ကွန်စတန်တင်းဘုရင်ကြီး: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
No edit summary
အရေးမကြီး Bot: Automated text replacement (-ဥာ +ဉာ, -ဥ် +ဉ်, -ုွ +ွု, -ံွ +ွံ, -ှွ +ွှ, -ံု +ုံ, -စျ +ဈ, -သြ +ဩ, -ဪ +ဪ, -၀ိ +ဝိ, -၀ီ +ဝီ, -၀ု +ဝု, -၀ူ +ဝူ, -၀...
စာကြောင်း ၁ - စာကြောင်း ၁ -
==ကွန်စတန်တင်းဘုရင်ကြီး (ခရစ် ၂၇၄-၃၃၇)==
==ကွန်စတန်တင်းဘုရင်ကြီး (ခရစ် ၂၇၄-၃၃၇)==
ဗုဒ္ဓသာသနာတော်ကို သီရိဓမ္မာသောကမင်းကြီး ပြုစုချီးမြ|င့်
ဗုဒ္ဓသာသနာတော်ကို သီရိဓမ္မာသောကမင်းကြီး ပြုစုချီးမြှင့်
ဘိသကဲ့သို့ ခရစ်ယန်ဘာသာကို အားပေးချီးမြ|င့်ခဲ့သော ရောမ
ဘိသကဲ့သို့ ခရစ်ယန်ဘာသာကို အားပေးချီးမြှင့်ခဲ့သော ရောမ
ဧကရာဇ်ကား ကွန်စတန်တင်းဘုရင်ကြီး ဖြစ်၏။ ကွန်စတန်
ဧကရာဇ်ကား ကွန်စတန်တင်းဘုရင်ကြီး ဖြစ်၏။ ကွန်စတန်
တင်းသည် ပထမဆုံး ခရစ်ယန်အယူဝါဒီ ရောမဘုရင် ဖြစ်၏။
တင်းသည် ပထမဆုံး ခရစ်ယန်အယူဝါဒီ ရောမဘုရင် ဖြစ်၏။

၁၅:၂၁၊ ၂၅ မတ် ၂၀၁၂ ရက်နေ့က မူ

ကွန်စတန်တင်းဘုရင်ကြီး (ခရစ် ၂၇၄-၃၃၇)

ဗုဒ္ဓသာသနာတော်ကို သီရိဓမ္မာသောကမင်းကြီး ပြုစုချီးမြှင့် ဘိသကဲ့သို့ ခရစ်ယန်ဘာသာကို အားပေးချီးမြှင့်ခဲ့သော ရောမ ဧကရာဇ်ကား ကွန်စတန်တင်းဘုရင်ကြီး ဖြစ်၏။ ကွန်စတန် တင်းသည် ပထမဆုံး ခရစ်ယန်အယူဝါဒီ ရောမဘုရင် ဖြစ်၏။ ထိုမင်းလက်ထက်တွင် ထူးခြားချက်နှစ်ရပ် ပေါ်ပေါက်ခဲ့သည်။ ယင်းတို့မှာ ခရစ်ယန်အယူဝါဒကို နိုင်ငံတော်အယူဝါဒအဖြစ်ဖြင့် အသိအမှတ်ပြုခြင်းနှင့် ရောမနိုင်ငံတော် အရှေ့ပိုင်းတွင် နေပြည် တော်သစ် ကွန်စတန်တီနိုပယ်မြို့ကို တည်ခဲ့ခြင်းတို့ပင် ဖြစ်သည်။

