ကြံ့: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
အရေးမကြီး r2.7.1) (ရိုဘော့က ပေါင်းထည့်နေသည် - li:Neushores
No edit summary
စာကြောင်း ၂၂ - စာကြောင်း ၂၂ -
ခြေလေးချောင်းသတ္တဝါများထဲတွင် ဆင်ကလွဲလျှင် ရေမြင်း
ခြေလေးချောင်းသတ္တဝါများထဲတွင် ဆင်ကလွဲလျှင် ရေမြင်း
နှင့် ကြံ့တို့သည် အကြီးဆုံး ဖြစ်သည်။ ကြံ့သည် အလျား ၁၃
နှင့် ကြံ့တို့သည် အကြီးဆုံး ဖြစ်သည်။ ကြံ့သည် အလျား ၁၃
ပေခန့်ရှိ၍ ပခုံးတွင် ၆ ပေခွဲခန့် မြင့်သည်။ အလေးချိန် ၃
ပေခန့်ရှိ၍ ပခုံးအထိ အမြင့်မှာ ၆ ပေခွဲခန့် မြင့်သည်။ အလေးချိန် ၃
တန်မျှ ရှိသည်။
တန်မျှ ရှိသည်။


စာကြောင်း ၄၀ - စာကြောင်း ၄၀ -
ချေ။ ရန်သူကို ရှောင်တတ်သော်လည်း စိတ်ခက်ထန်ဖွယ်ရာ
ချေ။ ရန်သူကို ရှောင်တတ်သော်လည်း စိတ်ခက်ထန်ဖွယ်ရာ
တွေ့ရှိလာသည့် အခါ၊ တရှူးထိုးလိုက်တတ်သည်။ မျက်လုံး
တွေ့ရှိလာသည့် အခါ၊ တရှူးထိုးလိုက်တတ်သည်။ မျက်လုံး
အလွန်သေး၍၊ အဝေးသို့မမြင်၊ မျက်စိလည်း မရှင်ချေ။ သို့ရာ
အလွန်သေး၍၊ အဝေးသို့မမြင်၊ မျက်စိလည်း မလျှင်ချေ။ သို့ရာ
တွင် အနံ့ခံကောင်း၍ အနံ့သိလွယ်သည့်ပြင်၊ အလွန်နားကင်း
တွင် အနံ့ခံကောင်း၍ အနံ့သိလွယ်သည့်ပြင်၊ အလွန်နားကင်း
ပါသည်။
ပါသည်။
စာကြောင်း ၆၉ - စာကြောင်း ၆၉ -
ဦးချို ၂ ချောင်းအနက်၊ အရှေ့ဖက်၌ ရှိသောဦးချိုမှာ ပို၍ရှည်
ဦးချို ၂ ချောင်းအနက်၊ အရှေ့ဖက်၌ ရှိသောဦးချိုမှာ ပို၍ရှည်
လျက် ၁ ၁/၂ ပေမှ သုံးပေကျော်ကျော်ခန့်အထိ ရှည်တတ်
လျက် ၁ ၁/၂ ပေမှ သုံးပေကျော်ကျော်ခန့်အထိ ရှည်တတ်
သည်။ ကြံ့မဲသည် အလွန်လျင်မြန်၍ သျွှိလည်းရှိသည်။ စိတ်
သည်။ ကြံ့မဲသည် အလွန်လျှင်မြန်၍ သျွှိလည်းရှိသည်။ စိတ်
ထွက်သည့်အခါ တစ်နာရီလျှင် မိုင်အစိတ် မိုင်သုံးဆယ် အမြန်
ထွက်သည့်အခါ တစ်နာရီလျှင် မိုင်အစိတ် မိုင်သုံးဆယ် အမြန်
နှုန်းနှင့် တရှူးထိုးလိုက်တတ်သဖြင့် မုဆိုးတို့သည် ထိုကြံ့မဲမျိုး
နှုန်းနှင့် တရှူးထိုးလိုက်တတ်သဖြင့် မုဆိုးတို့သည် ထိုကြံ့မဲမျိုး

