ရှောက်ပင်: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
အရေးမကြီး r2.7.2) (ရိုဘော့က ပေါင်းထည့်နေသည် - bar, chr, ckb, co, gan, ku, lij, nds-nl, pam, pcd, rue, sk
အရေးမကြီး r2.7.2) (ရိုဘော့က ပေါင်းထည့်နေသည် - lez:Лимон
စာကြောင်း ၁၁၀ - စာကြောင်း ၁၁၀ -
[[lad:Limon]]
[[lad:Limon]]
[[lb:Zitroun]]
[[lb:Zitroun]]
[[lez:Лимон]]
[[lij:Çetron]]
[[lij:Çetron]]
[[ln:Ndímo]]
[[ln:Ndímo]]

၁၉:၄၂၊ ၆ ဩဂုတ် ၂၀၁၂ ရက်နေ့က မူ

ရှောက်
မျိုးရိုးခွဲခြားခြင်း
လောက:
(unranked):
(unranked):
(unranked):
မျိုးစဉ်:
မျိုးရင်း:
မျိုးစု:
မျိုးစိတ်:
C. × limon
ဒွိနာမ
Citrus × limon
(L.) Burm.f.

Lemon ရှောက်(ရှောက်ဝိုင်း)

  • Botany Term : Citrus medica Linn. var . Limonum
  • Species/Family : Rutaceae
ရှောက်သီး

ပုံသဏ္ဌာန် : ဆူးပါသော ချုံပင်မျိုးဖြစ်သည်။ အရွက်ကြမ်း၍ ရွက်ညှာခိုင် သည်။ရွက်မြွှာ များသည်။ ဘဲဥပုံ ရှည်မျောမျောရှိသည်။ ရွက်ထိပ် ချွန်သည်။ အဖြူရောင် သိုႚမဟုတ် ပန်းနုရောင်သန်းသော အပွင့်ကလေးများ ပွင့်သည်။ အသီးသည် လုံးဝန်းသည်။ နုလျှင်အစိမ်းရောင် ဖြစ်ပြီး မှည့်လျှင် အဝါရောင်သိုႚ ပြောင်းသည်။ အသီးနှစ်များသည် အဝါ ရောင်သန်းသော အစိမ်းရောင် ဖြစ်သည်။ အပင်--အပင် လတ်မျိုး ဖြစ်သည်။ အမြင့်ပေ ၂၀ ခန့် ထိ ရှိတတ် သည်။ အခေါက် ညိုမည်း သော အရောင် ရှိသည်။ အကိုင်း အခက် များ သည်။ တစ်ပင်လုံး ၌ ချွန်ထက်သော ဆူများ ရှိသည်။ အရွက်--ရွက်လွှဲ ထွက်သည်။ ဘဲဥ ပုံရှိပြီး ရွက်ထိပ် ချွန်၍ ရွက်ရင်း သွယ်သည်။ ရွက်ပြား ထူ၍ ချောသည်။ ရွက်ညှာ တွင် အတောင်ပါသည်။ အပွင့် --သေးငယ်၏ ။အဖြူရောင် ရှိ၍ ပွင့်ဖတ် ကျောဘက် တွင် အညိုရောင် သမ်း၏။ သင်းပျံ့သော အနံ့ ရှိသည်။ အသီး--အစေ့များ ခွံပျော့ သီး ဖြစ်သည်။ အသီးမှာ အလတ် စား အသီးမျိုး ဖြစ်၍ လုံးဝိုင်းပြီး အစိမ်းရောင် ရှိသည်။ အရည် ရွှမ်းသည်။ အသီးခွံ ထူ၍ အဆီ အိတ်ကလေး များ ရှိသည်။ အစေ့ သေးငယ်ပြီး အဖြူရောင် ရှိသည်။ အသုံးပြုနိုင်သည့် အစိတ်အပိုင်းများ : အသီး ။ မြန်မာနိုင်ငံတွင် တွေ့နိုင်သောနေရာများ : မြန်မာ နိုင်ငံ အနှံ့အပြား ပေါက်ရောက်သည်။ စိုက်ပျိုးပင် အဖြစ် လည်းကောင်း ၊ မြစ်ချောင်း မြောင်းနား တွင် သဘာဝ အလျောက် လည်းကောင်း ပေါက်ရောက်၏။ စိုက်ပျိုးပုံ- သံပရာ ပင် ကဲ့သို့ ပင် စိုက်ပျိုး ဖြစ်ထွန်း နိုင်သည်။ သဲနုန်း မြေနုကို ပိုမို ကြိုက်နှစ်သက် ၏ ။ အသုံးဝင်ပုံ : အာနိသင်---မြန်မာ ဆေးကျမ်း များ အလိုအရ ရှောက်သီးသည် ချဉ်၏။ နှလုံးကို ကြည်လင် စေတတ်၏ ၊ သွေးသားကို သန့်ရှင်း စေ၏ ၊ ပေါ့ပါးသော ဂုဏ်သတ္တိ ရှိ၏ ၊ ဝမ်းမီး ကို တောက်စေ၏ ၊ မောပန်းခြင်း ကို ပျောက်စေ၏ ။ ချောင်းဆိုး နာ၊ နှုတ်မမြိန် ၊ အော့အန်နာ ၊ မွတ်သိပ် နာ ၊ အသံပျက် ခြင်း ၊ ဝမ်းကြော တင်းခြင်း ၊ အဖုအလုံး ပေါက် ခြင်း များကို နိုင်၏ ၊ သလိပ်ကို ကြေစေ၍ ဆီးကို များစေသည်။ အသုံးပြုပုံ- အသီး ၁ ။ ရှောက်ရည် ၊ ကြောင်ပန်းရွက် ညှစ်ရည် အမျှရော ၍ ရှူပေးက ဝက်ရူးနာ ပျောက်၏။ ၂ ။ ရှောက်သီး အမြွှာနှင့် သလဲ အချဉ် အစေးကို ရောစား က မူးဝေ ထိုင်းမှိုင်းသော ရောဂါ ပျောက်ကင်း၏ ။ ၃ ။ ရှောက်သီး အမြွှာနှင့် သိန္ဓော ဆား ရော၍ နံနက် ည နေ့စဉ် သောက်သုံးက ဆီးအိမ် နှင့် ကျောက်ကပ် တွင် ဖြစ်တတ်သော ကျောက်တည် ရောဂါ ပျောက်ကင်း၏။ ၄ ။ ပျားရည် ၊ ရှောက်ရည် ၊ ဇဝက်သာ သုံးမျိုး ရောသောက် က ချောင်းဆိုး ၊ ရင်ကျပ် ၊ သလိပ်ကပ် ၊ ပန်းနာ ပျောက်၏။ ၅ ။ မီးယပ် သွေးဆင်း၍ မူးဝေသောရောဂါအတွက် ရှောက်သီးကို ထန်းလျက် နှင့် စားက ပျောက်၏ ။ ၆ ။ ရှောက်သီး ကို ဆန်ဆေးရည် တစ်ပိဿာ နှင့် ရေခန်း အောင် ပြုတ်ပြီး နူးလျှင် ဆန်ခါ နှင့်စစ်ချ ၍ ယင်း တစ်ဆယ်သား ခန့်ကို ဆား အနည်းငယ် နှင့် မွှေ၊ နေလှန်း ၊ အမှုန့် ပြုပြီး သုံးဆောင်က လေရောဂါ အမျိုးမျိုး ပျောက်ကင်း ၏ ။ [၁]

ကိုးကား

  1. http://arogyamonline.com/commodity/materials/?raw=87