ဖာဒီနန် ဖွန် ဇက်ပလင်: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
အရေးမကြီး r2.7.1) (ရိုဘော့က ပေါင်းထည့်နေသည် - hr:Ferdinand von Zeppelin
အရေးမကြီး r2.7.1) (ရိုဘော့က ပေါင်းထည့်နေသည် - lv:Ferdinands fon Cepelīns
စာကြောင်း ၇၈ - စာကြောင်း ၇၈ -
[[la:Comes Ferdinandus de Zeppelin]]
[[la:Comes Ferdinandus de Zeppelin]]
[[lt:Ferdinand von Zeppelin]]
[[lt:Ferdinand von Zeppelin]]
[[lv:Ferdinands fon Cepelīns]]
[[nl:Ferdinand von Zeppelin]]
[[nl:Ferdinand von Zeppelin]]
[[nn:Ferdinand von Zeppelin]]
[[nn:Ferdinand von Zeppelin]]

၂၂:၄၀၊ ၁၂ မေ ၂၀၁၂ ရက်နေ့က မူ

ကောင့် ဖာဒီနန် ဗွန် ဇက်ပလင်

ဇက်ပလင် ကောင့်ဖွန် (ခရစ် ၁၈၃၈-၁၉၁၇)

ပထမကမ္ဘာစစ်ကြီး ဖြစ်ပွား၍ တစ်နှစ်မျှ မရှိသေးမီ ၁၉၁၅ ခုနှစ် ဇန္နဝါရီလ ညတစ်ည၌ အင်္ဂလန်ပြည်ရှိ မြို့ရွာ ပေါင်းများစွာတို့သည် ရုတ်တရက် ရန်သူ၏ ဗုံးကြဲခြင်းကို ခံရ လေသည်။ ထိုအချိန်က ကောင်းကင်မှလာ၍ ဗုံးကြဲခြင်းကိုမကြုံ ဘူးသေးသဖြင့် အင်္ဂလန်ပြည်သူပြည်သားတို့သည် အလွန်အံ့ဩ ထိတ်လန့်ကြသည်။ ထိုသို့ အင်္ဂလိပ်လူမျိုးတို့အား စိတ်ဓာတ် ချောက်ချားသွားအောင် ဖန်တီးနိုင်ခဲ့သူမှာ ဇက်ပလင်ဆိုသူဖြစ် ၏။ အင်္ဂလန်ပြည်ရှိ မြို့ရွာများပျက်စီးရခြင်းမှာ ဇက်ပလင် တီထွင်သော လေသင်္ဘောလာရောက်ဗုံးကြဲခြင်းကြောင့် ဖြစ် သည်။ ဇက်ပလင်ကို အစွဲပြု၍၊ ထိုလေသင်္ဘောကို 'ဇက်ပလင်' ဟူ၍ အမည်ပေးထားလေသည်။

ကောင့် ဇက်ပလင်သည် ၁၈၃၈ ခုနှစ် ဇူလိုင်လ ၈ ရက် နေ့၌ ဂျာမနီနိုင်ငံ ဗါးဒင်နယ်၊ ကွန်စတန်မြို့တွင် ဖွားမြင်၏။ ငယ်စဉ်ကပင် စစ်ပညာကို သင်ကြားခဲ့၍၊ အသက် ၂ဝ အရွယ် ၌ ဂျာမန်စစ်တပ်တွင် စစ်ဗိုလ်အဖြစ်အမှုထမ်းခဲ့၏။ အမေရိကန် ပြည်တွင်းစစ်ကြီး ဖြစ်ပွားသောအခါ၊ သူသည် အမေရိကန်ပြည် ထောင်စုသို့ သွားရောက်၍ ပြည်ထောင်စုသားများဖက်မှ အပျော် တမ်းတပ်တွင် ပါဝင် တိုက်ခိုက်ခဲ့သည်။ သူသည် လေကြောင်း ပညာတွင် လွန်စွာဝါသနာပါသောကြောင့် အမေရိကန်ပြည် ထောင်စု၌ရှိနေစဉ် မီးပုံးပျံတွင် ပထမဆုံးအကြိမ် စီးနင်းလိုက် ပါခဲ့ဘူးလေသည်။ ဂျာမနီသို့ ပြန်ရောက်သောအခါ၊ ၁၈၆၆ ခုနှစ်တွင် ဩစတြီးယန်း စစ်ပွဲ၌၎င်း၊ ၁၈၇ဝ ပြည့်နှစ်တွင် ပြင်သစ်ဂျာမန်စစ်ပွဲ၌၎င်း ဝင်ရောက်ဆင်နွဲခဲ့၍၊ ဗိုလ်ချုပ်မှူး အဆင့်အတန်းထိ ရာထူးတိုးမြှင့်ခြင်းကို ခံခဲ့ရလေသည်။ ၁၈၉၁ ခုနှစ်တွင် စစ်တပ်မှ အငြိမ်းစားယူခဲ့ပြီးနောက်၊ လေကြောင်းခရီး လွှင့်ပညာတွင် စိတ်အားထက်သန်စွာ စူးစိုက်လေ့လာခဲ့သည်။ ၁၉ဝဝ ပြည့်နှစ်တွင် သူပထမဦးဆုံး ဆောက်လုပ်သော လေသင်္ဘောမှာ လေထဲ၌မိနစ် ၂ဝ ကြာမျှ ပျံဝဲနေနိုင်ခဲ့သော် လည်း၊ မြေပြင်ပေါ်သို့ သက်ဆင်းသောအခါတွင် ပျက်စီးသွား ၏။ သို့သော် သူသည် အားမလျော့ဘဲ ဆက်လက်ကြိုးစား လာခဲ့ရာ ၁၉ဝ၆ ခုနှစ်တွင် သူ၏လေသင်္ဘောများသည် တစ်နာရီလျှင် မိုင် ၃ဝ နှုန်းနှင့်ပျံသန်းနိုင်၍၊ နောက်တစ်နှစ် တွင် ၃၅ မိုင်နှုန်းထိတိုးတက်၍ ပျံသန်းလာနိုင်၏။


ထို့နောက် ဇက်ပလင်တို့သည် တဖြည်းဖြည်းတိုးတက် ကောင်းမွန်လာ၍၊ ပထမကမ္ဘာ စစ်အတွင်းက အင်္ဂလန်ပြည်ပေါ်သို့ အကြိမ်ပေါင်းများစွာ ပျံသန်းဝင်ရောက်ကာ ဗုံးကြဲနိုင်ခဲ့ကြလေသည်။


ကောင့် ဖါဒီနန် ဖွန်ဇက်ပလင်သည် ၁၉၁၇ ခုနှစ် မတ် လ ၈ ရက်နေ့တွင် ရှားလော့တင်ဗတ်မြို့၌ ကွယ်လွန်သည်။ သူကွယ်လွန်သည့် အချိန်ခန့်တွင် အသစ်ပေါ်လာသောလေယာဉ်ပျံများကြောင့် လေသင်္ဘောတို့သည် ပျောက်ကွယ်သွားကြလေ သည်။ သို့ရာတွင် ဇက်ပလင်သည် လေကြောင်းပညာကို စတင်လမ်းထွင်ပေးခဲ့သည့် ပုဂ္ဂိုလ်တစ်ဦးဖြစ်သဖြင့် ဂျာမန်တို့၏ လေးစားခြင်းကိုသာမက ကမ္ဘာတစ်ဝှန်းလုံး၏ လေးစားခြင်းကို လည်း ခံရပေသည်။ [၁]

ကိုးကား

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)