မဟာသီယာ မိုဟာမက်စ်: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
အရေးမကြီး r2.7.2) (ရိုဘော့က တည်းဖြတ်နေသည် - fi:Mahathir Mohamad
အရေးမကြီး r2.7.1) (ရိုဘော့က ပေါင်းထည့်နေသည် - zh-yue:馬哈蒂爾
စာကြောင်း ၈၈ - စာကြောင်း ၈၈ -
[[zh:马哈迪·莫哈末]]
[[zh:马哈迪·莫哈末]]
[[zh-min-nan:Mahathir bin Mohamad]]
[[zh-min-nan:Mahathir bin Mohamad]]
[[zh-yue:馬哈蒂爾]]

၀၆:၁၈၊ ၁၉ မေ ၂၀၁၂ ရက်နေ့က မူ

မဟာသီယာ မိုဟာမက်စ်
မဟာသီယာ မိုဟာမက်စ်
ဒေါက်တာ မဟာသီယာ မိုဟာမက်စ်
မွေးသက္ကရာဇ် ၁၀ ဇူလိုင် ၁၉၂၅

ပညာရေး သတ္တမမြောက် အက်ဒွပ်ဘုရင် ဆေးပညာကောလိပ် (ယခု စင်္ကာပူ အမျိုးသား တက္ကသိုလ်)
အလုပ်အကိုင် ဆရာဝန်
မွေးရပ်ဇာတိ  မလေးရှား၊ အလော်ဆီထာမြို့
ကြင်ဖော် စီတီ ဟတ်စ်မာ
လက်မှတ်

ဒေါက်တာ မဟာသီယာ မိုဟာမက်စ် (Mahathir Mohamad)သည် မလေးရှားနိုင်ငံကို စီးပွားရေးဖွံ့ဖြိုးအောင် အရှေ့တောင်အာရှ ကျားတကောင်အဖြစ် ဦးဆောင်ခဲ့သူ ဖြစ်သည်။ ၂၀-ရာစုနောက်ပိုင်း ရာစုဝက်ကာလတွင် အာရှတိုက်၌ ပေါ်ထွန်းလာခဲ့ကြသော နိုင်ငံရေးခေါင်းဆောင်များ အနက် မလေးရှားဝန်ကြီးချုပ် ဒေါက်တာမဟာသီယာ မိုဟာမက်သည် ထူးခြားထင်ရှားသော ပုဂ္ဂိုလ်တဦး ဖြစ်ပါသည်။ မဟာသီယာသည် မလေးရှားနိုင်ငံကို လူမျိုးရေးအဓိကရုဏ်းများ ပြွမ်းတီးနေသည့် ဆင်းရဲသော ဖွံ့ဖြိုးဆဲနိုင်ငံငယ်လေးဘဝမှ အရှေ့တောင်အာရှ၏ ကျားတကောင်ဘဝသို့ ရောက်ရှိအောင် ဆွဲတင်နိုင်ခဲ့သည့် ခေါင်းဆောင်တဦးဖြစ်သည်။

ထိုမျှမက ခရစ်နှစ် ၂၀၂၀-ပြည်နှစ်တွင် မလေးရှားနိုင်ငံအား ဖွံ့ဖြိုးဆဲနိုင်ငံဘဝမှ ဖွံ့ဖြိုးပြီးနိုင်ငံဖြစ်အောင် လုပ်ဆောင်ရန် ကမ္ဘာနှင့် ရင်ပေါင်တန်းနိုင်စေရန် သတင်းနှင့် နည်းပညာ၊ စက်မှုနှင့် စီးပွားရေးနယ်ပယ် အသီးသီးတွင် မျှော်မှန်းချက် ၂၀၂၀ (Vision 2020) စီမံကိန်းဖြင့် အရှိန်မြင့်စွမ်းအားပေး ဆောင်ရွက်ခဲ့သူတဦးလည်း ဖြစ်သည်။

ငယ်ဘဝ

ဒေါက်တာမဟာသီယာကို မလေးကျွန်းဆွယ် အနောက်မြောက်ဘက်ရှိ အလော်ဆီထာမြို့ကလေးတွင် ၁၉၂၅-ခုနှစ်၌ မွေးဖွားခဲ့သည်။ မွေးချင်း ၁၀-ဦးရှိသည့်အနက် အထွေးဆုံးဖြစ်သည်။ မဟာသီယာ၏ မိဘများမှာ လူလတ်တန်းစားလွှာ အနိမ့်စားအဆင့်တွင် ပါဝင်ပြီး မြို့ဆင်ခြေဖုံး ရပ်ကွက်ကလေးတွင် နေထိုင်ခဲ့ကြရသည်။ ဖခင်မှာ ကျောင်းဆရာ စာရင်းစစ် စသည့် တာဝန်များကို ထမ်းဆောင်ခဲ့သည်။ မဟာသီယာ၏ ဖခင်သည် သားသမီးများ၏ ပညာရေးကို အထူးအားပေးသူ ဖြစ်သည်။ အလွန်ရှေးရိုးဆန်၍ စည်းကမ်းကြီးသူလည်း ဖြစ်သည်။ ဤသို့သောမိသားစုအသိုင်းအဝိုင်းမှ ကြီးပြင်းလာရသော မဟာသီယာအနေဖြင့် မိသားစု၏ တန်ဖိုးကို ချစ်မြတ်နိုးမှု ရှိလာခဲ့သည်။ ဖခင်၏ ပညာရေးအားပေးမှုကြောင့် တလလျှင် ကျောင်းလခ ရင်းဂစ်ငွေ သုံးကျပ် ပေးရသော အင်္ဂလိပ်ကျောင်းတွင် ပညာသင်ကြားခွင့် ရခဲ့သည်။ အိမ်တွင် မိခင်က အစ္စလာမ်ဘာသာရေး စာပေများနှင့် အစ္စလာမ်ယဉ်ကျေးမှုများကို သင်ကြားပေးခဲ့သည်။

မဟာသီယာသည် ငယ်စဉ်က ပညာကို တန်ဖိုးထားမှု၊ စည်းကမ်းရှိမှုနှင့် မိဘစကားကို လိုက်နာရိုသေတတ်မှု စသော အလေ့အကျင့်ကောင်းများကို အမွေရရှိခဲ့သည်။ မလေးရှားသို့ ဂျပန်တို့ ဝင်လာပြီးနောက် မဟာသီယာသည် အသက် ၁၆-နှစ်အရွယ်၌ အခြေအနေအရ ဈေးထဲတွင် ငှက်ပျောသီးရောင်းရသော ဘနားနားကျောင်းသား ဖြစ်ခဲ့ရသည်။ မိဘများက ပညာကို ဆက်လက်သင်စေသဖြင့် ဂျပန်ကျောင်းသို့တက်ကာ ဂျပန်စာများကို သင်အံရွတ်ဖတ်ရသည်။ ဒုတိယကမ္ဘာစစ်ကြီးအပြီး အင်္ဂလိပ်တို့ ပြန်လည်ဝင်ရောက်လာသော အခါ မလေးယူနီယံစီမံကိန်းကြီး ပါလာခဲ့သည်။ ၄င်းစီမံကိန်းသည် ဗြိတိသျှတို့ လုံးဝဥဿုံ ကျွန်ပြုရေးစီမံကိန်းပင် ဖြစ်သည်။ ထို့ကြောင့် ဗြိတိသျှဆန့်ကျင်ရေး မြေအောက်လူငယ်လှုပ်ရှားမှု ပေါ်ပေါက်လာကာ မဟာသီယာသည် လူငယ်ခေါင်းဆောင်ဖြစ်လာခဲ့သည်။ မဟာသီယာတို့ စည်းရုံးလှုပ်ရှားခဲ့သော ကီဒါမလေးလူငယ်သမဂ္ဂသည် နောင်တွင် ကီဒါမလေးသမဂ္ဂဖြစ်လာခဲ့ပြီး ယင်းမှတဆင့် လွတ်လပ်ရေးလှုပ်ရှားမှုအဖွဲ့များ ပေါင်းစည်း ညီညွတ်သော မလေးအမျိုးသားအစည်းအရုံး (UMNO) ဖြစ်လာခဲ့သည်။

နိုင်ငံရေးလောကအတွင်း ဝင်ရောက်ပုံ

မလေးရှားလွတ်လပ်ရေး အကြိုကာလတွင် မဟာသီယာသည် တက္ကသိုလ်ပညာ ဆက်လက်သင်ယူရန် ၁၉၄၇-ခုနှစ်တွင် စင်ကာပူသို့ ထွက်လာခဲ့သည်။ စင်ကာပူ၌ ၁၉၄၇-မှ ၁၉၅၃-ခုနှစ်အထိ ဆေးပညာ သင်ကြားခဲ့သည်။ ပညာသင်ကြားနေစဉ် မလေးနိုင်ငံရေးနှင့် မျက်ခြည်မပြတ်ခဲ့ပေ။ အခြားတဖက်တွင် စည်းရုံးရေးစွမ်းရည်ကို မြှင့်တင်နိုင်ရန် စာပေးစာယူဆောင်းပါးများ အခါအားလျော်စွာ ရေးသားသည်။ ဆေးကျောင်းတက်နေစဉ် အတန်းတူ ဆေးကျောင်းသူ ဆတီဟာစမာနှင့် လက်ထပ်ခဲ့သည်။ သားသမီး ရ-ယောက် ထွန်းကားသည်။ မဟာသီယာသည် ဆရာဝန်ဘွဲ့ရပြီး ၁၉၅၃-ခုနှစ်တွင် မလေးသို့ပြန်လာခဲ့သည်။ အစိုးရဝန်ထမ်းဆရာဝန်အဖြစ် ဆောင်ရွက်လျက် ၁၉၅၇-ခုနှစ်တွင် အလုပ်မှထွက်၍ ဇာတိမြို့၌ ကိုယ်ပိုင် ဆေးခန်း ဖွင့်ရင်း UMNO အဖွဲ့အတွင်း နိုင်ငံရေးလုပ်ငန်းများ ဆက်လက်လုပ်ကိုင်ခဲ့သည်။ တစထက်တစ နိုင်ငံရေးတာဝန်များ အဆင့်တိုးမြှင့်ပေးခြင်းခံရကာ ၁၉၆၀၊ အသက် ၃၉-နှစ်တွင် လွှတ်တော်အမတ်အဖြစ် စတင်ရွေးကောက်ခံရသည်။ ၁၉၇၄-ခုနှစ်တွင် အစိုးရအဖွဲ့ဝန်ကြီးအဖြစ် တာဝန်ပေးခြင်း ခံရသည်။

ထိုအချိန်မတိုင်မီ ၁၉၆၉-ခုနှစ်တွင် လူများစု မလေးနွယ်ဖွားများနှင့် စီးပွားရေးကို ထိန်းချုပ်ထားသော တရုတ်နွယ်ဖွားများအကြား အဓိကရုဏ်း ပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။ ထိုကိစ္စနှင့်ပတ်သက်၍ UMNO ခေါင်းဆောင်ပိုင်း၏ လုပ်နည်းလုပ်ဟန် မူဝါဒကို မနှစ်မြို့၍ ထိုစဉ်က ဝန်ကြီးချုပ်တွန်ကူအဗ္ဗဒူရာမန်ထံသို့ ပြင်းထန်စွာ ဝေဖန်ကန့်ကွက်သော စာတစောင်ကို ဒေါက်တာမဟာသီယာက ပေးပို့ခဲ့ရာ ဒေါက်တာ မဟာသီယာသည် UMNO ပါတီမှ သုံးနှစ်ခန့် ထုတ်ပယ်ခြင်းခံရသည်။ ၁၉၇၂-ခုနှစ်တွင် ပါတီသို့ ပြန်ဝင်ခွင့်ရပြီး ၁၉၇၄-ခုနှစ်တွင် ပညာရေးဝန်ကြီး ဖြစ်လာသည်။ ၁၉၇၆-ခုနှစ်တွင် ဒုတိယဝန်ကြီးချုပ်အဖြစ် တိုးမြှင့်ခြင်းခံရပြီး ၁၉၈၁-ခုနှစ်တွင် ဝန်ကြီးချုပ်ဖြစ်လာခဲ့သည်။

ဝန်ကြီးချုပ် သက်တမ်း

ဒေါက်တာမဟာသီယာသည် ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ချိန်တွင် ဒုတိယဝန်ကြီးချုပ်ဘဝက တွေ့မြင်သိခဲ့ရသော အတွေ့အကြုံများကို အခြေခံ၍ ပြုပြင်ပြောင်းလဲမှုများကို အောက်ခြေသိမ်း စတင်ပြုလုပ် ခဲ့သည်။ အခြေအနေအားလုံးကို ပြန်လည်စစ်ဆေးပြီး မူဝါဒရေးရာများ၊ နေ့စဉ်လုပ်ငန်းဆောင်ရွက်မှု အစီအစဉ်များ၊ ရုံးလုပ်ငန်းများကို ကိုယ်ပိုင်စိတ်ကူးသစ်၊ ပုံစံသစ်များဖြင့် ဆောင်ရွက်တတ်စေရန် ကြပ်မတ်ခဲ့သည်။ စီးပွားရေးအပိုင်းတွင် အရှေ့ကို မှျော်ကြည့် (Look East) ကြွေးကြော်သံဖြင့် ဂျပန်နိုင်ငံမှ နည်းပညာများ၊ ရင်းနှီးမြှုပ်နှံမှုများကို ရယူကာ ဖွံ့ဖြို့တိုးတက်အောင် ဆောင်ရွက်ခဲ့သည်။ စီးပွားရေးတွင် တရုတ်နွယ်ဖွားတို့ အုတ်စီးခြယ်လှယ်မှုမှ မှျတသောအခြေအနေသို့ ရောက်ရှိစေရန် ဘူမိပုတြနွယ်ဖွား မလေးများကို ပံ့ပိုးထောက်ကူမှုများ ပေးအပ်ခဲ့သည်။ မလေးနိုင်ငံ၏ နည်းပါးသော လူ့အရင်းအမြစ်ကို အဆင့်မြင့်စွာ ဖွံ့ဖြိုးတိုးတက်စေရန် နိုင်ငံတကာအဆင့်မီ ပညာရေးကို အထူးအားပေးခဲ့သည်။

ရာစုခေတ်သစ်တွင် အရေးပါလာသည့် သတင်းအချက်အလက် နည်းပညာကို လိုက်မီစေရန် သတင်းအချက်အလက်လမ်းကြောင်း ဌာနကြီးတခု တည်ထောင်စေခဲ့ပြီး ပူထရာဂျာယခေါ် တော်မီနည်းပညာမြို့သစ်ကို ထူထောင်ခဲ့သည်။ တချိန်က ကျွန်တပိုင်းဘဝဖြင့် လူမွေးလူတောင် မပြောင်ခဲ့သော မလေးရှားနိုင်ငံသည် ၂၀-ရာစုနောက်ပိုင်းတွင် ဒေါက်တာမဟာသီယာ၏ ဦးဆောင်မှုအောက်၌ အရှေ့တောင် အာရှ ကျားပေါက်နိုင်ငံတခုအဖြစ် ဝင့်ကြွားလာနိုင်ခဲ့သည်။ မလေးရှားနိုင်ငံသည် ၁၉၇၀-ပြည့်လွန်နှစ်များ အတွင်းက လူတဦးလှျင် တနှစ်ဝင်ငွေ ဒေါ်လာ ၃၀၀-ခန့်သာရှိသော ဖွံ့ဖြိုးမှု နည်းပါးသည့်နိုင်ငံငယ်ကလေးမှ ၁၉၉၀-ပြည့်လွန်နှစ်များ၌ တဦးလျှင် တနှစ်ဝင်ငွေ ဒေါ်လာ၃၈၀၀-ခန့်အထိ မြင့်တက်လာအောင် ဦးဆောင်မှုပေးခဲ့သော ဒေါက်တာမဟာသီယာသည် မလေးရှားနိုင်ငံအတွက် ဂုဏ်ယူဝင့်ကြွားနိုင်ခဲ့ပေသည်။ ယခုအခါ ဒေါက်တာမဟာသီယာသည် ဝန်ကြီးချုပ်ရာထူးမှ အနားယူပြီး လူမှုရေး၊ ဘာသာရေး ယဉ်ကျေးမှုများကို ကူညီဆောင်ရွက်လျက် ရှိနေပါသည်။[၁]

ကိုးကား

  1. ဦးမြင့်စော (သမိုင်းပါမောက္ခ၊ ပုသိမ်တက္ကသိုလ်)၊( မင်္ဂလာမောင်မယ် ၂၀၀၉-ခု ဒီဇင်္ဘာလ)