အင်္ဂါဂြိုဟ်: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
အရေးမကြီး r2.7.2+) (ရိုဘော့က ပေါင်းထည့်နေသည် - vep:Mars (planet)
စာကြောင်း ၂၄ - စာကြောင်း ၂၄ -
<!-- interwiki -->
<!-- interwiki -->


[[Category:ဂြိုဟ်များ]]
[[Category:ဂြိုဟ်များ]][[Category:နေအဖွဲ့အစည်း]]



{{Link FA|bg}}
{{Link FA|bg}}

၀၈:၄၂၊ ၆ မေ ၂၀၁၂ ရက်နေ့က မူ

အင်္ဂါဂြိုဟ်၏ မြောက်ဝင်ရိုးစွန်းနှင့်တောင်ဝင်ရိုးစွန်းတွင် ရေခဲရှိသည်။

အင်္ဂါဂြိုဟ် (Mars)သည် နေအဖွဲ့အစည်းအတွင်းတွင် တည်ရှိပြီး နေမှစတင်ရေတွက်လျှင် ၄ ခုမြောက်ဂြိုဟ်ဖြစ်သည်။ အင်္ဂါဂြိုဟ်၏ အင်္ဂလိပ်အမည် မားစ်ကို ရောမတို့၏ စစ်ပွဲနှင့်ဆိုင်သော နတ်ဘုရား၏အမည်ကို ယူ၍ ပေးခဲ့သည်။ အဘယ့်ကြောင့်ဆိုသော အင်္ဂါဂြိုဟ်၏အရောင်မှာ အနီရောင်ဖြစ်ပြီး အနီရောင်မှာ သွေး၏အရောင်ဖြစ်သောကြောင့်ပင်ဖြစ်သည်။

ပုံပန်းသဏ္ဌန်

နေရာတကာတွင် ကျောက်သားတို့ဖြင့် ပြည့်နေသော မျက်နှာပြင်ဓာတ်ပုံ (ပတ်ဖိုင်ဒါအင်္ဂါဂြိုဟ်သွားယာဉ်)

အင်္ဂါဂြိုဟ်တွင် ဖိုဘော့စ်(Phobos) နှင့် ဒေမော့စ်(Deimos) ဟု ခေါ်သော ဂြိုဟ်ရံလ ၂စင်းရှိသည်။ အင်္ဂါဂြိုဟ်ကို ကျောက်ဆိုင်ကျောက်သားတို့ဖြင့် တည်ဆောက်ထားသည်။ အင်္ဂါဂြိုဟ်၏ မြေကြီးအရောင် အနီရောင်ဖြစ်ရခြင်းမှာ ဖုံမှုန့်များနှင့် ကျောက်သားအတွင်းရှိ သံအောက်ဆိုက်ဒ်(သံချေး) တို့ကြောင့်ဖြစ်သည်။ အင်္ဂါဂြိုဟ်၏လေထုမှာ သေးငယ်ပြီး ကာဘွန်ဒိုင်အောက်ဆိုက်ဒ်ဓာတ်တို့ဖြင့် လွှမ်းခြုံထားသည်။ အင်္ဂါဂြိုဟ်၏ မြောက်ဝင်ရိုးစွန်းနှင့် တောင်ဝင်ရိုးစွန်းတို့တွင် ရေခဲအချို့ရှိပြီး ခဲနေသော ကာဘွန်ဒိုင်အောက်ဆိုဒ်များလည်းရှိသည်။ အင်္ဂါဂြိုဟ်ပေါ်တွင် ယခုလက်ရှိအချိန်၌ ဝင်ရိုးစွန်းဒေသများမှအပ ရေမရှိပေ။ သို့သော် သိပ္ပံပညာရှင်တို့က တစ်ချိန်က ရေရှိခဲ့ဖူးသည် ဟု ယူဆကြသည်။

အင်္ဂါဂြိုဟ်၏ အပေါ်ယံလွှာမြေသားသည် ပျမ်းမျှအားဖြင့် ၅၀ကီလိုမီတာ(၃၁မိုင်)မျှထူထပ်ပြီး အထူထပ်ဆုံးနေရာတွင် ၁၂၅ကီလိုမီတာ(၇၈မိုင်) မျှထူထပ်သည်။ကမ္ဘာမြေ၏ အပေါ်ယံလွှာမြေသားမှာ ပျမ်းမျှအားဖြင့် ၄၀ကီလိုမီတာ(၂၅မိုင်)မျှထူထပ်သဖြင့် အင်္ဂါဂြိုဟ်နှင့် ကမ္ဘာတို့၏အရွယ်အစားကို ထည့်တွက်နှိုင်းယှဉ်ပါက အင်္ဂါဂြိုဟ်မြေသားထက် ၃ ဆမျှသေးငယ်သည်။

