မွတ်စတာဖာ ကီးမား အာတာတပ်: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
အရေးမကြီး r2.7.2+) (ရိုဘော့က ပေါင်းထည့်နေသည် - ab:Мустафа Кемаль Ататюрк
အရေးမကြီး r2.7.2) (ရိုဘော့က ပေါင်းထည့်နေသည် - ce:Мустафа Кемаль Ататюрк
စာကြောင်း ၂၂၃ - စာကြောင်း ၂၂၃ -
[[bs:Mustafa Kemal Atatürk]]
[[bs:Mustafa Kemal Atatürk]]
[[ca:Kemal Atatürk]]
[[ca:Kemal Atatürk]]
[[ce:Мустафа Кемаль Ататюрк]]
[[ceb:Kemal Atatürk]]
[[ceb:Kemal Atatürk]]
[[ckb:موستەفا کەمال ئاتاتورک]]
[[ckb:موستەفا کەمال ئاتاتورک]]

၁၉:၀၂၊ ၇ ဩဂုတ် ၂၀၁၂ ရက်နေ့က မူ

ဖိုင်:01p18711.jpg
ပဌမ တူရကီ သမ္မတ ကီးမား အာတာတပ်

တူရကီနိုင်ငံတော်သစ် ဖခင်ကြီး စစ်မှုရေးရာတွင်လည်း ကျွမ်းကျင် နိုင်ငံရေးတွင်လည်း အရည်ဝသော ကီမားအာတာတပ်သည် စစ်သားဘဝမှနေ၍ နိုင်ငံတော်သမ္မတ ဖြစ်လာသည်အထိ နိုင်ငံနှင့်လူမျိုးအတွက် အမြော်အမြင်ကြီးစွာဖြင့် စွမ်းလွန်းတမံ ဆောင်ရွက်ခဲ့သူဖြစ်၏။ ၂ဝရာစုနှစ်တွင် ကမ္ဘာ့အရှေ့အလယ်ပိုင်းမှ ပေါ်ပေါက်ခဲ့၍ ကမ္ဘာ့ သမိုင်းဝင် ထင်ရှားသည့် ပုဂ္ဂိုလ်ကြီးတစ်ဦးပင်ဖြစ်သည်။

ကီးမား အာတာတပ်(ခရစ် ၁၈၈၁-၁၉၃၈)

'တူရကီတို့၏ ဖခင်'ဟု အနက်ထင်သည့် အာတာတပ်အမည် ကို ခံယူသော မွတ်စတာဖါကီမားသည် ၁၈၈၁ ခုနှစ်တွင် ဂရိနိုင်ငံ ဆယ်လိုနီး ကားမြို့တွင် ဖွားမြင်သည်။ သူ၏ဖခင်မှာ အကောက် အရာရှိ တစ်ဦး ဖြစ်၍၊ မွတ်စတာဖါ ဖွားမြင်ပြီးနောက် မကြာမီ ကွယ်လွန် သွားလေသည်။

