မော်စီတုန်း: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
အရေးမကြီး r2.7.2) (ရိုဘော့က ပေါင်းထည့်နေသည် - as:মাও জে দঙ
အရေးမကြီး r2.7.3) (ရိုဘော့ ပေါင်းထည့်နေသည် - xmf:მაო ძედუნი တည်းဖြတ်နေသည် - sr:Мао Цедунг
စာကြောင်း ၁၈၅ - စာကြောင်း ၁၈၅ -
[[so:Mao Zedong]]
[[so:Mao Zedong]]
[[sq:Mao Zedong]]
[[sq:Mao Zedong]]
[[sr:Mao Cedung]]
[[sr:Мао Цедунг]]
[[sv:Mao Zedong]]
[[sv:Mao Zedong]]
[[sw:Mao Zedong]]
[[sw:Mao Zedong]]
စာကြောင်း ၂၀၀ - စာကြောင်း ၂၀၀ -
[[wuu:毛泽东]]
[[wuu:毛泽东]]
[[xal:Мау Зедоң]]
[[xal:Мау Зедоң]]
[[xmf:მაო ძედუნი]]
[[yi:מאא צעטאנג]]
[[yi:מאא צעטאנג]]
[[yo:Mao Zedong]]
[[yo:Mao Zedong]]

၁၇:၃၉၊ ၂၁ ဇူလိုင် ၂၀၁၂ ရက်နေ့က မူ

ဖိုင်:Mao Zedong portrait.jpg
မော်စီတုန်း

မော်စီတုန်း (毛澤東 - တရုတ်အသံထွက် - မောင်ကျယ်တုန်း) (၁၈၉၃ ဒီဇင်ဘာ ၂၆ - ၁၉၇၆ စက်တင်ဘာ ၉) သည် တရုတ် တော်လှန်ရေး၊ နိုင်ငံရေးနှင့် ကွန်မြူနစ် ခေါင်းဆောင်ဖြစ်သည်။ သူသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံအား ၁၉၄၉ ခုနှစ် စတင်တည်ထောင်ခဲ့ချိန်မှ ၁၉၇၆ ခုနှစ် ကွယ်လွန်သည်အထိ အုပ်စိုးခဲ့သည်။ မာခ်ဝါဒ-လီနင်ဝါဒနှင့် စပ်လျဉ်း၍ သူရေးသားခဲ့သော သီအိုရီများ၊ စစ်ရေးဗျူဟာများနှင့် မူဝါဒများကို ယနေ့တွင် မော်ဝါဒဟု လူသိများသည်။

မော်စီတုန်းသည် ခေတ်သစ် ကမ္ဘာ့သမိုင်းတွင် ဩဇာကြီးမားသည့် ပုဂ္ဂိုလ်တဦးအဖြစ် အများက အသိအမှတ်ပြုထားကြသည်။[၁] တိုင်းမ်မဂ္ဂဇင်းမှ မော်စီတုန်းအား ၂၀ ရာစုနှစ်အတွင်း ဩဇာအကြီးမားဆုံး ပုဂ္ဂိုလ် ၁၀၀ အနက် တစ်ဦးအပါအဝင်အဖြစ် ရွေးချယ်ခဲ့သည်။[၂] ယခုအခါ သန်းပေါင်း ၆ဝဝ ကျော်ရှိသော တရုတ်လူထုကြီး တစ်ရပ်လုံး၏ ကြည်ညိုအားထား လေးစားခြင်း ခံရသူ တရုတ်ကွန်မြူနစ်ပါတီ၏ ဥက္ကဋ္ဌကြီး မော်စီတုံးသည် ၁၈၉၃ ခုနှစ်တွင် တရုတ်နိုင်ငံ ဟူနန်နယ် ဆီယန်တန်ရွာကလေး၌ ဖွားမြင်လေသည်။ အသက် ၁၈ နှစ်အရွယ်တွင် ဒေါက်တာ ဆွန်ယက်ဆင်၏ တော်လှန်ရေး တပ်ဖွဲ့ထဲသို့ဝင်ရောက် အမှု ထမ်းခဲ့သည်။ ထိုနောက် တပ်ဖွဲ့မှ ထွက်ပြီးလျှင် ဟူနန်နယ် ဆရာဖြစ်သင်ကျောင်းနှင့် ပီကင်းအမျိုးသား တက္ကသိုလ်တို့တွင် အထက်တန်းပညာများကို ဆည်းပူးခဲ့လေသည်။