အင်္ဂါဂြိုဟ်ရှိ သက်ရှိများ၊ ရာသီဥတု နှင့် လေထု

အင်္ဂါဂြိုဟ်သည် နေအဖွဲ့အစည်းတွင် ကမ္ဘာနှင့် အနီးဆုံးဂြိုဟ်ဖြစ်သဖြင့် လူသားတို့က သက်ရှိများရှိနိုင်မရှိနိုင် မေးခွန်းထုတ်ကြသည်။ နေအဖွဲ့အစည်းမှ အခြားဂြိုဟ်များနှင့် နှိုင်းယှဉ်လျှင် ရာသီဥတုများမှာ အတူဆုံးဖြစ်သည်။ အင်္ဂါဂြိုဟ်၏ ဝင်ရိုးပေါ်၌ တိမ်းစောင်းသော ဒီဂရီမှာလည်း ကမ္ဘာနှင့် အတူဆုံးဖြစ်သည်။ သို့သော် အင်္ဂါဂြိုဟ်သည် ကမ္ဘာနှင့်စာလျှင် နေမှပိုဝေးသဖြင့် ရာသီဥတုများမှာ ကမ္ဘာထက်ပို၍ ရှည်ကြာသည်။ ရလာဒ်အားဖြင့် အင်္ဂါဂြိုဟ်၏ နှစ်တစ်နှစ်မှာ ကမ္ဘာ၏နှစ်တစ်နှစ်ထက်ပို၍ ရှည်လျားသည်။ အင်္ဂါဂြိုဟ်၏လေထုမှာ ကမ္ဘာ၏လေထုထက်ပို၍ ပါးလွှာသည်။ အံဩစရာကောင်းလောက်အောင်ပင် အင်္ဂါဂြိုဟ်၏ အပူချိန်မှာ ဆောင်းရာသီတွင် ဝင်ရိုးစွန်းဒေသတို့တွင် အနှုတ် ၁၁၃ဒီဂရီဆဲလ်စီးယပ်မျှရှိပြီး နွေရာသီတွင် သုည ဒီဂရီဆဲလ်စီးယပ် မျှရှိသည်။

လူသိများသော ယဉ်ကျေးမှု

အင်္ဂါဂြိုဟ်နှင့်ပတ်သက်၍ ဇာတ်လမ်းအချို့ကိုရေးခဲ့ကြသည်။ စာရေးဆရာများက အင်္ဂါဂြိုဟ်တွင်နေထိုင်သော အသိဉာဏ်ရှိသော သတ္တဝါများ "Martians" ဟုဖန်တီးရေးသားခဲ့ကြသည်။ ၁၉၃၈ ခုနှစ်တွင် အိတ်ချ်ဂျီဝဲလ်(H. G. Wells) က အင်္ဂါဂြိုဟ်သားတို့ ကမ္ဘာကို တိုက်ခိုက်သည့်အကြောင်းကို The War of the Worlds ဟူသော အမည်ဖြင့် ဝတ္ထုရေးခဲ့သည်။ ၁၉၃၈ ခုနှစ်တွင် အော်ဆန် ဝဲလက်စ်(Orson Welles) က ထိုဇာတ်လမ်းကို အမေရိကန်ပြည်ထောင်စုတွင် ရေဒီယိုမှထုတ်လွှင့်ခဲ့ပြီး လူအများစုက တကယ်ဖြစ်ပျက်နေသည်ဟုထင်ကာ ကြောက်ရွံ့ကြသည်။ ၁၉၁၂ မှစ၍ အက်ဂ်ဂါရိုက်စ်ဘားရော့ဂ်([Edgar Rice Burroughs) က အင်္ဂါဂြိုဟ်ပေါ်ရှိ စွန့်စားခန်းများနှင့် ပတ်သတ်၍ ဝတ္ထုများရေးခဲ့သည်။

ယနေ့အခြေအနေ

၂၀၀၈ ခုနှစ် မတ်လအချိန်ထိ သိပ္ပံပညာရှင်တို့ အနေဖြင့် အင်္ဂါဂြိုဟ်ပေါ်၌ ယခုလက်ရှိနေထိုင်သော သို့မဟုတ် မျိုးတုံးပျောက်ကွယ်သွားသော သက်ရှိဟူ၍ မတွေ့ရှိသေးပေ။ အချို့သော လူမပါသော အာကာသယာဉ်များသည် အင်္ဂါဂြိုဟ်သို့ ရောက်ရှိလေ့လာခဲ့ပြီးဖြစ်သည်။ အချို့မှာ အင်္ဂါဂြိုဟ်ကို လှည့်ပတ်သွားလာခဲ့ကြပြီး အချို့မှာ ဂြိုဟ်၏ မျက်နှာပြင်ပေါ်သို့ဆင်းသက်ခဲ့ကြသည်။ အင်္ဂါဂြိုဟ်၏ မျက်နှာပြင်ကို ရိုက်ကူးထားသော ဓာတ်ပုံများကို အချို့သော အာကာသယာဉ်တို့မှ ရိုက်ယူပြီး ကမ္ဘာမြေပြင်သို့ ပြန်လည်ထုတ်လွှတ်ပေးပို့ခဲ့ကြသည်။ အချို့သောလူများက အင်္ဂါဂြိုဟ်ပေါ်သို့ လူများစေလွှတ်ရန်စိတ်ဝင်စားကြသည်။ သို့သော် အာကာသယာဉ်မှူးများအနေဖြင့် အာကာသထဲတွင် နှစ်ပေါင်းများစွာကြာအောင် နေရမည်ဖြစ်၍ ထိုအကြံအစည်မှာ အကောင်အထည်ပေါ်ရန် ခက်ခဲသည်။



တမ်းပလိတ်:Link FA တမ်းပလိတ်:Link FA တမ်းပလိတ်:Link FA တမ်းပလိတ်:Link FA တမ်းပလိတ်:Link FA တမ်းပလိတ်:Link FA တမ်းပလိတ်:Link FA တမ်းပလိတ်:Link FA တမ်းပလိတ်:Link FA တမ်းပလိတ်:Link FA တမ်းပလိတ်:Link FA