ထရာဖဲလဂါတိုက်ပွဲ: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
အရေးမကြီး r2.7.3) (ရိုဘော့က တည်းဖြတ်နေသည် - tr:Trafalgar Muharebesi
စာကြောင်း ၉၅ - စာကြောင်း ၉၅ -
[[sr:Битка код Трафалгара]]
[[sr:Битка код Трафалгара]]
[[sv:Slaget vid Trafalgar]]
[[sv:Slaget vid Trafalgar]]
[[tr:Trafalgar Savaşı]]
[[tr:Trafalgar Muharebesi]]
[[uk:Трафальгарська битва]]
[[uk:Трафальгарська битва]]
[[vi:Trận Trafalgar]]
[[vi:Trận Trafalgar]]

၀၇:၀၀၊ ၃၀ ဇွန် ၂၀၁၂ ရက်နေ့က မူ

ထရာဖဲလဂါတိုက်ပွဲ။ ။ ထရာဖဲလဂါတိုက်ပွဲသည် ဗြိတိသျှနိုင်ငံသမိုင်း၌ အကြီး အကျယ်ဆုံး ရေကြောင်းတိုက် ပွဲကြီးတစ်ခုဖြစ်သည်။ ၁၈ဝ၄ ခုနှစ်၌ ပြင်သစ်ဧကရာဇ် နပိုလီယန်သည် ဥရောပ တိုက်တစ်ခုလုံးလိုလိုကိုပင် တိုက်ခိုက်အောင်မြင်ပြီးဖြစ်ခဲ့သည်။ နပိုလီယန် ပထမ

သူ့ကိုဆက်လက် ဘက်ပြိုင်နေသော နိုင်ငံမှာ ရေတပ်အင်အား တောင့်တင်းသော ဗြိတိန်တစ်နိုင်ငံ တည်းသာ ရှိလေသည်။ သို့သော် အင်္ဂလန်ပြည်ကမ်းခြေသို့ တက်ရောက် တိုက်ခိုက်ရေးမှာ အင်္ဂလိပ်ရေလက်ကြားကို အင်္ဂလိပ်ရေတပ်က စောင့်ရှောက်နေသမျှ ဖြစ်မြောက်နိုင်မည် မဟုတ်သည်ကို နပိုလီယန် ကောင်းစွာသိလေသည်။ ထို့ကြောင့် တူလွန်နှင့် ဗရက်ရှိ ပြင်သစ်သင်္ဘော တပ်စုများကို ပိတ်ဆို့နေ သော အင်္ဂလိပ်သင်္ဘောများအား ရှောင်တိမ်းကာ အနောက် အိန္ဒိယကျွန်းစုသို့ ထွက်ခွာ စေလေသည်။ ထိုအခါ ရေကြောင်း ဗိုလ်ချုပ် နယ်လဆင်အုပ်ချုပ်သော အင်္ဂလိပ်ရေတပ်မကြီးသည် အနောက်အိန္ဒိယကျွန်းစုသို့ ထွက်ခွာသွားသော ပြင်သစ်ရေတပ် နောက်သို့ လိုက်သွားခဲ့သည်။ နယ်လဆင် ဟိုရေး ရှိုး

ထိုသို့ ဥပါယ်တံမျဉ်ဖြင့် အင်္ဂလိပ်ရေတပ်ကို အနောက်အိန္ဒိယ ကျွန်းစုသို့ရောက်အောင် သွေးဆောင်လာပြီးနောက် ပြင်သစ် ရေတပ်သည် ကွေ့၍ပြန်လာခဲ့လေသည်။ အနောက်အိန္ဒိယ ကျွန်းစုသို့ရောက်မှပင် နပိုလီယန်၏ ပရိယာယ်ကို ရိပ်မိသော နယ်လဆင်သည်လည်း အပြင်းချီကာ ပြန်လာခဲ့လေသည်။

ထိုအခါမှ နယ်လဆင်သည် ပြင်သစ်နှင့် စပိန်ရေတပ်များ စပိန်နိုင်ငံ ကေးဒစ်မြို့ဆိပ်ကမ်း၌ စခန်းချလျက်ရှိသည်ကို တွေ့ရလေသည်။ သို့သော် နယ်လဆင်သည် သူ၏ရေတပ်ကို တစ်မျိုးတဖုံ နေရာချထားကာ ပရိယာယ်ဆင်လိုက်သဖြင့် ရန်သူသင်္ဘောများသည် ကေးဒစ်ဆိပ်ကမ်းမှ ထွက်လာလေတော့ ၏။ ၁၈ဝ၅ ခုနှစ် အောက်တိုဘာလ ၂၁ ရက်နေ့၌ ကေးဒစ် နှင့် ဂျီဗရောတားအကြားရှိ ထရာဖဲလဂါအငူအနီးတွင် ရေတပ် နှစ်ခု တွေ့ဆုံတိုက်ခိုက်ကြသည်။

အင်္ဂလိပ်ရေတပ်၌ သင်္ဘောကြီး ၂၇ စင်း၊ သင်္ဘောငယ် ၄ စင်းပါဝင်၍၊ ရန်သူရေတပ်တွင် သင်္ဘောကြီး ၃၃ စင်း၊ သင်္ဘောငယ် ၇ စင်းပါဝင်သည်။ 'အင်္ဂလန်ပြည်သည် လူတိုင်း အား မိမိတာဝန်ဝတ္တရားကို ဆောင်ရွက်လိမ့်မည်ဟု မြေ|ာ်လင့် သည်'ဟူသော နယ်လဆင်၏အမိန့်ကိုနာခံ၍၊ အင်္ဂလိပ်ရေတပ် သည် ရန်သူနှင့် အကျိတ်အနယ် ယှဉ်ပြိုင်တိုက်ခိုက်လေသည်။

ထိုတိုက်ပွဲ၌ နယ်လဆင်ကျဆုံးသော်လည်း၊ အင်္ဂလိပ်တို့ အနိုင် ရသွားလေသည်။ သူတို့၏ သင်္ဘောတစ်စင်းမျှ မဆုံးရှုံးဘဲ ရန်သူသင်္ဘောများစွာ ပျက်စီးပြီးလျှင် ပြင်သစ် သုံ့ပန်းအများကို ဖမ်းဆီးရမိလိုက်သည်။ ထို့နောက် အင်္ဂလန်ကျွန်းပေါ်သို့ တက် ရောက်တိုက်ခိုက်ရန် ကြံစည်ထားသော နပိုလီယန်၏ မြေ|ာ်လင့် ချက်များမှာ အချည်းနှီး ဖြစ်သွားလေတော့၏။[၁]

ကိုးကား

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၅)