ခင်မောင်ညို (ဘောဂဗေဒ): တည်းဖြတ်မှု မူကွဲများ
No edit summary |
|||
စာကြောင်း ၇၉ - | စာကြောင်း ၇၉ - | ||
<references/> |
<references/> |
||
[[Category:အတ္ထုပ္ပတ္တိ]] |
|||
[[Category:မြန်မာ အမျိုးသား စာရေးဆရာများ]] |
[[Category:မြန်မာ အမျိုးသား စာရေးဆရာများ]] |
||
[[Category:မြန်မာ စာရေးဆရာများ]] |
၀၅:၅၄၊ ၁၈ မေ ၂၀၁၂ ရက်နေ့က မူ
ခင်မောင်ညို (ဘောဂဗေဒ) | |
ဖိုင်:KhinMgNyo.gif | |
(၁၉၅၆- ) | |
မွေးသက္ကရာဇ် | ၁၁ ဧပြီ ၁၉၅၆ |
အမည်ရင်း | ဦးခင်မောင်ညို |
မိဘအမည် | ဦးချစ်ဦး+ဒေါ်မြရင် |
မွေးဖွားရာဒေသ | |
နိုင်ငံသား | မြန်မာနိုင်ငံ |
လူမျိုး | ဗမာ |
ကိုးကွယ်သည့်ဘာသာ | ဗုဒ္ဓဘာသာ |
ပညာအရည်အချင်း | B.Econ. (P.D.) ရန်ကုန်စီပွားရေး တက္ကသိုလ်၊ M.Phil. (Eco) |
အလုပ်အကိုင် | ဂျာနယ် အယ်ဒီတာ၊ E-Trade eTrade Myanmar Co., Ltd တည်ထောင်သူ |
ကြင်ဖော် | ဒေါ်မိုးမိုးခိုင် |
သားသမီး | မစုနွယ် |
ထင်ပေါ်ကျော်ကြားမှု | စာရေးဆရာ၊ စီးပွားရေးပညာရှင် |
ထင်ရှားသည့်လက်ရာများ | |
ရရှိခဲ့သည့်ဘွဲ့တံဆိပ်များ | |
ကွယ်လွန်ရက် | |
ကွယ်လွန်ရာဒေသ | |
လက်မှတ် | [[Image:|100px]] |
ကွန်ယက် |
ခင်မောင်ညို (ဘောဂဗေဒ) (ခ) ဒေါက်တာ ခင်မောင်ညို
- ၁၉၅၆ ခုနှစ်၊ ဧပြီလ ၁၁ ရက်နေ့တွင် အဖ ဦးချစ်ဦး၊ အမိ ဒေါ်မြရင်တို့က မွေးဖွားသည်။
- အထက ငါန်းဇွန်၊ အထက မြင်းမူ၊ အထက (၁) စစ်ကိုင်းတို့တွင် ပညာသင်ယူခဲ့။
- ၁၉၇၁၊ ဗုဒ္ဓ ဓမ္မ လောက စာစောင်မှ တဆင့် စာပေနယ်သို့ ဝင်ရောက်ခဲ့။
- ၁၉၇၁-၇၅၊ ရန်ကုန်စီပွားရေးတက္ကသိုလ်တွင် တက်ရောက်သင်ကြားခဲ့ပြီး၊ စီးပွားရေးပညာ B.Econ. (P.D.) ဘွဲ့ ရရှိခဲ့။
- ၁၉၇၈၊ ရန်ကုန်တိုင်း အမှတ်(၂)ဒေသကောလိပ် တွင် နည်းပြဆရာ အဖြစ် စတင် တာဝန်ထမ်းဆောင်ခဲ့၊ စီးပွားရေးတက္ကသိုလ်၊ ဒဂုံတက္ကသိုလ် တို့တွင် သင်ကြားပို့ချခဲ့ပြီး၊ စီးပွားရေး တက္ကသိုလ် ဘောဂဗေဒဌာနတွင် ၂၀၀၁ ခုနှစ်အထိ ကထိကအဖြစ် တာဝန် ထမ်းဆောင်ခဲ့။
