မောင်စွမ်းရည် (စာရေးဆရာ): တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
အရေးမကြီး ရိုဘော့ - ISBN နံပါတ်ကို ပုံစံချနေသည်
စာကြောင်း ၈၀ - စာကြောင်း ၈၀ -
<references/>
<references/>



[[Category:အတ္ထုပ္ပတ္တိ]]
[[Category:မြန်မာ စာရေးဆရာများ]]
[[Category:မြန်မာ အမျိုးသား စာရေးဆရာများ]]
[[Category:မြန်မာ အမျိုးသား စာရေးဆရာများ]]
[[Category:မြန်မာအတ္ထုပ္ပတ္တိ]]
[[Category:မြန်မာ့သမိုင်း]]
[[Category:မြန်မာ]]

၁၈:၀၈၊ ၅ ဇွန် ၂၀၁၂ ရက်နေ့က မူ


၂ဝဝရ ခုနှစ် ဇူလိုင်လမှာ ပထမ အကြိမ် အဖြစ် ဖန်မီးအိမ် စာပေ ချစ်သူများ [ဆန်ဖရန်စစ္စကို] မှ ထုတ်ဝေ ဖြန့်ချိ ခဲ့တဲ့ ကဗျာဆရာ ဦးတင်မိုး [၁၉၃၃-၂ဝဝရ] ကွယ်လွန်ခြင်း ၆ လပြည့် အမှတ်တရ စာစုက "မောင်စွမ်းရည် အတ္ထုပ္ပတ္တိ" ကို ပြန်လည် ကူးယူ ဖော်ပြ လိုက်တာ ဖြစ်ပါတယ်။ ဗိုလ်ချုပ်ကြီး ခင်ညွှန်ရဲ့ ထောက်လှမ်းရေး လက်ကျန်တွေက စုစည်း ထုတ်ဝေခဲ့တာလို့ ယုံကြည်ရတဲ့ "သိမှတ်ဖွယ်ရာ ကိုယ်ရေး အချက်အလက်များ" (ရေးသားသူ၊ ထုတ်ဝေသည့် စာအုပ်တိုက်နှင့် ခုနှစ်၊ လတို့ မပါရှိ။) စာအုပ်ကနေ အချက်အလက် အသစ်တွေကို ထပ်မံ ဖြည့်စွက် ထားပါတယ်။

ဖိုင်:Mgsuanyi.jpg
  • အမည်ရင်း - ဦးဝင်းဖေ၊
  • မိဘ - ဦးသိန်းဖေ (ရွာသူကြီး၊ မူလတန်း ကျောင်းအုပ်)၊ ဒေါ်တင်ကြည်၊
  • ဇာတိ - မြင်းခြံမြို့နယ်၊ ကန်ဆင့်တောင်ရွာ၊
  • မွေးချင်း - ၇ ဦး အနက် အကြီးဆုံး၊
  • မွေးနှစ် - ၁၉၃၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၇ ရက်နေ့၊
  • ပညာရေး - ဝိဇ္ဇာ၊ ပညာရေး ဒီပလိုမာ၊ စာကြည့်တိုက်ပညာ ဒီပလိုမာ၊
  • အလုပ် - ကျောင်းဆရာ၊ သမိုင်း - ပြည်သူ့ နီတိ - မြန်မာစာ သင်ရိုး အဖွဲ့ဝင်၊ မြန်မာစာသင်ရိုး လက်ထောက်၊ အခြေခံ ပညာ ဦးစီး ဌာန စာကြည့်တိုက်မှူး (ငြိမ်း)၊ ရန်ကုန် တက္ကသိုလ် စာကြည့်တိုက် ပညာ ဌာန ပြင်ပ ကထိကနှင့် စာစစ်၊ ပညာ တန်ဆောင် ပညာရေး မဂ္ဂဇင်း အတိုင်ပင်ခံ အယ်ဒီတာ အဖွဲ့ဝင်၊


မြင်းခြံ အစိုးရ အထက်တန်းကျောင်း၊ မန္တလေး အထက (၁)၊ မန္တလေး တက္ကသိုလ်၊ ရန်ကုန် ပညာရေး တက္ကသိုလ် များတွင် ပညာ သင်ကြားခဲ့ပြီး၊ ဝိဇ္ဇာဘွဲ့၊ ပညာရေး ဒီပလိုမာ၊ စာကြည့်တိုက် ဒီပလိုမာ ဘွဲ့များ ရရှိခဲ့သည်။ ဇနီး ဖြစ်သူမှာ ဒေါ်ခင်နွဲ့ကြည် ဖြစ်ပြီး၊ သားသမီး ၄ ဦး ထွန်းကားခဲ့သည်။


စာပေ အတွေ့အကြုံ

  • ၁၉၅၃ ခုနှစ် - မန္တလေး အထက (၁) ကျောင်းသား သမဂ္ဂ စာစောင်တွင် ကဗျာ စတင်ရေး၊
  • ၁၉၅၉ ခုနှစ် - မန္တလေး တက္ကသိုလ် နှစ်ပတ်လည် မဂ္ဂဇင်း ကော်မတီ အတွင်းရေးမှူး၊
  • ၁၉၅၇ - ၅၉ - ကျောင်းသား သမဂ္ဂ အမှုဆောင်၊
  • ၁၉၆၁ - ၆၂ - မန္တလေး တက္ကသိုလ် ကလောင်ရှင် အသင်း အတွင်းရေးမှူး။
  • ၁၉၆၂ - ၂ဝဝ၂ (မြန်မာပြည်တွင်း)

အထက် မြန်မာ နိုင်ငံ စာရေး ဆရာ အသင်း အလုပ်အမှုဆောင် (တွဲဖက် အတွင်းရေးမှူး)၊ လူထု သတင်းစာ၊ ရှုမဝ၊ ငွေတာရီ၊ မိုးဝေ၊ စာပေဂျာနယ်၊ သောင်းပြောင်း ထွေလာ၊ မြားနတ်မောင်၊ ရွှေဝတ်မှုန်၊ မန္တလေး ဂျာနယ်၊ ဗြူတီ စသည့် စာနယ်ဇင်း များတွင် ကဗျာနှင့် စာပေ ဝေဖန်စာများ ရေးသား။ မြန်မာ့ ရိုးရာ လူထုတေး၊ ပေပုရပိုက် စုဆောင်း၊

  • ၂ဝဝ၂ နှင့် နောက်ပိုင်း (မြန်မာပြည် ပြင်ပ)
  • ၂ဝဝ၂ နိုဝင်ဘာ - နယ်သာလန် နိုင်ငံ အမ်စတာဒမ်မြို့ လေဒင် တက္ကသိုလ် အာရှ စာပေ နှီးနှော ဖလှယ်ပွဲတွင် တက်ရောက် စာတမ်း ဖတ်ကြား။
  • ၂ဝဝ၃ - (၁) အိုင်အိုဝါ တက္ကသိုလ် နိုင်ငံတကာ စာရေး ဆရာများ အစီအစဉ်သို့ ၃ လ တက်ရောက်၊
  • နီဘရာစတာမြို့ KHN အနုပညာ စခန်းဝင်၊
  • ဝါရှင်တန် တက္ကသိုလ် FBC နှစ်လည်ပွဲတွင် တက်ရောက် စာတမ်း ဖတ်ကြား၊
  • ၂ဝဝ၄ - ၂ဝဝ၅ မြောက်အီလီနွိုက် တက္ကသိုလ် Center for Burma Studies တွင် သုတေသီ အဖြစ် တာဝန် ထမ်းဆောင်၊
  • ၂ဝဝ၅ - ဂျပန်နိုင်ငံ မိုးသောက်ကြယ် စာကြည့်တိုက် နာယက၊
  • ၂ဝဝ၆ - (၁) DVB, RFA အသံလွှင့် ဌာနများ၏ အသံလွှင့် ဆောင်းပါးရှင် (ရွှေဒေါင်းတောင် ကဏ္ဍ)၊
  • VOA အသံလွှင့် ဌာန၏ သက်ကြီးစကား သက်ငယ်ကြား အစီအစဉ်၊


ယခု မိုးမခ Radio and Multimedia ၏ အကြံပေး၊ အခါအားလျော်စွာ ပြည်ပရောက် မြန်မာများ၏ စာအုပ် စာစောင် ထုတ်ဝေရေး လုပ်ငန်းများ အတွက် အတိုင်ပင်ခံ အယ်ဒီတာ။ ဂျပန် မေခ ရေဒီယို အဖွဲ့ အကြံပေး၊


ရေးသားခဲ့သော စာအုပ်များ

  1. စိတြကဗျာများ (ကြည်အောင်နှင့် တွဲဖက်ပြီး) (၁၉၆ဝ)
  2. အနီနှင့်အပြာကဗျာများ (အမျိုးသား စာပေဆုရ) (၁၉၆၄)
  3. ဟိုချီမင်အကျဉ်းထောင်က ပုလွေသံ (ဘာသာပြန် ကဗျာ) (၁၉၆၄)
  4. ပြည်သူရှုဒေါင့်စာအုပ် ဝေဖန်ချက်များ (၁၉၆၆)
  5. မန္တလေးမြို့ရဲ့ မနက်ခင်း ကဗျာများ (၁၉ရဝ)
  6. ဂယက်စာပေဆောင်ပါးများ (၁၉၇၃)
  7. မြန်မစာပေ ဘာလဲ ဘယ်လဲ (၁၉၇၆)
  8. အမေ့ခေါ်သံကဗျာများ (၁၉၈၇)
  9. အတွေးကြွယ်ကြွယ်၊ အရေးလွယ်လွယ် အက်ဆေးငယ်များ (ဒေါ်နွဲ့ကြည်နှင့်) (၁၉၉၂)
  10. စာပန်းချီ စာစီစာကုံးများ (၁၉၉၆)
  11. ဖိုးဝနဲ့ ဖိုးလှ ကလေးကဗျာများ (၁၉၉၉)
  12. နံ့သာသူခိုးနှင့် ဝတ္ထုတိုများ (၂ဝဝဝ)
  13. ကဗျာဆရာ့အဖေ ကဗျာဆရာ့အမေ (၂ဝဝ၂)
  14. သူတို့နှင့် ကျနော် (၂ဝဝ၂)
  15. ဘာလဲဟဲ့ မောင်စွမ်းရည် (၂ဝဝရ)
  16. မှိုင်းမှသည် မိုးထိအောင် ISBN 978-0-9788396-5-9 (၂ဝ၁၀)

"လုံခြုံ စိတ်ချစွာ အင်တာနက် သုံးစွဲနည်း လမ်းညွှန်"

  • အင်တာနက် သုံးစွဲသူများ အတွက် အသိပေးချက် ၈ ချက်၊
  • လက်တွေ့ အသုံးချ အစီအစဉ်၊
  • အင်တာနက် စိစစ် ဖြတ်တောက်မှုများ ကျော်လွှားနိုင်ရေး လူထု လက်စွဲ၊
  • သံဃာ သတ်တဲ့ စစ်အစိုးရ စီးပွားရေး သပိတ် ဝိုင်းမှောက်ကြ


"ဒီမိုကရေစီ အဓိပ္ပါယ်မှာ . . . . . . ပြည်သူ့အာဏာ ရှင်းရှင်းလေးပဲ။"

"အာဏာသုံးရပ် လူထုပိုင် . . . . . . စစ်တပ်နဲ့မဆိုင် မြဲမြဲမှတ်ကြ။"

မြတ်ထက် ရေးသားပြီး ကျောက်မဲ ကျော်ကြီး စီစဉ် တင်ဆက်တဲ့ အိန္ဒိယရောက် မြန်မာ့ ဒီမိုကရေစီ အင်အားစု တွေရဲ့ ၂ဝဝ၈ ခုနှစ်၊ မြန်မာ့ ရိုးရာ အတာ သင်္ကြန်

"ဘုန်းဘုန်းချမှ၊ လုံးလုံးရမယ်"

တိုက်ပွဲခေါ် သံချပ်များ။

ကိုးကား