ကွန်စတန်တင်းသည် ပထမကွန်စတင်ရှပ်ဘုရင်နှင့် ဟယ်လီနာမိဖုရားတို့၏ သားဖြစ်၍၊ ခရစ် ၂၇၄ ခုနှစ်ခန့်တွင် ဖွားမြင်လေသည်။ ခမည်းတော်ကွန်စတင်ရှပ်သည် ၂၉၃ ခုနှစ် တွင် ရောမဧကရာဇ်၏ လက်အောက်ခံ ဂေါလနှင့် ဗြိတိန်နိုင်ငံ တို့၏ ဘုရင်ဖြစ်လာသည်။ ဟယ်လီနာသည် နောင်အခါ သူတော်စင်အမျိုးသမီး စိန့်ဟယ်လီနာ ဖြစ်လာသည်။ ကွန် စတန်လင်းသည် ငယ်ရွယ်စဉ်အခါ၌၊ ရောမနိုင်ငံတော်အရှေ့ပိုင်း ဧကရာဇ်ဖြစ်သော ဂလီးရီးယပ်ဘုရင်ထံတွင် အကျယ်ချုပ် သဘောဖြင့် နေထိုင်ခဲ့ရ၏။ ထိုသို့နေခဲ့ရရာမှ ၃ဝ၅ ခုနှစ်တွင် ထွက်ပြေးလွတ်မြောက်လာပြီးလျှင် ခမည်းတော်ထံသို့ ပြန်လည် ရောက်ရှိခဲ့သည်။ ခမည်းတော် ကွန်စတန်ရှပ်ဘုရင်လည်း နောက်တစ်နှစ်တွင် ကံကုန်လေရာ၊ စစ်သည်အပေါင်းသည် ကွန်စတန်တင်းအား ဝိုင်းဝန်း၍ ဘုရင်မြေ|ာက်ကြလေသည်။ ကွန်စတင်းသည် ရောမနိုင်ငံတော်အနောက်မြောက်ပိုင်းဖြစ် သော ဂေါလ၊ စပိန်နှင့် ဗြိတိန်နိုင်ငံတို့ကို ငါးနှစ်မျှ အုပ်စိုးပြီး နောက်၊ အီတလီနိုင်ငံကို လုပ်ကြံရန် ရောမမြို့တော်သို့ တန်း တန်း မတ်မတ် ချီတက်ခဲ့လေသည်။ တိုင်းဗားမြစ်သို့ ရောက် သောအခါ၊ ကွန်စတန်တင်းသည် မွန်းတိမ်းချိန် ကောင်းကင် ဘုံတွင် ပြိုးပြိုးပြက်ပြက်လက်နေသော လက်ဝါးကပ်တိုင်တစ်ခု ကို တွေ့မြင်ရသည်ဟု ဆိုသည်။ ထိုလက်ဝါးကပ်တိုင်ပေါ်တွင် 'ဤအမှတ်အသားဖြင့် ရန်အပေါင်းကို နှိမ်နင်းလော့'ဟူသော စာတမ်းလည်း ပါရှိသည်ဟု ဆိုသည်။ ထိုည၌ မက်သော အိပ်မက်ထဲ၌လည်း လက်ဝါးကပ်တိုင်ကို အောင်လံတော်ပမာ ဝင့်၍ ရန်သူတို့အား တိုက်ခိုက်ရန် ကောင်းကင်းတမန်တော် တစ်ဦးက နှိုးဆော်လာသည်ဟု ဆိုသည်။ ဤသို့ဖြင့် လက်ဝါး ကပ်တိုင်ကို အဆောင်ပြု၍ တိုက်ခိုက်သည်တွင် အင်အားအဆ မတန်ကြီးမားသော ရောမဘုရင် မက်ဆင်းရှပ်၏ တပ်များသည် ပျက် ပြုန်းကြတော့သည်။ ရောမဘုရင်လည်း တိုင်းဗားမြစ် အတွင်း၌ ရေနစ်၍ ကံကုန်ရှာလေသည်။ ထိုအောင်ပွဲကို အမှတ် တရ ဖြစ်စိမ့်သောငှာ ကွန်စတန်တင်း မုတ်ဝကို တည်ဆောက် ခဲ့၏။ ထိုအဆောက်အုံကား ယနေ့တိုင်အောင် တည်ရှိနေပေ သည်။

ကွန်စတန်တင်းသည် ရောမနိုင်ငံတော် အနောက်ပိုင်းတွင် ဧကရာဇ်ဖြစ်လာ၏။ သို့ရာတွင် ခရစ်ယန်သာသနာသို့ ချက်ချင်းကူးပြောင်း ကိုးကွယ်ခြင်း မပြုခဲ့ပေ။ ၃၁၃ ခုနှစ်တွင် မီလန်အမိန့်တော်ပြန်တမ်းကို ထုတ်ပြန်၍ ခရစ်ယန်အယူဝါဒီ များအား လွတ်လပ်စွာကိုးကွယ်ခွင့်ကို ပေးခဲ့လေသည်။ သို့အား ဖြင့် နှစ်ပေါင်း ၃ဝဝ ကျော်မျှ ည|ဉ်းပန်းသတ်ဖြတ်ခြင်း ခံခဲ့ ရသော ခရစ်ယန်အယူဝါဒီတို့သည် ချမ်းသာခွင့်ရလာကြပြီး လျှင်၊ ခရစ်ယန်သာသနာလည်း ထွန်းကားပြန့်ပွားလာတော့ သည်။

ကွန်စတန်တင်းသည် ရောမနိုင်ငံတော် အနောက်ပိုင်းကို နေထားတကျ ရှိစေပြီးသောအခါ၊ ၃၂၃ ခုနှစ်တွင် လိုင်စင်းနီး ယပ် ဧကရာဇ် စိုးမိုးနေသော ရောမနိုင်ငံတော်အရှေ့ပိုင်းသို့ ချီတက်သိမ်းပိုက်လေသည်။ ယင်းသို့ဖြင့် အကွဲကွဲဖြစ်နေခဲ့သော ရောမနိုင်ငံတော်ကြီးကို ပြန်လည်ပေါင်းစည်း အုပ်စိုးလိုက် လေသည်။