- ၁၉၈၉၊ ဒေါ်မိုးမိုးခိုင်နှင့် လက်ထပ်ခဲ့၊ ၁၉၉၃ ဒီဇင်ဘာတွင် သမီးငယ် မစုနွယ်ကို မွေးဖွားခဲ့။
- ၁၉၉၁၊ ရန်ကုန် စီးပွားရေး တက္ကသိုလ်မှ မဟာဒဿန (ဘောဂဗေဒ) M.Phil. (Eco) ဘွဲ့ ရရှိခဲ့။
- ၁၉၉၅၊ စင်ကာပူ ဖွံ့ဖြိုးမှု အတွေ့အကြုံ (နေမျိုးထွန်းနှင့် တွဲဖက်၍) ဗုဒ္ဓအလိုကျ လုပ်ငန်းခါင်၊ စီးပွားရေးမျက်စိ စာအုပ် ထုတ်ဝေခဲ့။
- ၁၉၉၆၊ လူမှု ဆက်ဆံရေး နည်းဗျူဟာ စာအုပ် ထုတ်ဝေခဲ့။
- ၁၉၉၇၊ အောင်မြင်သော လုပ်ငန်းရှင်နှင့် အိမ်တော်၌၊ ကွန်ဖြူးရှပ်၏ စီးပွားရေး ပြဿနာ ၁၀ဝ အဖြေရှာ၊ သင့်ကိုယ်ထဲက ခေါင်းဆောင်၊ လူတိုင်းတွက်တွာ ခေါင်းဆောင်မှု ပညာ စာအုပ် ထုတ်ဝေခဲ့။
- ၁၉၉၈-၂၀၀၇၊ နိုင်ငံတကာ စီးပွားရေးဂျာနယ် အယ်ဒီတာချုပ် တာဝန်ယူ။ ကိုယ့်နောက်က လိုက်နေသည့်ငွေ၊ မန်နေဂျာပေါက်စ၊ ဘဝတလျှောက် အောင်မြင် ပျော်ရွှင်နည်း စာအုပ် ထုတ်ဝေခဲ့။
- ၁၉၉၉၊ သင့်ဖောက်သည်ကို ဘယ်လို ဆက်ဆံမလဲ၊ ဖြေရဲရင် မေးကြည့်၊ ဂျာနယ်ကြိုက် စီးပွားရေး၊ ကမ္ဘာ့စီးပွား၊ မြန်မာ့စီးပွား စာအုပ်တို့ကို ထုတ်ဝေခဲ့။
- ၂၀၀ဝ မှ ၂၀၀၇ အထိ Khitlunge.net.mm တို့တွင် အယ်ဒီတာချုပ် အဖြစ် တာဝန်ယူခဲ့။
- ၂၀၀၁ မှ ၂၀၀၆ ခုနှစ်ထိ ဝန်ကြီးချုပ်ရုံး၌ ဒုတိယညွှန်ကြားရေးမှူး (Deputy Director) အဖြစ် တာဝန် ထမ်းဆောင်ခဲ့။
- ခင်မောင်ညို (ဘောဂဗေဒ) ကလောင်အမည်ဖြင့် စီးပွားရေးပညာ၊ စီမံခန့်ခွဲမှုပညာနှင့် ပတ်သက်သော စာအုပ်ပေါင်း ၃ဝ ကျော် ထုတ်ဝေခဲ့ပြီး၊ ဂျာနယ်၊ မဂ္ဂဇင်းနှင့် စာစောင်များတွင် ရေးသားလျက် ရှိ။
- ၂၀၀၃ ခုနှစ်တွင် E-Trade eTrade Myanmar Co., Ltd ကို စတင် တည်ထောင်ခဲ့။
- ကမ္ဘာ့စီးပွားရေး ဂျာနယ်တွင် အယ်ဒီတာချုပ် အဖြစ် တာဝန်ယူလျက်ရှိ။
[၁]
ကိုးကား
- ↑ Living Color ကြော်ငြာနှင့် ဈေးဝယ်လမ်းညွှန် စီးပွားရေးသတင်း မဂ္ဂဇင်း၊ No. 163, February, 2009 နဲ့ စာပေလောက စာအုပ်တိုက်မှ စာအုပ်အမှတ် (၂၉၂) အဖြစ် ပုံနှိပ် ထုတ်ဝေခဲ့တဲ့ ခင်မောင်ညို (ဘောဂဗေဒ) ရေးသားတဲ့ 'နိယာမ ဗဟိုပြု ခေါင်းဆောင်' စာအုပ်တို့မှ