သန်းကြွယ်၊ ဦး (မြို့မ): တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
No edit summary
No edit summary
စာကြောင်း ၁၁ - စာကြောင်း ၁၁ -
| ကိုးကွယ်သည့်ဘာသာ = [[ဗုဒ္ဓဘာသာ]]
| ကိုးကွယ်သည့်ဘာသာ = [[ဗုဒ္ဓဘာသာ]]
| ပညာအရည်အချင်း =ဝိဇ္ဇာဘွဲ့ ([[ရန်ကုန်တက္ကသိုလ်]])
| ပညာအရည်အချင်း =ဝိဇ္ဇာဘွဲ့ ([[ရန်ကုန်တက္ကသိုလ်]])
| အလုပ်အကိုင် =[[ဖဆပလ]]အဖွဲ့ချုပ် အမှုဆောင်၊ [[နိုင်ငံရေးသမား]]၊[[ နိုင်ငံတော်]] စီးပွားကုန်သွယ်ရေး အဖွဲ့အထွေထွေ အတွင်းရေးမှူးချုပ် ဥက္ကဌ ၊
| အလုပ်အကိုင် =[[ဖဆပလ]]အဖွဲ့ချုပ် အမှုဆောင်၊ [[နိုင်ငံရေးသမား]]၊[[ နိုင်ငံတော်]] စီးပွားကုန်သွယ်ရေး အဖွဲ့အထွေထွေ အတွင်းရေးမှူးချုပ် နှင့် ဥက္ကဌ ၊
| ကြင်ဖော် = ဒေါ်မြင့်မြင့်ဝင်း (ခေါ်) ဒေါ်အမာ
| ကြင်ဖော် = ဒေါ်မြင့်မြင့်ဝင်း (ခေါ်) ဒေါ်အမာ
| သားသမီး =ဒေါ်ခင်မာကြွယ် ၊ ဦးဌေးကြွယ် ၊ ဒေါ်မြမြသန်း၊ ([[မြို့မ-မြင့်ကြွယ်|ဦးမြင့်ကြွယ်]])
| သားသမီး =ဒေါ်ခင်မာကြွယ် ၊ ဦးဌေးကြွယ် ၊ ဒေါ်မြမြသန်း၊ ([[မြို့မ-မြင့်ကြွယ်|ဦးမြင့်ကြွယ်]])
စာကြောင်း ၃၃ - စာကြောင်း ၃၃ -
မြို့မ-ဦးသန်းကြွယ် သည်[[ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်]] ၏ခေါင်းဆောင်နှင့် ထင်ရှားသော မြန်မာ နိုင်ငံရေးသမား ဖြစ်ခဲ့သည်။ မြန်မာပြည် လွတ်လပ်ရေး ကြိုးပမ်းမှု လှုပ်ရှားမှု ခေတ်အတွင်း ဗကသ [[ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်]] က ဦးဆောင်ပြီး တစ်နိုင်ငံလုံးရှိကျောင်းများတွင် ကျောင်းသားသမဂ္ဂများ ပေါ်ပေါက်လာခဲ့ပါသည်။ နယ်ချဲ့ဆန့်ကျင်ရေး၊ မြန်မာပြည် လွတ်လပ်ရေး ကြိုးပမ်းမှု လှုပ်ရှားမှု ခေတ်အတွင်း ထင်ရှားခဲ့ကြသော ဗကသ ခေါင်းဆောင်များတွင် ဗိုလ်ချုပ်[[အောင်ဆန်း]] ၊ [[ကိုဗဟိန်း]]၊ [[ဦးဗဆွေ]] ၊ [[ဦးနု]]၊[[ မြို့မ-ဦးသန်းကြွယ်]]၊ [[သူရိယ ဦး သန်းမောင်]]၊ [[ဒေါက်တာသန်းထွန်း]]၊ [[အာဏာရှင် လှရွှေ]] ၊ [[လင်းယုန်နီ]] တို့ပါဝင်ပါသည်။စစ်ပြီးခေတ် မြန်မာနိုင်ငံ၏ အမျိုးသား နိုင်ငံရေးတပ်ဦးကြီးသဖွယ် နိုင်ငံတွင်းသာမဟုတ် ကမ္ဘာတလွှား၌ပင် ထင်ရှားခဲ့သော အဖွဲ့ချုပ်ကြီးမှာ ဖက်ဆစ်ဆန့်ကျင်ရေး ပြည်သူ့လွတ်လပ်ရေး အဖွဲ့ချုပ်ခေါ် ဖဆပလ ဖြစ်သည်။ မြို့မ-ဦးသန်းကြွယ် သည်ဖက်ဆစ်ဆန့်ကျင်ရေး ပြည်သူ့လွတ်လပ်ရေး အဖွဲ့ချုပ်( ဖဆပလ)တွင် [[၁၉၄၂]] မှ [[၁၉၄၈]] အထိ အဖွဲ့ဝင် နှင့်ဗဟိုအမှုဆောင်ကော်မတီဝင် အဖြစ် ဦးဆောင် တာဝန်ယူပါဝင်ခဲ့သည်။ အထွေထွေ သပိတ်ကြီးတွင်ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ သပိတ်မှောက်ကောင်စီဥက္ကဌ အဖြစ်ဦးဆောင် ပါဝင်ခဲ့သည်။ မြို့မ-ဦးသန်းကြွယ်သည် [[၁၉၄၆]] မှ [[၁၉၄၈]] အထိ မြန်မာနိုင်ငံလွတ်လပ်ရေးကြိုးပမ်းမှုကာလတွင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ ဥက္ကဌ ၊ [[ရန်ကုန်ခရိုင် ကျောင်းသားများ သမဂ္ဂ]] ဥက္ကဌ၊ [[တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ]] ဒုတိယ ဥက္ကဌ နှင့် မြို့မကျောင်းသားများ သမဂ္ဂ ဥက္ကဌ အဖြစ် တာဝန်ယူခဲ့သည်။တိုင်းပြည်နှင့် လူမျိုးအတွက် နိုင်ငံရေးဆောင်ရွက်ရာတွင် ဗိုလ်သန်းကြွယ်၊ သခင်သန်းကြွယ်၊ မြို့မ-ဦးသန်းကြွယ် (ပင်လုံစာချုပ်) အမည် ဖြင့်ထင်ရှားသည်။