မွတ်စတာဖါသည် ငယ်စဉ်က ဆယ်လိုနီးကားမြို့ရှိ အခြေခံ စစ်ပညာသင်ကျောင်းတွင် ပညာသင်ကြားခဲ့စဉ်၊ သင်္ချာဘာသာ ရပ်တွင် သူမတူအောင် ထူးချွန်ခဲ့သောကြောင့် သူနှင့်နာမည်တူ မွတ်စတာဖါအမည် ရှိသော သူ၏ဆရာက အမည်ရင်းတွင် 'ကီမား'ဟူသော အမည်တစ်လုံး တိုးပေးခဲ့လေသည်။ ကီမားမှာ အာရဗီဘာသာဖြင့် ပြည့်ဝခြင်း၊ ပြည့်ဝသူဟု အနက်ရ၏။ မွတ်စတာဖါကီမားသည် ငယ်စဉ်မှစ၍ စစ်မှုကို ထမ်းခဲ့သူ ဖြစ်သဖြင့် စစ်ရေးစစ်ရာတွင် ထူးခွျန်ခဲ့ရုံမက၊ နိုင်ငံရေးတွင် လည်း များစွာ စိတ်ဝင်စားခဲ့သူဖြစ်သည်။ နိုင်ငံရေးတွင် ဤသို့ စိတ်ပါဝင်စားရုံသာမက၊ လျှို့ဝှက်သောနိုင်ငံရေး အသင်းများ ဖွဲ့စည်းခြင်း၊ စစ်အရာရှိ ကြီးငယ်တို့အား နိုင်ငံရေးစိတ်ဓါတ် များ သွင်းပေးခြင်းတို့ကြောင့် မကြာခဏ ဖမ်းဆီး စစ်ဆေးခြင်း ခံရသော်လည်း၊ မွတ်စတာဖါ၏ အလွန်ထူးချွန်၍ စွမ်းရည် ရှိသော စစ်သားကောင်းတစ်ယောက်ဖြစ်သဖြင့် ကြီးလေးသော အပြစ်ဒဏ်များမှ ကင်းလွတ်ခဲ့လေသည်။ ဤသို့ဖြင့် မကြာခဏ ဖမ်းဆီးစစ်ဆေးခြင်း ခံရလျက်နှင့်ပင် သူသည် နိုင်ငံရေးကို မစွန့်လွှတ်ခဲ့ချေ။

ဖိုင်:MustafaKemalAtaturk.jpg

၁၉ဝ၄ ခုနှစ်တွင် စစ်ဗိုလ်ရာထူးသို့ တိုးမြှင့်ခန့်ထားခြင်း ခံရသော်လည်း ထိုအချိန်မှာပင် မွတ်စတာဖါမှာ တော်လှန်ရေး အသင်းတစ်ခုတွင် ပါဝင်မှုနှင့်ဖမ်းဆီးစစ်ဆေးခြင်းခံရပြီးနောက် ဒမက်စကပ်မြို့သို့ ပို့ထားခြင်း ခံရလေသည်။ ဒမက်စကပ်တွင် လည်း ၁၉ဝ၅ ခုနှစ်၌ လျှို့ဝှက်သော နိုင်ငံရေးအဖွဲ့ ဖွဲ့စည်းပြန် သောကြောင့် ဂျက်ဖါးမြို့သို့ ပြောင်းရွှေ့ခြင်း ခံရပြန်သည်။ ဂျက်ဖါးမှနေ၍ သူ၏ဇာတိဖြစ်သော ဆယ်လိုနီးကားမြို့သို့ တိတ်တဆိတ် ထွက်ပြေးသွား၍ ဥရောပနယ်မြေဘက်တွင် လှျို့ဝှက်သော နိုင်ငံရေးအဖွဲ့ ဖွဲ့စည်းပြန်သည်။ ဆယ်လိုနီး ကားတွင် သူဖွဲ့စည်းခဲ့သောအသင်းသည် နောင်အခါတွင် စည်းလုံးတိုးတက်ရေး အသင်းကြီး နှင့်ပူးပေါင်း ဆက်သွယ် လေသည်။ ထိုအခါက ကွန်စတန်တီနိုပယ် အစိုးရက သူ့အား ဖမ်းဆီးရန် အမိန့်ထုတ် ခဲ့သော်လည်း၊ မွတ်စတာဖါမှာ လွတ် မြောက်ခဲ့ရုံမက၊ စစ်သားကောင်းတစ်ယောက်အဖြစ် အသိအမှတ် ပြုထားခြင်း ခံရသူဖြစ်ရကား၊ ၁၉ဝ၇ ခုနှစ်တွင် အပြစ်မှ လွတ် ငြိမ်းချမ်းသာခွင့်ပေး၍ ရာထူးတိုးတက် ခန့်ထားသည့်ပြင် ဆယ်လို နီးကားသို့ပင် ပြန်ပို့ခြင်း ခံရလေသည်။ သို့သော် မွတ်စတာဖါကား နိုင်ငံရေးနှင့် တော်လှန်ရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ပင်ရှိ၏။

၁၉ဝ၈ ခုနှစ်တွင် စည်းလုံးတိုးတက်ရေးအသင်းကြီး၏ လှုံဆော်မှုဖြင့် တော်လှန်ရေးကြီး ဖြစ်ပွားသည်တွင် တော်လှန် သူ တို့က အနိုင်ရလေရာ၊ စူလတန်ဘုရင်လည်း စည်းမျဉ်း အုပ်ချုပ်ရေးကို ခွင့်ပြုလိုက်ရလေသည်။ ထိုအခါ ၁၈၇၆ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ပြန်လည်ပြဋ္ဌာန်းခဲ့သည်တွင် တော်လှန်ရေးခေါင်းဆောင်များနှင့် မွတ်စတာဖါတို့ သဘော ကွဲကြပြီးလှျင်၊ မွတ်စတာဖါသည် နိုင်ငံရေးမှ ခေတ္တအနားယူ၍ စစ်ဖက်တွင်သာ အားထုတ်၍ အလုပ်လုပ်ခဲ့လေသည်။ ၁၉၁၁ ခုနှစ်တွင် မထင်မရှားသော အသွင်ဖြင့် ထရစ်ပိုလီ နယ်သို့ သွား၍ အီတာလျံတို့နှင့် တိုက်ရသော စစ်ပွဲတွင် ပါဝင်ဆင်နွဲခဲ့ရာ ဗိုလ်မှူးအဆင့်အတန်း တိုးမြှင့်ခန့်ထားခြင်း ခံရသည်။ ထရစ်ပိုလီမှ သူမပြန်နိုင်မီ ပထမဗေါ်လကန်စစ်ပွဲ ပြီးဆုံးသွားသော်လည်း၊ ဒုတိယ ဗေါ်လကန်စစ်ပွဲတွင် ဂလစ် ပိုလီကျွန်းဆွယ်သို့ စေလွှတ်ရန် ဖွဲ့စည်းသောတပ်ကြီးကို အုပ်ချုပ်၍ ထွက်ခဲ့ရလေသည်။ ထိုအခါက ဒါးဒနဲရေလက်ကြား ကို ကာကွယ်ရေးအတွက် လက်တွေ့အစီအစဉ်များကို လေ့လာခဲ့ လေသည်။ စစ်ပြီးသောအခါ မွတ်စတာဖါကီမားမှာ ဗိုလ်မှူးကြီး အဆင့်အတန်းဖြင့် စစ်ဖက်ဆိုင်ရာ တွဲဖက် သံအရာရှိအဖြစ်ဖြင့် ဆိုဖီးယားမြို့သို့ စေလွှတ်ခြင်း ခံရလေသည်။

၁၉၁၄ ခုနှစ်မှ စတင်ဖြစ်ပွားသော ပထမကမ္ဘာစစ်အတွင်း မွတ်စတာဖါကီမားသည် ဒါးဒနဲရေလက်ကြား ကို အောင်မြင်စွာ ကာကွယ်နိုင်ခဲ့ပြီးနောက် ကော်ကေးဆပ်နယ်တွင် တူရကီတပ် များကို အုပ်ချုပ်ရန် စေလွှတ်ခြင်း ခံရပြန်သည်။ ပါရှားဘွဲ့ထူး ဖြင့်လည်း ချီးမြင့်ခြင်းခံရသည်။ ထိုအခါမှစ၍ မွတ်စတာဖါ ကီမား ပါရှားဟူ၍ တွင်လေသည်။

ကော်ကေးဆပ်နယ်တွင် ရုရှတို့ တိုက်ခိုက်သိမ်းယူထားသော ဗစ်တလစ်နှင့် မုရှမြို့များကို ပြန်လည် တိုက်ခိုက်ယူခဲ့၏။ ၁၉၁၇ ခုနှစ်တွင် ဟယ်ဂျက်နယ်သို့ သွားရပြန်သည်။ ထိုအချိန် တွင် ဂျာမန်တို့သည် တူရကီပြည်တွင်းရေးများကိုပါ ဝင်ရောက် စွက်ဖက်လာခဲ့သောကြောင့်၊ ကီမားပါရှားသည် ထိုသို့ ဝင် ရောက် စွက်ဖက်မှုများကို ဦးဆောင်၍ အတိုက်အခံ ပြုခဲ့သည်။ သို့ရာတွင် ဂျာမန်ဩဇာခံဖြစ်နေသော စူလတန် ဘုရင်သည် သူ၏အစီရင်ခံစာများကို အရေးမယူဘဲထားသဖြင့် မွတ်စတာဖါ လည်း ရာထူးမှ နုတ်ထွက်ခဲ့ လေသည်။

၁၉၁၈ ခုနှစ်တွင် စူလတန်ဘုရင်က ပြန်လည်ခေါ်ယူသဖြင့် ပါလက်စတိုင်းရှိ တူရကီစစ်တပ်များကို အုပ်ချုပ်ခဲ့ရပြန်သည်။ သို့သော် တူရကီနိုင်ငံမှာ အတော်ပင် အခြေယိုင်နေပြီဖြစ်၍၊ ပြန်လည်အခြေခိုင်အောင် မဆောင်ရွက်နိုင်တော့ပေ။ ထိုနှစ် အောက်တိုဘာလတွင် စစ်ပြေငြိမ်းရန် အရေးဆိုရသောအခါ မွတ်စတာဖါသည် လုံးဝလက်နက်ချလိုက်ရန်ကို သဘောမတူခဲ့ သဖြင့် စစ်ပြေငြိမ်းစာချုပ်လက်မှတ်ထိုးပြီးချိန်တွင် စစ်တပ်မှ အနားယူလေတော့သည်။

သို့သော် ၁၉၁၉ ခုနှစ်တွင် အန္နာတိုးလီးယားနယ်သို့ စစ် ပြေငြိမ်းစာချုပ်ပါ စည်းကမ်းချက်များအရ တူရကီစစ်တပ်များကို လက်နက်သိမ်းယူပြီးလျှင် ဖျက်သိမ်းရန် စေလွှတ်ခြင်းခံရလေ သည်။ မွတ်စတာဖါကီမားမှာ တူရကီနိုင်ငံကို ခွဲစိတ်မည့် မဟာ မိတ်တို့၏ အစီအစဉ်ကို တိုက်ဖျက်ပစ်ရန် ကြံစည်ထားသူ ဖြစ်ရကား၊ ထိုအရပ်တွင် လျှို့ဝှက်စွာ တူရကီ မျိုးချစ်အသင်း အဖွဲ့များ တည်ထောင်ကာ သူ၏အကြံ ထမြောက် အောင်မြင် စေရန် ကြိုးပမ်းခဲ့၏။

မွတ်စတာဖါကီးမား၏ လှုပ်ရှားမှုများကို စူလတန်ဘုရင့် အစိုးရ သိရှိသောအခါ၊ သူအား ကွန်စတန် တီနိုပယ်မြို့သို့ ပြန်ခေါ်ခဲ့သော်လည်း မွတ်စတာဖါသည် မနာခံတော့ဘဲ အာဇရွမ်းမြို့သို့ ထွက်သွားလေသည်။

ထိုအခါ စူလတန်ဘုရင့်အစိုးရသည် မွတ်စတာဖါနှင့် သူ၏နောက်လိုက်များကို ချေမှုန်းရန် အားထုတ် လေသည်။ သို့ရာတွင် ဤသို့ အားထုတ်ခြင်းမှာ မွတ်စတာဖါအား အင်အား ဖြည့်လောင်းပေးလိုက် သည်နှင့်သာ တူလေသည်။ အဘယ်ကြောင့်ဆိုသော် စူလတန်ဘုရင်၏စစ်တပ်နှင့် အရာရှိ အရာခံ အများ အပြားမှာ မွတ်စတာဖါ၏ နောက်လိုက်များ ဖြစ်သွားကုန်ကြသောကြောင့်တည်း။ ဤသို့ဖြင့် တဖြည်းဖြည်း အင်အားတောင့်တင်းလာပြီးလျှင် မဟာမိတ်တပ်များ သိမ်းပိုက် ထားသော ကွန်စတန်တီနိုပယ်မြို့ရှိ တူရကီ အစိုးရနှင့် အတိုက် အခံပြုလျက်၊ ယာယီအစိုးရအဖွဲ့ကို မွတ်စတာဖါကီမား ခေါင်းဆောင်ဖွဲ့စည်းခဲ့လေသည်။

ကွန်စတန်တီနိုပယ် ပါလီမန်မှ ထွက်ပြေး၍ မွတ်စတာဖါထံ ရောက်လာကြသော မျိုးချစ်အမတ်များသည် ၁၉၂ဝ ပြည့်နှစ် ဧပြီလ ၂၃ ရက်နေ့တွင် အန်ကာရာမြို့၌ စည်းဝေးကြပြီး နောက်၊ အမျိုးသားလွှတ်တော်သစ် တည်ထောင်၍ မွတ်စတာဖါကီမားအား အမျိုးသားလွှတ်တော်သစ်တွင် ဥက္ကဋ္ဌအဖြစ် တင်မြှောက်ကြသည်။

ထိုအခါမှစ၍ မွတ်စတာဖါသည် တူရကီနိုင်ငံအတွင်း အမျိုးသားတော်လှန်ရေးအတွက် မနေမနား ကြိုးစား ဆောင်ရွက်ခဲ့လေသည်။ သူ၏စစ်ရေးစစ်ရာ ကျွမ်းကျင်မှု အမြော်အမြင်ကြီးမှုတို့ကြောင့် အောင်မြင်ခဲ့သည်သာ များ လေသည်။

၁၉၂၁ ခုနှစ်တွင် ကျင်းပသော အန်ကာရာ အမျိုးသား လွှတ်တော်က သူ့အား တူရကီစစ်တပ်များ အပေါ်တွင် စစ်သေနာပတိချုပ်အဖြစ် ခန့်အပ်သဖြင့် အန္နာတိုးလီးယား နယ်တခုလုံးလိုလိုကိုပင် ဝင်ရောက် သိမ်းပိုက်ထားသော ဂရိစစ်တပ်များကို တိုက်ခိုက်ခဲ့ရလေသည်။ ဆာကားရီးယား တိုက်ပွဲတွင် ၂၁ ရက်တိတိ နေ့ရောညပါ ကိုယ်တိုင်ပါဝင် တိုက်ခိုက်ခဲ့ရာ ရန်သူတို့အပေါ် အောင်ပွဲရခဲ့လေသည်။ ထိုအခါ တွင် မွတ်စတာဖါအား အမျိုးသားလွှတ်တော်က ဂါဇီ (အောင်ပွဲ ရသူ) ဘွဲ့ဖြင့် ခြီးမြှင့်ခဲ့၏။ တစ်နှစ်အတွင်း ဂရိတို့ကို တူရကီ နယ်မြေမှ မောင်းနှင်ထုတ်နိုင်ခဲ့လေသည်။ မဟာမိတ် နိုင်ငံများ နှင့် တူရကီနိုင်ငံတို့ လိုဇန်းမြို့တွင် ၁၉၂၂ ခုနှစ်၌ ချုပ်ဆိုခဲ့ သော စစ်ပြေငြိမ်းစာချုပ်အရ တူရကီနိုင်ငံမှာ နိုင်ငံခြား စိုးမိုး ချယ်လှယ်မှုမှ လွတ်ကင်းသွားပြီးလျှင် ကီမားမှာလည်း တူရကီ တစ်နိုင်ငံလုံး၏ အရှင်သခင် ဖြစ်သွား လေတော့သည်။ သူ သည် စူလတန်ဘုရင်ကို နန်းချ၍ တူရကီအမျိုးသားနိုင်ငံကို တည်ထောင်ခဲ့လေသည်။

၁၉၂၃ ခု အောက်တိုဘာလ ၂၉ ရက်နေ့တွင် ကျင်းပသော အန်ကာရာ အမျိုးသားလွှတ်တော်က တူရကီနိုင်ငံကို သမ္မတ နိုင်ငံအဖြစ် ကျေညာပြီးလျှင် မွတ်စတာဖါကီးမားအား ပထမ ဆုံး သမ္မတအဖြစ် သဘောတူ တင်မြှောက်လိုက်ကြလေသည်။ မွတ်စတာဖါကီမားသည် တူရကီသမ္မတနိုင်ငံ၏ ပထမဆုံး သမ္မတ အဖြစ်ဖြင့်သာမဟုတ်ဘဲ နိုင်ငံသစ် တည်ထောင်သူ အဖြစ်ဖြင့်၄င်း၊ ပြုပြင်ရေးသမားကြီး အဖြစ်ဖြင့်၄င်း၊ ထင်ရှား ခဲ့လေသည်။ သူ၏ လက်ထက်တွင် ခေတ်နောက်ကျလျက် ရှိသော စနစ်ဟောင်းဓလေ့ဟောင်း အားလုံးကို ပယ်ဖျက်၍၊ တိုးတက်ထွန်းကား လျက်ရှိသော နိုင်ငံကြီးများနည်းတူ ခေတ်မီ စနစ်သစ် ထုံးစံသစ်များကို အသုံးပြုစေခဲ့လေသည်။ မွတ်စတာ ဖါကီမားသည် အာဏာရှင်သဖွယ် တူရကီနိုင်ငံကို အုပ်စိုးခဲ့ရာ၊ သူ၏အုပ်ချုပ်နည်းများမှာ တစ်ခါတစ်ရံ နိုင်ထက်စီးနင်း အကြမ်းဖက်သောနည်းများ ဖြစ်သော်လည်း၊ နိုင်ငံအတွက် အထူးလိုလားအပ်သော ပြုပြင်မှုများကို ထိုအကြမ်းနည်းဖြင့် ဖြစ်မြောက်အောင် ဆောင်ရွက်ခဲ့လေသည်။

သူ့လက်ထက်တွင် တူရကီအမျိုးသမီးများ ပိုမိုလွတ်လပ်ခွင့် ရလာကြသည်။ သူသည် ပညာရေးကို ပြုပြင် ပေးခဲ့လေသည်။ သူကိုယ်တိုင်လည်း အာရဗီဘာသာစကားဖြစ်သော မွတ်စတာ ဖါဟူသော အမည်နှင့် ပါရှားဟူသော ခေတ်ဟောင်း ဂုဏ်ထူး ဘွဲ့ထူးများကို စွန့်ပယ်၍၊ တူရကီတို့၏ဖခင်ဟု အနက်ရသော 'အာတာတပ်' အမည်သစ်ကို ခံယူလေသည်။

သူ၏ဆောင်ရွက်ချက်များကြောင့် တူရကီနိုင်ငံမှာ နိုင်ငံ တကာနှင့်ယှဉ်သာသော နိုင်ငံသစ်ကြီးတခုအဖြစ်သို့ နေ့ခြင်း ညခြင်း ရောက်ခဲ့လေသည်။ သူသည် အုပ်ချုပ်ရေးတွင် သာသနာရေးဆိုင်ရာတို့ ဝင်ရောက်စွက်ဖက်မှုများ လုံးဝ မရှိစေရန် တားမြစ် ပိတ်ပင်လိုက်လေသည်။

ကီမားအာတာတပ်သည် ၁၉၂၇ ခု နိုဝင်ဘာလတွင် တစ်ကြိမ်၊ ၁၉၃၁ ခု မေလတွင်တကြိမ်၊ ၁၉၃၅ ခု မတ်လတွင် တစ်ကြိမ် သမ္မတအဖြစ် ဆက်ကာဆက်ကာ ရွေးကောက် တင်မြှောက်ခြင်း ခံရ၍၊ ပြည်သူတို့၏ ကြည်ညိုလေးစားမှုကို အသက်ထက်ဆုံး ရရှိသွားသူ ဖြစ်ပေသည်။ ဤသို့ တူရကီ နိုင်ငံသစ်ကြီးကို တည်ထောင်ခဲ့သည့် ဗိသုကာကြီးဖြစ်သော တူရကီပြည်သူတို့၏ဖခင် ကီမားအာတာတပ်သည် စတုတ္ထ အကြိမ် သမ္မတသက်တမ်းမကုန်မီ ၁၉၃၈ ခု နိုဝင်ဘာလ ၁ဝ ရက်နေ့တွင် ကွယ်လွန်အနိစ္စ ရောက်လေသည်။

[၁]

ကိုးကား

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁)