တောဆိတ်: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
အရေးမကြီး ရိုဘော့က ပေါင်းထည့်နေသည် - eu:Capra aegagrus
အရေးမကြီး r2.7.2) (ရိုဘော့က ပေါင်းထည့်နေသည် - hr:Divlja koza
စာကြောင်း ၁၉၄ - စာကြောင်း ၁၉၄ -
[[fr:Capra aegagrus aegagrus]]
[[fr:Capra aegagrus aegagrus]]
[[he:עז הבר]]
[[he:עז הבר]]
[[hr:Divlja koza]]
[[hu:Vadkecske]]
[[hu:Vadkecske]]
[[it:Capra aegagrus]]
[[it:Capra aegagrus]]

၂၂:၁၂၊ ၁၂ ဩဂုတ် ၂၀၁၂ ရက်နေ့က မူ

တောဆိတ်
Wild Goat, Capra aegagrus aegagrus
မျိုးရိုးခွဲခြားခြင်း
လောက:
မျိုးပေါင်းစု:
မျိုးပေါင်း:
မျိုးစဉ်:
မျိုးရင်း:
မျိုးရင်းသေး:
မျိုးစု:
မျိုးစိတ်:
C. aegagrus
ဒွိနာမ
Capra aegagrus
Erxleben, 1777
Subspecies

Capra aegagrus aegagrus
Capra aegagrus blythi
Capra aegagrus chialtanensis
Capra aegagrus cretica
Capra aegagrus hircus
Capra aegagrus turcmenica

တောဆိတ်တို့သည် ဆိတ်နှင့် နွားများပါဝင်သည့် ‘ဗိုဗီဒီး’ မျိုးရင်းဝင် နို့တိုက်သတ္တဝါ များဖြစ်ကြသည်။ ‌တောဆိတ်များ၌ သမင်မျိုးမှာကဲ့သို့ ခွာကွဲများနှင့် ဦးချိုများရှိသည်။ သို့‌သော် ‌တောဆိတ်၏ဦးချိုသည် သမင်မျိုး၏ ဦးချိုများကဲ့သို့ ‌ခေါင်းပိတ်မဟုတ်ဘဲ ကျွဲ နွား၊ သိုးနှင့် ဆိတ်တို့၏ ဦးချိုကဲ့သို့ ‌ခေါင်းပွဖြစ်သည်။ ‌တောဆိတ်သည် စားမြုံ့ပြန်သည်။ သမင်မျိုး ကဲ့သို့ ဦးချိုလည်းမလဲ‌ချေ။ ‌မွေးစက‌ပေါက်လာ‌သော ဦးချိုသည် အသက်ထက်ဆုံး ကြီးရင့်၍ တည်‌လေသည်။ အဖိုတွင်‌ရော အမ တွင်ပါ ဦးချို‌ပေါက်သည်။ ‌တောဆိတ်၏ဦးချိုသည် သမင်မျိုး ၏ဦးချိုကဲ့သို့ ခွလျက်လည်းမရှိ‌ချေ။ ‌ဖြောင့်၍ ချွန်လျက်‌သော် ၎င်း၊ ဝက်အူရစ်ကဲ့သို့‌သော်၎င်း၊ ‌နောက်ဘက်သို့ ‌ကောက်လျက် ‌သော်၎င်း၊ ပန်းဆွဲပန်း‌တောင်ကဲ့သို့ အထက်သို့ညီညာစွာတက်၍ ‌ကောက်လျက်‌သော်၎င်း ရှိတတ်သည်။ များစွာ‌သော ‌တောဆိတ် ၏ ဦးချိုတွင် ကွင်းပုံများရှိတတ်သည်။

ကမ္ဘာ‌ဟောင်းတွင် ‌တောဆိတ်အမျိုးကွဲ‌ပေါင်း ၁၀⁠၀ ‌ကျော်မျှ ရှိသည်။ ထိုအနက် အနည်းဆုံး အမျိုး‌ပေါင်း ၉၀ သည် အာဖရိကတိုက်တွင် မူရင်း‌ဒေသအဖြစ် ‌နေထိုင်ကြသည်။ ထို ‌တောဆိတ်မျိုး အားလုံးလိုလိုသည် လွင်ပြင်များတွင်‌နေကြ သည်။ ‌တောဆိတ်တို့သည် ခြ‌သေင့်္၊ ကျားသစ်နှင့် ‌တောလိုက် ‌ခွေးများလိုက်လျှင် အလွန်လျင်မြန်စွာ ‌ပြေးလွှားနိုင်ကြသည်။ ယင်းတို့၏ ကိုယ်ကိုကာကွယ်ရန်အတွက်လည်း ဦးချိုမှလွဲ၍ အခြားမည်သည့်အရာမျှ မရှိ‌ချေ။ လျင်မြန်စွာ ‌ပြေးနိုင်‌သော ‌ကြောင့်သာလျှင် သားရဲတို့‌ဘေးမှ လွတ်‌မြောက်နိုင် ကြ‌ပေသည်။

‌တောဆိတ်အများသည် ‌ကြောက်ရွံ့တတ်‌သော်လည်း ‌မြေကြီး မှ ပခုံးစွန်းအထိ ၆ ‌ပေမြင့်သည့် အီလန်‌ခေါ် ‌တောဆိတ်မှာ မ‌ကြောက်ရွံ့‌ချေ။ အီလန်‌တောဆိတ်များသည် ရာနှင့်ချီ၍ အုပ် ဖွဲ့ကာ လွင်ပြင်များနှင့် ‌တောင်ကုန်းများတွင် သွားလာကျက်စား ကြသည်။ အီလန်‌တောဆိတ်အစစ်သည် မြင့်လည်းမြင့်၊ အား လည်း‌ကောင်းသည်။ အီလန်‌တောဆိတ်၏ ‌သေးသွယ်၍ တွန့် လိမ်လျက်ရှိ‌သော ဦးချိုသည် ၂ ‌ပေခွဲရှည်၏။ မျက်စိနှစ်လုံး ကြား နဖူး‌ပေါ်၌ အ‌မွေးမည်းများစုလျက်ရှိသည်။ ထိုအ‌မွေးမည်း များသည် အီလန်‌တောဆိတ်အဖို၌သာရှိ၍ အမတွင်မရှိ‌ချေ။ အမ၏ ဦးချိုသည် အဖို၏ဦးချိုထက် ပို၍ ရှည်‌သော်လည်း အဖို၏ဦးချို‌လောက် မခိုင်ခံ့‌ချေ။

အာဖရိကတိုက်ရှိ ‌တောဆိတ်များအနက် အလှပဆုံး ‌တောဆိတ်မှာ ‌ဆေဗယ်‌တောဆိတ်ဖြစ်သည်။ အ‌ကောင် ၂၀ သို့မဟုတ် ၃၀ ခန့်ရှိသည့် ‌ဆေဗယ်‌တောဆိတ်မနှင့် ‌တော ဆိတ်က‌လေးများ တစ်အုပ်တွင် ‌ဆေဗယ်‌တောဆိတ်သို့ တစ် ‌ကောင်သာ ပါ‌လေ့ရှိသည်။ ‌ဆေဗယ်‌တောဆိတ်သည် မြင်းပုနီး ပါးမျှကြီးသည်။ ယင်း၌ ‌တောက်‌ပြောင်‌သော အ‌မွေးနက်များနှင့် ခါးဘက်တွင် အ‌မွေးဖြူများရှိသည့်ပြင် လည်ဆံ‌မွေးနက် များ လည်းရှိသည်။ ဦးချိုများသည် တကိုက်မျှရှည်ပြီးလျှင် ‌နောက် ဘက်သို့ ‌ကောက်လျက်ရှိသည်။ ‌ဆေဗယ်‌တောဆိတ်မများ၏ အ‌ရောင်မှာ အညိုရင့်‌ရောင်ဖြစ်သည်။ ယင်းတို့၌ လှပသည့် ဦးချိုများ ရှိသည်။ သို့‌သော် အဖို၏ဦးချို‌လောက်ကား မသန်မာ ကြ‌ချေ။