== မြို့မ-ဦးသန်းကြွယ်[[ ပင်လုံစာချုပ်]] နှင့် ပင်လုံညီလာခံ ==
== မြို့မ-ဦးသန်းကြွယ်[[ ပင်လုံစာချုပ်]] နှင့် [[ပင်လုံညီလာခံ]] ==
[[၁၉၄၇]] ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်တွင် မြို့မ-ဦးသန်းကြွယ်သည်အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၊ [[ဆာမောင်ကြီး]] ၊ [[ဗိုလ်မှူးအောင်]]၊ ဦးအောင်ဇံဝေ၊ [[တင်ထွဋ်၊ ဦး (အိုင်စီအက်စ်)|ဦးတင်ထွဋ်(အိုင်စီအက်စ်)]]၊ သခင်ဝတင် နှင့် အခြားတိုင်းရင်းသား ခေါင်းဆောင်များနှင့် အတူ ပင်လုံညီလာခံ တွင်ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ၏ခေါင်းဆောင် ကိုယ်စားလှယ် အဖြစ် ပါဝင် ဦးဆောင် ခဲ့သည်။ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ [[ပြည်ထောင်စုနေ့]]သည် မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းတွင် အရေးပါ အရာရောက်သော နေ့ထူးနေ့မြတ် ဖြစ်သည်။ နှစ်စဉ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ကို ပြည်ထောင်စုနေ့အဖြစ် သတ်မှတ်ထားပြီး ရုံးများ၊ ကျောင်းများပိတ်ကာ အထိန်းအမှတ်ပွဲများ ကျင်းပကြသည်။ တက္ကသိုလ် အုပ်ချုပ်ရေး အဖွဲ့ဝင် လူကြီး၊သက်ကြီးတက္ကသိုလ် အုပ်ချုပ်ရေး အဖွဲ့ဝင် လူကြီး၊ တက္ကသိုလ်ကျောင်းသားရေးရာ ဌာနမှူး၊ လူငယ် နှင့် ကျောင်းသားလူငယ်ရေးရာ ဌာနမှူး၊ မြို့မကျောင်းအုပ်ချုပ်ရေး အဖွဲ့ဝင် လူကြီးနှင့်[[သုံးခွမြို့]]နယ် အသင်းနာယကကြီး ဖြစ်ခဲ့သည်။ဗိုလ်ချုပ်[[အောင်ဆန်း]]၊ [[ဦးနု]]၊ [[စဝ်ရွှေသိုက်၊ (နိုင်ငံတော်သမ္မတ)]] ၊[[ဦးဗဆွေ]]၊ [[ဗိုလ်လက်ျာ]]၊ [[ဦးကျော်ငြိမ်း]]၊ ဦးကျော်မြင့်ကလေး၊ သံမဏိ ဗိုလ်ခင်မောင်၊

[[ခင်မောင်ကလေး၊ ဗိုလ်|ဗိုလ်ခင်မောင်ကလေး]]၊ သခင်ပန်းမြိုင်၊ [[ဗိုလ်မှူးအောင်]]၊ ဗိုလ်မှူးဖိုးကွန်း၊ ဗိုလ်မင်းခေါင်၊ သခင်လှမောင် ( ဗိုလ်ဇေယျ) ၊ဗိုလ်မှူးစိန်မှန်၊ ဗိုလ်မှူးချုပ်အောင်ကြီး (သခင်အောင်ကြီး) တို့နှင့်အတူ မြန်မာပြည်လွတ်လပ်ရေးကြိုးပမ်းမှုတွင် စွန့်စွန့်စားစား ပါဝင်ခဲ့သည်။

၂၃:၄၉၊ ၂၀ ဇူလိုင် ၂၀၁၂ ရက်နေ့က မူ

မြို့မ-ဦးသန်းကြွယ်
ဖိုင်:Myoma U Than Kywe.JPG
၅၉ နှစ်
မွေးသက္ကရာဇ် ၂၆ ဒီဇင်ဘာ ၁၉၂၄
အမည်ရင်း ဦးသန်းကြွယ်
မိဘအမည် မြေပိုင်ရှင်သူဌေး ဦးစိန်၊ ဒေါ်စိန်ကျော့
မွေးဖွားရာဒေသ သုံးခွမြို့ရန်ကုန်တိုင်း
နိုင်ငံသား မြန်မာနိုင်ငံ
လူမျိုး ဗမာ
ကိုးကွယ်သည့်ဘာသာ ဗုဒ္ဓဘာသာ
ပညာအရည်အချင်း ဝိဇ္ဇာဘွဲ့ (ရန်ကုန်တက္ကသိုလ်)
အလုပ်အကိုင် ဖဆပလအဖွဲ့ချုပ် အမှုဆောင်၊ နိုင်ငံရေးသမားနိုင်ငံတော် စီးပွားကုန်သွယ်ရေး အဖွဲ့အထွေထွေ အတွင်းရေးမှူးချုပ် နှင့် ဥက္ကဌ ၊
ကြင်ဖော် ဒေါ်မြင့်မြင့်ဝင်း (ခေါ်) ဒေါ်အမာ
သားသမီး ဒေါ်ခင်မာကြွယ် ၊ ဦးဌေးကြွယ် ၊ ဒေါ်မြမြသန်း၊ (ဦးမြင့်ကြွယ်)
ထင်ပေါ်ကျော်ကြားမှု မြန်မာ့လွတ်လပ်ရေး အတွက် သက်စွန့်ကြိုးပမ်းသူ ၊ မျိုးချစ်ပုဂ္ဂိုလ်၊
ထင်ရှားသည့်လက်ရာများ ပင်လုံညီလာခံတွင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ ၏ခေါင်းဆောင် ကိုယ်စားလှယ်၊ ကမ္ဘာအေးစေတီတော် နှင့် မဟာပါသဏလိုဏ်ဂူတော် များ တည်ဆောက်ခြင်း
ရရှိခဲ့သည့်ဘွဲ့တံဆိပ်များ
ကွယ်လွန်ရက် ၂၂ စက်တင်ဘာ ၁၉၈၃
ကွယ်လွန်ရာဒေသ ရန်ကုန်မြို့
လက်မှတ် [[Image:|100px]]
ကွန်ယက်

မြေပိုင်ရှင်သူဌေး  အဖဦးစိန်၊ အမိ ဒေါ်စိန်ကျော့ တို့မှ ၁၉၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၂၆)ရက်နေ့ သုံးခွမြို့ရန်ကုန်တိုင်း တွင်မြို့မ-ဦးသန်းကြွယ်ကို မွေးဖွားခဲ့သည်။ ဗမာလူမျိုး ဗုဒ္ဓဘာသာဝင် ဖြစ်သည်။မွေးချင်းမောင်နှမ ၇ ဦး ( ဦးမောင်မောင်၊ သခင်သိန်းထွန်း (ဗိုလ်သိန်းထွန်း)၊ ဒေါ်ညွန့်ခင်၊ မြို့မ-ဦးသန်းကြွယ်၊ ဗိုလ်မျိုးမြင့်၊ ဗိုလ်မျိုးသန့် နှင့်ဦးတင်ထွဋ်) တို့တွင်မြို့မ-ဦးသန်းကြွယ် သည်စတုတ္ထ ဖြစ်သည်။ ရန်ကုန်မြို့ မြို့မ အထက်တန်းကျောင်း ရန်ကုန်တက္ကသိုလ် တို့တွင် ပညာသင်ခဲ့သည်။မြို့မကျောင်းသားများ သမဂ္ဂ ဥက္ကဌ မြို့မကျောင်းအုပ်ချုပ်ရေး အဖွဲ့ဝင် လူကြီး ဖြစ်သည်။တက္ကသိုလ် သံမဏိတပ်နှင့် မြို့မရဲခေါင် တွင်ခေါင်းဆောင်ခဲ့သည်။ ထိုစဉ်က မြို့မ အထက်တန်းကျောင်း ကျောင်းအုပ် ဆရာကြီးမှာ မြို့မဦးဘလွင် ဖြစ်သည်။ မြို့မအထက်တန်းကျောင်းသည် ရန်ကုန်မြို့တွင် တည်ရှိသည်။ ၁၉၂ဝ ပြည့်နှစ် မြန်မာနိုင်ငံ၏ ပထမဆုံးသော အမျိုးသားကျောင်း ဖြစ်သည်။ မြန်မာပြည် လွတ်လပ်ရေး ကြိုးပမ်းမှု သမိုင်းတွင် ထင်ရှားသည်။

နိုင်ငံရေးဘဝ

မြို့မ-ဦးသန်းကြွယ် သည် မျိုးချစ်ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။ ၁၉၄၂ ခုနှစ် (ဒုတိယကမ္ဘာစစ်အတွင်း) အာရှလူငယ် အစည်းအရုံး ဥက္ကဋ္ဌ ပုဂံ ဦးဘဂျမ်းဦးကျော်မြင့်ကလေးဦးဇော်ဝိတ်သခင်ခင်အောင်သခင်ညီလေး စသော ပုဂ္ဂိုလ် များနှင့် အတူလူငယ်များ ဗလငါးတန်ပြည့်၀ရေး၊ စေတနာ့ဝန်ထမ်းလူမှုရေး၊ပညာရေး လုပ်ငန်းများနှင့် ဖက်ဆစ်ဆန့်ကျင်ရေး လျှို့ဝှက် လုပ်ငန်းများကို အများအပြား လုပ်ဆောင်နိုင်ခဲ့ သူဖြစ်သည်။ စာရိတ္တ‌ကောင်းမွန်ပြီး တိုင်းချစ်ပြည်ချစ်စိတ်ဓာတ်၊ အမျိုးသားရေးစိတ်ဓာတ်၊ ပရဟိတလုပ်ငန်း‌ဆောင်ရွက်လို‌သော စိတ်ဓာတ်‌ တောင့်တင်းခိုင်မာလာ‌အောင် စည်းရုံးလျက် တိုင်းပြည်အတွက် လူ‌တော်လူ‌ကောင်း လုပ်သား ‌ကောင်းများ ‌ပေါ်ထွက်လာ‌စေရန် လုပ်ဆောင်နိုင်ခဲ့ သူဖြစ်သည်။ လူတိုင်း အပေါ် စေတနာ ထားတတ်သူ ဖြစ်၍ လူတိုင်း၏ ချစ်ခင် လေးစားမှုကို ခံယူရသူ ဖြစ်သည်။ ဂျပန်ခေတ် အာရှလူငယ် အစည်း အရုံး ပြန်ကြားရေးမှူး နှင့် ဘီအိုင်အေ တပ်မတော် နိုင်ငံရေးမှူး နှင့်စည်းရုံးရေးမှုးဖြစ်ခဲ့သည်။လွတ်လပ်ရေးကြိုးပမ်းမှုတွင် နယ်ချဲ့တို့၏ ဖိနှိပ်မှုအမျိုးမျိုးကြားမှ စွန့်စွန့်စားစား လုပ်ကိုင်ခဲ့သူဖြစ်သည်။ သူ၏ကိုယ်ပိုင်ဂျစ်ကား အမှတ် -/၇၅၅ ကိုတော်လှန်ရေးကာလ လွတ်လပ်ရေးကြိုးပမ်းမှုတွင် အသုံးပြုစေခဲ့သည်။

ဗြိတိသျှ ကိုလိုနီ ဆန့်ကျင်ရေးအသင်းကြီးဖြစ်သည့် တို့ဗမာအစည်းအရုံး သုံးခွမြို့ ဥက္ကဌ အစ်ကို ဖြစ်သူ သခင်သိန်းထွန်း(ဗိုလ်သိန်းထွန်း)နှင့် အတူသခင်သန်းကြွယ်အမည်ဖြင့် တို့ဗမာအစည်းအရုံး အဖွဲ့ဝင်၊ ဖက်ဆစ်ဆန့်ကျင်ရေး ပြည်သူ့လွတ်လပ်ရေး အဖွဲ့ချုပ် (ဖဆပလ) အဖွဲ့ဝင် ဖြစ်ခဲ့သည်။ မြို့မ-ဦးသန်းကြွယ် သည် ဂျပန်ခေတ် ရန်ကုန်တိုင်းနှင့်ဟံသာဝတီခရိုင်တို့ တွင် ဆရာကြီး မင်းသုဝဏ်၊ ပုဂံ ဦးဘဂျမ်း တို့နှင့်အတူ ပညာရေး၊ မျိုးချစ်စိတ်ဓါတ် နှင့် လွတ်လပ်ရေး ကြိုးပမ်းမှု စာပေများပို့ချခဲ့သည်။ မြို့မ-ဦးသန်းကြွယ်သည် ကျောင်းသားလူငယ်များအား ပညာရေးကိုသာမက မျိုးချစ်စိတ်ဓါတ်၊ ဖက်ဆစ်ဆန့်ကျင်ရေး စိတ်ဓါတ်ကိုပါသွတ်သွင်းပေးလေ့ရှိသည်။ ဂျပန်ခေတ်တွင်တစ်နိုင်ငံလုံးရှိလူငယ်များအား ဦးပြည်သိမ်းနှင့်ဦးချစ်သန်း တို့နှင့်အတူ မြန်မာသိုင်းပညာ သင်ကြားပေးခဲ့သည်။ မြန်မာပြည် လွတ်လပ်ရေး ကြိုးပမ်းမှု လှုပ်ရှားမှု ခေတ်အတွင်းအစ်ကို ဖြစ်သူ ဦးမောင်မောင်၊ ညီဖြစ်သူ ဗိုလ်မျိုးမြင့်နှင့် ဗိုလ်မျိုးသန့် တို့ကလည်း စွန့်စွန့်စားစား ပါဝင်ဆောင်ရွက်ခဲ့၏။

မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှု ကာလ

မြို့မ-ဦးသန်းကြွယ် သည်ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် ၏ခေါင်းဆောင်နှင့် ထင်ရှားသော မြန်မာ နိုင်ငံရေးသမား ဖြစ်ခဲ့သည်။ မြန်မာပြည် လွတ်လပ်ရေး ကြိုးပမ်းမှု လှုပ်ရှားမှု ခေတ်အတွင်း ဗကသ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် က ဦးဆောင်ပြီး တစ်နိုင်ငံလုံးရှိကျောင်းများတွင် ကျောင်းသားသမဂ္ဂများ ပေါ်ပေါက်လာခဲ့ပါသည်။ နယ်ချဲ့ဆန့်ကျင်ရေး၊ မြန်မာပြည် လွတ်လပ်ရေး ကြိုးပမ်းမှု လှုပ်ရှားမှု ခေတ်အတွင်း ထင်ရှားခဲ့ကြသော ဗကသ ခေါင်းဆောင်များတွင် ဗိုလ်ချုပ်အောင်ဆန်းကိုဗဟိန်းဦးဗဆွေဦးနုမြို့မ-ဦးသန်းကြွယ်သူရိယ ဦး သန်းမောင်ဒေါက်တာသန်းထွန်းအာဏာရှင် လှရွှေလင်းယုန်နီ တို့ပါဝင်ပါသည်။စစ်ပြီးခေတ် မြန်မာနိုင်ငံ၏ အမျိုးသား နိုင်ငံရေးတပ်ဦးကြီးသဖွယ် နိုင်ငံတွင်းသာမဟုတ် ကမ္ဘာတလွှား၌ပင် ထင်ရှားခဲ့သော အဖွဲ့ချုပ်ကြီးမှာ ဖက်ဆစ်ဆန့်ကျင်ရေး ပြည်သူ့လွတ်လပ်ရေး အဖွဲ့ချုပ်ခေါ် ဖဆပလ ဖြစ်သည်။ မြို့မ-ဦးသန်းကြွယ် သည်ဖက်ဆစ်ဆန့်ကျင်ရေး ပြည်သူ့လွတ်လပ်ရေး အဖွဲ့ချုပ်( ဖဆပလ)တွင် ၁၉၄၂ မှ ၁၉၄၈ အထိ အဖွဲ့ဝင် နှင့်ဗဟိုအမှုဆောင်ကော်မတီဝင် အဖြစ် ဦးဆောင် တာဝန်ယူပါဝင်ခဲ့သည်။ အထွေထွေ သပိတ်ကြီးတွင်ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ သပိတ်မှောက်ကောင်စီဥက္ကဌ အဖြစ်ဦးဆောင် ပါဝင်ခဲ့သည်။ မြို့မ-ဦးသန်းကြွယ်သည် ၁၉၄၆ မှ ၁၉၄၈ အထိ မြန်မာနိုင်ငံလွတ်လပ်ရေးကြိုးပမ်းမှုကာလတွင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ ဥက္ကဌ ၊ ရန်ကုန်ခရိုင် ကျောင်းသားများ သမဂ္ဂ ဥက္ကဌ၊ တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ ဒုတိယ ဥက္ကဌ နှင့် မြို့မကျောင်းသားများ သမဂ္ဂ ဥက္ကဌ အဖြစ် တာဝန်ယူခဲ့သည်။တိုင်းပြည်နှင့် လူမျိုးအတွက် နိုင်ငံရေးဆောင်ရွက်ရာတွင် ဗိုလ်သန်းကြွယ်၊ သခင်သန်းကြွယ်၊ မြို့မ-ဦးသန်းကြွယ် (ပင်လုံစာချုပ်) အမည် ဖြင့်ထင်ရှားသည်။

မြို့မ-ဦးသန်းကြွယ်ပင်လုံစာချုပ် နှင့် ပင်လုံညီလာခံ

၁၉၄၇ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်တွင် မြို့မ-ဦးသန်းကြွယ်သည်အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၊ ဆာမောင်ကြီးဗိုလ်မှူးအောင်၊ ဦးအောင်ဇံဝေ၊ ဦးတင်ထွဋ်(အိုင်စီအက်စ်)၊ သခင်ဝတင် နှင့် အခြားတိုင်းရင်းသား ခေါင်းဆောင်များနှင့် အတူ ပင်လုံညီလာခံ တွင်ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ၏ခေါင်းဆောင် ကိုယ်စားလှယ် အဖြစ် ပါဝင် ဦးဆောင် ခဲ့သည်။ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ပြည်ထောင်စုနေ့သည် မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းတွင် အရေးပါ အရာရောက်သော နေ့ထူးနေ့မြတ် ဖြစ်သည်။ နှစ်စဉ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ကို ပြည်ထောင်စုနေ့အဖြစ် သတ်မှတ်ထားပြီး ရုံးများ၊ ကျောင်းများပိတ်ကာ အထိန်းအမှတ်ပွဲများ ကျင်းပကြသည်။ တက္ကသိုလ် အုပ်ချုပ်ရေး အဖွဲ့ဝင် လူကြီး၊သက်ကြီးတက္ကသိုလ် အုပ်ချုပ်ရေး အဖွဲ့ဝင် လူကြီး၊ တက္ကသိုလ်ကျောင်းသားရေးရာ ဌာနမှူး၊ လူငယ် နှင့် ကျောင်းသားလူငယ်ရေးရာ ဌာနမှူး၊ မြို့မကျောင်းအုပ်ချုပ်ရေး အဖွဲ့ဝင် လူကြီးနှင့်သုံးခွမြို့နယ် အသင်းနာယကကြီး ဖြစ်ခဲ့သည်။ဗိုလ်ချုပ်အောင်ဆန်းဦးနုစဝ်ရွှေသိုက်၊ (နိုင်ငံတော်သမ္မတ)ဦးဗဆွေဗိုလ်လက်ျာဦးကျော်ငြိမ်း၊ ဦးကျော်မြင့်ကလေး၊ သံမဏိ ဗိုလ်ခင်မောင်၊ ဗိုလ်ခင်မောင်ကလေး၊ သခင်ပန်းမြိုင်၊ ဗိုလ်မှူးအောင်၊ ဗိုလ်မှူးဖိုးကွန်း၊ ဗိုလ်မင်းခေါင်၊ သခင်လှမောင် ( ဗိုလ်ဇေယျ) ၊ဗိုလ်မှူးစိန်မှန်၊ ဗိုလ်မှူးချုပ်အောင်ကြီး (သခင်အောင်ကြီး) တို့နှင့်အတူ မြန်မာပြည်လွတ်လပ်ရေးကြိုးပမ်းမှုတွင် စွန့်စွန့်စားစား ပါဝင်ခဲ့သည်။

မြို့မ-ဦးသန်းကြွယ် ဦးဆောင်ကျင်းပခဲ့သော မြန်မာနိုင်ငံ၏ ပထမဦးဆုံးအာဇာနည်နေ့ အခမ်းအနား

မြန်မာနိုင်ငံတွင် ဇူလိုင်လ ၁၉ ရက်နေ့သည် အာဇာနည်နေ့ဖြစ်သည်။ မြန်မာ့လွတ်လပ်ရေးအတွက် အထိ ရောက်ဆုံး လုပ်ငန်းများကို ဆောင်ရွက်ခဲ့၍ မြန်မာ တစ်မျိုးသားလုံး၏ ယုံကြည် ကိုးစား အားထားခြင်းခံရသူ အာဇာနည်ခေါင်းဆောင်များ ဖြစ်ကြသော ဗိုလ်ချုပ်အောင်ဆန်း၊ သခင်မြ၊ ဒီးဒုတ် ဦးဘချို၊ ဦးရာဇတ်၊ ဦးဘဝင်း၊ မန်းဘခိုင်၊ မိုင်းပွန်စော်ဘွားကြီးတို့သည် တိုင်းပြည်၏တာဝန်ကို ထမ်းဆောင်လျက်ရှိနေစဉ် နယ်ချဲ့သမား၏ ပယောဂကြောင့် ဖြစ်ပေါ်လာရသော လူသတ်ဝါဒ၏ ချေမှုန်းခြင်း ခံခဲ့ရလေ သည်။ ထိုအာဇာနည် ပုဂ္ဂိုလ်ကြီးတို့နှင့်အတူ တိုင်းပြည်၏ တာဝန်ဝတ်တရားနှင့် အမှုကိစ္စတို့ကို သစ္စာရှိစွာ ထမ်းရွက်နေ သော အတွင်းဝန် ဦးအုန်းမောင်နှင့် ကိုယ်ရံတော် မောင်ထွေး တို့လည်း ကျဆုံးခဲ့ရလေသည်။ မြန်မာတို့ ကျွန်ဘဝရောက်ခဲ့ကြရသည့် အချိန်မှစ၍ လွတ်လပ်ချိန်အထိ မြန်မာနိုင်ငံရေးသမိုင်းတွင် ဗိုလ်ချုပ်အောင်ဆန်းသည် မြန်မာတို့ ၏ လေးစားမှုကို အခံရဆုံးခေါင်းဆောင် ကြီး ဖြစ်သည်ဟု ဆိုနိုင်ပေသည်။ ဗိုလ်ချုပ်အောင်ဆန်းအမှုး ပြုသော အာဇာနည် ခေါင်းဆောင်ကြီးများ လုပ်ကြံခံရပြီးနောက်တစ်နေ့ ၁၉၄၇၊ ဇူလိုင် ၂၀ တွင်ရန်ကုန်မြို့၊ ဆူးလေဘုရားအနီးရှိ ဖိုက်စကွဲယား (ယခု ဗန္ဓုလ)ပန်းခြံ၌ နိုင်ငံတော်ဈာပနဗဟိုကော်မတီဝင် မြို့မ-ဦးသန်းကြွယ်သည် ကျောင်းသားနှင့်ပြည်သူတစ်သိန်းကျော်ကိုဦးဆောင်ပြီး "လူသတ်ဝါဒရှုတ်ချ ပွဲ" ကို စတင်ဦးဆောင် ကျင်းပခဲ့သည်။ ထိုနေ့သည် မြန်မာနိုင်ငံ၏ပထမဦးဆုံးအာဇာနည်နေ့ အခမ်းအနားဖြစ်သည်။ ဇူလိုင် ၁၉ ရက်ကို အာဇာနည်နေ့ အဖြစ် နှစ်စဉ် အခမ်းအနားကျင်းပ ကြသည်။

နိုင်ငံတော် စီးပွားကုန်သွယ်ရေး အဖွဲ့အထွေထွေ အတွင်းရေးမှူးချုပ် နှင့် ဥက္ကဌ အဖြစ် ၁၉၄၈ မှ ၁​၉​၆၃ အထိ တာဝန်များကို ထမ်းဆောင်ခဲ့သူဖြစ်သည်။ ရန်ကုန် စည်ပင်သာယာ အုပ်ချုပ်ရေး အဖွဲ့ ဌာနမှူး၊ ဥက္ကဌ အဖြစ် တာဝန်ယူခဲ့သည်။ ဖက်ဆစ်ဆန့်ကျင်ရေး ပြည်သူ့လွတ်လပ်ရေး အဖွဲ့ချုပ်( ဖဆပလ)တွင် ၁၉၄၂ မှ ၁၉၄၈ အထိ အဖွဲ့ဝင်၊ ဗဟိုဦးစီး ကော်မတီဝင် နှင့်ဗဟိုအမှုဆောင်ကော်မတီဝင်အဖြစ် ပါဝင်ဆောင်ရွက်ခဲ့၏။

မြို့မ-ဦးသန်းကြွယ် နှင့် ဗုဒ္ဓဘာသာ

မြို့မ-ဦးသန်းကြွယ် သည် ထေရဝါဒ ဗုဒ္ဓဘာသာ ကိုင်းရှိုင်းသူဖြစ်သည်။ အလွန်ရိုးသားဖြောင့်မတ်သူအဖြစ် နာမည်ကောင်း ရှိသည်။ ဆဋ္ဌသင်္ဂါယနာ ပွဲ အတွက် ကမ္ဘာအေးစေတီနှင့် မဟာပါသဏလိုဏ်ဂူတော်တို့ကို တည်ဆောက် ရာတွင်ပါဝင်ခဲ့ပြီး ၁၉၅၄-၁၉၅၆ ခုနှစ်တွင် ထိုပွဲကို အောင်မြင်စွာ ကျင်းပခဲ့ ရာတွင် ဝန်ကြီးချုပ် ဦးနု နှင့်အတူ ပါဝင် ဦးဆောင် ခဲ့သည်။ ဗိုလ်တစ်ထောင်ဘုရား ပြုပြင်ခဲ့ ရာတွင် ဝန်ကြီးချုပ် ဦးနု နှင့် ဥက္ကဌကြီး ဆာဦးသွင်နှင့်အတူ ပါဝင် ဦးဆောင် ခဲ့သည်။ ဦးဗဆွေ ဦးစီး တည်ထား ကိုးကွယ်ခဲ့သော သင်္ဃန်းကျွန်းမြို့နယ်ရှိ ရန်မျိုးအောင်စေတီ တည်ဆောက် ရာတွင် ဝန်ကြီးချုပ်ဦးဗဆွေနှင့်အတူ ပါဝင် ဦးဆောင် ခဲ့သည်။

မိသားစု

မြို့မ-ဦးသန်းကြွယ် သည် အသက် ၅၉ နှစ် ၁၉၈၃ ခုနှစ် စက်တင်ဘာ ၂၂ ရက်တွင် ရန်ကုန်မြို့ ၌ ကွယ်လွန်ခဲ့သည်။ သူ၏ ဇနီး မှာ ဒေါ်မြင့်မြင့်ဝင်း (ခေါ်) ဒေါ်အမာ ဖြစ်သည်။ သူ့တွင် သားသမီး ၄ ဦး ကျန်ရစ်ခဲ့သည်။ ဒေါ် ခင်မာကြွယ်၊ ဦးဌေးကြွယ်၊ ဒေါ်မြမြသန်း၊ စာရေးဆရာ-မြန်မာ့သမိုင်းပညာရှင် ဦးမြင့်ကြွယ် (မြို့မ-မြင့်ကြွယ်) တို့ ဖြစ်ကြသည်။

ဓာတ်ပုံများ

ဆက်စပ်လေ့လာရန်

ကိုးကား