အယ်ဂျာနွန် ချားလ်စ် ဆွင်းဗန်း: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
အရေးမကြီး r2.7.2+) (ရိုဘော့က ပေါင်းထည့်နေသည် - da, de, eo, es, eu, fi, fr, hu, it, ja, ko, nl, no, pl, pt, ru, sh, sl, sv
အရေးမကြီး r2.7.2) (ရိုဘော့က ပေါင်းထည့်နေသည် - fa:الگرنون چارلز سوینبرن
စာကြောင်း ၅၂ - စာကြောင်း ၅၂ -
[[es:Algernon Charles Swinburne]]
[[es:Algernon Charles Swinburne]]
[[eu:Algernon Charles Swinburne]]
[[eu:Algernon Charles Swinburne]]
[[fa:الگرنون چارلز سوینبرن]]
[[fi:Algernon Charles Swinburne]]
[[fi:Algernon Charles Swinburne]]
[[fr:Algernon Swinburne]]
[[fr:Algernon Swinburne]]

၀၈:၄၈၊ ၁၅ မတ် ၂၀၁၂ ရက်နေ့က မူ

ဒန်တီ ဂေဘရီယယ် ရိုဆက်တီ ရေးဆွဲသော ချားလ် ဆွင်းဗန်း၏ ပုံတူ

ဆွင်းဗန်းအေ၊ စီ (ခရစ် ၁၈၃၇-၁၉ဝ၉)

အယ်လဂျာနန် ချား ဆွင်းဗန်းသည် အင်္ဂလိပ်ကဗျာဆရာ တစ်ဦးဖြစ်သည်။ လန်ဒန်မြို့တွင် မွေးဖွား၍၊ အီတင်ကောလိပ် ကျောင်းနှင့် အောက်စဖို့တက္ကသိုလ်များ၌ ပညာသင်ကြားခဲ့ သည်။ သို့ရာတွင်တက္ကသိုလ်မှ ဘွဲ့ထူးရသည်အထိ ပညာကို ဆုံးခန်းတိုင်အောင် မသင်ကြားဘဲ၊ ကျောင်းထွက်ခဲ့ရသည်။

သူကျောင်းထွက်သည့် ၁၈၆ဝ ပြည့်နှစ်၌ 'မယ်တော်ဘုရား'နှင့် 'ရိုဇမန်'ခေါ် စာအုပ်နှစ်အုပ်ကို ရေးသားထုတ်ဝေလေသည်။ ထိုအခါဆွင်းဗန်းမှာအသက်၂၃ နှစ်သာ ရှိသေးသည်။မိဖ များမှာမျိုးကောင်း ဆွေကောင်းအထက်တန်းစားများဖြစ်သည့် အပြင် သူ၏မိခင်ကိုယ်တိုင်ကလည်းလိမ်မာရေးခြား၍၊ စာပေ တတ်မြောက်သူ တစ်ဦးဖြစ်ရကား၊ဆွင်းဗန်းမှာငယ်စဉ်ကတည်း က မိခင်၏ သွန်သင်ပြသလမ်းညွှန်မှုကိုခံယူခဲ့ရ၏။သူသည် ဗေလီယိုကောလိပ်ကျောင်း၌ပညာသင်ကြားနေစဉ်ဂရိကဗျာ များ၊ပြင်သစ်နှင့်အီတလီစာပေများကို ကောင်းစွာလေ့လာခဲ့ ၏။

ဆွင်းဗန်းသည် စတူးဝပ်နန်းဆက် ဘုရင်များကို အထူး ကြည်ညိုသူဖြစ်သည်။ သူသည် စကော့ဘုရင်မ မေရီအကြောင်း ကို ပြဇာတ်သုံးပုဒ်ရေးခဲ့။ သူသည် ဘာသာစကား ငါးမျိုးကို နှံ့နှံ့စပ်စပ် လေ့လာခဲ့ဘူးသည်။

ဆွင်းဗန်းသည် ခရစ်ယန်အယူဝါဒရေးကို လိုက်စားသူ မဟုတ်ချေ။ ငယ်စဉ်ကပင် အယူဝါဒနှင့် စပ်လျဉ်းလာလျှင် အတိုက်အခံပြုခဲ့သူဖြစ်၏။ သို့သော် သူသည် အယူဝါဒရေးကို သူထင်မြင်ယူဆသည့်အတိုင်း အဘယ်အမှုပြုလျှင် အဘယ်ကဲ့သို့ ခံစားရမည်ဟူသော အပြစ်တို့ကို ထူးဆန်းစွာ ဖော်ပြရေးသား သည်။ သူရေးသော 'ကဗျာများနှင့် တေးသီချင်းများ'ဟူသော စာအုပ်တွင် သူ၏ဆန့်ကျင်ဖက်အယူဝါဒများကို တွေ့နိုင်လေ သည်။

ဆွင်းဗန်းမှာ ကဗျာလင်္ကာဖွဲ့ဆိုမှု၌ စကားလုံးရွေး ကျွမ်း ကျင်သူဖြစ်၏။ ကာရန်များကို တေးဂီတသံထွက်အောင် ရွေး ချယ်စပ်ဆိုတတ်၏။ သူ၏ ကဗျာများမှာ တေးရိုးကြီးသီချင်းခံ များကဲ့သို့ ဂီတသဘောနွယ်နေ၏။ အင်္ဂလိပ်စာပေတွင် ဆွင်း ဗန်းသည် လစ်ရစ်ကဗျာများကို စပ်ဆိုရာ၌ နာမည်ထင်ရှား လေသည်။ ဆွင်းဗန်းသည် အသက်ကြီးလာသောအခါ၊ ကျန်းမာ ရေးချို့တဲ့လာသဖြင့် မိတ်ဆွေရင်းတစ်ယောက်နှင့်အတူ လန်ဒန် မြို့ ပတ္တနီရပ်ကွက်တွင် အေးချမ်းစွာ နေထိုင်လေတော့သည်။ ၁၉ဝ၉ ခုနှစ်တွင် ကွယ်လွန်လေသည်။[၁]

ကိုးကား

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)