မော်စီတုံးသည် အနောက်နိုင်ငံ စာပေများကိုလည်း အထူး လေ့လာလိုက်စားခဲ့၍၊ ၁၉၂ဝ ပြည့်နှစ်တွင် မတ်ဝါဒီတစ်ဦး ဖြစ်လာပြီးလျှင်၊ ၁၉၂၁ ခုနှစ်တွင် တရုတ် ကွန်မြူနစ်ပါတီ တည်ထောင်ရေးတွင် ပါဝင်ကူညီခဲ့သည်။ ၁၉၂၂ ခုနှစ်တွင် ဟူနန်နယ် ပါတီဌာနခွဲ၏ အတွင်းရေးမှူးဖြစ်လာသည်။၁၉၂၄ ခုနှစ်တွင် မော်စီတုံးသည် အခြားကွန်မြူနစ်ခေါင်းဆောင်များနှင့် အတူ ချန်ကေရှိတ်၏ ကူအိုမင်တန်အဖွဲ့တွင် ပါဝင်ခဲ့သည်။

သို့သော် ၁၉၂၇ ခုနှစ်တွင် နေရှင်နယ်လစ်တို့က ကူအိုမင်တန် ပါတီမှ ကွန်မြူနစ်တို့ကို ပယ်ထုတ်လိုက်သောကြောင့် မော်စီတုံး သည် အသတ်ခံရမည့် ဘေးမှ တရုတ်နိုင်ငံ တောင်ပိုင်းသို့ ရှောင်တိမ်းနေခဲ့ရ၏။ ထိုသို့ တိမ်းရှော်နေရခိုက်တွင် နောင်အခါ တရုတ်ကွန်မြူနစ်တပ်များ၏ သေနာပတိဖြစ်လာမည့် ချူတေးနှင့် အတူ ၁၉၂၈ ခုနှစ်တွင် တရုတ်တပ်နနတော် အမှတ် ၄ ကို တည်ထောင်ခဲ့၍ မော်စီတုံးသည် ထိုတပ်နီတော်၏ နိုင်ငံရေး အကြံပေးအရာရှိ ဖြစ်လာခဲ့လေသည်။ ၁၉၃၁ ခုနှစ် ဒီဇဘ‡ာလ တွင် ကျန်ဆီနယ် တရုတ် ဗဟိုဆိုဗီယက် အစိုးရအဖွဲ့၏ ဥက္ကဋ္ဌ အဖြစ် တင်မြေ|ာက်ခြင်းခံရလေသည်။

၁၉၃၄ ခုနှစ်တွင် တရုတ်ပြည် တောင်ပိုင်းမှသည် နေရှင်နယ်လစ်တပ်များကို ထိုးဖောက်လျက် မြောက်ပိုင်းသို့ ခရီး ရှည်ချီတက်ရာ၌ ဦးစီးခေါင်းဆောင်ခဲ့လေသည်။ ထိုနောက် တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းရှိ ရှန်စီနယ် ယီနန်မြို့တွင် ကွန်မြူနစ်ဌာနချုပ်ကို ဖွင့်လှစ်ကာ တရုတ်ကွန်မြူနစ် နိုင်ငံ၏ အခြေခံ အုတ်မြစ်များအတွက် ပြင်ဆင်မှုများကို ပြုလုပ်ခဲ့သည်။ တရုတ်ကွန်မြူနစ်တို့သည် ထိုနေရာကို ခြေကုတ် စခန်းပြုကာ ချန်ကေရှိတ်၏ တပ်များကို တိုက်ခိုက်ခဲ့ကြရာ တရုတ်နိုင်ငံ မြောက်ပိုင်းရှိနယ်အချို့ကို သိမ်းပိုက်မိခဲ့ကြလေသည်။

၁၉၃၆ ခုနှစ်တွင် မော်စီတုံးသည် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီဥက္ကဋ္ဌအဖြစ် တင်မြေ|ာက်ခြင်းခံရလေသည်။ ၁၉၃၇ ခုနှစ်တွင် ဂျပန်က တရုတ်နိုင်ငံကို ကျူးကျော်တိုက်ခိုက်သော အခါ မော်စီတုံးသည် ချန်ကေရှိတ်၏ အမျိုးသား အစိုးရနှင့် ပူးပေါင်းကာ ဂျပန်ရန်ကို တွန်းလှန်တိုက်ခိုက်ခဲ့သည်။ သို့ရာတွင် ယင်းပူးပေါင်းမှုမှာ ကြာရှည်မခံဘဲ ကွဲသွားရာ ၁၉၃၈ ခုနှစ်မှစ၍ မိမိတို့ဖာသာအလျောက်သာလျှင် ဂျပန်တို့ကို ခုခံ တိုက်ခိုက်ကြ လေတော့သည်။ ဂျပန်တို့ လက်နက်ချပြီးနောက်တွင် အခြေ အနေမှာ တင်းမာနေပြန်ဖြင့် ချန်ကေရှိတ်သည် ညီညွတ်ရေး ရရှိရန်အတွက် မော်စီတုံးကို ချုန်ကင်းမြို့သို့ ဖိတ်ခေါ်ခဲ့သော် လည်း အကြောင်းမထူးခဲ့ချေ။

၁၉၄၆ ခုနှစ် နွေဦးတွင် ကွန်မြူနစ်တို့သည် မန်ချူးရီးယား နယ်ကို ထိုးစစ်အကြီးအကျယ် ဆင်ကြလေသည်။ ၁၉၄၇ ခုနှစ် မတ်လတွင်ကား တရုတ်နိုင်ငံကြီးမှာ စေ့စပ်၍ မရနိုင်လောက် အောင် နှစ်ခြမ်း ကွဲသွားလေသည်။ ၁၉၄၂ ခုနှစ်က တရုတ် ကွန်မြူနစ်ပါတီတွင် လူ ၆ သိန်းမျှသာ ရှိခဲ့သော်လည်း ယခုအခါ ၂ သန်းကျော်နေပြီ ဖြစ်ကြောင်း ဥက္ကဋ္ဌမော်စီတုံးက ၁၉၄၇ ခုနှစ် နိုဝင်ဘာလတွင် ကြေညာလိုက်လေသည်။ ထိုအချိန်တွင် တရုတ်ကွန်မြူနစ်တို့သည် မန်ချူးရီးယားပြည်၏ မြို့တော် မုကဒင်မြို့ကို သိမ်းပိုက်လိုက်ပြီးသော် တရုတ်နိုင်ငံ အလယ်ပိုင်းသို့ ရှေးရှူချီတက်လျက် ရှိကြလေသည်။

၁၉၄၈ ခုနှစ် ကုန်ခါနီးတွင် ကွန်မြူနစ်တို့သည် တရုတ် နိုင်ငံကြီး၏ ၃ ပုံ ၁ ပုံ ကို သိမ်းပိုက်မိကြပြီး ဖြစ်၏။ ၁၉၄၉ ခုနှစ်ထဲသို့ ရောက်သည့်အခါ၌ကာ တရုတ်နိုင်ငံကြီး တစ်ခုလုံးမှာ ကွန်မြူနစ်တို့ လက်အောက်သို့ ကျရောက်သွားပြီးလျှင်၊ ချန်ကေရှိတ်အစိုးရအဖွဲ့မှာ ဖော်မိုးဆား ကျွန်းကလေးပေါ်သို့ ထွက်ပြေး ကြရလေသည်။ ၁၉၄၉ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့တွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံတော်ကို တည်ထောင် လိုက်ကြလေသည်။ မော်စီတုံးသည် ဗဟိုအစိုးရအဖွဲ့ ဥက္ကဋ္ဌ (သမ္မတ) အဖြစ်တင်မြေ|ာက်ခြင်း ခံရလေသည်။ ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် တွေ့ဆုံဆွေးနွေးခဲ့လေသည်။

၁၉၅၉ ခုနှစ် ဇန်နဝါရီလတွင် မော်စီတုံးသည် ဗဟိုအစိုးရ အဖွဲ့ဥက္ကဋ္ဌအဖြစ်မှ နုတ်ထွက်ခဲ့ပြီးနောက် တရုန်ကွန်မြူနစ် ပါတီ၏ဥက္ကဋ္ဌအဖြစ်သာ ဆက်လက် ဆောင်ရွက်ခဲ့လေသည်။ မော်စီတုံးသည် တရုတ်ကွန်မြူနစ် ခေါင်းဆောင်တစ်ဦးအဖြစ် ကမ္ဘာတွင် ကျော်ကြားလေသည်။ သူရေးသားပြုစုခဲ့သည့် နိုင်ငံရေးစာပေများတွင် တရုတ်နိုင်ငံနီ (၁၉၃၄)၊ တရုတ်နိုင်ငံနှင့် ဒုတိယ နယ်ချဲ့ကမ္ဘာစစ်(၁၉၃၉)၊ တရုတ်နိုင်ငံ၏ ဒီမိုကရေစီသစ် (၁၉၄၄) နှင့် တရုတ်နိုင်ငံသစ်အတွက် တိုက်ပွဲ (၁၉၄၅) တို့မှာ ထင်ရှားလေသည်။[၃]

ကိုးကား

  1. Mao ZedongThe Oxford Companion to Politics of the World။ 2008-08-23 တွင် ပြန်စစ်ပြီး။
  2. Time 100: Mao Zedong By Jonathan D. Spence, 13 April 1998.
  3. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)