‌ဆေဗယ်‌တောဆိတ်နီးပါးမျှ ကြီးမားသည့် ‌တောင် အာဖရိကတိုက်ရှိ အခြား‌တောဆိတ်တစ်မျိုးမှာ ဂင်းစဗုတ် ‌တောဆိတ်ဖြစ်သည်။ ထို‌တောဆိတ်၏ အ‌မွေး‌ရောင်မှာ မွဲပြာ ‌ရောင်ဖြစ်သည်။ မျက်နှာနှင့် ‌ခြေ‌ထောက်များတွင် အဖြူနှင့် အမည်း‌ရောင်များသည် ထူးခြားစွာ ကျားလျက်ရှိသည်။ ဂင်းစ ဗုတ်‌တောဆိတ်၌ ‌ဖြောင့်၍ ရှည်‌သောဦးချိုများရှိသည်။ ရန်သူကို ရဲရင့်ကျင်လျင်စွာ ထိုဦးချိုများနှင့် ခုခံတိုက်ခိုက်တတ်သည်။ ‌ဆေဗယ်‌တောဆိတ်ကဲ့သို့ပင် ကြီးမား၍ ခွန်အား‌ကောင်း ‌သော အခြား‌တောဆိတ်တစ်မျိုးမှာ ဝါးတားဗတ်‌ခေါ် ‌တောဆိတ် ဖြစ်သည်။ ယင်း၌ အ‌မွေးကြမ်းရှည်များရှိသည်။ ထို‌တောဆိတ် မျိုး၌ အဖိုတွင်သာ ဦးချို‌ပေါက်သည်။ ဦးချိုတွင် ကွင်းများရှိ ၏။ ဦးချိုသည် ပထမတွင် ‌နောက်ဘက်သို့‌ကောက်၍ အဖျား နားတွင် တစ်ဖန် ‌ရှေ့ဘက်သို့လန်လျက်ရှိသည်။ ထို‌တောဆိတ် မျိုးသည် အုပ်ဖွဲ့ကာ ‌ရေထဲတွင် ဒူးဆစ်နစ်သည်အထိ‌နေ၍ ‌ရေထဲမှအပင်များကို စား‌သောက်‌လေ့ရှိကြသည်။ ထို‌တော ဆိတ်မျိုးကို ‌ရေနှင့်တစ်မိုင်‌ကျော်မျှ‌ဝေးရာအရပ်ရှိ မတ်‌စောက် သည့် ‌ကျောက်‌တောင်များတွင် ‌တွေ့ရတတ်သည်။

အာဖရိကတိုက်နှင့် အာရှတိုက်တို့တွင် အလွန်နှစ်သက် ဖွယ်‌ကောင်းသည့် ‌တောဆိတ်အမျိုး‌ပေါင်း ‌မြောက်မြားစွာရှိ ‌သေးသည်။ ယင်းတို့အနက် ဂက်ဇယ်‌ခေါ် ‌တောဆိတ်တစ်မျိုး သည် အလွန်လှပ‌လေသည်။ ဂက်ဇယ် ‌တောဆိတ်များသည် ‌ပေါ့ပါး ‌သေးသွယ်‌သော ကိုယ်လုံးရှိကြသည်။ ‌ခြေ‌ထောက်များ မှာလည်း ‌သေးသွယ်သည်။ အဖျားရှူးသွားသည့် ဦးချိုဖျားသည် လှပ‌သော အ‌ကွေ့အ‌ကောက်များနှင့် တွန့်လိမ်လျက်ရှိသည်။ ယင်းတို့၏ သဲ‌ရောင်အ‌မွေးများသည် ‌ချောမွတ်၏။ ဂက်ဇယ် ‌တောဆိတ်တို့၏ မျက်နှာတွင် အဖြူစင်း နှစ်ခုရှိ၍ ရှုချင့်စဖွယ် တင့်တယ်သည်။ ထိုအစင်းနှစ်ခုသည် ဦးချိုမှ နှာ‌ခေါင်းဖျား အထိ ‌ရောက်သည်။ ဂက်ဇယ်‌တောဆိတ်တို့သည် တိရစ္ဆာန် ‌လောကတွင် အ‌တောက်ပဆုံးနှင့် အလှပဆုံးမျက် လုံးများရှိ ‌သော တိရစ္ဆာန်များဖြစ်ကြသည်။

ထို့‌ကြောင့် ထိုလှပ‌သော မျက်လုံးများအ‌ကြောင်းကို ‌ရှေးအာ‌ရေဗျလကင်္ာ ဆရာများသည် သူတို့၏ကဗျာများတွင် ထည့်သွင်းချီးကျူးဖွဲ့ဆိုခဲ့ကြ‌လေသည်။ဂက်ဇယ်‌တောဆိတ်များသည် အထူးသဖြင့် သဲကန္တာရ အတွင်း၌ ‌နေကြသည်။ ယင်းတို့သည် ‌ပြေးလွှားရာ၌ လျင်မြန် လှသဖြင့် ခြ‌သေင့်္နှင့်ကျားသစ်များပင် လိုက်၍မမှီကြ‌ပေ။ လှပသည့်ဂက်ဇယ်‌တော ဆိတ်မျိုး ‌မြောက်အမြားရှိသည့်အနက် လူသိအများဆုံးအမျိုးမှာ ‌ဒေါကပ်ဂက်ဇယ်‌တောဆိတ်ဖြစ်သည်။ ထို‌တောဆိတ် မျိုးသည် ၂ ‌ပေမျှပင်မမြင့်တတ်‌ချေ။ ‌သေးသွယ်၍ တွန့်လိမ်လျက်ရှိ‌သော ဦးချိုများသည် ၁၃ လက်မခန့် ရှည်သည်။ ထို‌တောဆိတ်မျိုးသည ၃ ‌ပေ၊ ၄ ‌ပေမျှမြင့်‌အောင် ခုန်လွှား သွားနိုင်ကြသည်။ အိန္ဒယ ဂက်ဇယ်‌တောဆိတ်သည် ‌ဒေါကပ်အရွယ်‌လောက်ပင် ရှိသည်။ ယင်း၌ ‌သေးသွယ်‌သော ကွင်း ပုံဦးချို များရှိသည်။ ထိုဦးချိုများသည် အဂင်္လိပ်အက္ခရာကဲ့သို့ ‌ကောက်လျက်ရှိသည်။ ထိုဂက်ဇယ်‌တောဆိတ်များသည် ‌ဒေါကပ် ကဲ့သို့ ခုန်လွှား၍ မ‌ပြေးနိုင်ကြ‌သော်လည်း အ‌ပြေးတွင် အလွန်မြန်သဖြင့် ‌တောလိုက်‌ခွေးများပင် ယင်းတို့ကို လိုက်၍မမှီနိုင်‌ချေ။

‌တောင်အာဖရိကတိုက်ရှိ အလှပဆုံး ‌တောဆိတ်များတွင် စပရင်းဗုတ်‌ခေါ် ‌တောဆိတ်လည်း ပါဝင်သည်။ ထို‌တောဆိတ် ၏ ‌တောက်ပ‌သော အ‌မွေးများသည် အနီ‌ရောင်သန်းလျက်ရှိ၍ ‌အောက်ခံအ‌မွေး‌ရောင်မှာ ဖြူသည်။ ‌ကျောရိုးတစ်‌လျှောက် ‌အောက်ဘက်သို့လည်း အဖြူစင်းရှိသည်။ စပရင်းဗုတ်‌တော ဆိတ်၏ ကွင်းပုံ ဦးချိုများသည် မည်းနက်၍‌ကောက်သည်။ နှစ်ဘက်ညီညာစွာ ‌ထောင်လျက်ရှိသည်။ ထို‌တောဆိတ်မျိုးသည် ‌လေထဲသို့ တဟုန်ထိုးခုန်လွှားနိုင်သည်။

အဲ့လပ‌တောင်တွင် ရှံမွားဆိတ်များကို ‌တွေ့ရသည်။ ထို‌တော ဆိတ်၏ အရွယ်မှာ ရိုး⁠ရိုးဆိတ်အရွယ် ‌လောက်ရှိသည်။ ယင်း တို့သည် အလွန်မြင့်သည့် ‌တောင်ထိပ်များသို့ တက်နိုင်သည်။ အ‌မွေးအ‌ရောင်မှာ အညို‌ရောင်ရှိသည်။ ‌ကျောရိုးတစ်‌လျှောက် ‌အောက်ဘက်သို့ အမည်း‌ရောင်အစင်းများရှိသည်။ ချိုငယ်များ သည် အရင်းပိုင်း၌‌ဖြောင့်၍ ထိပ်ဘက်တွင် ချိတ်သဖွယ်‌ကွေး လျက်ရှိသည်။

နူးဟု‌ခေါ်‌သော ‌တောဆိတ်မှာလည်း အလွန်ထူးခြားသည်။ အခြား‌တောဆိတ်တို့ကဲ့သို့ ‌သေးသွယ်‌သော ‌ခြေ‌ထောက်နှင့် ခွာများရှိသည်။ ဦး‌ခေါင်းသည် ကျွဲဦး‌ခေါင်းနှင့်တူသည်။ လည် ဆံ‌မွေးနှင့် မြင်းမြီးကဲ့သို့ အမြီးလည်းပါရှိသည်။ လည်ပင်းပတ် လည်နှင့် နှာ‌ခေါင်း၊ ပါးစပ်တို့တွင် အ‌မွေးကြမ်းများရှိသည်။ နူး‌တောဆိတ်တို့သည် အလွန်ရန်မူတတ်သည့် ‌တောဆိတ်မျိုး ဖြစ်သည်။

အခြားထူးခြားသည့် ‌တောဆိတ်တစ်မျိုးမှာ ဆိုင်ဂါး‌ခေါ် ‌တောဆိတ်မျိုးဖြစ်သည်။ ယင်းတို့သည် သိုးနှင့်တူ၍ အုပ်ဖွဲ့ကာ ဆိုက်ဗီးရီးယားလွင်ပြင်များတွင် ‌နေကြသည်။ ဆိုင်ဂါး‌တော ဆိတ်တို့တွင် သန်မာ၍ အချိုးအစားမကျသည့် ကိုယ်ထည်ရှိ သည်။ ‌ခြေ‌ထောက်တိုသည်။ ဦးချိုများလည်း တို၍တွန့်လိမ် လျက်ရှိသည်။ နှာ‌ခေါင်းသည် ကြီးမား၍ ပွလွန်းသဖြင့်မြက်ကို စားရာတွင် အ‌ပေါ်သို့ရှုံ့‌ပေးရသည်။ ထို‌တောဆိတ်မျိုးကို ဆိုက် ဗီးရီးယန်းများက ချစ်စနိုး‌မွေးမြူထား‌လေ့ရှိသည်။

အ‌မေရိကန်‌တောဆိတ် သို့မဟုတ် ပ‌ရောင်းဟွန်း‌ခေါ် တိရစ္ဆာန်မျိုးသည် ‌တောဆိတ်အစစ် မဟုတ်‌သော်လည်း အခြား ကျွဲ နွားမျိုးနှင့်စာလျှင် ‌တောဆိတ်နှင့်ပို၍ နီးစပ်သည်။ ဦးချို သည် ‌ခေါင်းပွဖြစ်၏။ ဦးချို အဖျားဘက်တွင် သမင်ဦးချိုကဲ့သို့ ခွလျက်ရှိသည်။ ထို‌တောဆိတ်သည် သမင်မျိုးကဲ့သို့ နှစ်တိုင်း ဦးချိုလဲသည်။ အမြင့်မှာ ‌မြေကြီးမှ ပခုံးစွန်းထိ ၃ ‌ပေပင် မပြည့်တတ်‌ချေ။ အ‌မွေးအ‌ရောင်မှာ ညိုဝါ‌ရောင်ဖြစ်သည်။ မျက်နှာတွင် အမည်းကွက်များရှိ၍ လည်ပင်း၊ ရင်ပိုင်းနှင့် ‌ဘေး ဘက်များတွင် အဖြူကွက်တစ်ကွက်စီရှိသည်။ ထို‌တောဆိတ် သည် အငြိမ်မ‌နေတတ်ဘဲ အမြဲ‌ရွေ့ရှားသွားလာ‌နေ‌လေ့ရှိသည်။[၂]

ကိုးကား

  1. Weinberg, P., Jdeidi, T., Masseti, M., Nader, I., de Smet, K. & Cuzin, F. (2008). Capra aegagrus. In: IUCN 2008. IUCN Red List of Threatened Species. Retrieved 31 March 2009. Database entry includes a brief justification of why this species is of vulnerable.
  2. မြန်မာ့စွယ်စုံကျမ်း အတွဲ (၅)