ထို့နောက် ခရစ်ယန်အယူဝါဒ၌ အယူအဆကွဲလွဲ၍ အငြင်း ပွားပြီးလျှင် သင်းကွဲမည့်အရိပ်အယောင်များ ပေါ်ပေါက်လာ သဖြင့် ၃၂၅ ခုနှစ်တွင် အာရှမိုင်းနားရှိ နိုင်စီးယားမြို့၌ သာသနာရေးကောင်စီတစ်ရပ် ခေါ်ယူ ကျင်းပခဲ့၏။ ထို ကောင်စီတွင် ကိုယ်တိုင်ဥက္ကဋ္ဌအဖြစ်ဖြင့် ဆောင်ရွက်၍၊ သာသနာရေးညီညွတ်မှုကို ဖြစ်စေခဲ့သည်။ နိုင်စင်းဝါဒသည် ထိုအချိန်မှ စတင်ပေါ်ပေါက်လာခဲ့၏။

ကွန်စတန်တင်းလက်ထက်တွင် အာရှမိုင်းနားရှိ လက် အောက်ခံနယ်များသည် ရံဖန်ရံခါ ထကြွကြသဖြင့်၊ နိုင်ငံတော် အရှေ့ပိုင်းနယ်များနှင့် နီးကပ်စိမ့်သောငှာ၊ ကွန်စတန်တင်း သည် နေပြည်တော်ကို ရောမမြို့မှ အရှေ့ဘက် ဗိုင်ဇင်းရှမ်မြို့သို့ ၃၃ဝ ပြည့်နှစ်တွင် ရွေ့ပြောင်းလိုက်၏။ ထိုနေပြည်တော်သစ်ကို ရောမမြို့ကဲ့သို့ ကြီး ကျယ်အောင်တည်၍ ကွန်စတန်တီနိုပယ်မြို့ ဟု သမုတ်လေသည်။ နေပြည်တော်သစ် ကွန်စတန်တီနိုပယ်မြို့ သည် နှစ်ပေါင်း ၁ဝဝဝ ကျော်ခန့် တည်မြဲစည်ကားခဲ့၏။ နေပြည်တော်ဟောင်း ရောမမြို့မှာမူ နှစ် ၁၅ဝ ခန့်အတွင်း၌ပင် ရန်သူတို့၏ တိုက်ခိုက်ဖျက်ဆီးမှုကြောင့် ပျက်သုန်းခဲ့ရ လေသည်။ ရောမမြို့တွင် တိုက်ရိုက် အုပ်စိုးသော ဧကရာဇ် မရှိသည့်နောက် ပုပ်ရဟန်းမင်း၏ တန်ခိုးအာဏာတို့သည် အီတလီနိုင်ငံနှင့်တကွ အနောက်ဥရောပတစ်လွှားတွင် တဖြည်းဖြည်း တိုးတက်ကျယ်ပြန့်လာလေသည်။

ကွန်စတန်တင်းသည် အရှေ့တိုင်းထုံးစံတို့ကို နှစ်ခြိုက်၍၊ သက်ဦးဆံပိုင် ဘုရင်စံနစ်ဖြင့် ဥပ်စိုးခဲ့၏။ သို့ရာတွင် အခြေ အနေနှင့် လိုက်လျောညီစွာ ချင့်ချိန်ဆောင်ရွက်တတ်သဖြင့် အမြော်အမြင်ကြီးသော ဧကရာဇ်တစ်ပါး ဖြစ်သည်ဟု ဆိုနိုင် ပေသည်။ သာသနာ့ဝန်ထမ်း ဂိုဏ်းဥပ်ကြီးများအား အုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဘုရင့်အတိုင်ပင်ခံများအဖြစ်ဖြင့် ခန့်အပ်ခဲ့၏။ တရားဥပဒေများကိုလည်း ခရစ်ယန်အယူဝါဒတရားနှင့် အညီ အညွတ်ဖြစ်စေရန် ပြုပြင်စီရင်ခဲ့လေသည်။ ၃၃၇ ခုနှစ်တွင်၊ ပါးရှင်းတို့၏ ထိပါးခြင်းကို ခုခံတိုက်ခိုက်ရန် စစ်ထွက်ယင်း လမ်းခရီး၌ နာမကျန်းဖြစ်၍၊ ကံကုန်လေသည်။ ထိုနောက်ဆုံး နာမကျန်းဖြစ်သော အချိန်ရောက်မှပင် နန်းတက်သည့်အခါမှစ၍ ပြုစုအားပေးခဲ့သော ခရစ်ယန်သာသနာကို အကြွင်းမဲ့ သက်ဝင် ယုံကြည်လျက် ဗတ္တိဇံမင်္ဂလာ (ဝါ) ရေနှစ်မင်္ဂလာကို ခံယူခဲ့ သည်။ ကွန်စတန်တင်းမရှိသည့်နောက် သူထူထောင်ခဲ့သော နိုင်ငံကြီးသည် ကျန်ခဲ့သော သားတော်သုံးပါး၏လက်ထက်၌ အစိတ်စိတ်ကွဲ၍ အင်အားနည်းပါးသွား လေတော့သည်။[၁]

ကိုးကား

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁)