မြစ်ကြီးနားမြို့: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
အရေးမကြီး r2.7.1) (ရိုဘော့က ပေါင်းထည့်နေသည် - pt:Myitkyina
အရေးမကြီးNo edit summary
စာကြောင်း ၄၉ - စာကြောင်း ၄၉ -
၁၃၅ မိုင် ကွာဝေး၏။ မေခနှင့် မလိခမြစ်ဆုံမှ ၂၆ မိုင်မျှသာ
၁၃၅ မိုင် ကွာဝေး၏။ မေခနှင့် မလိခမြစ်ဆုံမှ ၂၆ မိုင်မျှသာ
ဝေးသည်။
ဝေးသည်။

===== သမိုင်း =====
===== သမိုင်း =====
မြစ်ကြီးနားမြိို့သည် ရှေးမြန်မာဘုရင်များ လက်ထက်ကပင်
မြစ်ကြီးနားမြို့သည် ရှေးမြန်မာဘုရင်များ လက်ထက်ကပင်
တည်ရှိခဲ့သည်။ ၁၈၉၂ ခုနှစ် မတိုင်မီက မိုးကောင်းနယ်အတွင်းရှိ ရှမ်း -
တည်ရှိခဲ့သည်။ ၁၈၉၂ ခုနှစ် မတိုင်မီက မိုးကောင်းနယ်အတွင်းရှိ ရှမ်း -
မြန်မာ ရွာကလေး တစ်ရွာမျှသာ ဖြစ်၍၊ မြစ်ကြီးနားဟု
မြန်မာ ရွာကလေး တစ်ရွာမျှသာ ဖြစ်၍၊ မြစ်ကြီးနားဟု
တွင်ခဲ့သည်မှာလည်း မြစ်ကြီး(ဧရာဝတီ) အနားတွင်ရှိသော
တွင်ခဲ့သည်မှာလည်း မြစ်ကြီး(ဧရာဝတီ) အနားတွင်ရှိသော
ကြောင့်ဟု ဆိုသည်။ မိုးကောင်းနယ်နှင့်တရုတ်ပြည်ကုန်သွယ်ရာဆိပ်ကမ်းဖြစ်သည်။ မြစ်တစ်ဖက်ကမ်းရှိဝိုင်းမော်မြို့မှတစ်ဆင့်တရုတ်ပြည်နှင့်ကုန်သွယ်ရာစခန်းတစ်ခုဖြစ်ခဲ့သည်။ ဗြိတိသျှတို့ မြန်မာနိုင်ငံအားသိမ်းပိုက်ပြီးနောက်သိမ်းပိုက်ပြီး

နောက်မိုးကောင်းမြို့တွင် အခြေချရာ စိမ့်တောများပေါများခြင်းကြောင့် မြစ်ကြီးနားသို့ပြောင်းရေွှ့ရုံးစိုက်ခဲ့သည်။ ထို့နောက်တွင် တဖြည်းဖြည်း အရေးပါလာ၍၊ ဗြိတိသျှတို့
နောက်မိုးကောင်းမြို့တွင် အခြေချရာ စိမ့်တောများပေါများခြင်းကြောင့် မြစ်ကြီးနားသို့ပြောင်းရွှေ့ရုံးစိုက်ခဲ့သည်။ ထို့နောက်တွင် တဖြည်းဖြည်း အရေးပါလာ၍၊ ဗြိတိသျှတို့
အုပ်စိုးနေသော အချိန်တွင် အရေးပိုင်ရုံးစိုက်ရာမြို့
အုပ်စိုးနေသော အချိန်တွင် အရေးပိုင်ရုံးစိုက်ရာမြို့
တစ်မြို့ ဖြစ်ခဲ့လေသည်။ ဒုတိယကမ္ဘာစစ်ကာလတွင် လီဒိုလမ်းမကြီး၊ တရုတ်- မြန်မာလမ်းမကြီးများဖောက်လုပ်ခြင်း၊ မဟာမိတ်တပ်များစခန်းချခြင်းတို့ကြောင့် မြစ်ကြီးနားမြို့သည်ပို၍အရေးပါလာသည်။ လွတ်လပ်ရေးကာလတွင် မြစ်ကြီးနားခရိုင်နှင့်ဗန်းမော်ခရိုင်ရှိပြည်သူတို့အား ပြည်မနှင့်ပူးပေါင်းမည်သို့မဟုတ် ကချင်တောင်တန်းဒေသနှင့်ပူးပေါင်းမည်အား ဆန္ဒမဲကောက်ခံစေခဲ့သည်။ ပြည်မနှင့်ပူပေါင်းရန်မဲအသာရခဲ့သော်လည်း ဗိုလ်ချုပ်အောင်ဆန်းက ၎င်းခရိုင်နှစ်ခုအား ကချင်တောင်တန်းဒေသနှင့်ပူးပေါင်းပေးရုံမက မြစ်ကြီးနားမြို့ကို ကချင်ပြည်နယ်၏မြို့တော်အဖြစ်သတ်မှတ်ပေးခဲ့သည်။

စာကြောင်း ၆၈ - စာကြောင်း ၆၉ -
အတွင်းဝန်များရုံးနှင့် အခြားအစိုးရရုံးများ၊ ပြည်သူ့
အတွင်းဝန်များရုံးနှင့် အခြားအစိုးရရုံးများ၊ ပြည်သူ့
ဆေးရုံ၊ အကျဉ်းထောင်တို့ တည်ရှိသည်။ ခရိုင်ဝန်ရုံးစိုက်ရာ
ဆေးရုံ၊ အကျဉ်းထောင်တို့ တည်ရှိသည်။ ခရိုင်ဝန်ရုံးစိုက်ရာ
မြို့လည်း ဖြစ်သည်။ ထိုပြင် ဥပစာကောလိပ်၊ ဆရာဖြစ်သင်
မြို့လည်း ဖြစ်သည်။ ထို့အပြင် ဥပစာကောလိပ်၊ ဆရာဖြစ်သင်
သိပ္ပံကျောင်း၊ အထက်တန်းကျောင်းများ၊ အလယ်တန်း
သိပ္ပံကျောင်း၊ အထက်တန်းကျောင်းများ၊ အလယ်တန်း
ကျောင်းများနှင့် မူလတန်းကျောင်းများလည်း ရှိသည် ။
ကျောင်းများနှင့် မူလတန်းကျောင်းများလည်း ရှိသည် ။
စာကြောင်း ၇၈ - စာကြောင်း ၇၉ -
ရန်ကုန်မြို့မှ ၇၂၄ မိုင်ဝေးသည်။ ရှေးက ကချင်တောင်တန်း
ရန်ကုန်မြို့မှ ၇၂၄ မိုင်ဝေးသည်။ ရှေးက ကချင်တောင်တန်း
ဒေသများနှင့် မြန်မာပြည်ထွက် ပစ္စည်းများ ဖလှယ်
ဒေသများနှင့် မြန်မာပြည်ထွက် ပစ္စည်းများ ဖလှယ်
ရောင်းဝယ်ရာဌာန ဖြစ်ခဲ့၏။ မြစ်ကြီးနားမြို့မှာ မီးသဘေ‡ာများ
ရောင်းဝယ်ရာဌာန ဖြစ်ခဲ့၏။ မြစ်ကြီးနားမြို့မှာ မီးသင်္ဘောများ
အမြဲတစေ ဝင်ထွက်သွားလာနေသော မြို့ဖြစ်သည်။ မြစ်ကြီးနား
အမြဲတစေ ဝင်ထွက်သွားလာနေသော မြို့ဖြစ်သည်။ မြစ်ကြီးနား
မှာ ဆင်ဘိုသို့ မော်တော်ဖြင့် သွားလာနိုင်သည်။ ကချင်ပြည်နယ်
မှာ ဆင်ဘိုသို့ မော်တော်ဖြင့် သွားလာနိုင်သည်။ ကချင်ပြည်နယ်
မှ ထွက်သော ကုန်ပစ္စည်းတို့၏ ၃ ပုံ ၂ ပုံခန့်ကို မြစ်ကြီးနား
မှ ထွက်သော ကုန်ပစ္စည်းတို့၏ ၃ ပုံ ၂ ပုံခန့်ကို မြစ်ကြီးနား
မြို့မှ မော်တော်ကား၊ မီးသဘေ‡ာငယ်များ၊ မီးရထားနှင့်လေ
မြို့မှ မော်တော်ကား၊ မီးသင်္ဘောငယ်များ၊ မီးရထားနှင့်လေ
ယာဉ်ပျံတို့ဖြင့် အခြားမြို့များသို့ တင်ပို့ရလေသည်။
ယာဉ်ပျံတို့ဖြင့် အခြားမြို့များသို့ တင်ပို့ရလေသည်။
အိန္ဒိယနှင့် တရုပ်နိုင်ငံတို့သို့ ကုန်းလမ်းခရီးဖြင့် သွားရာ
အိန္ဒိယနှင့် တရုပ်နိုင်ငံတို့သို့ ကုန်းလမ်းခရီးဖြင့် သွားရာ

၀၇:၄၆၊ ၂၆ ဇူလိုင် ၂၀၁၂ ရက်နေ့က မူ

မြစ်ကြီးနားမြို့
မြန်မာနိုင်ငံရှိ မြို့များ
မြစ်ကြီးနားမြို့ သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
မြစ်ကြီးနားမြို့
မြစ်ကြီးနားမြို့
မြို့တည်နေရာပြ မြန်မာနိုင်ငံမြေပုံ
ကိုဩဒိနိတ်: 25°22′N 97°23′E / 25.367°N 97.383°E / 25.367; 97.383
နိုင်ငံအမည် မြန်မာ
ပြည်နယ် ကချင်
ခရိုင်မြစ်ကြီးနား
လတ္တီကျု(၂၅)ဒီဂရီ၊ (၂၂)မိနစ်
လောင်ဂျီကျု(၉၇)ဒီဂရီ၊ (၂၃)မိနစ်
မြို့နယ်ရုံးစိုက်ရာမြို့မြစ်ကြီးနားမြို့
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+ ၆ နာရီ ၃၀ မိနစ်)

မြစ်ကြီးနားမြို့သည် မြန်မာပြည်ကချင်ပြည်နယ်မြို့တော်ဖြစ်သည်။ မြစ်ကြီးနားမြို့၏ အထက် ၂၅ မိုင်ခန့်တွင် မေခ နှင့် မေလိခ မြစ်သွယ် နှစ်ခု ပေါင်းဆုံသော မြစ်ဆုံ တည်ရှိပြီး ထိုမှတဆင့် ဧရာဝတီမြစ်ကြီးအဖြစ်မြစ်ဖျားခံကာ မြန်မာပြည်တံလျား တောင်မှမြောက်သို့ စီးဆင်းပါသည်။ ထိုသို့မြစ်ကြီး၏အနားတွင် ပေါ်ပေါက်ခဲ့သော မြို့ဖြစ်သဖြင့် မြစ်ကြီးနားမြို့ ဟုခေါ်တွင်ကြောင်း မှတ်သားရဖူးပါသည်။ ရန်ကုန်မြို့ မှ ၉၁၉ မိုင်ကွာဝေးပြီး မန္တလေးမြို့ မှ ၄၈၇ မိုင် ကွာဝေးသော အေးချမ်းသာယာ လှပသည့် တောင်ပေါ်မြို့လေးတစ်မြို့ ဖြစ်ပါသည်။

မြစ်ကြီးနားမြို့ ။ ။ မြစ်ကြီးနားမြို့သည် မြန်မာနိုင်ငံ မြောက်ပိုင်း ကချင်ပြည်နယ်တွင်ရှိ၍၊ ထိုပြည်နယ်၏ အလယ်ဗဟိုသို့ စီးဆင်းလာသည့် ဧရာဝတီမြစ်ကမ်းဝယ် တောင်ကုန်းများ ဝန်းရံလျက်ရှိသည့် မြေပြန့်တွင် တည်ရှိသည်။ ဗန်းမော်မြို့မှ ၁၃၅ မိုင် ကွာဝေး၏။ မေခနှင့် မလိခမြစ်ဆုံမှ ၂၆ မိုင်မျှသာ ဝေးသည်။

သမိုင်း

မြစ်ကြီးနားမြို့သည် ရှေးမြန်မာဘုရင်များ လက်ထက်ကပင် တည်ရှိခဲ့သည်။ ၁၈၉၂ ခုနှစ် မတိုင်မီက မိုးကောင်းနယ်အတွင်းရှိ ရှမ်း - မြန်မာ ရွာကလေး တစ်ရွာမျှသာ ဖြစ်၍၊ မြစ်ကြီးနားဟု တွင်ခဲ့သည်မှာလည်း မြစ်ကြီး(ဧရာဝတီ) အနားတွင်ရှိသော ကြောင့်ဟု ဆိုသည်။ မိုးကောင်းနယ်နှင့်တရုတ်ပြည်ကုန်သွယ်ရာဆိပ်ကမ်းဖြစ်သည်။ မြစ်တစ်ဖက်ကမ်းရှိဝိုင်းမော်မြို့မှတစ်ဆင့်တရုတ်ပြည်နှင့်ကုန်သွယ်ရာစခန်းတစ်ခုဖြစ်ခဲ့သည်။ ဗြိတိသျှတို့ မြန်မာနိုင်ငံအားသိမ်းပိုက်ပြီးနောက်သိမ်းပိုက်ပြီး နောက်မိုးကောင်းမြို့တွင် အခြေချရာ စိမ့်တောများပေါများခြင်းကြောင့် မြစ်ကြီးနားသို့ပြောင်းရွှေ့ရုံးစိုက်ခဲ့သည်။ ထို့နောက်တွင် တဖြည်းဖြည်း အရေးပါလာ၍၊ ဗြိတိသျှတို့ အုပ်စိုးနေသော အချိန်တွင် အရေးပိုင်ရုံးစိုက်ရာမြို့ တစ်မြို့ ဖြစ်ခဲ့လေသည်။ ဒုတိယကမ္ဘာစစ်ကာလတွင် လီဒိုလမ်းမကြီး၊ တရုတ်- မြန်မာလမ်းမကြီးများဖောက်လုပ်ခြင်း၊ မဟာမိတ်တပ်များစခန်းချခြင်းတို့ကြောင့် မြစ်ကြီးနားမြို့သည်ပို၍အရေးပါလာသည်။ လွတ်လပ်ရေးကာလတွင် မြစ်ကြီးနားခရိုင်နှင့်ဗန်းမော်ခရိုင်ရှိပြည်သူတို့အား ပြည်မနှင့်ပူးပေါင်းမည်သို့မဟုတ် ကချင်တောင်တန်းဒေသနှင့်ပူးပေါင်းမည်အား ဆန္ဒမဲကောက်ခံစေခဲ့သည်။ ပြည်မနှင့်ပူပေါင်းရန်မဲအသာရခဲ့သော်လည်း ဗိုလ်ချုပ်အောင်ဆန်းက ၎င်းခရိုင်နှစ်ခုအား ကချင်တောင်တန်းဒေသနှင့်ပူးပေါင်းပေးရုံမက မြစ်ကြီးနားမြို့ကို ကချင်ပြည်နယ်၏မြို့တော်အဖြစ်သတ်မှတ်ပေးခဲ့သည်။ မြစ်ကြီးနားမြို့သည် ကချင်ပြည်နယ်၏ အကြီးဆုံးသော မြို့ဖြစ်သည်။ ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် မြန်မာပြည် လွတ်လပ်ရေး ရရှိပြီးသည့်နောက် ဇန်နဝါရီလ ၁ဝ ရက်နေ့၌ ကချင်ပြည်နယ်ဟုပေါ် ပေါက်လာသည့် အချိန်အခါမှစ၍ မြစ်ကြီးနားမြို့သည် ကချင်ပြည်နယ်၏ မြို့တော်ဖြစ်လာသည်။

ကချင်ပြည်နယ် အစိုးရရုံးစိုက်ရာ အတွင်းဝန်များရုံးနှင့် အခြားအစိုးရရုံးများ၊ ပြည်သူ့ ဆေးရုံ၊ အကျဉ်းထောင်တို့ တည်ရှိသည်။ ခရိုင်ဝန်ရုံးစိုက်ရာ မြို့လည်း ဖြစ်သည်။ ထို့အပြင် ဥပစာကောလိပ်၊ ဆရာဖြစ်သင် သိပ္ပံကျောင်း၊ အထက်တန်းကျောင်းများ၊ အလယ်တန်း ကျောင်းများနှင့် မူလတန်းကျောင်းများလည်း ရှိသည် ။ မြန်မာပြည်မြောက်ဖက် နယ်နိမိတ်နှင့် နီးစပ်၍ ပြည်ထောင်စု လုံခြုံရေး အတွက်အရေးပါသော ဒေသတစ်ခု ဖြစ်သည့် အလျောက် စစ်စခန်းချရာမြို့လည်း ဖြစ်သည်။ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ဖွင့်လှစ်ထားရှိသည်။ မြစ်ကြီးနားမြို့သည် မီးရထားလမ်းဆုံး မြို့ ဖြစ်သည်။ မီးရထားလမ်းအတိုင်း မန္တလေးမြို့မှ ၃၃၇ မိုင် ဝေးကွာ၍၊ ရန်ကုန်မြို့မှ ၇၂၄ မိုင်ဝေးသည်။ ရှေးက ကချင်တောင်တန်း ဒေသများနှင့် မြန်မာပြည်ထွက် ပစ္စည်းများ ဖလှယ် ရောင်းဝယ်ရာဌာန ဖြစ်ခဲ့၏။ မြစ်ကြီးနားမြို့မှာ မီးသင်္ဘောများ အမြဲတစေ ဝင်ထွက်သွားလာနေသော မြို့ဖြစ်သည်။ မြစ်ကြီးနား မှာ ဆင်ဘိုသို့ မော်တော်ဖြင့် သွားလာနိုင်သည်။ ကချင်ပြည်နယ် မှ ထွက်သော ကုန်ပစ္စည်းတို့၏ ၃ ပုံ ၂ ပုံခန့်ကို မြစ်ကြီးနား မြို့မှ မော်တော်ကား၊ မီးသင်္ဘောငယ်များ၊ မီးရထားနှင့်လေ ယာဉ်ပျံတို့ဖြင့် အခြားမြို့များသို့ တင်ပို့ရလေသည်။ အိန္ဒိယနှင့် တရုပ်နိုင်ငံတို့သို့ ကုန်းလမ်းခရီးဖြင့် သွားရာ တံခါးပေါက်မြို့လည်း ဖြစ်သည်။ လွတ်လပ်ရေး ရရှိပြီးနောက် ပြည်ထောင်စုအစိုးရ၏ ကြိုးစားဆောင်ရွက်ချက်ကြောင့် အိန္ဒိယနိုင်ငံသို့ လီဒိုလမ်းမကြီးမှ မော်တော်ကားဖြင့် သွားလာနိုင်ပြီးလျှင် ဗန်းမော်မြို့ကိုဖြတ်၍ ရှမ်းပြည် မြောက်ပိုင်းသို့ မော်တော်ကားလမ်း ခရီးပေါက်လေသည်။ ပြည်နယ်အတွင်း ဗန်းမော်၊ ပူတာအို၊ ဆွန်ပရာဘုံ၊ ကာမိုင်း၊ မိုးကောင်းစသည် မြို့များသို့ မော်တော်ကားလမ်းခရီးဖြင့် သွားလာနိုင်သည်။ မြန်မာနိုင်ငံတွင် လေယာဉ်ပျံကွင်း အများဆုံးရှိသော မြို့တစ်မြို့ဖြစ်၏။ စစ်အတွင်းက မဟာမိတ်တပ်များက လေယာဉ်ကွင်း ၆ ကွင်း ဆောက်လုပ် ခဲ့လေသည်။ ယခုအသုံးပြုသော လေယာဉ်ကွင်းမှာ အကြီး ဆုံးသော ကွင်းဖြစ်သည်။ မြန်မာနိုင်ငံ အရပ်ရပ်မှ မြစ်ကြီးနားမြို့သို့ ဂျုံ၊ ဓာတ်ဆီ၊ ရေနံဆီ၊ အထည်အလိပ်၊ သံကရိယာ၊ ဆားတို့ကို တင်ပို့လျက်၊ မြစ်ကြီးနားမှ သကြား၊ ဆန်စပါး၊ ကျောက်စိမ်း၊ ပယင်း အမျိုးမျိုး၊ မြေပဲ၊ ကော်ဖီ၊ ကျွန်းသစ်၊ အသီးအနှံ မျိုးစုံတို့ကို မြန်မာနိုင်ငံပြည်မသို့ လည်းကောင်း၊ ပြည်နယ်အတွင်း အခြားဒေသများသို့ လည်းကောင်း တင်ပို့ ရောင်းချရလေသည်။ ကချင်ပြည်နယ်သူ ပြည်နယ်သားများ အသုံးပြုလျက် ရှိသော ကုန်ပစ္စည်း၊ ဆေးဝါးအစရှိသည်တို့ကို မြစ်ကြီးနားမှ တစ်ဆင့် ဝေငှဖြန့်ဖြူးလျက်ရှိသည်။ ထိုမြို့မှ မြို့ကြီးတစ်မြို့ ဖြစ်သည့်အလျောက် လူမျိုးပေါင်းစုံ နေထိုင်သော မြို့တစ်မြို့ ဖြစ်လေသည်။ ၁၉၆၃ ခုနှစ် သန်ကောင်စာရင်းအရ မြစ်ကြီးနားမြို့၌ လူဦးရေမှာ ၁၇ယ ဝ၉၃ ယောက် ရှိလေသည်။ မြစ်ကြီးနားမြို့ရှိ သီရိဓမ္မာသောကမင်းကြီး တည်ထားခဲ့သော ဆုတောင်းပြည့် စေတီမှာ အလွန်ကြည်ညိုဖွယ်ကောင်း၍၊ နှစ်စဉ် ဘုရားပွဲတော် ကျင်းပလေ့ရှိသည်။ ယခုအခါတရုတ်အစိုးရအထောက်အပံ့ဖြင့် တရုတ်နိုင်ငံ ထိန်ချုံးမြို့မှ မြစ်ကြီးနားသို့ လေးလမ်းသွားအမြန်လမ်းမကြီးဖောက်လုပ်ပြီးစီးခဲ့ပြီဖြစ်သည်။ [၁]

ကိုးကား

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)

တမ်းပလိတ်:မြန်မာတိုင်းနှင့်ပြည်နယ်များ