာ နေတတ်သည်။ အထက်ပါလူမျိုးများအပြင် အီကွေတာ သစ်တောဒေသ၌ နေထိုင်ကြသော ဗွတ်ရှမင်လူမျိုး၊ ပစ်ဂမီလူမျိုး၊ ဟော့တင်းတော့လူမျိုးများလည်း ရှိသေးသည်။ ဗွတ်ရှမင်လူမျိုးတို့သည် အာဖရိကတိုက်၌ နေထိုင်ကြသော လူမျိုးများအနက် ရှေးအကျဆုံးလူမျိုးများဟု အဆိုရှိသည်။ ရှေးက အာဖရိကတောင်ပိုင်းတစ်ခုလုံးလိုလိုတွင် တွေ့ရှိရသော် လည်း အခြားလူမျိုးများ ဝင်ရောက်လာသောအခါ ကလဟာရီ သဲကန္တာရနှင့် အခြားလူသူမနေသော အပိုင်းသို့စု၍ နေထိုင်ကြ သည်။ ယခုအခါ လူဦးရေ ၇၅ဝဝ ခန့်သာရှိတော့သည်ဟု ခန့်မှန်းရသည်။ အရပ်ပု၍ အသားညိုသည်။ ပစ်ဂမီ လူမျိုးများ သည် ဗွတ်ရှမင်တို့ထက် ပို၍ပုသည်။ အရပ်လေးပေခန့်သာ ရှိတတ်သည်။ များသောအားဖြင့် ကွန်ဂိုနှင့် ကင်ညာနိုင်ငံ သစ်တောများတွင် နေထိုင်ကြသည်။ အာဖရိကတိုက်တွင် ပစ်ဂမီလူမျိုး ၃ဝဝဝဝ ခန့်ရှိသည်ဟု ခန့်မှန်းကြသည်။ ( ပစ်ဂမီလူမျိုး။)

ဟော့တင်းတော့လူမျိုးသည် ပစ်ဂမီလူမျိုးနှင့် သွေးနီးစပ်၍ ဟမိုက်လူမျိုးသွေးလည်း ပါသည်။ အရပ်ပုသော် လည်း ဗွတ်ရှမင်တို့ထက်ထွား၍ မျက်နှာပို ပေါ်သည်။ ယခုမူ ယင်းလူမျိုးဟူ၍ အနည်းငယ်သာ ရှိတော့သည်။ အာဖရိက တိုက်၏ တိုင်းရင်းသားများအပြင် ပြင်သစ်၊ အင်္ဂလိပ်၊ စပိန်၊ ဒပ်ချ၊ ပေါ်တူဂီ၊ ဂျာမန်နှင့် ဗဲလဂျီယန်လူမျိုးများလည်း အများ အပြား လာရောက်နေထိုင်ကြသည်။ အထူးသဖြင့်အာဖရိကတိုက် တေင်ဘက်စွန်းနှင့် မြောက်ဘက်စွန်း ရာသီဥတုမျှတရာဒေသ တွင် အနေများသည်။ များသောအားဖြင့် အစိုးရအမှုထမ်းများ၊ သတ္တုတွင်းနှင့် စိုက်ခင်းပိုင်ရှင် များဖြစ်၍ စုစုပေါင်းလူဦးရေ လေးသန်းကျော်ကျော်ရှိသည်။ အာဖရိကတိုက် မြောက်ပိုင်းတွင် အာရေဗစ်စကားကို အဓိကထား၍ ပြောဆိုကြသည်။ အာဖရိကတိုက် ရှေ့ပိုင်းတွင်မူ ဆွာဟိလိစကား အဓိကထား ပြောဆိုကြသည်။ အာဖရိကတိုက်နေ လူမျိုးများသည် များသောအားဖြင့် စာရေးစာဖတ်ပင် မတတ်ကြချေ။ သူတို့ပြောဆိုသော စကားကို စာဖြင့်ရေးလေ့ မရှိကြသည့်အပြင် ပုံနှိပ်ခြင်းလည်း မရှိကြချေ။ ကလေးများသည် များသောအားဖြင့် ကျောင်းမနေကြချေ။ သို့သော် အာဖရိကတိုက်အတွင်း ဒေသအမြောက်အမြား၌ ပညာသင်ကြားရေးတွင် တိုးတက်စေရန် ပြုလုပ်လျက်ရှိကြ လေသည်။ သာသနာပြုကျောင်းများက ထိုကိစ္စကိုပို၍ ဆောင်ရွက်ကြလေသည်။ ဒေသအမြောက်အမြားရှိ အစိုးရများ က ယခုအခါ ပညာရေးတွင် တာဝန်ယူကာ ဆောင်ရွက်ပေး လျက် ရှိကြလေသည်။ အီဂျစ်နိုင်ငံတွင် တက္ကသိုလ်အတော် များများရှိ၍ တောင်အာဖရိကနိုင်ငံအတွင်း၌ တက္ကသိုလ်ကျောင်း ကိုးကျောင်း ရှိသည်။ ဒုတိယကမ္ဘာစစ်အတွင်းက အာဖရိက တိုက်အတွင်း၌ တက္ကသိုလ် အမြောက်အမြားကို စတင်၍ တည်ထောင်ခဲ့ကြလေသည်။ ဗန်တူလူမျိုးမှ လူအမြောက်အမြား၊ ဆူဒန်နီးဂရိုးလူမျိုးမှ လူအမြောက်အမြားနှင့် အာဖရိကတိုက်ရှိ လူဦးရေ တစ်ဝက် ကျော်ကျော်သည် နတ်ကိုကိုးကွယ်သူများ ဖြစ်ကြလေသေည်။ မှော်အတတ်တွင် ယုံကြည်သူ များလည်းများသည်။ အာဖရိကတိုက် မြောက်ဘက်ပိုင်း ဆဟာရသဲကန္တာရ၊ ဆူဒန်မြောက်ဘက်ပိုင်း၊ အာဖရိကတိုက် အရှေ့မြောက်ဘက် စွန်းနေ လူမျိုးများသည် များသောအားဖြင့် အစ္စလာမ် အယူဝါဒကို သက်ဝင်ယုံကြည်ကြသည်။ အီဂျစ်နှင့် အီသီအိုးပီးယားနိုင်ငံများအတွင်းရှိ လူပေါင်း ၅ဝဝဝဝဝဝ ခန့်သည် ခရစ်ယာန်အယူဝါဒကို ကိုးကွယ်ကြသည်။ တောင် အာဖရိကနိုင်ငံဘက်တွင် ခရစ်ယာန်အယူဝါဒကို ယုံကြည်ကြသူ သန်းပေါင်းများစွာ ရှိသည်။ အာဖရိကတိုက်သားတို့၏ နေထိုင်ပုံသည် တစ်နေရာနှင့် တစ်နေရာ ရာသီဥတု ကွဲလွဲသကဲ့သို့ မတူညီကြချေ။ အပူပိုင်းသစ်တော ဒေသနေ အာဖရိကတိုက်သားများသည် အစာများကို စုဆောင်းခြင်း၊ မုဆိုးတံငါ လုပ်ကိုင်ခြင်းဖြင့် နေထိုင်ကြသည်။ အချို့က လယ်ယာအနည်းငယ်ကို ထွန်ယက် စိုက်ပျိုးကြသည်။ ထိုဒေသ၌ ကျွဲ၊ နွား၊ တိရစ္ဆာန်များတွင် ရောဂါထူပြောသဖြင့် အသားစားသူ နည်းပြီးလျှင် ကျွဲ၊ နွား မွေးမြူသူလည်း နည်းပါးသည်။ ထိုဒေသ၏ မြောက်နှင့် တောင်ဘက်တို့တွင်မူ ဖူးပြောင်း၊ ဆန်ပြောင်း၊ လူးနှင့် မြေပဲများသည် အရေးကြီးသော အစားများ ဖြစ်ကြလေသည်။ သွေ့ခြောက်သော ဒေသများတွင် နေထိုင်ကြသူများကမူ ကျွဲ၊ နွားနှင့် သိုးများကို မွေးမြူကြသည်။ နို့၊ အသားနှင့် သားရေ အတွက် ဆိတ်များကိုလည်း မွေးကြသေးသည်။ အရှေ့အာဖရိ တိုက်နေ လူများက ကျွဲ၊ နွားများကို ဥစ္စာဓနအဖြစ် သဘောထားကြသောကြောင့် အစာအဖြစ် ကျွဲ၊ နွားများကို သတ်ခဲကြသည်။ ပို၍ ပူနွေးသောဒေသနေ အာဖရိကတိုက်သားများသည် အဝတ်ကို အနည်းငယ်မျှသာ ဝတ်ဆင်ကြလေသည်။ သစ်တော နေ လူမျိုး အမြောက်အများကမူ အဝတ်ပင် ဝတ်လေ့မရှိကြ ချေ။ ဝတ်ဆင်ကြလျှင်လည်း အနည်းငယ်မျှသာ ဝတ်ဆင်ကြ လေသည်။ နီးဂရိုးလူမျိုးများသည် များသောအားဖြင့် အရောင် နှင့် အလှအပ များကို လွန်စွာ စုံမက်ကြလေသည်။ အဝတ် ဝတ်သည်မှာ နည်းပါးလှသဖြင့် သူတို့၏ကိုယ်တွင် ဆေးများ ဖြင့် လိမ်းခြယ်၍ အလှအပများကို ဆွဲထားလေ့ရှိကြသည်။ ယခုအခါတွင်မူ ပူအိုက်သောဒေသတွင် နေထိုင်ကြသူများက ချည်ထည်များကို ဝတ်ဆင်ကြ၍ ပို၍အေးသောဒေသများတွင် နေထိုင်ကြသူများက သိုးမွေးထည် များကို ဝတ်ဆင်ကြလေ သည်။ သဲကန္တာရအတွင်း၌ လှည့်လည် နေထိုင်ကြသူများသည် နေပူနှင့် တိုက်ခတ်သည့်လေကြောင့် လွင့်စဉ်လာသော သဲမှုန့်များ၏ ဒဏ်ကို ကာကွယ်နိုင်ကြစေရန် ဝတ်ရုံပွကြီး များကို ဝတ်ဆင်လေ့ ရှိကြသည်။ ဗန်တူလူမျိုးတို့သည် များသောအားဖြင့် ရွာငယ်ကလေးများ ဖွဲ့ကာ နေလေ့ရှိကြသည်။ ထိုရွာငယ်ကလေး များထဲတွင် တဲများကို ဝိုင်း၍ ဆောက်လေ့ရှိကြပြီးလျှင် ထိုတဲဝိုင်းများကို တစ်ဖန် ဆူးများဖြင့် ခြံကာထားလေ့ ရှိကြသည်။ တစ်ဖန် ရွာတိုင်း၏ အလယ်တွင် ခြံကာထားသော တဲများကိုစု၍ ဆောက်ထားလေ့ ရှိကြပြန်သည်။ ထိုအလယ်တဲများသည် တိရစ္ဆာန်များထားရန်အတွက် ဖြစ်သည်။ ထိုသို့ပြုလုပ်ထား သဖြင့် လူနှင့် မွေးမြူထားသော တိရစ္ဆာန်များသည် ဘေးရန်မှ ကင်းရှင်းနိုင်ကြလေသည်။ အာဖရိတိုက်ရှိ လူမျိုးများသည် များသောအားဖြင့် မိသားစု များ စားသောက်နိုင်ရန်အတွက်သာ ထွန်ယက် စိုက်ပျိုးလေ့ရှိ ကြသည်။ အချို့ကသာ အနီးရှိဈေးများသို့ ပိုလျှံသော ပစ္စည်း များကို သွား၍ ရောင်းချနိုင်ရန် အတွက် ပိုမို၍ စိုက်ပျိုးကြ လေသည်။ လယ်ယာပြုလုပ်ခြင်းမှာ သူတို့အဖို့ လွယ်ကူလေ သည်။ ရွာရှိ ယောက်ျား များက အနီးရှိချုံ သစ်တောတို့ကို လိုသလောက် ခုတ်ထွင်ရှင်းလင်းပြီးလျှင် မီးရှို့လိုက်ကြသည်။ ထိုနောက် မိန်းမများက လယ်ယာများဖြစ်လာအောင် ဖန်တီးယူ ကြလေသည်။ နှစ်ကြာညောင်း၍ ကောက်ပဲသီးနှံများ အထွက် နည်းလာသောအခါ ယောကျာ်းများက နေရာသစ်များကို ရှာဖွေ ရှင်းလင်းပေးပြန်သည်။ ဆဟာရသဲကန္တာရ၏ မြောက်ဘက်ပိုင်းတွင် ထွန်ယက်စိုက် ပျိုးခြင်းသည် ဥရောပတိုက်တောင်ပိုင်းတွင် ပြုလုပ်သည်နှင့် တူ၏။ ထိုနေရာ၏ အရေးကြီးသော အပင်များတွင် မုယော၊ ဂျုံ၊ သံလွင်၊ သဖန်းနှင့် စပျစ်ပင် များ ပါဝင်သည်။ နိုင်းမြစ်ဝ ကျွန်းပေါ်နှင့် နိုင်းမြစ်ဝှမ်းဒေသသည် အာဖရိတိုက်တွင် မြေဩ ဇာအကောင်းဆုံး ဒေသများဖြစ်သည်။ မြေဆီလွှာကောင်းသည့် အပြင် နိုင်းမြစ်မှရေကိုလည်း တူးမြောင်းများဖြင့် သွယ်ယူနိုင် လေသည်။ ထိုဒေသများတွင် အဓိကအားဖြင့် ဝါ၊ ပြောင်းဖူး၊ ဂျုံ၊ မုယော၊ ရိုင်းစပါးနှင့် ကြံများကို စိုက်ပျိုးကြသည်။

သဘာဝပေါက်ရောက်သောအပင်နှင့် တွေ့ရှိရသော သားကောင် အာဖရိတိုက်တွင် ဒေသအခြေအနေနှင့် ရာသီဥတုအလျောက် သစ်ပင်များ ပေါက်ရောက်လျက် ရှိသည်။ အက်တလပ် တောင် တန်း၏ မြောက်ဘက်တွင် ဥရောပတိုက် တောင်ပိုင်းဒေသ၌ တွေ့ရှိရသော ဖော့ပင်၊ ဝက်သစ်ချပင်နှင့် အပူပိုင်းဒေသဆံသော ဒေသများတွင် ပေါက်ရောက်သည့်အပင်များ တွေ့ရသည်။ သဲကန္တာရတွင် ရာသီအလျောက် ဖြစ်ပေါ်သော ချောင်းများရှိ သည့် နေရာများ၊ မျက်နှာပြင်စမ်းများရှိသော နေရာများနှင့် ရေများကို ရေတွင်းများမှ စုတ်ယူပြီးလျှင် အိုအေဆစ်များ ဖြစ်လာအောင် ဖန်တီးယူနိုင်သော နေရာများမှလွဲ၍ အခြား နေရာများ၌ အပင်များ ပေါက်လည်းမပေါက်၊ စိုက်ပျိုး၍လည်း မရချေ။ သဲကန္တာရအတွင်းရှိ အိုအေဆစ်များတွင် စိုက်ပျိုးသည့် စွန်ပလွံသီးသည် ထိုဒေသ၏ အရေးကြီးသောအစာ ဖြစ်သည်။ အပူပိုင်းဒေသသစ်တောများတွင်မူ အက်ဗနီပင်နှင့် မဟောဂနီပင် တို့ကဲ့သို့ အဖိုးတန်သစ်ပင်များလည်း ပေါက်ရောက်သည်။ အာဖရိတိုက်၏ မြောက်ဘက်စွန်းနှင့် တောင်ဘက်စွန်းဒေသ များ၌ ဂျုံ၊ ဗာလီနှင့် အခြားကောက်နှံများ စိုက်ပျိုးကြသည်။ သကြား၊ ဆေးနှင့် အရည်ရွှမ်းသော အသီးအနှံများလည်း ထွက်သည်။ ဥရောပတိုက်သားများ ရောက်လာသည့်အချိန်မှစ၍ ကကေးအိုပင်၊ ရော်ဗာပင်များကိုလည်း မိုးများသောအပူပိုင်း ဒေသများ၌ ရှင်းလင်း၍ စိုက်ခင်းများ အကြီးအကျယ်လုပ်ကာ စိုက်ပျိုးကြသည်။ အာဖရိတိုက် သစ်တောဒေသ၌ သားကောင်များ အလွန်ပေါ များသည်။ အာဖရိတိုက်မြောက်ဘက်ပိုင်းတွင် ဥရောပတိုက် တောင်ပိုင်း၌ တွေ့ရလေ့ရှိသော တိရစ္ဆာန်မျိုးကို တွေ့ရသည်။ အထူးသဖြင့် ဆဟာရသဲကန္တာရ၏ တောင်ဘက်တွင် တောဆိတ်၊ သစ်ကုလားအုပ်၊ မြင်း၊ ကျား၊ ကျွဲ၊ ကြံ့၊ ဆင်၊ ခြင်္သေ့၊ သစ်နက်၊ ကျားသစ်၊ ဟိုင်းအီနာကောင်၊ ခွေးအ၊ မျောက်ဝံတို့ကဲ့သို့ တောရိုင်းတိရစ္ဆာန်များကို တွေ့ရသည်။ ရှေးအခါက အာဖရိက တိုက်တွင် ဆင်များ အများအပြား တွေ့ခဲ့ရသော်လည်း ယခုအခါတွင် အစွယ်အလို့ငှါ ဆင်များကို ဖမ်းဆီး သတ်ဖြတ်ကြသောကြောင့် များများစားစား မတွေ့ရ တော့ချေ။ သဲကန္တာရမှတစ်ပါး အခြားနေရာများ၌ ငှက်နှင့် တွားသွားကောင်များကို တွေ့ရသည်။ အာဖရိကတိုက်ရှိ ငှက်များသည် များသောအားဖြင့် အမွေးအတောင်များ အလွန်လှပသော်လည်း အသံသာယာစွာ မအော်မြည်တတ်ကြ ချေ။ သဲကန္တာရ ခရီးသည်များအတွက် အလွန်အသုံးဝင်သော ကုလားအုပ်များကိုလည်း တွေ့ရှိရသည်။ ဆဟာရသဲကန္တာရ၏ တောင်နှင့် အနောက်ဘက်တို့တွင် ငှက်ကုလားအုပ်များ ရှိသည်။ မိကျောင်းခေါင်းရှည်နှင့် ရေမြင်းများကိုမူ စိမ့်များနှင့် ချောင်းများ၌ တွေ့နိုင်သည်။ အာဖရိကတိုက်တွင် စိန်နှင့်ရွှေ အများအပြား ထွက်သည်။ တောင်အာဖရိကနိုင်ငံ၌ စိန်တွင်း ရွှေတွင်းများ ရှိသည်။ ကင်ဗာလီမြို့သည် စိန်တွင်းတူးဖော်ရေး အချက်အချာမြို့ဖြစ်၍ ထရန်စဗားနယ်သည် ရွှေတွင်း တူးဖော်ရေး၏ အချက်အချာ ဒေသ ဖြစ်သည်။ ထိုဒေသတွင် ကျောက်မီးသွေးနှင့် သံကိုပါ ရရှိသည်။ ကွန်ဂို ဒီမိုကရက်တစ် သမ္မတနိုင်ငံ (ဇိုင်ယာနိုင်ငံ) နှင့် မြောက်ရိုဒီးဇီးယားနိုင်ငံ (ဇမ်ဗီယာနိုင်ငံ)တို့တွင် ကြေးနီ အမြောက်အမြား ရရှိသည်။ ယူရေနီယံ အမြောက်အမြားကို ကွန်ဂိုဒေသတွင် ရရှိလေသည်။ အာဖရိတိုက်အတွင်း၌ ရေတံခွန် အမြောက်အမြား ရှိသော် လည်း ရေအားလျှပ်စစ်ထုတ်လုပ်မှု နည်းပါးသည်။ ရေတံခွန်ရှိ သည့်ဒေသ၌ စက်မှုလက်မှု လုပ်ငန်းဟူ၍ အကြီးအကျယ်လုပ် ကိုင်ရန် မလွယ်ကူသဖြင့် ရေ အားလျှပ်စစ်ထုတ်လုပ်ရန် မကြိုး စားကြခြင်း ဖြစ်ဟန်တူသည်။ ရှေးအခါက အာဖရိတိုက်တွင် စက်မှုလုပ်ငန်း အကြီး အကျယ် မလုပ်ကိုင်ခဲ့သော်လည်း ယခုအခါ ရိုဒီးဇီးယား၊ ကွန်ဂို(ဇိုင်ယာ)၊ ကင်ညာ၊ အီဂျစ်၊ တောင်အာဖရိကနိုင်ငံ၊ အာဖရိတိုက် မြောက်ပိုင်းတို့တွင် စက်မှု လုပ်ငန်းများကို ထူထောင်ခဲ့ရာ လျင်မြန်စွာ တိုးတက်လျက်ရှိသည်။ ဘိလတ် မြေစက်၊ စားသောက်ကုန်ထုတ်လုပ်သောစက်၊ သစ်သားထည် လုပ်စက်၊ ဓာတ်ပစ္စည်းထုတ်လုပ်သောစက်၊ သံနှင့် သံမဏိ စက်ရုံတို့ ဖြစ်ကြသည်။

ကူးသန်းသွားလာရေး

မကြာသေးမီက အာဖရိတိုက်တွင် တစ်နိုင်ငံနှင့် တစ်နိုင်ငံ ကူးသန်းသွားလာရေးမှာ ကုလားအုပ်များ လှည်းများကိုသာ အသုံးပြုကြရသည်။ ယခုထက်တိုင်လည်း အချို့ တိုးတက်ဖွံ့ဖြိုး ခြင်းမရှိသေးသော ဒေသများ၌ လှည်းများကို အသုံးပြုဆဲရှိ သေးသည်။ မီးရထားလမ်းကို ၁၈၅၆ ခုနှစ်မှစ၍ အီဂျစ်နိုင်ငံ၌ စတင်ဖောက်လုပ် အသုံးပြုသည်။ အယ်လဂျီးရီးယားနိုင်ငံ၌ ၁၈၅၇ ခုနှစ်မှစ၍ လည်းကောင်း၊ ကိပ်ကိုလိုနီနယ် (တောင်အာဖရိက)၌ ၁၈၉၅ ခုနှစ်မှစ၍ လည်းကောင်း၊ ဖောက်လုပ်ကြရာ ယခုအခါ မီးရထားလမ်း စုစုပေါင်းမိုင် ၄၂,ဝဝဝ ကျော်နေလေပြီ။ ယင်းအနက် ၁၉၁၈ ခုနှစ်က ဖောက်လုပ်ပြီးစီးသော တောင်ဘက် ကိပ်တောင်းမြို့မှ မြောက်ဘက် ကိုင်ရိုမြို့သို့သွားသည့် မီးရထားလမ်းသည် အရှည်ဆုံးဖြစ်သည်။ မော်တော်ကား လမ်းများရှိသော်လည်း တစ်နှစ်ပတ်လုံး အခါမလပ် သွားလာနိုင်သည် မဟုတ်ချေ။ မိုးသည်းထန်ရွာသွန်းသောအခါတွင် အချိန်အတော်ကြာသည် အထိ သွားလာခြင်း မပြုနိုင်ကြချေ။ မြစ်ကြီးများနှင့် အိုင်ကြီး များတွင် မီးသင်္ဘောများ ခုတ်မောင်းသွားလာလျက် ရှိသည်။ ကမ်းခြေတစ်လျှောက်တွင်လည်း မီးသင်္ဘောများ သွားလာလျက် ရှိသည်။ အချို့မြစ်များတွင် ရေတံခွန် ရှိသည့်နေရာ၌ မီးရထား လမ်းဖြင့် ပြောင်းရွေ့သယ်ယူကာ ရေတံခွန်လွှတ်သည့်နေရာကျမှ သဘောဖြင့် ဆက်လက်သွားလာကြသည်။ အာဖရိကတိုက်ရှိ မြို့ကြီးများ၌မူ တစ်မြို့နှင့်တစ်မြို့ လေယာဉ်အဆက်အသွယ် ရှိသည်။

ပါဝင်သောနိုင်ငံများ

အာဖရိကတိုက်တွင် ပါဝင်သော နိုင်ငံများမှာ မိုရော့၅ကို၊ အယ်လဂျီးရီးယား၊ တျူနစ်ဇီးယား၊ လစ်ဗျ၊၅ အီဂျစ်၊ အာရပ် သမ္မတနိုင်ငံ၊ မော်ရီတေးနီးယား၊ မောရစ်ရှပ်၊ မာလီ၊ နိုင်ဂျာ၊ ချဒ်၊ ဆူဒန်၊ အီသီအိုးပီးယား၊ ဆိုမာလီယာသမ္မတနိုင်ငံ၊ ကင်ညာ၊ ယူဂန်းဒါး၊ အလယ်ပိုင်း အာဖရိက သမ္မတနိုင်ငံ၊ အထက် ဗောလတာ၊ ကမ္မရွန်း၊ နိုင်ဂျီးရီးယား၊ ဒါဟိုမီ၊ တိုဂို၊ ဂါနာ (ဂိုးလကို့)၊ အိုင်ဗရီကို့၊ လိုက်ဗီးရီးယား၊ ဆီးယားရား လေအွန်း၊ ဂင်းနီ၊ ဂင်းနီ-ဗစ်ဆော၊ ဆင်နီဂေါ၊ ဂမ္ဗီယာ၊ ဂါဗွန်၊ အီကွေတိုးရီးယဲဂင်းနီ၊ ကွန်ဂိုဒီမိုကရက်တစ် သမ္မတနိုင်ငံ (ဇိုင်ယာနိုင်ငံ)၊ ကွန်ဂိုသမ္မတနိုင်ငံ၊ ဗူရွန်ဒီ၊ အာဝမ်းဒါး၊ တန်ဇာနီယာ (တန်ဂန်ယီးကဇန်ဇိဗာ)၊ မာလာဂါဆီ၊ ဇမ်ဗီယာ၊ ရိုဒီးဇီးယား၊ မာလာဝီ၊ ဆွာဇီလန်၊ ဗာဆူးတိုလန် (လီဆိုသို နိုင်ငံ)၊ တောင်အာဖရိက ပြည်ထောင်စု၊ ဗက်ချူအာနာလန် (ဗော့ဆွာနာနိုင်ငံ)တို့ ဖြစ်ကြသည်။ ထိုမှတစ်ပါး အန်ဂိုလာ၊ အနောက်တောင်အာဖရိက၊ မိုဇမ်ဗစ်၊ စပင်းနစ် ဆဟာရ၊ ကနေရီကျွန်းစု၊ မဒီးရကျွန်းများ၊ ကိပ်ဗတ်ကျွန်းများ၊ ပြင်သစ်ဆိုမာလီလန် (ယခု အဖားနှင့် အိုက်ဆားနယ်)၊ ကိုမိုရိုကျွန်း စသည့် နယ်မြေဒေသများလည်း ရှိကြသေးရာ ယင်းတို့ကား ပြင်ပနိုင်ငံများ၏ အအုပ်အချုပ်ခံနေရေလေ သေးသည်။ (ဖော်ပြပါ နိုင်ငံများအတွက် သက်ဆိုင်ရာ ခေါင်းစဉ်များအောက်တွင်ရှု။)

သမိုင်း

အာဖရိကတိုက်သည် ကမ္ဘာယဉ်ကျေးမှု အစတည်ရာဌာန တစ်ခု ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် အာဖရိကတိုက် အရှေ့မြောက်ဘက်ရှိ အီဂျစ်နိုင်ငံတွင် ယဉ်ကျေးမှုများစတင် ပေါက်ဖွားခဲ့သောကြောင့် ဖြစ်သည်။ ဂရိနှင့် ဖီနီရှန်တို့သည် အာဖရိကတိုက်မြောက်ဘက် မြေထဲပင်လယ်ကမ်းတစ်လျှောက် တွင်နယ်သစ်များ တည်ထောင်ကြသည်။ အာဖရိက မြောက် ဘက်ကမ်းခြေတွင်ရှိသော ကားသေ့မြို့ကို ဖီနီရှန်တို့ တည် ထောင်ကြသည်။ ဖီနီရှန်တို့၏ ကားသေ့အင်ပိုင်ယာသည် နှစ်ပေါင်းများစွာ ထွန်းကားစည်ပင်လာရာ မြေထဲပင်လယ် အနောက်ပိုင်းတစ်လျှောက်တွင် ကားသေ့သင်္ဘောများသာ ကူးသန်းရောင်းဝယ်ကြသည်။ စစ္စလီကျွန်းကိုလည်း ကားသေ့ တို့ကပင် သိမ်းယူထားခဲ့သည်။ ( ကားသေ့မြို့-။)

ဘီစီ သုံးရာစုခန့်တွင် စက်မှုကိရိယာမှအစ စစ်သည် အင်အားပြည့်စုံလာသော ရောမတို့က ကားသေ့ အင်ပိုင်ယာကို စတင်တိုက်ခိုက်သည်။ ကားသေ့စစ်တပ်သည် ကြေးစားလူမျိုး ခြား စစ်သည်များဖြင့် ဖွဲ့စည်း ထားရကား ဝတ်ကျေတန်းကျေ အမှုထမ်းကြသဖြင့် တစ်ကြောင်း၊ ကားသေ့အစိုးရထဲတွင် အချင်းချင်း မညီမညွတ် စိတ်ဝမ်းကွဲပြားနေသဖြင့် တစ်ကြောင်း ဘီစီ ၁၄၆ ခုတွင် ကားသေ့တို့ အရေးရှုံးနိမ့်ခဲ့ရသည်။ ကားသေ့မြို့လည်း ရောမတို့လက်တွင် ပြာကျခဲ့ရသည်။ ထိုအချိန်မှစ၍ အာဖရိကမြောက်ပိုင်းသည် ရောမအင်ပိုင်ယာ၏ တစ်စိတ်တစ်ဒေသ ဖြစ်လာသည်။ ကားသေ့မြို့ပျက်ပြီး နောက် ရောမတို့လက်ထက်တွင် နိုင်းမြစ်ဝ၏ အနောက်ဘက် အနီးရှိ အယ်လက်ဇန္ဒြီးယားမြို့သည် ထင်ရှားလာသည်။ အေဒီ ငါးရာစုနှစ်တွင် ဗင်းဒေါတို့က ရောမမြို့၏ ကြွယ်ဝချမ်းသာပုံ ကို သိရှိသောအခါ ရောမတို့အား သွားရောက်တိုက်ခိုက်သဖြင့် ရောမမြို့ကျသည်။ ရောမကျသည်နှင့် ဗင်းဒေါတို့သည် အာဖရိက မြောက်ပိုင်းကိုပါ သိမ်းယူကြသည်။ ( ဗင်းဒေါလူမျိုး -။)

ဗင်းဒေါတို့ မှေးမှိန်သွားသောအခါ အာဖရိကမြောက် ပိုင်းသည် ဗိုင်ဇင်းတိုင် အင်ပိုင်ယာ၏ တစ်စိတ်တစ်ဒေသ ဖြစ်လာသည်။ ( ဗိုင်ဇင်းတိုင် အင်ပိုင်ယာ-။)

အေဒီခြောက်ရာစုနှစ်တွင် အာရေဗျနိုင်ငံ၌ မို့ဟမ္မဒ် ပေါ်ထွန်းလာ၍ ဟောကြားသော အစ္စလာမ်တရားကြောင့် အာရပ်တို့ ညီညွတ်ကြ ပြီးလျှင် အင်အားကောင်းကာ နယ်ချဲ့ကြသည်။ ( မို့ဟမ္မဒ် -။)

အာရပ်တို့သည် အာဖရိကမြောက်ပိုင်းကို သိမ်းပိုက် လိုက်ရာ အစ္စလာမ်အယူဝါဒ အာဖရိကတိုက်တွင် အခြေစိုက်မိ သည်။ ( အစ္စလာမ်အယူဝါဒ-။)

အာရပ်တို့ တန်ခိုး မှိန်သောအခါ မိုရော့ကိုနိုင်ငံမှတစ်ပါး အာဖရိကမြောက်ပိုင်း တစ်ခုလုံးသည် အော့တိုမန် တူရကီ အင်ပိုင်ယာတွင်းသို့ ရောက်ရှိသွားလေသည်။ အလယ်ခေတ်လောက်က ဥရောပနိုင်ငံ များသည် အာဖရိကမြောက်ပိုင်းနှင့် အဆက်အသွယ် အနည်း ငယ်သာ ရှိသော်လည်း ၁၅၅ဝ ပြည့်နှစ် နောက်ပိုင်းတွင် ပင်လယ်ထဲ၌ သွားလာနေကြသော ဥရောပနိုင်ငံများပိုင် သင်္ဘောများကို အာဖရိကတိုက်မြောက်ပိုင်း မိုရော့ကိုနိုင်ငံရှိ ပင်လယ်ဓားပြများကထွက်၍ တိုက်ခိုက်ကြသဖြင့် ဥရောပ သင်္ဘောများက ယင်းတို့အား ဆက်ကြေးများ တင်ကြိုပေးကြ ရသည်။ ၁၈ဝဝ ပြည့်နှစ်ကျော်တွင် ပြင်သစ်တို့သည် အယ်လဂျီးရီးယားနိုင်ငံ၊ မိုရော့ကိုနိုင်ငံနှင့် တျူနစ်ဇီးယား နိုင်ငံတို့ကို သိမ်းပိုက်ကြသည်။ အာဖရိကမြောက်ပိုင်းကို ယင်းသို့ လူမျိုးပေါင်းစုံ လာ ရောက်သိမ်းပိုက်သွားကြသော်လည်း ယင်းဒေသကို လွန်၍ ပေါက်ရောက်ခဲ့သူ အလွန်နည်းလေသည်။ အဘယ်ကြောင့် ဆိုသော် ယင်းဒေသကိုလွန်သော် ဆဟာရ သဲကန္တရပြင်ကြီးကို ဖြတ်ရမည်ဖြစ်သောကြောင့် ဖြစ်သည်။ သဲကန္တာရကိုလွန်လျှင် အာဖရိကတိုက်သည် မည်သို့ရှိမည်ကို မသိကြသောကြောင့် အာဖရိကတိုက်ကို မှောင်မိုက်သောတိုက်ကြီး (ဝါ) အမှောင် တိုက်ကြီးဟု ခေါ်စမှတ်ပြုကြသည်။ အာဖရိကတိုက်တွင် ဘီစီ ၃ဝ,ဝဝဝ ခန့်ကပင် ကပ္ပလီ လူမျိုးစုသည် အရှေ့ဘက်ကမ်းမှ စတင်ဝင်ရောက်နေထိုင်ပြီး ဖြစ်နေကြလေပြီ။ ကပ္ပလီများ ဝင်ရောက်လာသည့်အခါ အာဖရိက တိုင်းရင်းသားများသည် (ယခု ဗွတ်ရှမင်း၊ ပစ်ဂမီး၊ ဟော့တင်းဟော့လူမျိုးများ၏ ဘိုးစဉ်ဘောင်ဆက်များ) သဲကန္တာ ရနှင့် သစ်တောများဘက်သို့ ပြောင်းရွှေ့နေထိုင်ကြသည်။ အလယ်ခေတ်သို့ ရောက်သောအခါ ကပ္ပလီတို့သည် ပြည်ထောင်များ အစဉ်အဆက်ထူထောင်ကာ မြေထဲပင်လယ် နိုင်ငံများနှင့် ကုန်သွယ်ကြသည်။ ထိုစဉ်က အာရပ်တို့ကလည်း အာဖရိကတိုက် အရှေ့ဘက်ကမ်းသို့ ဝင်ရောက်နေထိုင်ကြရန် ရောက်လာကြသည်။ ထိုအချိန်အထိ ဥရောပ နိုင်ငံများသည် အာဖရိကတိုက်ကို စိတ်ဝင်စားခြင်း မရှိသေးချေ။ ၁၄၉၇ ခုနှစ်တွင် ပေါတူဂီလူမျိုး နယ်သစ်စူးစမ်းရှာဖွေသူ ဗက်စကို ဒါဂါးမသည် ဥရောပတိုက်မှထွက်၍ အာဖရိကတိုက် ကိုပတ်ကာ အရှေ့သွားခရီးကို အောင်မြင်စွာ တွေ့ရှိခဲ့သည့်အခါ မှ ဥရောပနိုင်ငံများသည် အာဖရိကတိုက်ကို စိတ်ဝင်စားကြ သည်။ ( ဗက်စကိုဒါဂါးမ-။)

အရှေ့အာရှနိုင်ငံများနှင့် ကုန်သွယ် သည့်အခါ အာဖရိကတိုက်ကိုပတ်၍ သင်္ဘောလွှင့်လျှင် အာဖရိကကမ်းရိုးတန်း၌ သင်္ဘောဆိပ်များတည်ထောင်ဖို့ လိုကြောင်းလည်း သဘောပိုက်မိကြသည်။ ထို့ပြင် ကမ္ဘာသစ်ကို စတင်တွေ့ရှိစဖြစ်သဖြင့် ယင်းတိုက်များ၌ စိုက်ခင်းပျိုးခင်းများ ထူထောင်ရန် အလုပ်ကြမ်းသမား များစွာလိုလေသည်။ ထိုအခိုက် အင်္ဂလန်နိုင်ငံ၌ စက်မှုလုပ်ငန်းများ စတင် ထွန်းကားစ ဖြစ်၏။ စက်များမှထွက်သော အထည်များကို ယူဆောင်ကာ အာဖရိကကမ်းခြေတစ်လျှောက်ရှိ ကပ္ပလီနယ်စား များထံသို့ လာရောက်ရောင်းချသောအခါ ကပ္ပလီနယ်စားတို့ သည် မိမိတို့နှင့်မသင့်တင့်သောကပ္ပလီအုပ်စုများကို ဖမ်းဆီးကာ ကျွန်ကုန်သည် များထံတွင် အဝတ်၊ သေနတ်၊ ပုတီးစေ့ စသည် တို့နှင့် လဲလှယ်ကြသည်။ အချို့သော ကပ္ပလီများကိုမူ အနောက်နိုင်ငံသားတို့ကိုယ်တိုင် လက်နက်အားကိုး ဖမ်းဆီးကြ သည်။ ကျွန်ကုန်သည်တို့သည် ထိုကပ္ပလီများကို အမေရိကန် စိုက်ခင်း ပိုင်ရှင်များထံသို့ အမြတ်အစွန်းကြီးစွာဖြင့် ရောင်းချ ကြပြန်သည်။ ထိုရသောငွေဖြင့် စိုက်ပျိုးခင်းများမှ ဝါဂွမ်း၊ ဆေးနှင့် သကြားတို့ကို ဝယ်ယူတင်ဆောင်ကာ ဥရောပ နိုင်ငံများတွင် အမြတ်အစွန်းကြီးစွာဖြင့် ရောင်းချကြပြန်သည်။ ယင်းသို့ အမြတ်အစွန်း များစွာရသောကြောင့် ဗြိတိသျှ၊ ပြင်သစ်၊ ပေါ်တူဂီ၊ ဒပ်ချ၊ ဒိန်း၊ ပရပ်ရှင်း စသော ဥရောပ သားတို့သည် အပြိုင်အဆိုင် ကျွန်ကုန်ကူးကြသည်။ ထိုကြောင့် အာဖရိက အနောက်ဘက်ကမ်းခြေတစ်လျှောက်တွင် ဆင်နီဂေါ၊ ဂမ္ဗီယာ၊ ဆီယာရားလေအွန်း၊ ဂိုးလကို့ စသော ကျွန်ရောင်းဝယ် သည့် နယ်ကလေးများ ပေါ်ပေါက်လာသည်။ တစ်ဖန် အရှေ့ ကမ်းခြေတစ်လျှောက်တွင် ပေါ်ပေါက်လာ လေသည်။ ဒပ်ချတို့ သည် မိမိတို့ ကုန်သင်္ဘောများ စခန်းချရပ်ရန် ဂွတ်ဟုပ်အငူ တွင် ဒပ်ချ နယ်ကလေး တစ်နယ်ကို ၁၆၅၁ ခုနှစ်တွင် ထူထောင် ထားကြသည်။

ထိုနယ်ကလေးကို ၁၇၉၆ ခုနှစ်တွင် ဗြိတိသျှတို့က ဒပ်ချတို့ လက်မှ လုယူ သိမ်းပိုက်လိုက်ပြီးလျှင် ကိပ်ကိုလိုနီဟုသမုတ်ကာ အုပ်စိုးလေသည်။ ဗြိတိသျှလက်အောက်တွင် မနေလိုသော ဗိုးဝါးခေါ် ဒပ်ချလယ်သမားတို့သည် မြောက်ဘက်မြေလွတ် များရှိရာသို့ ရှောင်တိမ်းနေထိုင်ကြသည်။ ဗိုးဝါးတို့သည် ထိုဒေသများရှိ တိုင်းရင်းသား လူရိုင်းများနှင့် အမြဲတိုက်ခိုက်နေ ကြသည့်ကြားမှပင် ဆင်းရဲဒုက္ခအမျိုးမျိုးခံကာ မြေရိုင်းများကို လယ်ယာများ ဖြစ်အောင် တီထွင်ပြီးသောအခါ ဗြိတိသျှတို့က ထိုမြေသစ်များကို လိုချင်လာကြပြန်သည်။ ထိုကြောင့် ၁၈၃၅ ခုနှစ်တွင် ဗြိတိသျှတို့သည် ဗိုးဝါးတို့ တီထွင်ထားသော နယ်သစ်များကို သိမ်းယူကြပြန်သည်။ ထိုအခါ ဗိုးဝါးတို့သည် မြောက်ဘက်သို့ ရွှေ့ပြောင်းကြပြန်၍ ဩရိန်းဖရီးစတိတ်၊ ထရန်စဗားနှင့် နာတဲနိုင်ငံငယ် များကို တည်ထောင်နေထိုင်ကြ သည်။ ဗြိတိသျှတို့သည် ၁၈၄၂ ခုနှစ်တွင် နာတဲနယ်ကို တိုက်ခိုက်သည်။ ၁၈၆၇ ခုနှစ်မှစ၍ ဩရိန်းနယ်အတွင်း၌ စိန်တွင်းများ တွေ့ရှိရာ ဗြိတိသျှတို့က ထိုစိန်တွင်းများသည် ဩရိန်း နယ်နမိတ် အပြင်ဘက်ဖြစ်သည်ဆိုကာ ၁၈၇၁ ခုနှစ် တွင် သိမ်းယူပြန်လေရာ ထိုအကြိမ်၌ ဗိုးဝါးတို့နှင့် စစ်အကြီး အကျယ် ဖြစ်ရလေသည်။ ၁၈၈၄ ခုနှစ်တွင် စစ်ပြေငြိမ်း၍ ဩရိမ်းနယ်ကို နိုင်ငံခြား ဆက်သွယ်ရေးမှအပ လွတ်လပ်သော နယ်တစ်နယ်အဖြစ် ဗြိတိသျှတို့က အသိအမှတ်ပြုသည်။ ၁၈၈၄ ခုနှစ်တွင် ထရန်စဗားနယ်၌ ရွှေအမြောက်အမြား တွေ့ရပြန်သည်။ ထိုအခါ နိုင်ငံခြားသား အမြောက်အမြား ထိုဒေသထဲသို့ ဝင်ရောက်လာကြသည်။ ယင်းတို့အနက် ဗြိတိသျှလူမျိုးမှာ အများဆုံး ဖြစ်သည်။ နိုင်ငံအစိုးရက အခွန် အကောက်ယူသောအခါ နိုင်ငံခြားသားများက အခွန်ကြီးလေး သည်ဟု ဆူပူကန့်ကွက်ကြသည်။ နိုင်ငံခြားသားတို့ဘက်မှ ဗြိတိသျှတို့က အားပေးသည်။ ထိုကြောင့် ၁၈၉၉ ခုနှစ်တွင် ဗြိတိသျှနှင့်ဗိုးဝါးတို့ စစ်အကြီးအကျယ် ဖြစ်ရပြန်သည်။ ပထမတွင် ဗိုးဝါးတို့ဘက်မှ အရေးသာနေသော်လည်း နောက်ဆုံး၌ ဗြိတိသျှတို့ဘက်မှ စစ်ကူရောက်လာသဖြင့် လက်နက် အင်အားချင်း မမျှသောကြောင့် ဗိုးဝါးတို့ စစ်ရှုံးကြ သည်။ ( ဗိုးဝါးစစ်ပွဲ။)

ဩရိန်းပြည်နယ်နှင့် ထရန်စဗား ပြည်နယ်တို့ကို ဗြိတိသျှတို့က သိမ်းယူကာ ၁၉၁ဝ ပြည့်နှစ် တွင် ကိပ်ကိုလိုနီ၊ နာတဲပြည်နယ်များနှင့်ပူးပေါင်း၍ တောင်အာဖရိက ပြည်ထောင်စုဟူ၍ ထူထောင်လိုက်သည်။ ( တောင်အာဖရိက ပြည်ထောင်စု။)

အာဖရိကတိုက်သည် သွားလာရန် ခက်ခဲရုံမက ကြမ်းကြုတ် သောလူရိုင်းများ နေထိုင်ရာလည်း ဖြစ်သဖြင့် ဥရောပတိုက်သား တို့သည် ပထမ၌ ကမ်းခြေတစ်လျှောက်တွင်သာ ကျက်စားကြ သော်လည်း ၁၈ ရာစုနှစ် များတွင် ထွန်းကားလာသော စက်မှု လက်မှုလုပ်ငန်းများအတွက် ကုန်ရိုင်းဝယ်ရန်နှင့် ကုန်ချော ရောင်းရန် ဈေးနယ်ရှာဖွေယင်း ကမ်းရိုးတန်းမှ အတွင်းဘက်သို့ တဖြည်းဖြည်း သွားလာပေါက်ရောက်ခဲ့ကြသည်။ ကျွန်အရောင်း အဝယ်ဖြင့် စည်ကားနေသော အာဖရိက အနောက်ဘက်ကမ်းရိုး တန်းတစ်လျှောက်ရှိ နယ်ကလေး များသည် ၁၈ဝ၇ ခုနှစ်တွင် ဗြိတိသျှတို့က ကျွန်ကုန်ကူးခြင်းကို ပိတ်လိုက်သည့်အချိန်မှစ၍ မစည်ကား တော့ချေ။ သို့ရာတွင် ယင်းနယ်ကလေးများ၌ အုန်းပင်အများအပြားရှိသဖြင့် အင်္ဂလန်နိုင်ငံမှ စက်မှုလုပ်ငန်း နှင့် ဆပ်ပြာလုပ်ငန်းအတွက် များစွာ အသုံးကျသော အုန်းဆီရ နိုင်ရကား ဆီအရောင်းအဝယ်ဖြင့် စည်ကား လာပြန်သည်။ ဗြိတိသျှတို့သည် အခြားဥရောပနိုင်ငံသားတို့ တည်ထောင်ထား သောနယ်များကို ဝယ်ယူပြီးလျှင် အကြီးအကျယ် ဆီကုန်ကူးကြ သည်။ ထိုနယ်များ၌လည်း ဗြိတိသျှတိုင်းရင်းသားတို့ လာရောက်နေထိုင်ကြ သည်။ ယင်းသို့ဖြင့် ဗြိတိသျှတို့ဩဇာ သည် အတွင်းပိုင်းသို့ ပျံ့နှံ့လေသည်။ ဗြိတိသျှတို့သည် ဂမ္ဗီယာ၊ ဆီယားရားလေအွန်းနယ်များနှင့် လားဂိုးကျွန်းများကို သိမ်းယူ အုပ်ချုပ်ကြသည်။ အချို့စွန့်စားသောသူတို့ကလည်း အာဖရိကတိုက်ကို စုံလင်စွာ သိရှိနိုင်ရန် အစိုးရအကူအညီဖြင့် ဘေးအန္တရာယ် အမျိုးမျိုးကို ရင်ဆိုင်ကာ အတွင်းပိုင်း တောတောင်ထူထပ်သော နယ်ပယ်များသို့ သွားရောက် စုံစမ်းကြသည်။ ၁၇၇ဝ ပြည့်နှစ်တွင် စကော့လူမျိုး နယ်သစ်ရှာဖွေသူ ဂျိမ်းဗရုက အီသီအိုးပီးယားနှင့် ဗလူးနိုင်းဒေသ များသို့ သွားရောက်ကာ စူးစမ်းလေ့လာခဲ့သည်။ ဗရုသည် ဗလူးနိုင်းမြစ် ဖျားကို တွေ့ရှိရုံမက ဗလူးနိုင်းနှင့် ဝှိုက်နိုင်းဆုံရာကိုလည်း စူးစမ်းခဲ့သည်။ ၁၇၉၅ ခုနှစ်နှင့် ၁၈ဝ၅ ခုနှစ်ကြားတွင် မန်ဂိုပတ်ဆိုသူ စကော့လူမျိုးသည် နိုင်ဂျာမြစ်ကို မြစ်ဖျားမှ မြစ်ဝအထိ စူးစမ်းရန် သွားရောက်ခဲ့သည်။ ( ပတ်မန်ဂို -။)

အင်္ဂလိပ် လူမျိုး နယ်သစ်ရှာဖွေသူများဖြစ်ကြ သောရစ်ချတ်ဗာတန်နှင့်ဂျွန်စပက်ဆိုသူတို့သည် လူသိနည်းသော အာဖရိက တိုက် အရှေ့ဘက်ပိုင်းရှိ ကုန်းပြင်မြင့်များအကြောင်း ကို ပိုမို၍ လူသိများလာကြစေရန် အကူအညီ ပေးခဲ့ကြလေ သည်။ အာဖရိကတိုက်အတွင်းပိုင်းကို စူးစမ်းရှာဖွေခဲ့သူများနက် အထင်ရှားဆုံးမှာ ဒေးဗစ်လစ်ဗင်စတုန်နှင့် ဟင်နရီစတန်လေတို့ ဖြစ်ကြသည်။ ( လစ်ဗင်စတုန်ဒေးဗစ်၊)

( စတန်အေအိပ်၊ အမ်-။)

လစ်ဗင်စတုန် သည် ၁၈၄၉ ခုနှစ်တွင် သူ၏စူးစမ်း ရှာဖွေမှုခရီးကို စတင်ရာ သူ့သတင်းကို နှစ်ပေါင်းများစွာ မကြားရသဖြင့် ၁၈၆၉ ခုနှစ်တွင် နယူးယော့ဟယ်ရယ် သတင်းစာတိုက်က ငွေကုန်ကြေးကျခံ၍ သူ့အား ရှာဖွေရန် စတန်လေကို လွှတ်လိုက်ရသည်။ ထိုသူနှစ်ဦးသည် အာဖရိက အရှေ့ပိုင်းတစ်ခွင်နှင့် ကွန်ဂိုမြစ်ဖျားဒေသများကို နှံ့စပ်အောင် သွားလာစူးစမ်းခဲ့သည်။ ပြင်သစ်၊ ပေါတူဂီ၊ ဂျာမနီနိုင်ငံများမှ စွန့်စားသည့် ခရီးသည်ကြီးများလည်း အာဖရိကတစ်လွှားကို နှံ့စပ်အောင် သွားလာစုံစမ်းကြသည်။ ၁၉ ရာစုနှစ် ကုန်ခါနီး တွင် အာဖရိကတိုက်ရှိ တိုင်းရင်းသားများ၊ သဘာဝပစ္စည်းများ၊ ကုန်ရိုင်းများ၊ မြေဩဇာကောင်းသောနယ်များ အကြောင်းကို အတော် စုံစုံပင် သိလာကြသောအခါ ဥရောပနိုင်ငံတို့သည် အာဖရိကတိုက်ကို ခွဲဝေယူရန် စိုင်းပြင်းကြသည်။ ၁၈၇၆ ခုနှစ်တွင် ဗဲလဂျီယန်ဘုရင် လီယိုပိုသည် အာဖရိက တိုက်ကို ခွဲယူရန် ဥရောပနိုင်ငံပေါင်းစုံ အစည်းအဝေးခေါ်၍ စီစဉ်လေသည်။ သို့ရာတွင် ဗဲလဂျီယမ်နိုင်ငံ ကောင်းစားရေး အတွက်ချည့် အစီအစဉ်၌ပါသဖြင့် အခြားနိုင်ငံများသည် မိမိတို့ဘာသာ စူးစမ်းရှာဖွေသူများ လွှတ်၍ အာဖရိကတိုက် အကြောင်း စုံစမ်းသည်။ တွေ့ရှိပေါက်ရောက်သော နယ်များ အတွက် ဥရောပတိုက်သားတို့သည် တစ်ဦးနှင့်တစ်ဦး နယ်လု ကြရကား မကြာခဏ အချင်းများကြသည်။ ထိုကြောင့် ၁၈၈၄ ခုနှစ်တွင် ဂျာမနီနိုင်ငံ ဘာလင်မြို့၌ နိုင်ငံပေါင်းစုံ စည်းဝေး ပြီးလျှင် အာဖရိကနယ်များကို သိမ်းယူပြီးနောက် ပိပြားငြိမ်ဝပ် စွာ အုပ်ချုပ်နိုင်မှသာ အပိုင်ယူစတမ်းဟု ဆုံးဖြတ်ကြလေသည်။ ထိုအခါမှစ၍ ဥရောပတိုက်သားတို့သည် အာဖရိကတိုက်နယ် များသို့ သွားရောက်ကာ အပူတပြင်း နယ်ချဲ့သိမ်းယူကြသည်။ ၁၉ ရာစုနှစ် ကုန်သောအခါ အာဖရိကတိုက် တစ်တိုက်လုံး သည် ခွဲဝေပြီး ဖြစ်လေသည်။ ဗြိတိသျှတို့သည် အီဂျစ်၊ ဆူဒန်၊ ဗြိတိသျှဆိုမာလီလန်၊ ဗြိတိသျှအရှေ့အာဖရိက၊ ရိုဒီးဇီးယား၊ တောင်အာဖရိက ပြည်ထောင်စု၊ နိုင်ဂျီးရီးယား၊ ဂိုးလကို့၊ ဆီယားရားလေအွန်း နယ်များကို ရကြသည်။ ပြင်သစ်တို့သည် အယ်လဂျီရီးယား၊ တျူနစ်ဇီးယား၊ မိုရော့ကို၊ ဆင်နီဂေါ၊ ဆဟာရ၊ ပြင်သစ်ဆူဒန်၊ ကွန်ဂို မြောက်ပိုင်းနှင့် မက်ဒါဂက်စကာကျွန်းတို့ကို ရကြသည်။ ပေါတူဂီတို့ကမူ အန်ဂိုလာနှင့်ပေါတူဂီ အရှေ့အာဖရိကနယ် များကို ရကြ၏။ ဗဲလဂျီယမ်နိုင်ငံက ကွန်ဂိုနယ်ကြီးများကို လည်းကောင်း၊ ဂျာမနီနိုင်ငံက ကမ္မရွန်း၊ ဂျာမန်အနောက် တောင်အာဖရိက နယ်များကိုလည်းကောင်း၊ ဣတလီနိုင်ငံက ထရစ်ပိုလီ၊ အီရစ် ထရီးယားနှင့် အီတာလျံ ဆိုမာလီလန် နယ်များကိုလည်းကောင်း၊ စပိန်တို့က ယခု စပင်းနစ်ဆဟာရ ခေါ်သည့် ရီအိုဒါအိုရိုနှင့် စပင်းနစ်ဂင်းနီနယ် ကိုလည်းကောင်း ရရှိကြသည်။ ယင်းသို့ဖြင့် နိုင်ငံရင်းသား ကပ္ပလီလူမဲများသည် အုပ်ချုပ်သူဥရောပတိုက်သား လူဖြူများ၏ အဖိနှိပ်ခံ အခိုင်းခံ လူတန်းစား ဖြစ်လာကြသည်။ အိန္ဒိယခေါင်းဆောင်ကြီး မဟတ္တမဂန္ဓီကပင် လူမဲများအား တန်းတူအခွင့်အရေးပေးရန် တောင်းဆိုပေးခဲ့ ဘူးလေသည်။ သို့ရာတွင် မရချေ။ လူဖြူလူမဲ ပြဿနာကား အမြဲပေါ်လျက်ရှိသည်။ အာဖရိကတိုက်ကို ခွဲဝေယူစဉ်က လွတ်လပ်စွာ ကျန်ခဲ့သော အီသီအိုးပီးယားနိုင်ငံကို ၁၉၃၆ ခုနှစ်တွင် အီတလီနိုင်ငံက ဝင်ရောက်သိမ်းယူကာ အီတလီပိုင် ကိုလိုနီယ်အဖြစ် ထားရှိပြန် သည်။ ဒုတိယကမ္ဘာစစ် အတွင်း ၁၉၄ဝ ပြည့်နှစ် နွေရာသီခန့် တွင် အီတလီက အီဂျစ်နိုင်ငံအတွင်းသို့ ဝင်ရောက်တိုက်ခိုက်ခဲ့ သည်။ သို့သော် ၁၉၄၁ ခုနှစ် စောစောပိုင်းကပင် ဗြိတိသျှတို့ က အီတာလျံလူမျိုးတို့အား တိုက်ထုတ်ပစ်နိုင်ခဲ့သဖြင့် အီသီအိုး ပီးယားနိုင်ငံသည်လည်းကောင်း၊ အီဂျစ်နိုင်ငံသည်လည်းကောင်း အီတာလျံလက်အောက်မှ လွတ် မြောက်ခဲ့သည်။ ၁၉၄၁ ခုနှစ် တွင် ဂျာမန်တို့က အီဂျစ်နှင့်လစ်ဗျနိုင်ငံတို့ကို ဝင်ရောက် တိုက်ခိုက်ကြသည်။ ဂျာမန်စစ်သားများသည် ဆူးအက် တူးမြောင်းခန့်အထိ တိုက်ခိုက်လာနိုင်ခဲ့သည်။ သို့သော် ၁၉၄၂ ခုနှစ် အတွင်းတွင် ဗြိတိသျှတို့က ဂျာမန်စစ်သားများကို တိုက် ထုတ်ပစ်နိုင်ခဲ့လေသည်။ ၁၉၄၂ ခုနှစ် နိုဝင်ဘာလတွင် အမေရိကန်စစ်တပ်များသည် မိုရော့ကိုနှင့် အယ်လဂျီးရီးယားသို့ ဆိုက်ရောက်လာကြလေသည်။ မဟာမိတ်တပ်များ တိုက်ခိုက်မှု ကြောင့် ဝင်ရိုးတန်းနိုင်ငံငယ်များသည် ၁၉၄၃ ခုနှစ် မေလ ၁၂ ရက်နေ့တွင် အာဖရိကတိုက်၌ လက်နက်ချကြလေသည်။ ( ကမ္ဘာစစ်၊ ဒုတိယ-။)

မြေထဲပင်လယ်ကမ်းခြေ တစ်လျှောက်ရှိ အာဖရိကတိုက်ရောက် မဟာမိတ်တပ်များသည် ဥရောပတိုက် တောင်ဘက်ပိုင်းသို့လည်း လိုအပ်သလို ဝင်ရောက်တိုက်ခိုက်နိုင်ခဲ့ကြသဖြင့် ထိုဒေသများသည် ဒုတိယ ကမ္ဘာစစ်အတွင်းတွင် အရေးပါသော စစ်စခန်းများ ဖြစ်ခဲ့ကြ သည်။ ဒုတိယကမ္ဘာစစ်အပြီးတွင် များစွာသော ဂျာမန်ပိုင် အာဖရိကနယ်များသည်လည်းကောင်း၊ အီတာလျံ ဆိုမာလီ နယ်သည်လည်းကောင်း ထိန်းသိမ်းရေးအဖွဲ့ လက်အောက်ခံနယ် များ ဖြစ်လာလေသည်။ လစ်ဗျနှင့် အီသီအိုးပီးယားတို့သည် လွတ်လပ်သည့်နိုင်ငံများ ဖြစ်လာကြလေသည်။ အီရစ်ထရီးယား သည်လည်း အီသီအိုး ပီးယားနိုင်ငံ၏ တစ်စိတ်တစ်ဒေသ ဖြစ်လာလေသည်။ ဥရောပတိုက်ရှိ နိုင်ငံများက အာဖရိကတိုက်အတွင်း၌ စီးပွားရေးတိုးတက်လာစေရန် ငွေအမြောက်အမြား ကို မြုပ်နှံခဲ့ ကြလေသည်။ ထိုသို့ ငွေအမြောက်အမြား မြှုပ်နှံခဲ့ကြသော် လည်း အာဖရိကတိုက်သားတို့၏ လူမှုရေးနှင့် နိုင်ငံရေး တိုးတက်မှုအတွက်ကိုမူ လုံးဝမရည်ရွယ်ခဲ့ကြချေ။ ဒုတိယ ကမ္ဘာစစ်အပြီးတွင်ကား အာဖရိကတိုက်သားတို့၏ လူနေမှု အဆင့်အတန်း မြင့်မားလာရေးအတွက် များစွာ ပြုလုပ်ခဲ့ကြ လေသည်။ အာဖရိကတိုက်အတွင်း၌ လူမျိုးခွဲခြားမှုသည် ရှေးအခါကပင် ရှိခဲ့လေသည်။ လူဖြူနှင့် နီးဂရိုး (ကပ္ပလီ) လူမဲများသည် ၃ ကိုယ်စီကိုယ်ငှ အလုပ်လုပ်ကြ၍ တစ်ဦးတခြားစီသာ နေခဲ့ကြ လေသည်။ သို့သော် ထိုပြဿနာ ပပျောက်စေနိုင်သော နည်းများကို ဒေသအမြောက်အမြားတွင် ပြုလုပ်လျက်ရှိကြ လေသည်။ ထင်ရှားစေရန် သာဓကအဖြစ် ဖော်ပြရလျှင် မိုဇမ်ဗစ်နယ်တွင် လူဖြူများအတွက် လယ်သစ်ယာသစ်များ ပေးထားသကဲ့သို့ နီဂရိုးလူမျိုးများအတွက်ပါ ပေးထားလေ သည်။ ပြင်သစ် အနောက်အာဖရိကရှိ လူဖြူနှင့် နီဂရိုးများ သည် ကျောင်းများကို အတူတကွ တက်လျက်ရှိကြလေသည်။ သတ္တုတွင်း အသစ်များကို နောက်ထပ် တူးဖော်ပေးခြင်းနှင့် လမ်းပန်းဆက်သွယ်ရေးများကို တိုးတက် ကောင်းမွန်လာအောင် ဖန်တီးပေးခြင်းများ ပြုလုပ်ပေးသည်နှင့်အမျှ အာဖရိကတိုက်ရှိ စီးပွားရေးအခြေအနေ သည်လည်း တိုးတက်ကောင်းမွန်လာလေ သည်။ ထိုသို့ ဖြစ်လာစေရန် စက်ကိရိယာများကိုပို၍ အသုံးပြု လာကြသည်။ လျှပ်စစ်ဓာတ်အားကိုလည်းပို၍ ထုတ်လုပ်လာကြ သည်။ အာဖရိကတိုက်အတွင်း၌ လယ်ယာ စိုက်ပျိုးခြင်းနှင့် သက်ဆိုင်သော စက်ကိရိယာများကို အမြောက်အမြား ပြုလုပ် ကြသည်။ စက်များကို မပြုလုပ် နိုင်သေးသော ဒေသများတွင် လည်း ကောက်ပဲသီးနှံများ ပိုမိုထွက်ရှိလာစေရန် နိုင်ငံခြားမှ စက်ကိရိယာများကို မှာယူတင်သွင်းယူကြသည်။ အာဖရိကတိုက်ရှိ လူမျိုးများသည် အမျိုးသားစိတ်ဓာတ် တက်ကြွလျက်ရှိလေသည်။ ထိုကြောင့် လူမျိုးခြား လက်အောက် ခံ ကိုလိုနီအမြောက်အမြားသည် လွတ်လပ်ရေးအတွက်ကြိုး ပမ်းကြရာ အာဖရိကတိုက်တွင် ယခင်က လွတ်လပ်သော နိုင်ငံဟူ၍ အကျယ်အဝန်း အားလုံး၏ ခုနစ်ပုံတစ်ပုံသာ ရှိခဲ့သော်လည်း ယခုအခါ တိုင်းရင်းသားတို့ နိုးကြားလာမှု ကြောင့် နိုင်ငံခြားအအုပ်အစိုးခံ မလွတ်လပ်သေးသောနိုင်ငံဟူ၍ ခုနစ်ပုံတစ်ပုံ ခန့်သာ ကျန်တော့သည်။ ခုနစ်ပုံခြောက်ပုံသော နိုင်ငံများသည် ကိုယ်ပိုင်အုပ်ချုပ်ရေးကို ရရှိကုန်ပြီးဖြစ်သည်။ ပြင်သစ်တို့ လက်အောက်မှ ၁၉၅၆ ခုနှစ်တွင် မိုရော့ကို နိုင်ငံသည်လည်းကောင်း၊ ၁၉၅၈ ခုနှစ်တွင် ဂင်းနီနယ်သည် လည်းကောင်း၊ ၁၉၆ဝ ပြည့်နှစ်တွင် မက်ဒါဂက်စကာကျွန်း၊ ပြင်သစ်အနောက်အာဖရိကနှင့် အီကွေတိုးရီးယဲ အာဖရိကတို့ သည်လည်းကောင်း လွတ်လပ်ရေးရခဲ့သည်။ မက်ဒါဂတ်စကာ ကျွန်းသည် မာလာဂါဆီသမ္မတနိုင်ငံဟူ၍ ဖြစ်လာသည်။ ၁၉၆၂ ခုနှစ်တွင် အယ်လဂျီးရီးယားသည် လွတ်လပ်ရေး ရရှိခဲ့သည်။ ပြင်သစ် အနောက်အာဖရိကသည် မော်ရီတေးနီးယား၊ မာလီ၊ ဆင်နီဂေါ၊ အိုင်ဗရီကို့၊ အထက် ဗော်လတာ၊ နိုင်ဂျာ၊ ဒါဟိုမီ၊ တိုဂိုစသော နိုင်ငံများဖြစ်လာ၍ ပြင်သစ်အီကွေတိုးရီးယဲ အာဖရိကသည် ချဒ်နိုင်ငံ၊ အလယ်ပိုင်း အာဖရိကသမ္မတနိုင်ငံ၊ ကွန်ဂိုသမ္မတနိုင်ငံ၊ ဂါဗွန်နိုင်ငံဟူ၍ အသီးသီးဖြစ်လာသည်။ ဗြိတိသျှတို့ လက်အောက်မှလည်း ၁၉၂၂ ခုနှစ်တွင် အီဂျစ် နိုင်ငံသည်လည်းကောင်း၊ ၁၉၃၁ ခုနှစ်တွင် တောင် အာဖရိက ပြည်ထောင်စုနိုင်ငံသည်လည်းကောင်း၊ ၁၉၅၆ ခုနှစ်တွင် ဆူဒန် ပြည်သည်လည်းကောင်း၊ ၁၉၆ဝ ပြည့်နှစ်တွင် ဂိုးလကို့၊ ဗြိတိသျှဆိုမာလီလန်နှင့် နိုင်ဂျီးရီးယားနယ်တို့သည်လည်း ကောင်း၊ ၁၉၆၁ ခုနှစ်တွင် ဆီယားရားလေအွန်းနယ်တို့သည် လည်းကောင်း၊ ၁၉၆၂ ခုနှစ်တွင် တန်ဂန်ယီးဂနှင့် ယူဂန်းဒါး တို့သည်လည်းကောင်း၊ ၁၉၆၃ ခုနှစ်တွင် ကင်ညာနှင့် ဇန်ဇိဗာ တို့ သည်လည်းကောင်း၊ ၁၉၆၄ ခုနှစ်တွင် မြောက်ရိုဒီးဇီးယား နှင့် နီယာစာလန်နယ်တို့သည်လည်းကောင်း လွတ်လပ်ရေး ကျေညာခဲ့၍၊ ၁၉၆၅ ခုနှစ်တွင် တောင်ရိုဒီးဇီးယားနယ်က ရိုဒီးဇီးယားနိုင်ငံဟု တစ်ဖက်သတ် လွတ်လပ်ရေးကျေညာခဲ့၍၊ ၁၉၆၅ ခုနှစ်မှာပင် ဂမ္ဗီယာနယ်သည်လည်းကောင်း၊ ၁၉၆၆ ခုနှစ်တွင် ဗက်ချူအာနာလန်နှင့် ဗာဆူးတိုလန်နယ်တို့သည် လည်းကောင်း လွတ်လပ်လာခဲ့ပြီးလျှင် ၁၉၆၈ ခုနှစ်တွင် ဆွာဇီလန်နယ်သည်လည်းကောင်း၊ မောရစ်ရှပ်ကျွန်းသည် လည်းကောင်း လွတ်လပ်လာခဲ့လေသည်။ ဂိုးလကို့နယ်ကို ဂါနာနိုင်ငံဟု ပြောင်းလဲမှည့်ခေါ်ထားသည်။ ထိုပြင် ဗက်ချူ အာနာလန်ကို ဗောဆွာနာဟူ၍လည်းကောင်း၊ ဗာဆူးတိုလန်ကို လီဆိုသိုဟူ၍လည်းကောင်း ပြောင်းလဲမှည့်ခေါ်ထား၏။ မြောက်ရိုဒီးဇီးယားကို ဇမ်ဗီယာသမ္မတနိုင်ငံဟုလည်းကောင်း၊ နီယာစာလန်နယ်ကို မာလာဝီနိုင်ငံဟုလည်းကောင်း ပြောင်းလဲ မှည့်ခေါ်ထားသည်။ တန်ဂန်ယီးကနှင့်ဇုန်ဇိဗာ နှစ်နိုင်ငံကလည်း ၁၉၆၄ ခုနှစ်တွင်ပေါင်းကာ တန်ဂန်ယီးက ဇန်ဇိဗာသမ္မတနိုင်ငံ ဟူသော အမည်ဖြင့် ထူထောင်သည်။ ထိုနှစ် အောက်တိုဘာလ ၃ဝ ရက်နေ့မှစ၍ ယင်းနိုင်ငံကို တန်ဇာနီယာနိုင်ငံဟု ခေါ်တွင် လာခဲ့သည်။ အီတလီအစိုးရလက်အောက်မှ ၁၉၅၁ ခုနှစ်တွင် လစ်ဗျနိုင်ငံ သည်လည်းကောင်း၊ ဒုတိယကမ္ဘာစစ်အပြီးတွင် အီရစ်ထရီးယား ပြည်သည်လည်းကောင်း၁၉၆ဝပြည့်နှစ်တွင်အီတာလျံဆိုမာလီလန် နယ်သည်လည်းကောင်း လွတ်လပ်ရေးရခဲ့သည်။ အီရစ်ထရီး ယားသည် အီသီအိုပီးယားနိုင်ငံထဲသို့ ရောက်ရှိသွား၍ အီတာလျံ ဆိုမာလီလန်နယ်သည် လွတ်လပ်သွားပြီဖြစ်သော ဗြိတိသျှဆိုမာလီနယ်နှင့် ပေါင်း၍ ဆိုမာလီယာသမ္မတနိုင်ငံ အဖြစ် တည်ထောင်ခဲ့သည်။ ဗဲလဂျီယန်အစိုးရထံမှ ၁၉၆ဝ ပြည့်နှစ်တွင် ကွန်ဂိုနိုင်ငံ သည်လည်းကောင်း၊ ၁၉၆၂ ခုနှစ်တွင် ရူအန်းဒါးနယ်နှင့် အူရွန်ဒီနယ်တို့သည်လည်းကောင်း လွတ်လပ်ရေးရခဲ့သည်။ ကွန်ဂိုနိုင်ငံသည် ကွန်ဂို ဒီမိုကရက်တစ် သမ္မတနိုင်ငံဟု မှည့်ခေါ်ခဲ့ရာမှ ၁၉၇၁ ခုနှစ်တွင် ဇိုင်ယာသမ္မတနိုင်ငံဟု ပြောင်းလဲမှည့် ခေါ်ခဲ့၏။ ရူအန်းဒါးသည် အာဝမ်ဒါး သမ္မတ နိုင်ငံဟူ၍လည်းကောင်း၊ အူရွန်ဒီသည် ဗူရွန်ဒီနိုင်ငံဟူ၍ လည်းကောင်း ခေါ်ဝေါ်လာခဲ့သည်။ စပိန်ပိုင် မိုရော့ကိုနယ် ကလေးသည် စပိန်တို့လက်အောက်မှ လွတ်မြောက် လာခဲ့ပြီး နောက် ပြင်သစ်ပိုင် မိုရော့ကိုနယ်နှင့်ပေါင်းကာ မိုရော့ကိုနိုင်ငံ ထူထောင်ကြသည်။ စပိန်ပိုင် ဂင်းနီနယ်သည်လည်း ၁၉၆၈ ခုနှစ်တွင် လွတ်လပ်ရေး ရခဲ့သည်။ ပြင်သစ်တို့ ထိန်းသိန်း စောင့်ရှောက်ခဲ့ရသော ကမ္မရွန်းနယ်သည်လည်း ၁၉၆ဝ ပြည့်နှစ်တွင် လွတ်လပ်သောနိုင်ငံ ဖြစ်လာခဲ့လေသည်။ ၁၉၇၄ ခုနှစ်တွင် ပေါ်တူဂီဂင်းနီနယ်သည် လွတ်မြောက်ခဲ့၍ ဂင်းနီ-ဗစ်ဆောသမ္မတနိုင်ငံ ဖြစ်လာခဲ့ လေသည်။[၁၉]

၉ ရာစုမှ ၁၈ ရာစုအတွင်း

ဘာဂွီမီတိုင်းပြည်မှ သံချပ်ဝတ် အာဖရိက မြင်းသည်တော် တစ်ဦး
ယခု ဗြိတိသျှပြတိုက်တွင် တွေ့ရသော ၉ ရာစု အစ်ဂ်ဘို အွတ်ဝူးမြို့မှ အစ်ဂဘိုတို့၏ ကြေးထည်။[၂၀]

ကိုလိုနီခေတ် မတိုင်မီ အာဖရိကတွင် တိုင်းပြည်နှင့် လူမျိုးအစုအဝေးပေါင်း ၁ သောင်း ခန့်အထိ ရှိနိုင်ပြီး[၂၁] အမျိုးမျိုး ကွဲပြားသော နိုင်ငံရေး အဖွဲ့အစည်းများနှင့် အုပ်ချုပ်မှုများ အဖြစ် တည်ရှိကြသည်။ ထိုအထဲတွင် အာဖရိက တောင်ပိုင်းရှိ ဆန် (San) ကဲ့သို့သော မုဆိုးနှင့် ရှာဖွေစုဆောင်းသူ အုပ်စု အသေးစားများမှ စ၍ ပို၍ကြီးမားပြီး စနစ်ကျသော အာဖရိက အလယ်ပိုင်းနှင့် တောင်ပိုင်းမှ ဘန်တူ ဘာသာစကားပြောသော မိသားစု အဖွဲ့အစည်းများ၊ ပိုမို၍ စနစ်တကျ စုစည်းထားသော အာဖရိက ဦးချိုဒေသ ရှိ မျိုးနွယ်စုများ၊ ကြီးမားသော ဆာဟီလီယန် တိုင်းပြည်၊ အနောက် အာဖရိကရှိ ကိုယ်ပိုင်အုပ်ချုပ်ရေး ရှိသော အာကန်၊ ရိုယူဘာ၊ အစ်ဂဘို လူမျိုးတို့၏ မြို့များ နှင့် တိုင်းပြည်များ၊ အရှေ့အာဖရိကရှိ ဆွာဟီလီ တို့၏ ကမ်းရိုးတန်း ကုန်သွယ်ရေးမြို့များ ပါဝင်သည်။

၉ရာစုသို့ ရောက်သော အခါတွင် အစောဆုံး ဖြစ်ပေါ်ခဲ့သော ဟောဆာတိုင်းပြည် အပါအဝင် အခြားတိုင်းပြည်များသည် ဆဟာရတောင်ပိုင်း အနောက်ပိုင်း ဒေသမှ ဆာဗားနား မြက်ခင်းပြင် ဒေသများကိုဖြတ်၍ ဆူဒန် အလယ်ပိုင်း အထိ ချဲ့ထွင်လာခဲ့သည်။ ထိုတိုင်းပြည်များတွင် အင်အားအကြီးဆုံးမှာ ဂါနာပြည်၊ ဂေါပြည်၊ ကာနမ်-ဘော်နု အင်ပိုင်ယာ စသည်တို့ ဖြစ်ကြသည်။ ဂါနာသည် ၁၁ ရာစုတွင် အင်အား ကျဆင်းလာခဲ့ပြီး မာလီ အင်ပိုင်ယာ မှ ၎င်း၏ နေရာတွင် ဆက်ခံခဲ့သည်။ မာလီအင်ပိုင်ယာမှ ၁၃ ရာစု အတွင်း ဆူဒန်အနောက်ပိုင်းဒေသများကို စုစည်းခဲ့သည်။ ကာနမ်တို့က ၁၁ ရာစုတွင် အစ္စလာမ် ဘာသာကို စတင် ကျင့်သုံးခဲ့သည်။

အနောက်အာဖရိက ကမ်းရိုးတန်းရှိ တောထူထပ်သော ဒေသများတွင် မြောက်ဘက် မွတ်ဆလင်ဒေသများ၏ လွှမ်းမိုးမှု အနည်းငယ်သာ ရှိပြီး လွတ်လပ်သော တိုင်းပြည်များ ပေါ်ထွန်းလာခဲ့သည်။ အစ်ဂ်ဘို လူမျိုးတို့၏ နရီပြည်သည် ၉ ရာစုတွင် စတင် တည်ထောင်ခဲ့ပြီး ပထမဆုံး ထူထောင်ခဲ့သော တိုင်းပြည်များတွင် တစ်ခု အပါအဝင် ဖြစ်သည်။ ယနေ့ခေတ် နိုင်ဂျီးရီးယားနိုင်ငံ နေရာတွင် ရှေးအကျဆုံးသော တိုင်းပြည်ဖြစ်ပြီး အက်ဇ်နရီမှ အုပ်ချုပ်မင်းလုပ်ခဲ့သည်။ အစ်ဂ်ဘိုတို့၏ တိုင်းပြည်သည် ၎င်းတို့ ဖန်တီး ထုတ်လုပ်ခဲ့သော ကြေးထည် အမျိုးမျိုးကြောင့် ထင်ရှားပြီး ၎င်းတို့ကို အစ်ဂ်ဘို အွတ်ဝူးမြို့တွင် တွေ့ရသည်။ ထိုကြေးထည်များမှ ၉ ရာစုတွင် ပြုလုပ်ခဲ့ကြောင်း အထောက်အထားများ အရ သိရသည်။[၂၂]

အရှန်တီတို့၏ ယမ်ပွဲတော် (သောမတ်စ် အီး ဘောဒစ်ရှ် ၁၉ ရာစု)

အီဖေးပြည်မှ အိုနီ ဟုခေါ်သော ဘာသာတရား ကိုင်းရှိုင်းသော ဘုရင်တစ်ယောက်က ရိုယူဘာ လူမျိုးတို့၏ တိုင်းပြည် အီဖေး (Ife) ကို တည်ထောင်ခဲ့သည်။ အီဖေးပြည်သည် အာဖရိကတွင် အဓိက ဘာသာရေး နှင့် ယဉ်ကျေးမှုဆိုင်ရာ အချက်အခြာ ဌာနတစ်ခု ဖြစ်ပြီး သူ့ လက်ရာနှင့် သူ သီးသန့်ရှိနေသော ကြေးသွန်း ရုပ်ထုများကြောင့် ထင်ရှားသည်။ အီဖေး၏ ပုံစံကို အတုယူ၍ အိုယိုမှ အလာဖင်က အိုယို (Oyo) တိုင်းပြည်ကို ထူထောင်ခဲ့ပြီး ရိုယူဘာ လူမျိုးများ အပြင် အခြား ရိုယူဘာ မဟုတ်သော လူမျိုးများကို အိုယိုမှ အုပ်ချုပ်ခဲ့သည်။ ဒါဟိုမေး မှ ဖောင်တိုင်းပြည်သည် အိုယိုပြည်မှ အုပ်ချုပ်သော ရိုယူဘာ မဟုတ်သည့် အခြားလူမျိုးတို့၏ တိုင်းပြည်ဖြစ်သည်။

အယ်လ်မိုရာဗစ်သည် ဆာဟာရမှ ဘာဘာလူမျိုးတို့၏ ဆွေမျိုးစု တစ်ခုဖြစ်ပြီး ၁၁ ရာစု အတွင်းတွင် မြောက်အာဖရိကရှိ ဧရိယာ အတော်များများမှ အိုင်ဘေးရီးယန်း ကျွန်းဆွယ်အထိ ပျံ့နှံ့နေထိုင်ခဲ့သည်။[၂၃] ဘာနု ဟီလယ် နှင့် ဘာနု မာဂီလ် တို့မှာမူ အာရပ်ကျွန်းဆွယ်မှ အာရပ် ဘယ်ဒိုရင် မျိုးနွယ်စုများ ဖြစ်ကြပြီး ၁၁ ရာစုမှ ၁၃ ရာစုအတွင်း အီဂျစ်ကို ဖြတ်၍ အနောက်သို့ ရွှေ့ပြောင်းလာခဲ့ကြခြင်း ဖြစ်သည်။ ထိုသို့ ပြောင်းရွှေ့ခြင်းကြောင့် ဘာဘာလူမျိုး နှင့် အာရပ် လူမျိုးတို့ ရောနှောသွားကြပြီး ဒေသခံများတွင် အာရပ်ယဉ်ကျေးမှုတို့ လွှမ်းမိုးခြင်း ခံရပြီး[၂၄] အစ္စလာမ် ဘာသာအောက်တွင် ဒေသခံ ယဉ်ကျေးမှုနှင့် အာရပ် ယဉ်ကျေးမှုတို့ ရောထွေးသွား ခဲ့သည်။[၂၅]

မဟာ ဇင်ဘာဘွေ၏ အပျက်အစီးများ (11th–15th c.)

မာလီတိုင်းပြည် ပြိုကွဲသွားပြီးနောက် ဆိုနီ အလီဟု အမည်ရသော ဒေသခံ ခေါင်းဆောင် တစ်ယောက်က နိုင်ဂျာ အလယ်ပိုင်းနှင့် ဆူဒန် အနောက်ပိုင်း နေရာတွင် ဆုံဟိုင်းအင်ပိုင်ယာကို တည်ထောင်ခဲ့ပြီး ဆဟာရကို ဖြတ်သန်းသော ကုန်သွယ်မှုကို ထိန်းချုပ်ခဲ့သည်။ ဆိုနီအလီသည် တင်ဘတ်တူ (Timbuktu) ကို ၁၄၆၈ တွင် သိမ်းပိုက်ခဲ့ပြီး ဂျန်း(Jenne )ကို ၁၄၇၃ တွင် သိမ်းပိုက်ခဲ့ကာ ကုန်သွယ်မှုမှ ရသော အမြတ်အစွန်းများနှင့် မွတ်ဆလင် ကုန်သွယ်တို့နှင့် ပူးပေါင်းပြီး သူ၏ အစိုးရကို တည်ထောင်ခဲ့သည်။ သူ့ကို ဆက်ခံသူ အက်စကီယာ မိုဟာမက်က အစ္စလာမ် ဘသာသာကို နိုင်ငံတော် ဘာသာ အဖြစ် သတ်မှတ်ကာ ဗလီများ တည်ဆောက်ပြီး မွတ်ဆလင် ပညာရှင်များကို ခေါ် သွင်း လာခဲ့သည်။ ၁၁ ရာစုသို့ ရောက်သောအခါတွင် ကာနို၊ ဂျီဂါဝါ၊ ကတ်စီနာ နှင့် ဂိုဘီယာ အစရှိသော ဟောဆာ တိုင်းပြည်များသည် တံတိုင်းခေတ်ထားသော မြို့များ အသွင် ပြောင်းလာခဲ့ကြပြီး ကုန်သွယ်မှုများ ပြုကာ လှည်းယာဉ်တန်းများကို ဝန်ဆောင်မှု ပေးခြင်း၊ ကုန်ပစ္စည်းများ ထုတ်လုပ်ခြင်း စသည့် အလုပ်များကိုလည်း လုပ်ကိုင်လာခဲ့ကြသည်။ ၁၅ ရာစု အထိ တိုင်အောင်ပင် ထိုနိုင်ငံငယ်ကလေးများမှာ ထိုခေတ် ထိုအခါက ဆူဒန် အင်ပိုင်ယာများ၏ တစိတ်တပိုင်းဖြစ်ခဲ့ပြီး အနောက်ဘက် ဆုံဟိုင်း အင်ပိုင်ယာ နှင့် အရှေ့ဘက်မှ ကာနန် ဘိုနို အင်ပိုင်ယာ တို့၏ ဩဇာခံ တိုင်းပြည်များ ဖြစ်ခဲ့သည်။

ကျွန်ရောင်းဝယ်မှု၏ အထွဋ်အထိတ် ကာလ

ဘီနင်နိုင်ငံ အွီဒါရှိ ပြန်လမ်းမရှိသော တံခါးဝ ဟုခေါ်သည့် ကျွန်သင်္ဘောများ ထွက်ခွာရာ နေရာ

အာဖရိကတွင် ကျွန်စနစ် တည်ရှိခဲ့သည်မှာ ရှေးယခင်ကတည်းက ဖြစ်သည်။[၂၆][၂၇] ၇ ရာစုမှ ၂၀ ရာစုအတွင်းတွင် အာရပ် ကျွန်ကုန်သွယ်ရေး လုပ်ငန်းမှတဆင့် သန်းကို ဆာဟာရကို ဖြတ်၍ လည်းကောင်း၊ အိန္ဒိယသမုဒ္ဒရာကို ဖြတ်၍ လည်းကောင်း အာဖရိကမှ ကျွန်ပေါင်း ၁၈ သန်းကို ကုန်သွယ်မှု ပြုခဲ့သည်။ ၁၅ ရာစု မှ ၁၉ ရာစု အထိ နှစ် ၅၀၀ အတွင်း အတ္တလန္တိတ် ကျွန်ကုန်သွယ်ရေးလုပ်ငန်းမှ ခန့်မှန်းခြေ ကျွန်ပေါင်း ၇ သန်း မှ ၁၂ သန် အထိကို အမေရိကားသို့ တင်ပို့ခဲ့သည်။ [၂၈][၂၉][၃၀]

၁၈၂၀ ခုနှစ်များ၌ အနောက်အာဖရိကတွင် အတ္တလန္တိတ် ကျွန်ကုန်သွယ်မှု ကျဆင်းလာသော အခါတွင် ဒေသခံ လူ့အဖွဲ့အစည်းများအတွင်း စီးပွားရေး အခြေအနေ သိသိသာသာ ပြောင်းလဲ လာခဲ့သည်။ ကျွန်ကုန်သွယ်မှု တဖြည်းဖြည်း ကျဆင်းလာရခြင်း ၏ အကြောင်းမှာ အမေရိကားမှ ကျွန်လိုအပ်မှု လျော့နည်းလာခြင်း၊ အမေရိကားနှင့် ဥရောပတွင် ကျွန်စနစ် ဖျက်သိမ်းရေး ဥပဒေများ တိုးပွားလာခြင်းနှင့် ဗြိတိသျှ တော်ဝင်ရေတပ်မှ အနောက်အာဖရိက ကမ်းရိုးတန်း အလွန်တွင် တပ်စွဲပြီး အာဖရိက နိုင်ငံများကို စီးပွားရေး လုပ်ငန်းအသစ်များ လုပ်ကိုင်ရန် အတွက် ဖိအားပေးမှု များကြောင့် ဖြစ်သည်။ ၁၈၀၈ မှ ၁၈၀၆ ခုနှစ် အတွင်းတွင် ဗြိတိသျှ အနောက် အာဖရိက တပ်မှ ကျွန်သင်္ဘောပေါင်း ၁၆၀၀ ခန့်ကို သိမ်းပိုက်ခဲ့ပြီး သင်္ဘောများ ပေါ်ရှိ ကျွန်ပေါင်း ၁သိန်းခွဲ ကျော်ကို ပြန်လွှတ်ပေးခဲ့သည်။[၃၁]

ကျွန်ရောင်းဝယ်မှုကို တရားမဝင် သတ်မှတ်ရန် ဖြစ်သည့် ဗြိတိသျှတို့၏ ပဋိဉာဏ်စာချုပ်ကို သဘောတူရန် ငြင်းဆန်သော အာဖရိက ခေါင်းဆောင်များကိုလည်း ထိရောက်စွာ အရေးယူခဲ့သည်။ ဥပမာအားဖြင့် လာဂို့စ်ဘုရင်အား ၁၈၅၁ ခုနှစ်တွင် အာဏာမှ ဖယ်ရှားခဲ့ခြင်းမျိုးပင် ဖြစ်သည်။ ထို့နောက် အာဖရိက အုပ်ချုပ်သူပေါင်း ၅၀ ကျော်နှင့် ကျွန်ရောင်းဝယ်မှုကို ဆန့်ကျင်သည့် ပဋိဉာဏ်စာချုပ်များ ချုပ်ဆိုခဲ့သည်။ [၃၂] အနောက် အာဖရိကရှိ အင်အားကြီးတိုင်းပြည်များ ဖြစ်ကြသော အဆန်တီပြည်၊ ဒါဟိုမေးပြည်နှင့် အိုယို အင်ပိုင်ယာတို့သည် အပြောင်းအလဲနှင့် တပြေးညီ ဖြစ်ရန် ကွဲပြားခြားနားသော နည်းလမ်းများကို အသုံးပြုခဲ့ကြသည်။ အဆန်တီနှင့် ဒါဟိုမေတို့သည် ဆီအုန်း၊ ကိုကိုး၊ သစ်နှင့် ရွှေတို့ကို တရားဝင် ရောင်းဝယ်ဖောက်ကား နိုင်ရန် ကြိုးစားခဲ့ကြပြီး အနောက်အာဖရိက၏ ခေတ်သစ် ပြည်ပသို့ ကုန်တင်ပို့မှုအတွက် အခြေခံ အဆောက်အအုံကို တည်ဆောက်ခဲ့ကြသည်။ အပြောင်းအလဲနှင့် တပြေးညီ မလိုက်နိုင်သော အိုယိုအင်ပိုင်ယာမှာမူ ပြည်တွင်းစစ်များဖြင့် ပြိုကွဲခဲ့ ရသည်။ [၃၃]

ကိုလိုနီခေတ်နှင့် အာဖရိကတဝှမ်း အပြိုင်အဆိုင်နယ်ချဲ့ကြခြင်း

၁၉၁၃ ခုနှစ်တွင် ကိုလိုနီနယ်ချဲ့နိုင်ငံကြီးများက အာဖရိကတဝှမ်းတွင် ထိန်းချုပ်ခြင်း၊ လွှမ်းမိုးခြင်း၊ သူတို့နှင့် သက်ဆိုင်သော မြေအဖြစ် တောင်းဆိုခြင်း ပြုထားသော နေရာများကို ပြသပုံ။
  ဘယ်လ်ဂျီယမ်
  ဂျာမနီ
  စပိန်
  ပြင်သစ်
  ယူကေ
  အီတလီ
  ပေါ်တူဂီ
  လွတ်လပ်သောနိုင်ငံ

၁၉ ရာစုနှောင်းပိုင်းတွင် ဥရောပရှိ ကိုလိုနီနယ်ချဲ့နိုင်ငံကြီးများက အာဖရိက တဝှမ်းတွင်ရှိသော နယ်မြေများကို အပြိုင်အဆိုင် နယ်ချဲ့ကြပြီး တိုက်ကြီး၏ နေရာ တော်တော်များများတွင် ခြေကုပ်ယူကြကာ ကိုလိုနီနယ်မြေ အများအပြားကို ဖော်ထုတ်ခဲ့ကြသည်။ ထိုအချိန်တွင် အီသီယိုးပီးယားနိုင်ငံ နှင့် လိုက်ဘေးရီးယားနိုင်ငံ နှစ်နိုင်ငံသာလျှင် လွတ်လပ်သော နိုင်ငံများအဖြစ် ကျန်ရှိခဲ့ကြသည်။ အီဂျစ်နိုင်ငံ နှင့် ဆူဒန်နိုင်ငံတို့ကို ကိုလိုနီနယ်မြေများ အဖြစ် တရားဝင် သွတ်သွင်းခဲ့ခြင်း မရှိသော်လည်း ၁၈၈၂ ခုနှစ် ဗြိတိသျှတို့ ကျူးကျော်ဝင်ရောက် ပြီးချိန်တွင် အီဂျစ်နိုင်ငံသည် ဗြိတိသျှတို့၏ ထိန်းချုပ်မှု အောက်သို့ ကျရောက်ခဲ့သည်မှာ ၁၉၂၂ တိုင်အောင်ပင် ဖြစ်သည်။

ဘာလင် ကွန်ဖရင့်

၁၈၈၄-၈၅ တွင် ကျင်းပခဲ့သော ဘာလင်ကွန်ဖရင့်သည် အာဖရိက လူမျိုးစုများ၏ နိုင်ငံရေး အနာဂတ် အတွက် အရေးပါသော အဖြစ်အပျက် တစ်ခု ဖြစ်သည်။ ထိုကွန်ဖရင့်ကို ဘယ်လ်ဂျီယမ် ဘုရင် လီယိုပို ၂ မှ ဦးဆောင်ကျင်းပခဲ့ပြီး အာဖရိကရှိ နယ်မြေများကို ပိုင်ဆိုင်ကြောင်း အပြိုင်အဆိုင် ငြင်းဆိုနေကြသည့် ဥရောပနိုင်ငံကြီးများ တက်ရောက်ခဲ့ကြသည်။ ထိုကွန်ဖရင့်မှ ဥရောပနိုင်ငံကြီးများ အာဖရိကတွင် အပြိုင်အဆိုင်နယ်ချဲ့နေမှုကို ရပ်တန့်၍ မိမိတို့နှင့် သက်ဆိုင်သော အစိတ်အပိုင်းများနှင့် ဩဇာသက်ရောက်ရာ နယ်မြေများကို ခွဲခြားသတ်မှတ်ခဲ့ကြသည်။ သူတို့သည် အာဖရိကတိုက် အတွင်း သူတို့နှင့် သက်ဆိုင်သော နိုင်ငံရေးနယ်နိမိတ်များကို သတ်မှတ်ခဲ့ကြပြီး ထိုနယ်နိမိတ်များမှာ ယနေ့အထိ တည်တံ့နေခဲ့သည်။

လွတ်လပ်ရေး ကြိုးပမ်းမှုများ

ဥရောပနိုင်ငံကြီးများ၏ နယ်ချဲ့အုပ်ချုပ်မှုသည် ဒုတိယကမ္ဘာစစ် ပြီးသည့်တိုင်အောင် တည်ရှိခဲ့ပြီး ထိုအချိန်မှသာ ကျန်ရှိနေသော ကိုလိုနီနယ်မြေ အားလုံး တဖြည်းဖြည်းချင်းဖြင့် တစ်နိုင်ငံပြီး တစ်နိုင်ငံ လွတ်လပ်ရေး ရရှိလာခဲ့ကြသည်။ ဥရောပရှိ နိုင်ငံကြီးများသည် ဒုတိယကမ္ဘာစစ် အပြီးတွင် အင်အားနည်းလာကြပြီး အာဖရိက လွတ်လပ်ရေး လှုပ်ရှားမှုသည် အရှိန်ရလာခဲ့သည်။ ၁၉၅၁ ခုနှစ်တွင် ယခင်က အီတလီ၏ ကိုလိုနီနယ်မြေဖြစ်သော လစ်ဗျားနိုင်ငံသည် လွတ်လပ်ရေး ရရှိခဲ့သည်။ ၁၉၅၆တွင် တူနီးရှားနိုင်ငံနှင့် မော်ရိုကိုနိုင်ငံ တို့သည် ပြင်သစ်မှ လွတ်လပ်ရေး ရရှိခဲ့ကြသည်။[၃၄] ဂါနာနိုင်ငံ သည် နောက်တစ်နှစ် (၁၉၅၇ မတ်လ) တွင် လွတ်လပ်ရေး ရခဲ့ပြီး[၃၅] ဆဟာရတောင်ပိုင်း နိုင်ငံများတွင် ပထမဆုံး လွတ်လပ်ရေး ရခဲ့ခြင်းပင် ဖြစ်သည်။ နောက်ဆယ်စုနှစ် အတွင်းတွင် အာဖရိကတိုက် တစ်ခုလုံးရှိ လွတ်လပ်ရေး မရသေးသော နိုင်ငံများ အားလုံးနီးပါး လွတ်လပ်ရေး ရခဲ့ကြသည်။

ပေါ်တူဂီတို့၏ ရေမြေခြားနယ်မြေများ ဖြစ်သော ဆာဟာရတောင်ပိုင်း ရှိ အင်ဂိုလာနိုင်ငံကိတ်ဗာဒီနိုင်ငံမိုဇမ်ဘစ်နိုင်ငံဂင်းနီဘစ်ဆောနိုင်ငံ နှင့် ဆောင်တူမေးနှင့်ပရင်စီပီနိုင်ငံ တို့သည် ပေါ်တူဂီ၏ ပိုက်နက်အဖြစ် ၁၆ ရာစုမှ စ၍ ၁၉၇၅ အထိ တိုင်အောင် ရှိနေခဲ့သည်။ လစ်စဘွန်းတွင် စစ်တပ်မှ အာဏာသိမ်းမှု ဖြစ်ပွားပြီး အက်စ်တာဒို နိုဗို အစိုးရကို ဖြုတ်ချလိုက်ပြီးသည့် အခါတွင်မှ လွတ်လပ်ရေး ရခဲ့ကြသည်။ ရိုဒီးရှားသည် ယူနိုက်တက် ကင်းဒမ်း ၏ ထိန်းချုပ်မှု အောက်မှ လွတ်မြောက်သော နိုင်ငံ ဖြစ်ကြောင်း မိမိသဘော ဖြင့် ကြေငြာခဲ့သော်လည်း ကဲ့သို့ပင် ၁၉၈၀ အထိ အသိအမှတ်ပြု မခံခဲ့ရပေ။ ၁၉၈၀ ပြည့်နှစ်မှသာလျှင် ဇင်ဘာဘွေနိုင်ငံ အဖြစ်ဖြင့် လွတ်လပ်ရေး ရရှိခဲ့သည်။ တောင်အာဖရိကနိုင်ငံ သည် အစောဆုံး လွတ်လပ်ရေး ရခဲ့သော နိုင်ငံများတွင် တစ်နိုင်ငံ အပါအဝင် ဖြစ်သော်လည်း ထိုနိုင်ငံရှိ လူနည်းစု လူဖြူများ၏ အသားအရောင်ခွဲခြားမှု စနစ်ဖြင့် အုပ်ချုပ်မှုအောက်တွင် ရှိနေခဲ့သည်မှာ ၁၉၉၄ အထိ တိုင်အောင်ပင် ဖြစ်သည်။

ကိုလိုနီခေတ်လွန် အာဖရိက

ယနေ့ခေတ်တွင် အာဖရိ၌ အချုပ်အခြာအာဏာပိုင် နိုင်ငံပေါင်း ၅၄ နိုင်ငံ ပါဝင်သည်။ အများစုမှာ ဥရောပကိုလိုနီ နယ်မြေများ ခွဲဝေစဉ်အခါက ရေးဆွဲထားခဲ့သော နယ်နိမိတ်မျဉ်းများ အတွင်းတွင် တည်ရှိနေဆဲပင် ဖြစ်သည်။ ကိုလိုနီစနစ် လွန်မြောက်ပြီးသည့် နောက်တွင် အာဖရိကနိုင်ငံများသည် မတည်ငြိမ်မှု၊ အကျင့်ပျက်ချစားမှု၊ အကြမ်းဖက်မှု၊ အာဏာရှင်စနစ် များနှင့် အမြဲမကြာခဏ ဆိုသလို ကြုံတွေ့နေရသည်။ အာဖရိကနိုင်ငံ အများစုမှာ သမ္မတနိုင်ငံများ ဖြစ်ကြပြီး သမ္မတစနစ်တစ်မျိုးမျိုးဖြင့် အုပ်ချုပ်ကြသည်။ သို့သော်လည်း နိုင်ငံအနည်းငယ်သာလျှင် ဒီမိုကရေစီ အစိုးရများကို တည်တံ့အောင် ထိန်းသိမ်းထားနိုင်ကြပြီး အများစုမှာ အာဏာသိမ်းမှုများဖြင့် ဆက်တိုက် ကြုံတွေ့နေရပြီး စစ်အာဏာရှင်များ ပေါ်ထွက်နေကြသည်။

မတည်ငြိမ်မှုများ အကြီးအကျယ် ဖြစ်ပွားရခြင်း၏ အကြောင်းမှာ ခေါင်းဆောင်များ၏ လူမျိုးစု အချင်းချင်း မျက်နှာလိုက်ခြင်း နှင့် နိုင်ငံရေး ဆိုင်ရာ အကျင့်ပျက် ချစားမှုများကြောင့် ဖြစ်သည်။ နိုင်ငံရေး အရ အသာစီး ရစေရန်အတွက် ခေါင်းဆောင်အများစုမှာ လူမျိုးရေဆိုင်ရာ ပဋိပက္ခများကို မီးထိုးပေးခြင်း ဖန်တီးပေးခြင်းတို့ကို ပြုလုပ်လေ့ ရှိကြသည်။ အာဖရိက နိုင်ငံ အများစုတွင် စစ်တပ်ကသာလျှင် အာဏာကို သက်ရောက်အောင် အုပ်ချုပ်နိုင်သော အဖွဲ့အဖြစ် မြင်ကြပြီး ၁၉၇၀ ခုနှစ်များ နှင့် ၁၉၈၀ ခုနှစ်များတွင် စစ်တပ်များက နိုင်ငံ အများအပြားကို အုပ်ချုပ်ခဲ့ကြသည်။ ၁၉၆၀ ခုနှစ်များ အစောပိုင်းမှ ၁၉၈၀ ခုနှစ်များ အတွင်းတွင် အာဖရိက၌ အာဏာသိမ်းမှု အခါ ၇၀ နှင့် သမ္မတအား လုပ်ကြံသတ်ဖြတ်မှု ၁၃ ကြိမ် ဖြစ်ပွားခဲ့သည်။ နယ်စပ်နှင့် နယ်နိမိတ် အငြင်းပွားမှုမှာလည်း အမြဲလိုလို ဖြစ်ပွားလေ့ ရှိပြီး ဥရောပနိုင်ငံများက ရေးဆွဲခဲ့သော နယ်နိမိတ်များကို နိုင်ငံများ အတွင်းတွင် လက်နက်ကိုင် တိုက်ပွဲများဖြင့် ဖြေရှင်းလေ့ ရှိကြသည်။

အမေရိကန်ပြည်ထောင်စုနှင့် ဆိုဗီယက်ပြည်ထောင်စု ကြားမှ စစ်အေးတိုက်ပွဲ နှင့် အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ ၏ ပေါ်လစီများ ကလည်း မတည်မငြိမ် ဖြစ်မှုများတွင် တခန်း တကဏ္ဍမှ ပါဝင်ကြသည်။ နိုင်ငံငယ်များသည် လွတ်လပ်ရေး ရပြီးပြီးချင်း အင်အားကြီးနိုင်ငံ တစ်နိုင်ငံ ဘက်မှ ရပ်တည်ရန် အားသန်ကြသည်။ မြောက်အာဖရိကမှ နိုင်ငံအများစုမှာ ဆိုဗီယက်မှ စစ်ရေးအကူအညီများ ရရှိကြပြီ: အာဖရိက အလယ်ပိုင်းနှင့် တောင်ပိုင်းနိုင်ငံများမှာ အမေရိကန်ပြည်ထောင်စု သို့ ပြင်သစ် သို့မဟုတ် နှစ်နိုင်ငံစလုံးမှ အကူအညီများ ရရှိကြသည်။ ၁၉၇၀ တွင် ပဋိပက္ခများ ပိုမို တိုးပွား လာခဲ့သည်။ ထိုစဉ်က အသစ်စက်စက် လွတ်လပ်ရေးရလာသော အင်ဂိုလာနိုင်ငံ နှင့် မိုဇမ်ဘစ်နိုင်ငံ တို့သည် ဆိုဗီယက်ဘက်မှ ရပ်တည်ရန် ကြိုးစားခဲ့ပြီး အနောက်အာဖရိကနှင့် တောင်အာဖရိကတို့သည် ဆိုဗီယက်၏ လွှမ်းမိုးမှုကို တန်ပြန်ရန် သူပုန်များကို ကူညီ ထောက်ပံ့ကြသည်။ ၁၉၈၄-၈၅ ခန့်က အီသီယိုးပီးယားတွင် ဒုဗ္ဗိကန္တရကပ် ဆိုက်ခဲ့ပြီး လူသိန်းပေါင်းများစွာ အငတ်ဘေး ဆိုက်ခဲ့ရသည်။ အချို့က ဆိုဗီယက်တို့၏ မာ့က်ခ်ဝါဒ ပေါ်လစီများကြောင့် အခြေအနေမှာ ဆိုးသင့်သည်ထက် ပိုဆိုးခဲ့ရသည်ဟု ပြောကြသည်။[၃၆][၃၇][၃၈]

ခေတ်သစ် အာဖရိကအတွင် အဆိုးရွားဆုံးသော လက်နက်ကိုင်တိုက်ပွဲမှာ ဒုတိယကွန်ဂို စစ်ပွဲ ဖြစ်သည်။ ၂၀၀၈ ခုနှစ်သို့ ရောက်သောအခါတွင် ထိုစစ်ပွဲနှင့် နောက်ဆက်တွဲ အဖြစ်များကြောင့် လူပေါင်း ၅.၄သန်းမျှ သေဆုံးခဲ့ရသည်။ ၂၀၀၃ ခုနှစ်မှ စ၍ ဒါဖာတွင် စစ်ပွဲ ဖြစ်ပွဦးခဲ့ရပြီး လူသားချင်း စာနာမှု ဆိုင်ရာ ကပ်ဆိုက်မှု တစ်ခုပင် ဖြစ်သည်။ အေအိုင်ဒီအက်စ် ရောဂါသည်လည်း ကိုလိုနီခေတ်လွန် အာဖရိကတွင် အရေးပါသော ပြဿနာ တစ်ခုပင် ဖြစ်သည်။

ပထဝီဝင်

အာဖရိက (အလယ်)၊မြောက်အမေရိက (ဝဲ) ယူရေးရှား (ယာ) တို့အား ဂြိုဟ်တုမှ မြင်ရသော ပုံကို ပေါင်းစပ်ထားခြင်း

အာဖရိကသည် တောင်ဘက်သို့ ထိုးထွက်နေသော ကမ္ဘာ့မြေထုထည် အစုအဝေးများတွင် အကြီးဆုံးဖြစ်သည်။ ဥရောပနှင့် မြေထဲပင်လယ် ဖြင့် ခြားထားသည်။ အာရှနှင့် အရှေ့မြောက် အစွန်ဆုံးအပိုင်းတွင် စူးအက်တူးမြောင်းဖြင့် ၁၀၁မိုင်မျှ ခြားနေသည်။[၃၉] ပထဝီနိုင်ငံရေးအားဖြင့် စူးအက်တူးမြောင်း အရှေ့ဘက်ရှိ အီဂျစ်နိုင်ငံ၏ ဆီနိုင်းကျွန်းဆွယ်သည် အာဖရိက၏ တစိတ်တပိုင်း အဖြစ် မှတ်ယူလေ့ ရှိကြသည်။[၄၀]

အာဖရိက၏ ဇီဝနယ်ပယ်

မြောက်ဘက်အစွန်ဆုံး တူနီးရှားနိုင်ငံရှိ ရပ်စ်ဘန်ဆပ်ကာ (Ras ben Sakka) မှ တောင်ဘက် အစွန်ဆုံး တောင်အာဖရိက၏ အာဂူဟပ်စ်အငူ အထိ မိုင် ၅၀၀၀ ခန့်မျှ ကွာဝေးသည်။[၄၁] အနောက်ဘက် အစွန်ဆုံး နေရာဖြစ်သော ကိပ်ဗာဒီမှ အရှေ့ဘက် အစွန်ဆုံး ဆိုမာလီယာနိုင်ငံ၏ ရပ်စ်ဟာဖွန် အထိ မိုင်ပေါင်း ၄၆၀၀ ခန့်မျှ ရှိသည်။[၄၂] ကမ်းရိုးတန်းသည် မိုင်ပေါင်း ၁သောင်း ၆ ထောင် ခန့်မျှ ရှည်လျားသည်။ ဥရောပသည် စတုရန်းမိုင်ပေါင်း ၄ သန်းမျှသာ ရှိပြီး အာဖရိက မြေမျက်နှာပြင်၏ သုံးပုံ ၁ပုံမျှ သာ ရှိသော်လည်း အစွန်းအထွက် အများအပြား ထိုးထွက်နေမှုကြောင့် ကမ်းရိုးတန်း မိုင်ပေါင်း ၂ သောင်း ခန့်မျှ ရှိသည်။[၄၂]

အာဖရိကတွင် အကြီးဆုံးနိုင်ငံမှာ အယ်လ်ဂျီးရီးယားနိုင်ငံ ဖြစ်ပြီး အသေးဆုံးနိုင်ငံမှာ အရှေ့ဘက် ကမ်းရိုးတန်း ကျွန်းစုများတွင် ရှိသော ဆေးရှဲနိုင်ငံ ြဖစ်သည်။[၄၃] ကုန်းမကြီးပေါ်တွင် အသေးဆုံးနိုင်ငံမှာ ဂမ်ဘီယာနိုင်ငံ ဖြစ်သည်။

ရှေးခေတ် ရောမသားတို့၏ အဆိုအရ အာဖရိကသည် အီဂျစ်၏ အနောက်ဘက်ကို ခေါ်ဆိုခြင်း ဖြစ်ပြီး အာရှသည် အနာတိုလီးယားနှင့် အရှေ့ဘက်ရှိ နယ်မြေများကို ခေါ်ဆိုခြင်း ဖြစ်သည်။ ပထဝီပညာရှင် တော်လေးမီ (၈၅-၁၆၅ အေဒီ) က တိုက်နှစ်ခုကြား အနားသတ်မျဉ်းကို ရေးဆွဲခဲ့ပြီး ဆူးအက်တူးမြောင်းနှင့် ပင်လယ်နီကို အာရှနှင့် အာဖရိကကြား နယ်နိမိတ်အဖြစ် သတ်မှတ် ထားခဲ့သည်။

ရာသီဥတု

အာဖရိက၏ မြေပုံ ။ ဆဟာရ သဲကန္တာရ အနီးတွင် ဂေဟစနစ် ကျိုးပျက်မှုကို ပြထားသည်။

အာဖရိက၏ ရာသီဥတုမှာ အပူပိုင်း ရာသီဥတုမှ စ၍ အလွန်မြင့်သော ဒေသများတွင် အာတိတ်တောင်ပိုင်း ရာသီဥတုမျိုး အထိ အမျိုးမျိုးအစားစား ရှိသည်။ မြောက်ဘက်ပိုင်း တခြမ်းမှာ သဲကန္တာရ သို့မဟုတ် မိုးနည်းရေရှား ဒေသမျိုးဖြစ်သည်။ အလယ်ပိုင်းနှင့် တောင်ပိုင်းဒေသများမှာ ဆာဗားနား လွင်ပြင်များနှင့် အလွန်သိပ်သည်းသော တောအုပ် (မိုးရေတော) ဒေသများ ဖြစ်ကြသည်။ အာဖရိကသည် ကမ္ဘာပေါ်တွင် အပူဆုံးတိုက်ဖြစ်ပြီး ခြောက်သွေ့သောမြေနှင့် သဲကန္တာရများသည် မြေမျက်နှာပြင်၏ ၆၀ ရာခိုင်နှုန်းကို ဖုံးလွှမ်းထားသည်။[၄၄]

တိရိစ္ဆာန်မျိုးကွဲများ

တန်ဇေးနီးယားနိုင်ငံ ငိုရွန်ဂိုရို သဘာဝ ထိန်းသိမ်းရေး ဒေသမှ ဆာဗားနား မြက်ခင်းပြင် တစ်ခု

အာဖရိကသည် ကမ္ဘာပေါ်တွင် လွတ်လပ်စွာ သွားလာလှုပ်ရှားနေသော တောရိုင်းတိရိစ္ဆာန် အများဆုံး နှင့် အမျိုးအစုံဆုံး ဒေသဖြစ်သည်။ အသားစား တိရိစ္ဆာန်ရိုင်းများ ဖြစ်ကြသော ခြင်္သေ့ခွေးအကျားသစ် မှ စ၍ အရွက်စားသတ္တဝါများ ဖြစ်ကြသော အာဖရိကကျွဲ၊ ဆင်ကုလားအုပ်သစ်ကုလားအုပ် စသည်တို့သည် အများပိုင် လွင်ပြင်များ ပေါ်တွင် လွတ်လပ်စွာ သွားလာ လှုပ်ရှားလျှက် ရှိကြသည်။ ထို့ပြင် အခြားသော တောရိုင်းတိရိစ္ဆာန်များဖြစ်ကြသော မြွေများ နှင့် မိကျောင်းများ၊ ကုန်းနေရေနေ သတ္တဝါများလည်း ရှိသည်။ အာဖရိကသည် ရေခဲခေတ်က သတ္တဝါများ အစုလိုက် အပြုံလိုက် မျိုးသုဉ်းခြင်းတွင် အနည်းငယ်မျှသာ ထိခိုက်မှု ရှိခဲ့သည်။

ဇီဝမျိုးကွဲများ

နိုင်ငံရေး

စီးပွားရေး

လူဦးရေပျံ့နှံ့တည်ရှိပုံ

ဘာသာစကားများ

ယဉ်ကျေးမှုများ

ဘာသာတရားများ

နယ်မြေနှင့် ဒေသများ

အာဖရိကတိုက်၏ ဒေသများ -
နိုင်ငံနှင့် ဒေသအမည်[၄၅] ဧရိယာ
(km²)
လူဦးရေ
(၂၀၀၂ မှန်းချက်)
လူဦးရေသိပ်သည်းမှု
(per km²)
မြို့တော်
အရှေ့အာဖရိက:
 ကိုမိုရို ၂,၁၇၀ ၆၁၄,၃၈၂ ၂၈၃.၁ Moroni
 ကင်ညာ ၅၈၂,၆၅၀ ၃၁,၁၃၈,၇၃၅ ၅၃.၄ Nairobi
 ဂျီဘူတီ ၂၃,၀၀၀ ၄၇၂,၈၁၀ ၂၀.၆ ဂျီဘူတီမြို့
 ဆေးရှဲ ၄၅၅ ၈၀,၀၉၈ ၁၇၆.၀ Victoria
 ဆိုမာလီယာ ၆၃၇,၆၅၇ ၇,၇၅၃,၃၁၀ ၁၂.၂ Mogadishu
 ဇင်ဘာဘွေ ၃၉၀,၅၈၀ ၁၁,၃၇၆,၆၇၆ ၂၉.၁ Harare
 ဇမ်ဘီယာ ၇၅၂,၆၁၄ ၉,၉၅၉,၀၃၇ ၁၃.၂ Lusaka
 တန်ဇေးနီးယား ၉၄၅,၀၈၇ ၃၇,၁၈၇,၉၃၉ ၃၉.၃ Dodoma
 ဘူရွန်ဒီ ၂၇,၈၃၀ ၆,၃၇၃,၀၀၂ ၂၂၉.၀ Bujumbura
 မဒါဂတ်စကား ၅၈၇,၀၄၀ ၁၆,၄၇၃,၄၇၇ ၂၈.၁ Antananarivo
 မာလဝီ ၁၁၈,၄၈၀ ၁၀,၇၀၁,၈၂၄ ၉၀.၃ Lilongwe
 မာယော့တ် (ပြင်သစ်) ၃၇၄ ၁၇၀,၈၇၉ ၄၅၆.၉ Mamoudzou
 မောရစ်ရှ ၂,၀၄၀ ၁,၂၀၀,၂၀၆ ၅၈၈.၃ ပေါ့တ်လူးဝစ်မြို့
 မိုဇမ်ဘစ် ၈၀၁,၅၉၀ ၁၉,၆၀၇,၅၁၉ ၂၄.၅ Maputo
 ယူဂန်းဒါး ၂၃၆,၀၄၀ ၂၄,၆၉၉,၀၇၃ ၁၀၄.၆ Kampala
 ရဝမ်ဒါ ၂၆,၃၃၈ ၇,၃၉၈,၀၇၄ ၂၈၀.၉ Kigali
ဟေညွန် (réunion)(ပြင်သစ်) ၂,၅၁၂ ၇၄၃,၉၈၁ ၂၉၆.၂ Saint-Denis
 အီရီထရီးယား ၁၂၁,၃၂၀ ၄,၄၆၅,၆၅၁ ၃၆.၈ Asmara
 အီသီယိုးပီးယား ၁,၁၂၇,၁၂၇ ၆၇,၆၇၃,၀၃၁ ၆၀.၀ Addis Ababa
အလယ်အာဖရိက:
 ကင်မရွန်း ၄၇၅,၄၄၀ ၁၆,၁၈၄,၇၄၈ ၃၄.၀ Yaoundé
 ကွန်ဂိုဒီမိုကရက်တစ်သမ္မတ ၂,၃၄၅,၄၁၀ ၅၅,၂၂၅,၄၇၈ ၂၃.၅ Kinshasa
 ကွန်ဂို ၃၄၂,၀၀၀ ၂,၉၅၈,၄၄၈ ၈.၇ Brazzaville
 ချဒ် ၁,၂၈၄,၀၀၀ ၈,၉၉၇,၂၃၇ ၇.၀ N'Djamena
 ဂါဘွန် ၂၆၇,၆၆၇ ၁,၂၃၃,၃၅၃ ၄.၆ Libreville
 ဆောင်တူမေးနှင့် ပရင်စီပီ ၁,၀၀၁ ၁၇၀,၃၇၂ ၁၇၀.၂ São Tomé
 ဗဟိုအာဖရိကသမ္မတနိုင်ငံ ၆၂၂,၉၈၄ ၃,၆၄၂,၇၃၉ ၅.၈ Bangui
 အီကွေတာဂီနီ ၂၈,၀၅၁ ၄၉၈,၁၄၄ ၁၇.၈ Malabo
 အင်ဂိုလာ ၁,၂၄၆,၇၀၀ ၁၀,၅၉၃,၁၇၁ ၈.၅ Luanda
မြောက်အာဖရိက:
 ဆူဒန် ၂,၅၀၅,၈၁၀ ၃၇,၀၉၀,၂၉၈ ၁၄.၈ Khartoum
 တူနီးရှား ၁၆၃,၆၁၀ ၉,၈၁၅,၆၄၄ ၆၀.၀ Tunis
 မော်ရိုကို ၄၄၆,၅၅၀ ၃၁,၁၆၇,၇၈၃ ၆၉.၈ Rabat
 လစ်ဗျား ၁,၇၅၉,၅၄၀ ၅,၃၆၈,၅၈၅ ၃.၁ Tripoli
 အနောက်ဆဟာရ[၄၆] ၂၆၆,၀၀၀ ၂၅၆,၁၇၇ ၁.၀ El Aaiún
 အီဂျစ်[၄၇] ၁,၀၀၁,၄၅၀ ၇၀,၇၁၂,၃၄၅ ၇၀.၆ ကိုင်ရိုမြို့
 အယ်လ်ဂျီးရီးယား ၂,၃၈၁,၇၄၀ ၃၂,၂၇၇,၉၄၂ ၁၃.၆ Algiers
မြောက်အာဖရိကရှိ စပိန်နိုင်ငံနှင့် ပေါ်တူဂီနိုင်ငံတို့၏ ပိုင်နက်နယ်မြေများ:
 ကနေရီကျွန်းများ (စပိန်နိုင်ငံ)[၄၈] ၇,၄၉၂ ၁,၆၉၄,၄၇၇ ၂၂၆.၂ Las Palmas de Gran Canaria,
Santa Cruz de Tenerife
 ဆိုတာ (စပိန်နိုင်ငံ)[၄၉] ၂၀ ၇၁,၅၀၅ ၃,၅၇၅.၂
 မက်ဒိုင်ရာကျွန်းများ (ပေါ်တူဂီနိုင်ငံ)[၅၀] ၇၉၇ ၂၄၅,၀၀၀ ၃၀၇.၄ Funchal
 မလီယာ (Melilla) (Spain)[၅၁] ၁၂ ၆၆,၄၁၁ ၅,၅၃၄.၂
တောင်အာဖရိက:
 အဲ့စ်ဝါတီးနီ ၁၇,၃၆၃ ၁,၁၂၃,၆၀၅ ၆၄.၇ Mbabane
 တောင်အာဖရိက ၁,၂၁၉,၉၁၂ ၄၃,၆၄၇,၆၅၈ ၃၅.၈ Bloemfontein, Cape Town, Pretoria[၅၂]
 နမီးဘီးယား ၈၂၅,၄၁၈ ၁,၈၂၀,၉၁၆ ၂.၂ Windhoek
 ဘော့ဆွာနာ ၆၀၀,၃၇၀ ၁,၅၉၁,၂၃၂ ၂.၇ Gaborone
 လီဆိုသို ၃၀,၃၅၅ ၂,၂၀၇,၉၅၄ ၇၂.၇ Maseru
အနောက်အာဖရိက:
 အိုင်ဗရီကို့စ် (အိုင်ဗိုရီကိုစ့်) ၃၂၂,၄၆၀ ၁၆,၈၀၄,၇၈၄ ၅၂.၁ Abidjan, Yamoussoukro[၅၃]
 ကိတ်ဗာဒီ ၄,၀၃၃ ၄၀၈,၇၆၀ ၁၀၁.၄ Praia
 ဂါနာ ၂၃၉,၄၆၀ ၂၀,၂၄၄,၁၅၄ ၈၄.၅ Accra
 ဂီနီ-ဘီစော ၃၆,၁၂၀ ၁,၃၄၅,၄၇၉ ၃၇.၃ Bissau
 ဂီနီ ၂၄၅,၈၅၇ ၇,၇၇၅,၀၆၅ ၃၁.၆ Conakry
 ဂမ်ဘီယာ ၁၁,၃၀၀ ၁,၄၅၅,၈၄၂ ၁၂၈.၈ Banjul
 စိန့်ဟယ်လယ်နာ (ဂရိတ်ဗြိတိန်နိုင်ငံ) ၄၁၀ ၇,၃၁၇ ၁၇.၈ Jamestown
 ဆီနီဂေါ ၁၉၆,၁၉၀ ၁၀,၅၈၉,၅၇၁ ၅၄.၀ Dakar
 ဆီရာလီယွန် ၇၁,၇၄၀ ၅,၆၁၄,၇၄၃ ၇၈.၃ Freetown
 တိုဂို ၅၆,၇၈၅ ၅,၂၈၅,၅၀၁ ၉၃.၁ Lomé
 နိုင်ဂျီးရီးယား ၉၂၃,၇၆၈ ၁၂၉,၉၃၄,၉၁၁ ၁၄၀.၇ Abuja
 နိုင်ဂျာ ၁,၂၆၇,၀၀၀ ၁၀,၆၃၉,၇၄၄ ၈.၄ Niamey
 ဘီနင် ၁၁၂,၆၂၀ ၆,၇၈၇,၆၂၅ ၆၀.၃ Porto-Novo
 ဘာကီးနားဖားဆို ၂၇၄,၂၀၀ ၁၂,၆၀၃,၁၈၅ ၄၆.၀ Ouagadougou
 မာလီ ၁,၂၄၀,၀၀၀ ၁၁,၃၄၀,၄၈၀ ၉.၁ Bamako
 မော်ရီတေးနီးယား ၁,၀၃၀,၇၀၀ ၂,၈၂၈,၈၅၈ ၂.၇ Nouakchott
 လိုက်ဘေးရီးယား ၁၁၁,၃၇၀ ၃,၂၈၈,၁၉၈ ၂၉.၅ မွန်ရိုးဗီးယားမြို့
စုစုပေါင်း ၃၀,၃၆၈,၆၀၉ ၈၄၃,၇၀၅,၁၄၃ ၂၇.၈

အခြားကြည့်ရန်

ရည်ညွှန်းချက်များ

  1. Jacobs, Louis L. (1997). "African Dinosaurs." Encyclopedia of Dinosaurs. Edited by Phillip J. Currie and Kevin Padian. Academic Press. pp. 2–4.
  2. Genetic study roots humans in Africa, BBC News | SCI/TECH
  3. Migration of Early Humans From Africa Aided By Wet Weather, sciencedaily.com
  4. van Sertima, Ivan. (1995) Egypt: Child of Africa/S V12 (Ppr), Transaction Publishers. pp. 324–325. ISBN 1-56000-792-3.
  5. Mokhtar, G. (1990) UNESCO General History of Africa, Vol. II, Abridged Edition: Ancient Africa, University of California Press. ISBN 0-85255-092-8.
  6. Eyma, A. K. and C. J. Bennett. (2003) Delts-Man in Yebu: Occasional Volume of the Egyptologists' Electronic Forum No. 1, Universal Publishers. p. 210. SBN 1-58112-564-X.
  7. Diamond, Jared. (1999) "Guns, Germs and Steel: The Fates of Human Societies. New York:Norton, pp.167.
  8. ၈.၀ ၈.၁ ၈.၂ O'Brien, Patrick K. (General Editor). Oxford Atlas of World History. New York: Oxford University Press, 2005. pp.22–23
  9. Martin and O'Meara. "Africa, 3rd Ed." Indiana: Indiana University Press, 1995. [၁]
  10. Were Egyptians the first scribes?, BBC News | Sci/Tech
  11. Hassan, Fekri A. (2002) Droughts, Food and Culture, Springer. p. 17. ISBN 0-306-46755-0.
  12. McGrail, Sean. (2004) Boats of the World, Oxford University Press. p. 48. ISBN 0-19-927186-0.
  13. Shavit၊ Jacob; Shavit၊ Yaacov (2001)။ History in Black: African-Americans in Search of an Ancient Past။ Taylor & Francis။ p. 77။ ISBN 0-714-68216-0
  14. Fage, J. D. (1979) The Cambridge History of Africa, Cambridge University Press. ISBN 0-521-21592-7.
  15. Fage, J. D., et al (1986) The Cambridge History of Africa, Cambridge University Press. Vol. 2, p. 118.
  16. Oliver, Roland and Anthony Atmore. (1994) Africa Since 1800, Cambridge University Press. ISBN 0-521-42970-6.
  17. Ptolemaic and Roman Egypt: 332 BC-395 AD။ Wsu.edu (1999-06-06)။ 2010-05-18 တွင် ပြန်စစ်ပြီး။
  18. Ayoub၊ Mahmoud M. (2004)။ Islam: Faith and History။ Oxford: Oneworld။ pp. 76, 92–3, 96–7။
  19. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)
  20. Apley၊ Apley။ Igbo-Ukwu (ca. 9th century)။ The Metropolitan Museum of Art။ 2008-11-23 တွင် ပြန်စစ်ပြီး။
  21. Meredith၊ Martin။ "The Fate of Africa – A Survey of Fifty Years of Independence"၊ washingtonpost.com၊ January 20, 2006။ 2007-07-23 တွင် ပြန်စစ်ပြီး 
  22. Igbo-Ukwu (ca. 9th century) | Thematic Essay | Heilbrunn Timeline of Art History | The Metropolitan Museum of Art။ Metmuseum.org။ 2010-05-18 တွင် ပြန်စစ်ပြီး။
  23. Glick, Thomas F. Islamic And Christian Spain in the Early Middle Ages. (2005) Brill Academic Publishers page 37
  24. "Mauritania – Arab invasions". Library of Congress Country Studies.
  25. Genetic Evidence for the Expansion of Arabian Tribes into the Southern Levant and North Africa။ Pubmedcentral.nih.gov (2010-04-01)။ 2010-05-18 တွင် ပြန်စစ်ပြီး။
  26. Historical survey > Slave societies, Encyclopædia Britannica
  27. Swahili Coast, National Geographic
  28. Welcome to Encyclopædia Britannica's Guide to Black History, Encyclopædia Britannica
  29. Focus on the slave trade, BBC
  30. Transformations in Slavery: A History of Slavery in Africa p 25 by Paul E. Lovejoy
  31. Sailing against slavery. By Jo Loosemore BBC
  32. The West African Squadron and slave trade။ Pdavis.nl။ 2010-05-18 တွင် ပြန်စစ်ပြီး။
  33. Simon, Julian L. (1995) State of Humanity, Blackwell Publishing. p. 175. ISBN 1-55786-585-X.
  34. Lucien Bély, History of France. Editions Jean-paul Gisserot. 2001. page 118
  35. Ernest Aryeetey, Jane Harrigan and Machiko Nissanke, Economic reforms in Ghana : the miracle and the mirage. Africa World Press. 2000. page 5
  36. "BBC: 1984 famine in Ethiopia"၊ BBC News၊ 2000-04-06။ 2010-01-01 တွင် ပြန်စစ်ပြီး 
  37. Robert G. Patman, The Soviet Union in the Horn of Africa 1990, ISBN 0-521-36022-6, pp. 295–296
  38. Steven Varnis, Reluctant aid or aiding the reluctant?: U.S. food aid policy and the Ethiopian Famine Relief 1990, ISBN 0-88738-348-3, p.38
  39. Drysdale, Alasdair and Gerald H. Blake. (1985) The Middle East and North Africa, Oxford University Press US. ISBN 0-19-503538-0.
  40. Atlas - Xpeditions @ nationalgeographic.com။ National Geographic Society (2003)။ 2009-03-01 တွင် ပြန်စစ်ပြီး။
  41. Lewin, Evans. (1924) Africa, Clarendon press.
  42. ၄၂.၀ ၄၂.၁ (1998) Merriam-Webster's Geographical Dictionary (Index), Merriam-Webster. pp. 10–11. ISBN 0-87779-546-0.
  43. Hoare, Ben. (2002) The Kingfisher A-Z Encyclopedia, Kingfisher Publications. p. 11. ISBN 0-7534-5569-2.
  44. "Africa: Environmental Atlas, 06/17/08." African Studies Center, University of Pennsylvania. Accessed June 2011.
  45. Continental regions as per UN categorisations/map.
  46. အနောက်ဆာဟာရ is disputed between the Sahrawi Arab Democratic Republic, who administer a minority of the territory, and Morocco, who occupy the remainder.
  47. အီဂျစ်နိုင်ငံ is generally considered a transcontinental country in Northern Africa (UN region) and Western Asia; population and area figures are for African portion only, west of the Suez Canal.
  48. The Spanish Canary Islands, of which Las Palmas de Gran Canaria are Santa Cruz de Tenerife are co-capitals, are often considered part of Northern Africa due to their relative proximity to Morocco and Western Sahara; population and area figures are for ၂၀၀၁.
  49. The Spanish exclave of Ceuta is surrounded on land by Morocco in Northern Africa; population and area figures are for ၂၀၀၁.
  50. The Portuguese Madeira Islands are often considered part of Northern Africa due to their relative proximity to Morocco; population and area figures are for ၂၀၀၁.
  51. The Spanish exclave of Melilla is surrounded on land by Morocco in Northern Africa; population and area figures are for ၂၀၀၁.
  52. Bloemfontein is the judicial capital of South Africa, while Cape Town is its legislative seat, and Pretoria is the country's administrative seat.
  53. Yamoussoukro is the official capital of Côte d'Ivoire, while Abidjan is the de facto seat.

ak:Afrika