၂၃:၅၁၊ ၁၀ မေ ၂၀၁၂ ရက်နေ့က မူ

ကြံ့
Temporal range: Eocene - Recent
မျိုးရိုးခွဲခြားခြင်း
လောက:
Animalia
မျိုးပေါင်းစု:
Chordata
မျိုးပေါင်း:
Mammalia
မျိုးစဉ်:
Perissodactyla
မျိုးရင်း:
Rhinocerotidae

Gray, ၁၈၂၁
Extant Genera

Ceratotherium
Dicerorhinus
Diceros
Rhinoceros
Extinct genera, see text

ကြံ့

ခြေလေးချောင်းသတ္တဝါများထဲတွင် ဆင်ကလွဲလျှင် ရေမြင်း နှင့် ကြံ့တို့သည် အကြီးဆုံး ဖြစ်သည်။ ကြံ့သည် အလျား ၁၃ ပေခန့်ရှိ၍ ပခုံးအထိ အမြင့်မှာ ၆ ပေခွဲခန့် မြင့်သည်။ အလေးချိန် ၃ တန်မျှ ရှိသည်။

ကြံ့ကို အာရှတိုက်တောင်ပိုင်း၊ အာဖရိကတိုက် အလယ် ပိုင်းနှင့် တောင်ပိုင်းတို့၌သာ တွေ့ရသည်။ ကြံ့၏ ကိုယ်မှာ အလွန်ကြီးမား၍ အကြည့်ရလည်း ဆိုးသည်။ တစ်ကိုယ်လုံး၌ အရေပြားထူကြီး ဖုံးထားသဖြင့် အလွန်ချွန်ထက်မာကျောသော လှံသွား၊ ကျားခြေသည်း၊ ခြင်္သေ့စွယ်တို့ကိုပင် ကြံ့ကြံ့ခံနိုင် သည်။ ကြံ့၏ နှာတံပေါ်တွင် ချွန်ထက်မာကျောသော ဦးချို ရှိသည်။ အချို့ကြံ့မျိုးတွင် ရှေ့နောက်ယှဉ်နေသော ဦးချို နှစ်ချောင်း ရှိ၍ အချို့ကြံ့မျိုးတွင် ဦးချိုတစ်ချောင်းသာ ရှိသည်။ ဦးချိုတစ်ချောင်းနှင့်ကြံ့မျိုးကို ကြံ့ဆင်ဟု ခေါ်၍၊ ဦးချို နှစ်ချောင်းနှင့် ကြံ့မျိုးကို ကြံ့ရှော်ဟု ခေါ်ကြသည်။ ထိုခိုင်မာ သော ဦးချိုမှာ သစ်ပင်ချုံဖုတ်များကို တွန်းလှဲ ဖြိုဖျက်ရန်နှင့် ရန်သူကို ခုခံတိုက်ခိုက်ရန် အသုံးဝင်သည်။ ကြံ့သည် ပင်ကိုယ် သဘာဝအားဖြင့် ရန်လိုကြမ်းကြုတ်သော သတ္တဝါမျိုး မဟုတ် ချေ။ ရန်သူကို ရှောင်တတ်သော်လည်း စိတ်ခက်ထန်ဖွယ်ရာ တွေ့ရှိလာသည့် အခါ၊ တရှူးထိုးလိုက်တတ်သည်။ မျက်လုံး အလွန်သေး၍၊ အဝေးသို့မမြင်၊ မျက်စိလည်း မလျှင်ချေ။ သို့ရာ တွင် အနံ့ခံကောင်း၍ အနံ့သိလွယ်သည့်ပြင်၊ အလွန်နားကင်း ပါသည်။

ကြံ့၏ခြေထောက်များသည် ဆင်ခြေထောက်နှင့် ခပ်ဆင် ဆင် တူသော်လည်း ယင်းတို့၌ ခြေချောင်းသုံးခုသာလျှင် ရှိ သည်။ ကြံ့နှုတ်သီးမှာ ရှည်မျောမျောဖြစ်၍ အထက်နှုတ်ခမ်း သည် အောက်နှုတ်ခမ်းထက် ပို၍ ထွက်နေသည်။ နားရွက် များမှာ ရှည်လျား၍ ထောင်နေ၏။ တစ်ကိုယ်လုံး အမွေးမရှိ သော်လည်း၊ နားရွက်ဖျားနှင့် အမြီးဖျားတို့တွင် အတန်ရှည် သော အမွေးအမှင်များ စု၍ ပေါက်နေသည်။ အမြီးမှာ သတ္တဝါနှင့် မလိုက်အောင်ပင် တိုလေသည်။ ရှေးခေတ်က ရေခဲ ပြင်ကြီးများတွင် နေထိုင်ကြသော ကြံ့မျိုးတို့၌ကား အမွေးရှည် များ ရှိကြသည်ဟု ဆို၏။

