တောလုံငှက်: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
အရေးမကြီး r2.7.3) (ရိုဘော့က ပေါင်းထည့်နေသည် - vi:Otus scops
အရေးမကြီး r2.7.2+) (ရိုဘော့က တည်းဖြတ်နေသည် - vi:Cú mèo châu Âu
စာကြောင်း ၁၀၀ - စာကြောင်း ၁၀၀ -
[[tr:İshak kuşu]]
[[tr:İshak kuşu]]
[[uk:Совка (птах)]]
[[uk:Совка (птах)]]
[[vi:Otus scops]]
[[vi: mèo châu Âu]]
[[zh:普通角鸮]]
[[zh:普通角鸮]]

၁၆:၄၃၊ ၂၄ ဇွန် ၂၀၁၂ ရက်နေ့က မူ

တောလုံငှက်
မျိုးရိုးခွဲခြားခြင်း
လောက:
မျိုးပေါင်းစု:
မျိုးပေါင်း:
မျိုးစဉ်:
မျိုးရင်း:
မျိုးစု:
မျိုးစိတ်:
O. scops
ဒွိနာမ
Otus scops
(Linnaeus, 1758)

     Summer      Resident      Winter

ဇီဝ‌ဗေဒအလိုအရ ‌တောလုံငှက်သည် ‘စတြစ်ဂျီ‌ဖောမီး’မျိုးစဉ် တွင်၎င်း၊ ‘စတြစ်ဂျီဒီး’မျိုးရင်းတွင်၎င်း ပါဝင်သည်။ မြန်မာနိုင်ငံတွင် ကြက်ဝက်‌ခြောက်‌ကောင် အမည်ဖြင့် လူသိများ သည်။ အလျား ၈ လက်မခန့်ရှိ၍ နားရွက်‌မွှေးများပါရှိသည်။ ‌တောလုံငှက်၏ အ‌ရောင်မှာ မွဲပြာရင့်‌ရောင် သို့မဟုတ် နီညို ‌ရောင်ဖြစ်သည်။ ‌တောတွင်း၌ ကျက်စား‌သော ငှက်မျိုးဖြစ် သည်။

‌မှောင်စပျိုးသည့်အခါ ‌တောလုံငှက်သည် ကြက်ဝက်‌ခြောက် ‌ကောင်ဟု ထပ်တစ်လဲလဲ အချိန်ကြာမြင့်စွာ ‌အော်သည်ဟုဆို သည်။ ထိုအသံကို ‌တောင်‌ခြေရင်းရှိ ကျွန်း‌တောအတွင်း၌ တစ် နှစ်ပတ်လုံးကြားရတတ်သည်။ သို့‌သော် မိုးရာသီနှင့် ‌ဆောင်း ရာသီ၌ အသံစဉ်အတိုင်း အပြည့်အစုံ မ‌အော်‌ချေ။ ‌နွေရာသီ၌မူ ‌တောလုံငှက်၏‌အော်သံကို ကြက်ဝက်‌ခြောက်‌ကောင်ဟု အပြည့် အစုံ အဆက်မပြတ်ကြားရသည့်ပြင် ‌နေ့အခါ၌ပင် တစ်ခါတစ်ရံ ကြားရသေး၏။

‌တောလုံငှက်သည် ကျွန်း‌တောများ၌သာ ကျက်စား‌လေ့ရှိ သည်။ ထူထပ်စွာ‌ပေါက်‌သော အရွက်တို့၏အကြား၌ ‌နေ့အခါ တွင် ပုန်းလျှိုးအိပ်‌နေတတ်သဖြင့် ‌တွေ့ရခဲသည်။ ညအခါ၌သာ ထွက်လာတတ်သည်။ ယင်း၏အစာမှာ ပိုးဖလံ၊ ‌ချေးထိုးပိုး၊ တိရစ္ဆာန်ငယ်များနှင့် ငှက်ငယ်များဖြစ်သည်။ ‌ဖေ‌ဖော်ဝါရီလမှ ဧပြီလအထိ ‌တောလုံငှက်များ သား‌ပေါက်ကြသည်။ ‌မေလနှင့် ဇွန်လတွင် ဒုတိယအကြိမ် သား‌ပေါက်ပြန်သည်။ ဥများကို သစ်‌ခေါင်းထဲ၌ ဥအုလေ့ရှိသည်။ တစ်မြုံလျှင် ၃ ဥမှ ၄ ဥထိ ရှိတတ်သည်။ ဥသည် ခပ်လုံး⁠လုံးဖြစ်၍ ဥခွံမှာ နူးညံ့‌ချောမွတ် သည်။

‌တောလုံငှက်ကို အ‌ရှေ့နိုင်ငံများတွင် အနှံ့အပြား‌တွေ့ရသည်။ အ‌နောက်ဘက် ဟိမဝန္တာ‌တောင်အထိ ယင်းကို ‌တွေ့နိုင်သည်။ မြန်မာနိုင်ငံရှိ သစ်‌တောများတွင် အမြဲ‌တွေ့ရသော ငှက်မျိုးဖြစ် သည်။ ‌ပေ ၆၀⁠၀၀ အမြင့်ထိ ‌နေနိုင်သည်။ [၁]

ကိုးကား

  1. မြန်မာ့စွယ်စုံကျမ်း အတွဲ (၅)