ကြံ့မျိုးတွင် ထင်ရှားသောအမျိုး ငါးမျိုးရှိရာ သုံးမျိုးကို အာရှတိုက်၌ တွေ့ရ၍ ကျန်နှစ်မျိုးကို အာဖရိကတိုက်၌ တွေ့ရ သည်။ အာဖရိကတိုက်တွင် တွေ့ရသောကြံ့မျိုးမှာ ကြံ့ရှော်မျိုး ဖြစ်၍၊ ယင်းကို ကြံ့မဲနှင့် ကြံ့ဖြူဟူ၍ နှစ်မျိုးခွဲထား၏။ ကြံ့မဲ နှင့် ကြံ့ဖြူဆိုသော်လည်း အရောင်မှာ မတိမ်းမယိမ်းပင်ဖြစ်၏။ ကြံ့မဲမှာ မွဲပြာရောင်ဖြစ်၍ ကြံ့ဖြူမှာ မီးခိုးရောင်ညစ်ညစ် ဖြစ် သည်။

ကြံ့မဲကို အာဖရိကတိုက် အလယ်ပိုင်းနှင့် တောင်ပိုင်းတို့ တွင် အနှံ့အပြားတွေ့ရသည်။ အမြင့် ၅ ပေခွဲ ခန့်ရှိ၍ အလျား ၁ဝ ပေခန့် ရှိသည်။ အကောင်ကြီးတို့သည် တစ်တန်မှနှစ်တန် အထိ အလေးချိန်စီးကြ၏။ အမြီးမှာ တိုတုတ်တုတ် ဖြစ်သည်။ ဦးချို ၂ ချောင်းအနက်၊ အရှေ့ဖက်၌ ရှိသောဦးချိုမှာ ပို၍ရှည် လျက် ၁ ၁/၂ ပေမှ သုံးပေကျော်ကျော်ခန့်အထိ ရှည်တတ် သည်။ ကြံ့မဲသည် အလွန်လျှင်မြန်၍ သျွှိလည်းရှိသည်။ စိတ် ထွက်သည့်အခါ တစ်နာရီလျှင် မိုင်အစိတ် မိုင်သုံးဆယ် အမြန် နှုန်းနှင့် တရှူးထိုးလိုက်တတ်သဖြင့် မုဆိုးတို့သည် ထိုကြံ့မဲမျိုး ကို အလွန်ကြောက်ကြ၏။ ကြံ့မဲမျိုးတွင် အမသည် သုံးနှစ် တစ်ကြိမ်ခန့် သားတစ်ကောင်ကျလေ့ရှိသည်။

ကြံ့ဖြူကို တွေ့ရသော ဒေသတို့မှာ အာဖရိကတိုက်ရှိ ယူဂန်းဒါးနယ်နှင့် ဇူးလူးလန်တို့ ဖြစ်၏။ ကြံ့ဖြူကို နှာဖျား ကားကား၊ ပါးစပ်ကျယ်ကျယ် ရှိခြင်းကြောင့် ပါးစပ်ပြဲကြံ့မျိုး ဟူ၍လည်း ခေါ်ကြ၏။ အလျား ၁၄ ပေ၊ အမြင့် ၆ ၁/၂ ပေ ခန့်ရှိပြီး အလေးချိန် သုံးတန်နီးနီးမျှ ရှိတတ်ကြသဖြင့် ကြံ့ရှော် တွင် အကြီးဆုံးသောကြံ့မျိုး ဖြစ်သည်။ အထက်နှုတ်ခမ်းဖျားမှာ တစ်ဖြောင့်တည်းဖြစ်နေ၍၊ သစ်ရွက်သစ်ကိုင်းများကို မစားနိုင် မြက်ကိုသာ အများအားဖြင့် စားသည်။ ဦးချိုနှစ်ချောင်းအနက် အရှေ့ဖက်ရှိ ဦးချိုမှာ လက်မ ၃ဝ မှ လက်မ ၆ဝ အထိပင် ရှည်တတ်၍ နောက်ဖက်ဦးချိုမှာမူ အတန်ငယ်တိုသည်။ ကြံ့ဖြူ သည် ကြံ့မဲလောက် သျွှိမရှိချေ။

အာရှတိုက်တွင် တွေ့ရသော ကြံ့သုံးမျိုးမှာ အိန္ဒိယကြံ့၊ ဂျားဗားကြံ့နှင့် ဆူမတြားကြံ့များ ဖြစ်၏။ အိန္ဒိယကြံ့မျိုးမှာ အတန်ငယ်ရှားပါးလျက်ရှိရာ အာသံပြည်၌သာ တွေ့နိုင်တော့ သည်။ အာဖရိကတိုက်ရှိ ကြံ့မဲမျိုးနှင့်အရွယ်၊ စားသောက်ပုံ၊ စိတ်ခက်ထန်ပုံတို့ တူသည်။ သို့ရာတွင် အရေအပြားမှာ ကြံ့မဲ ထက်ပို၍ အတွန့်များပြီးလျှင် ဦးချိုမှာလည်း တစ်ချောင်း တည်းရှိ၍ အရှည်တစ်ပေခန့် ရှိသည်။ ဂျားဗားကြံ့တို့သည် အိန္ဒိယကြံ့အောက် သီသီမျှငယ်၍ အလေးချိန် တစ်တန်မျှပင် မရှိချေ။ ထိုကြံ့မျိုးမှာ ဦးချိုတချောင်းတည်းရှိသော ကြံ့ဆင်မျိုး ဖြစ်၍ ယင်းတို့ကို ဘင်္ဂလားပြည်နယ်၊ မြန်မာနိုင်ငံ၊ မလ္လာယု ကျွန်းဆွယ်နှင့် အရှေ့အိန္ဒိယ ကျွန်းစုတို့တွင် တွေ့ရတတ်သည်။ ဆူမတြားကြံ့မျိုးမှာ အငယ်ဆုံးအမျိုးဖြစ်၍ ဦးချိုတိုတို ၂ ချောင်း ပါရှိသည်။ အမြင့် ၄ ပေ၊ ၄ ပေခန့်ရှိတတ်၍ အလေး ချိန် တစ်တန်စီးသော အကောင်မှာ အတန်ပင် ရှားသည်။ ကိုယ်ပေါ်တွင် အထူးသဖြင့် အမြီးနှင့် နားရွက်များပေါ်တွင် အမွေးအမှင် အတော်များများ ပေါက်တတ်၏။ ယင်းတို့ကို မြန်မာနိုင်ငံ၊ ဗော်ညိုကျွန်းနှင့် မလ္လာယုကျွန်းဆွယ်တို့တွင် တွေ့ရတတ်သည်။

အိန္ဒိယနိုင်ငံ မြန်မာနိုင်ငံ စသော အရှေ့တိုင်းနိုင်ငံများတွင် ကြံ့သွေးကို ဆေးဝါးဖော်စပ်ရာ၌ အသုံးပြုကြသည်။ ထို့ကြောင့် ကြံ့ကို တန်ဖိုးထားကာ မုဆိုးများက လိုက်လံသတ်ဖြတ်၍ စီးပွားရှာကြသဖြင့် ကြံ့မျိုး ပြုတ်လုမတတ် ဖြစ်ခဲ့ရာ အစိုးရက ကြံ့များကို မသတ်ဖြတ်ရန် ဥပဒေဖြင့် တားမြစ်ထားရသည်။ ကြံ့သွေးသည် နှလုံးသွေးပျက်၍ တုန်လှုပ်သောအနာ၊ သည်း ခြေပျက်၍ ထိတ်လန့်ရူးသွပ်သောအနာ၊ စိတ္တဇနာ၊ ခံတွင်း သွေးထွက်သောအနာ၊ အော့အန်သောအနာ၊ အိပ်စက်မပျော် သောအနာ၊ အလွန်ပူသောအနာတို့ကို ငြိမ်းစေတတ်ဟု၏ ဆိုသည်။


[၁]

ကိုးကား

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၂)